Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 27, 2017

နိုင်ငံတကာ MLM လုပ်ငန်းများ၏ ဝင်ငွေ ဖော်ပြချက်များ ( Amway / Herbalife )


MLM မှာ ဝင်ငွေ ကောင်းနေတဲ့ လူတွေ
မရှိဘူး မဟုတ်ဘူး ။ ရှိပါတယ် ။
ဒါပေမယ့် အဲ့ဒီ ဝင်ငွေကောင်းနေသူတွေရဲ့ အောက်မှာ
အရင်း မကျေသူ ဘယ်နှယောက်လောက် ရှိလဲ
ဆိုတာလေးလည်း ထည့်တွက်ပေါ့ဗျာ ။

အများအားဖြင့် ၁ အချိုး ၄ ဖြစ်နေတာ များပါတယ် ။
လူ ၅ ယောက်ရှိတဲ့ MLM Team တစ်ခုမှာ
၁ ယောက်အဆင်ပြေနေချိန်မှာ
ကျန်တဲ့ ၄ ယောက် က အဆင်မပြေ ဖြစ်နေတာ
များတယ်လေ ။

ဟုတ်မဟုတ် ခင်ဗျား ကိုယ်တိုင် MLM လုပ်နေရင်
ခင်ဗျားရဲ့ အဖွဲ့ကိုပဲ ပြန် သုံးသပ်လိုက်ပါ ။

အရမ်း ဝင်ငွေကောင်းပါတယ်ဆိုတဲ့
Mlm သမား တစ်ယောက်ရဲ့ အောက်မှာတော့
အဆင်မပြေဖြစ်နေတဲ့
အရင်းမကျေပဲ မျှော်လင့်ချင်ကလေးနဲ့ ရုန်းကန်နေရတဲ့ / လက်လျှော့သွားကြတဲ့ /
နစ်နာသွားကြတဲ့ လူပေါင်း ရာချီ ထောင်ချီ ရှိနေတာပါ ။

Amway ( ကမ္ဘာ့နံပါတ် ၁ MLM Company ) နဲ့
Herbalife ( ကမ္ဘာ့နံပါတ် ၃ MLM Company )
တို့လို ထိပ်သီး နိုင်ငံတကာ Mlm Companies ကြီးတွေရဲ့
နှစ်စဉ် ဝင်ငွေ ကြေငြာချက် ( Income Statement) တွေကို လေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ် ။
( အဲ့ဒီ ထုတ်ပြန်ချက်ကြေငြာချက်တွေမှာ
တစ်နှစ်အတွင်း
စုစုပေါင်း လူသစ် ဘယ်နှယောက် တိုးလာတယ် ။
ဘယ်ရာထူးအဆင့်ကို ဘယ်နှယောက် ရောက်သွားတယ် ။
အဲ့ဒီ ရာထူး အဆင့်ရဲ့ ပျမ်းမျှ ဝင်ငွေက ဘယ်လောက်ပါ
ဆိုပြီး ဖော်ပြထားကြပါတယ် )

မြန်မာနိုင်ငံမှာတော့ ဘယ် MLM Companies မှ
အဲ့လို အချက်အလက်တွေ မထုတ်ပြန်ပေးကြဘူးလေ ။
အပေါ်ပိုင်း ဝင်ငွေ ကောင်းတဲ့ လူတွေကိုသာ
ဦးစားပေး ဖော်ပြပြီး
အောက်ခြေက လူတွေရဲ့ ဝင်ငွေတွေ /
တိုးလာတဲ့ လူသစ် အရေအတွက်နဲ့ /
လက်ရှိ စုစုပေါင်း ကိုယ်စားလှယ် အရေအတွက်တွေကို
တရားဝင် အများသိအောင် မကြေငြာပေးကြဘူးလေ ။
( ဒါမှ လူဆွယ်လို့ ကောင်းမှာကိုး )

ဒီတော့ လုပ်ငန်းတွေမှာ နစ်နာသူ များမများ ဆိုတာကို ချိန်ထိုးကြည့်နိုင်ဖို့
နိုင်ငံတကာ MLM လုပ်ငန်းများ၏ ဝင်ငွေ ဖော်ပြချက် တွေကို
သူတို့ကိုယ်တိုင် တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းတွေ /
အမေရိကန် FTC ( Federal Trade Commission ) ကနေ ထုတ်ပြန်ထားတဲ့ စုံစမ်းဖော်ထုတ်ချက်တွေကနေ ထဲကနေ ထုတ်နှုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်ဗျာ ။

 အမှန် အတိုင်း စဉ်းစား ချင့်ချိန် သုံးသပ်နိုင်ကြပါစေဗျာ ။

-ကိုဇင်ဇေ










Sunday, February 26, 2017

MLM လုပ်သူတစ်ယောက်ဂိန်သွားခြင်း




အမှန် ဘဲ ။ လူကြုံ ပစွှည်း(ရွှေ ထည်)
ယူ သွား ပေးမယ်ဆို လို့  ဖား ပီး $20 ပေးပီး မန်ဘာ ဝင်( ဘာ ကုမဏီ နံမည် တောင် မမေးမိ ) ။နောက် ဖူနန် မှာ ချိန်း ပီး အဲ့ အကြောင်း တွေ ရှင်းပြ ။ အုပ်စု လိုက်ကြီး ။ အလုပ်အကိုင် တွေ ကွဲ ပေမဲ့ မျက်လ
ုံး တွေ က လောဘ တွေ နဲ့ အရောင်တတ်နေတယ်။ အသံ တွေ က သိပ်ပီး စိတ်အား တက်ကြွ နေတယ် ။ စစ ချင်း ဘဲ နားလည် လိုက်တာ က အောက် လူ တွေ များများ ရှာ နိုင်လေ အငြိမ် ထိုင် နေလို့  ရလေ ဆိုတဲ့ ဂေါင်းပုံဖြတ် နည်း တခု ဘဲ လို့  ။ အဲ့ လို စိတ်ဒါတ်တွေ ကို အထင်သေး သလို အရမ်း ရွံ တါ။ကိုယ့်စိတ်ရင်း ကို က။ ဒါမဲ့ အဲ့ ကိုသော်ဇင် က အရမ်း သဘော ကောင်း လို့  သူ့ လက်အောက် က နေ ပစွှည်း နဲနဲ ဝယ်တယ် ။ ခုတော့  သူ လည်း ဂိန် တယ် လို့  ကြား တာ ပါဘဲ ။

https://www.facebook.com/groups/myanmarmlmtruth/search/?query=double%20crane

MLM leader တစ်ယောက်ရဲ့ရင်ဖွင့်သံ


၂၀၁၄ က ကျွန်တော်ရတဲ့ ဝင်ငွေပါ
ဆက်လုပ်ရင်တိုးဖို့ ပဲရှိတာပါ
ဒါပေမဲ့ ပြောရမှာစိတ်မကောင်းဘူး

အဲ့ငွေတွေ သူတို့ရဲ့ စိတ်ဆင်းရဲမူ့တွေပါတယ်

ခုလည်းပြောခံရတုန်း အသုံးမကြလို့ အောင်မြင်အောင်မလုပ်နိုင်ဘူးပေါ့
mlm မှာကျွန်တော် ကုန်တဲ့ငွေ ပြန်ရပေမဲ့
တစ်ချို့ ပြန်မရပဲ မိသားစုဘဝတွေ ထိခိုက်ကုန်တာ အများကြီးပဲ

ဒီပုံပြရတာ mlm မှာမအောင်မြင်လို့ မအောင်မြင်နိုင်လို့ နည်းမသိလို့ ဆိုပြီး
အငြင်းသန်တဲ့လူတွေရှိလို့ပါ
တစ်ချို ဆိုရင် သူတို့မအောင်နိုင်ဘူးဆိုတာ စကားပြောရုံနဲ့သိပေမဲ့ သူတို့ဆီကထပ်ပေါ်လာမဲ့အင်အားကြီးတဲ့လူကို ရဖို့အတွတ် ကြိုးရှည်ရှည်နဲ့လှန်းထားပြီး အင်အားကြီးတဲ့သူလည်းပေါ်လားရော သူလုပ်ချင်လုပ် မလုပ်ချင်လည်းနေဆိုပြီးပစ်ထားတာ
တချို့ က သူတို့စာထဲမှာရေးထားတဲ့ marketing plan လောက်ပဲ သိပြီးလာငြင်းနေကြတာ သနားဖို့ လည်းအရမ်းကောင်းတယ်

တကယ်သိသွားတဲ့လူကြတော့လည်း မပြစ်ရက်တော့ဘူး အရမ်းချိုမှန်း downline ကိုခိုင်းစားလို့ကောင်းမှန်းသိသွားပြီ
အဲ့တော့ လူတွေကိုကူညီနေတာပါဆိုပြီး မိမိဘာသာပြန်အားပေးပြီး ငါကသူတို့လိုမဟုတ်ဘူးဆိုပြီး ကျန်းမာရေးအသိပေးတာတို့ Win win system တို့ ဆုံးရူံးပြီး မအောင်မြင်တဲ့ သူကိုလည်း သူကြောင့် ငါကြောင်မဟုတ်ဘူးတို့ ဆိုပြီး မိမိဖာသာပြန်အားပေးပြီး မျက်ကန်းဆက်မိုက်နေကြရတာပါ

တော်တော်သနားဖို့ကောင်းပါတယ်
ဖြူဖြူခိုင်

Anti MLM ကိုဇင်ဇေ နဲ့ Double Crane Leader Pyit Tine Htaung ပစ်တိုင်းထောင် အမေးအဖြေ



Double Crane က Pyit Tine Htaung အမေး ၊ ကိုဇင်ဇေ အဖြေ
ကိုဇင်ဇေ အမေး ၊ Double Crane က Pyit Tine Htaung ??? :D :D :D
===================

Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၁။
အကို မေးထားတဲ့ထဲ က ဝင်ငွေ ကောင်းတယ်ဆိုတာ ဘယ်လောက်ကို ပြောတာပါလဲ။
ကိုဇင်ဇေ - ဖြေ ။
မြန်မာနိုင်ငံ ရန်ကုန်လို မြို့မှာနေရင် တစ်လကို
အနည်းဆုံး ဆယ်သိန်းကျော် မှ ဝင်ငွေ စကောင်းတဲ့ သဘောပါ ပဲ ။
ဆယ်သိန်းကနေ သိန်း ၃၀ ကြားလောက် က အတန်အသင့် ဝင်ငွေ ကောင်းတယ်ပေါ့ ။
သိန်း ၃၀ ကျော်ရင်တော့ အတော်လေး ဝင်ငွေကောင်းတယ်လို့ သတ်မှတ်ပါတယ် ။
ခင်ဗျား ဘယ်လောက် ရပါပြီလဲ ?
ခင်ဗျားအောက်လူတွေ စုစုပေါင်းထဲက ဘယ်နှယောက် / ဘယ်နှရာခိုင်နှုန်း က ဘယ်လောက်ရနေပါပြီလဲ ?
================

Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၂။
သူ့ ဘာသာ သူ့ မိသားစု အတွက် လုံလောက်လို့  ဆက်မလုပ်တော့တာကို
လက်လျှော့သွားတယ်လို့  ဆိုနိုင်ပါ့မလား။
ကိုဇင်ဇေ - ဖြေ ။
ဒါက ခင်ဗျား အပြောပါ ။ လူတိုင်းက ပိုရရင်တော့ လိုချင်တာချည်းပါပဲ ။
မရနိုင်မှန်းသိတော့လို့ ဈေးကွက် ကျပ်လာလို့ ၊ အရည်အချင်း တက်မလာတော့လို့ ၊
ဇွဲနဲ့ စိတ်ဓာတ်ခံနိုင်ရည် မရှိတော့လို့သာ ဆက် မလုပ်တော့တာပါ ။
မဟုတ်ရင်တော့ ကောင်းတယ် မှန်တယ် အကျိုးရှိတယ် ဆိုရင် ဆက်လုပ်မှာပါပဲ ။
ခင်ဗျားက ဘယ်လောက်များ ရလို့ လုံလောက်သွားတယ်လို့ ပြောချင်တာပါလဲ ?
ခင်ဗျားအောက်က လက်လျှော့သွားတဲ့လူတွေကရော ဘယ်လောက်များ ရသွားလို့ပါလဲ ?
==========

Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၃။
ကိုဇင်ဇေက အင်္ဂလိပ်စာ သင်တန်းဖွင့်ထားသူ လို့ သိရပါတယ်။
အကို သင်ခဲ့တဲ့ သက်တန်းတစ်လျှောက် တက်ခဲ့တဲ့ တပည့်တွေထဲမှာ
အင်္ဂလိပ်စာ specialist နဲ့  ဥပမာ ဘာသာပြန်တို့ ။ writer တို့  tourist guide တို့ နဲ့  အသက်မွေးဝမ်းကျောင်းပြီး အောင်မြင်နေတဲ့သူ။
(အကို ကောင်းတယ်လို့  သတ်မှတ်ထားတဲ့ ဝင်ငွေ ရနေတဲ့သူ) ဘယ်နှယောက်ပါပါသလဲ။
အဲ့ဒီ အောင်မြင်သူနဲ့  သင်တန်းဦးရေ အချိုးချမယ် ဆိုရင် ဘယ်လောက် ရာနှုန်းလောက်ရှိပါသလဲ။
Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၄။
နောက်ပြီး အလယ်အလတ် မတောက်တခေါက်လောက်ကော ဘယ်လောက်ရှိမလဲ။
အောင်မြင်သူ နည်းလို့  သင်တန်းဆရာ မကောင်းဘူးလို့  ဆိုလို့ ရပါ့မလား။
အဲ့ဒီထဲမှာ သင်တန်းသာ တက်ပြီး အပြင်မှာ လုံးဝ ပြန်မသုံးဖြစ်တဲ့ သူတွေရော မရှိနိုင်ဘူးလား။
အဲ့လို မသုံးဖြစ်တော့ ဒီသင်တန်းကြေးက အလဟတ်သတ် ဖြစ်သွားခဲ့ရင်
သင်တန်းဆရာက သင်တန်းကြေး လိမ်ယူနေတယ်လို့  စွပ်စွဲလို့ ရပါ့မလား။
ကိုဇင်ဇေ - ၃/ ၄ အတွက် အဖြေ ။
ခင်ဗျားကြည့်ရတာ အင်္ဂလိပ်စာ သင်တန်းရဲ့ သဘောသဘာဝကို လုံးဝ နားမလည်မှန်းသိသာပါတယ် ။
( mice ဆိုတာ ဓာတ်ခွဲခန်းသုံး ကြွက်ဖြူလေးတွေကို ပြောတာလို့ ခင်ဗျားပြောကတည်းက
ခင်ဗျားရဲ့ တတ်ယောင်ကား စိတ်ဓာတ်ကိုလည်း ကျွန်တော် သတိထားမိပြီးသားပါ ...
financial freedom = pasive income > expensive ဆိုပြီး ဖြီးတာလည်း ရှိသေးတယ် ။
expensive မဟုတ်ပါဘူး ။ expenses လို့သုံးရမှာပါ ။
expensive က Adjective / expenses က Noun ပါ ။
pasive ကတော့ passive ပေါင်းတာ "s" ကျန်ခဲ့တယ်လို့ပဲ သဘောထားပေးလိုက်ပါတယ် ။
နောက်တစ်ခါ မြန်မာလိုပဲရေးပါ ။ ရပါတယ် ။ )
အင်္ဂလိပ်စာ သင်တန်း လာတက်တဲ့လူတွေက ခင်ဗျားပြောသလို
အင်္ဂလိပ်စာနဲ့ အသက်မွေးဝမ်းကြောင်းပြု / ဝင်ငွေရှာဖို့လာတဲ့လူ ၁% တောင် မရှိပါဘူး ။
အများစုက မိမိရဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှာ /
လုပ်ငန်းခွင်မှာ အထောက်အကူပြုအောင် အင်္ဂလိပ်စာကို လာလေ့လာကြတာပါ ။
ကွန်ပြူတာ သင်တန်း တက်သလိုပေါ့ ။ ကွန်ပြုတာ ပညာနဲ့ အဓိက အသက်မွေးမယ့် လူက အနည်းစုလေ ။
ဒီတော့ သူတို့ရဲ့ ရည်ရွယ်ချက် မျှော်မှန်းချက် ဖြစ်တဲ့ မိမိရဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှာ /
လုပ်ငန်းခွင်မှာ အထောက်အကူပြုတဲ့ အဆင့်အထိရောက်ရင်
ဒါဟာ သူတို့ လိုချင်တဲ့ အောင်မြင်မှုကို ရပြီလို့ ပြောလို့ရပါတယ် ။
အဲ့တော့ အဲ့လို စိတ်ကျေနပ်မှုရတဲ့ ကျောင်းသားမျိုးကို
အနည်းဆုံး ၇၀% ကျွန်တော်တို့ မွေးထုတ်ပေးနိုင်ပါတယ်ဗျာ ။
ကျွန်တော့် သင်တန်းက ၃လ လောက်တက်ပြီး ဘာဖြစ်ရမယ် ညာဖြစ်ရမယ်နဲ့
အတင်း ကြေငြာတဲ့ အမျိုးအစားလည်း မဟုတ်ဘူးလေ ။
သူတို့ကို သင်တန်း တက်တဲ့ ပထမဆုံး ရက်မှာကတည်းက
ဘယ်လောက် အချိန်ပေး လေ့လာရင် ဘယ်အဆင့်ထိရောက်မယ် ။
အဲ့ဒါဆိုရင် လက်တွေ့မှာ ဘယ်လိုမျိုး အသုံးချနိုင်မယ် ။
ဒီ သင်တန်းက ဒီ သင်တန်းကာလ တစ်ခုအတွင်းမှာ ရောက်အောင်ပို့ပေးနိုင်တာက ဘယ်နေရာအထိ ။
ပြီးရင် ဘာတွေ ဆက်လုပ်သွားရမယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်တာဗျ ။
သင်တန်း တက်ပြီး စိတ်တိုင်းကျကျေနပ်မှုမရှိရင် ၁၀၀% ငွေပြန်အမ်းပေးမယ်စပြီး
အတိအလင်းကြေငြာပြီး ဖွင့်ထားတဲ့ သင်တန်းဗျ ။
ဘာသာစကားဆိုတာ ကျယ်ပြန့်ပါတယ် ။
ပြီးတော့ အချိန်ပေးလေ့လာရင် လေ့လာသလောက် ၊
အသုံးချနိုင်စွမ်းမြင့်လာပြီး အကျိုးကျေးဇူး တွေ ပိုပိုပြီး ရလာတာပါ ။
ခင်ဗျားတို့ MLM တွေလို ထိပ်ပိုင်းရောက်မှ
( ကိုယ့်အောက်မှာ လူအင်အားတွေရှိမှ ) အောင်မြင်တာ မဟုတ်ဘူး ။
အောက်ကလူတွေ နစ်နာမှု ရှိနေတာကို ထိုင်ကြည့်နေပြီး ရလာတဲ့
အောင်မြင်မှုမျိုး မဟုတ်ဘူး ။
ဘာသာစကားကျွမ်းကျင်လို့ အောင်မြင်လာတဲ့ လူတစ်ယောက် အောက်မှာ
ခင်ဗျားတို့ MLM တွေလို အရင်းမကျေသူ ၊ နစ်နာသူ ရာချီ ထောင်ချီ မရှိဘူးဗျ ။
မတူတာကြီးကို အတင်း လာမနှိုင်းစမ်းပါနဲ့ဗျာ ။

ခင်ဗျားတို့ MLM လုပ်သလို လူတွေ ရဲ့ အထင်သေးခံရတာ ၊
လူတွေကို မလှိမ့်တပတ် လုပ်ရတာ ၊
လူတွေကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ အလွန်အကျွံပေးရတာ
ကိုယ့် Company က ၊ ကိုယ့် အထက်လူ အောက်လူ ဘေးလူတွေက
လက်တစ်လုံးခြား လုပ်တာတွေကို လိုက်ပြီး ကာကွယ်ပေးရတာ တွေ
ဘာသာစကားလေ့လာမှု ၊ သင်ကြားပေးမှု ဖြစ်စဉ်မှာ မရှိပါဘူးဗျာ ။

ကျွန်တော့် #ActiveEnglishသင်တန်း မှာ ဘာသာစကားလေ့လာမှုကြောင့်
ဘဝပျက်သွားတဲ့လူ မရှိဘူး ။
စီးပွါး ကျသွားတဲ့လူ မရှိဘူး ။ လူတောမတိုးရဲတော့တဲ့လူ မရှိဘူး ။
မိတ်ပျက်သွားတဲ့လူ မရှိဘူး ။ မထင်မှတ်တဲ့ ကျန်းမာရေး ဆိုးကျိုးနောက်ဆက်တွဲတွေ ရလာတဲ့လူမရှိဘူး ။
အနှိမ်ခံရ ။ ပညာရှင်တွေ အပြစ်တင်တာကို လှိမ့်ခံနေရတဲ့လူတွေ မရှိဘူးဗျ ။
ဒီတော့ မတူတာကို မနှိုင်းနဲ့ပေါ့ဗျာ ။
( လူလည်း ခြေ ၂ ချောင်း ၊ ကျီးကန်းလည်း ခြေ ၂ ချောင်း ရှိလို့
လူဟာ ကျီးကန်းနဲ့ တူတူပဲ လို့ ကောက်ချက်ဆွဲတဲ့ )
ကျီးကန်းလော့ဂျစ်လေးထဲက ဖောက်ထွက်လိုက်စမ်းပါ ။
==========
Double Crane - Pyit Tine Htaung - မေးခွန်းအမှတ် ၅။
အကို့ သင်တန်း အောင်မြင်ဖို့ အတွက် လူသိများအောင် ကြော်ငြာ ရတာမျိုး
ဖိတ်ခေါ်ရတာမျိုးရော လုံးဝ မရှိဘူးလား။
လူတွေလာမှ အကို ဝင်ငွေရမှာလေ။ အကို့ သင်တန်းကို ဘယ်လို နည်းနဲ့  marketing လုပ်ပါသလဲ။
MLM လို လူတစ်ဦးချင်းတွေ့ ပြီး မဆွယ်ရင်သာ ရှိမယ် လူလာအောင် တစ်နည်းနည်းတော့ လုပ်ရတာပဲ မဟုတ်ဘူးလား။
ကိုဇင်ဇေ - ဖြေ ။ Marketing ကတော့ စီးပွါးရေး လုပ်ငန်းတိုင်း လုပ်တာပါပဲ ။
ခင်ဗျားတို့ MLM သမားတွေလို ကျင့်ဝတ်မရှိတဲ့ ပုံစံနဲ့ Marketing or Advertising လုပ်တာမျိုး ကိုတော့ တကယ့်စီးပွါးရေး လုပ်ငန်းကောင်းတွေက ရှောင်ပါတယ် ။
False hope , False promise ဆန်ဆန်
အလွန်အကျွံ မက်လုံးပေးတာမျိုး ၊
ဈေးကွက်အနေအထားအရ လူတိုင်း မအောင်မြင်နိုင်တာကို သိလျက်နဲ့
လူတိုင်း အောင်မြင်နိုင်ပါတယ်လို့ လိမ်ညာ စည်းရုံးတာမျိုး တွေ
ကျွန်တော်တို့ က လုပ်စရာ မလိုပါဘူး ။
ကျွန်တော့် သင်တန်းကို Online Marketing နဲ့ အဓိက ရပ်တည်တာပါ ။
ကျန်တာက ကျောင်းသားအချင်းချင်း စိတ်ကျေနပ်လို့လမ်းညွှန်ကြတာပါပဲ ။
==========
Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၆။
အကို့ သင်တန်းသား အားလုံးရဲ့  သင်တန်းမတက်ခင် ဝင်ငွေနဲ့ 
တက်ပြီး ဝင်ငွေ ဘယ်လောက် ကွာခြားမှု ရှိပါသလဲ။
သင်တန်းဆင်းသွားတဲ့ အတွက် ဝင်ငွေ တိုးတက်မှု ရှိမရှိ စစ်တမ်းကောက်ကြည့်ဖူးပါသလား။
ကိုဇင်ဇေ - ဖြေ ။
မေးခွန်း ညံ့ချက်က ချာတူးကို လန်နေတာပဲ ။
ခင်ဗျားမေးပုံက ဘုရားသွားဖူးတာ ပိုက်ဆံဘယ်လောက် ရလာသလဲ ဆိုတာမျိုး ဖြစ်နေတယ် ။ :D
သင်တန်းသားတွေက ပညာ လာရှာတာဗျ ။ ပညာလာရှာတာ ။
ပညာ တိုးသွားတာ က အဓိက ရရမှာပေါ့ ။
ကျွန်တော့် သင်တန်း မတက်ခင်နဲ့ တက်ပြီး Vocabulary Range ဘယ်လောက်တိုးသွားတယ် ။
Grammar Rules / Sentence Structures ဘယ်လောက် များများပိုင်သွားတယ် ။
Listening Skill ဘယ်လောက် တက်လာတယ် ။
Pronunciation ဘယ်လောက် ကောင်းလာလဲ ဆိုတာကို တိုင်းရမှာ ။
ဘယ့်နဲ့ ဝင်ငွေကို တိုင်းရတာတုန်း ။ စဉ်းစားပုံက ညံ့ပါ့ဗျာ ။ :D
သူတိုးလာတဲ့ ပညာနဲ့ သူ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ပေါင်းစပ်ပြီး
ဝင်ငွေ တိုးအောင် သူ့ဘာသူ လုပ်တာပေါ့ ။
အဲ့ဒီ အချိန်မှာ သူက ကျွန်တော့် လုပ်ငန်းခွင်ထဲမှာမှ မဟုတ်တာ ။
ကျွန်တော်က ဘယ်လိုလို့ သိမှာလဲ ?
( ခင်ဗျားတို့ MLM မှာက Database/Software ကနေ ကြည့်လိုက်ရင်
ကိုယ့်အောက်က ဘယ်လူတွေ အမှတ်ဘယ်လောက် ရထားပြီ ဆိုတာ သိရတယ်လေဗျာ ။
အဲ့ဒီ အပေါ်မှာ မူတည်ပြီး သူ ဘယ်လောက် ဆုကြေးရထားတယ်ဆိုတာ
ပြန်တွက်လို့ ရတယ်လေ ။
ဒါကြောင့် ခင်ဗျားကို မေးနေတာ ။ ခင်ဗျားက အူကြောင်ကြောင်နဲ့ ကျွန်တော် မေးတိုင်း လိုက်မေးနေတယ် ။ ခက်ပါ့ )
==========
Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၇။
အကို ဒီအလုပ်ကို ဝါသနာအရလုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။
ပညာ ဒါန လို့  ခံယူပြီး လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။
စားဝတ်နေရေး အရ လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။
ကိုယ်ယုံကြည်လို့  ကိုယ့်အသက်မွေးဝမ်းကျောင်းအဖြစ် တည်ထောင်ထားတဲ့ လုပ်ငန်း တစ်ခုကို
ကျွန်မ အခုလို ပြောနေတဲ့အခါ ဘယ်လို ခံစားရပါသလဲ။ ကျွန်မ ပြောတဲ့ထဲမှာ စွပ်စွဲတာ တစ်ခုမှ မပါသေးဘူးနော်။
ကိုယ် မုန်းတဲ့ အလုပ်နဲ့  ယှဉ်ခံ ရတာနဲ့ တင် တော်တော် ဆွေ့ ဆွေ့ ခုန်နေပြီ မို့ လား။
ကဲ အားလုံးကို အတိအကျ ဖြေပါ။
ကိုဇင်ဇေ - ဖြေ ။
ကျွန်တော် လုပ်တာက ဝင်ငွေ + ဝါသနာ + စေတနာ တွေပေါင်းပြီး လုပ်တာပဲဗျ ။
ကျွန်တော်တို့လို English စာသင်တန်းတွေကြောင့် နစ်နာနေရပါတယ် ဆိုတဲ့ လူအုပ်ကြီး ခင်ဗျား ဘယ်နှယောက် တွေ့ဖူးလဲဗျ ?
ခင်ဗျားတို့ MLM တွေကို ထောက်ပြနေသလိုမျိုး
English စာသင်တန်းတွေကြောင့် နစ်နာနေရပါတယ် ဆိုပြီး မီဒီယာတွေကနေ သတိပေး ထောက်ပြနေရတာမျိုးရော ရှိလား ?
( ပြည်တွင်း တင် မကဘူးနော် ။ နိုင်ငံတကာမှာပါ MLM တွေကို မီဒီယာတွေ က ဝိုင်းထောက်ပြထားကြတာပုံလို့ )
ခင်ဗျား လုပ်နေတဲ့ လုပ်ငန်း ကြောင့်နစ်နာတဲ့ လူ ပေါင်း ၄ သောင်းကျော် ပါတဲ့ Facebook Group တစ်ခု ရှိနေပြီ ။
အဲ့ဒီ Group က Public နော် ။ အကုန် ဖွင့်ပေးထားတာ ။ )
လွှတ်တော်အထိ ဆွေးနွေးရလောက်အောင် ...
ပြည်ထဲရေးကနေ တစ်ခုချင်း ခေါ်ယူ စစ်ဆေးခံရလောက်အောင် ...
လူထုကို နစ်နာစေတဲ့ ခင်ဗျားတို့ လုပ်ငန်း ကို
ကျွန်တော်တို့လို ပညာရေး ဝန်ဆောင်မှု နဲ့ နှိုင်းစရာလား ? ဦးနှောက်မှ ကောင်းရဲ့လား ?

ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ၊ ဆရာ ခင်မောင်ညို ( ဘောဂဗေဒ ) ၊
ဆရာ ဦးအေးကျော် ( MHR ) ၊ ဆရာ ဦးငွေသိန်း ( Company Guide )
၊ ဥပဒေပညာရှင် ဆရာ မင်းတေဇ
တို့လို လူကြီးတန်း စီးပွါးရေး နဲ့ စီမံခန့်ခွဲမှု ပညာရှင်တွေသာမက
ကိုအောင်ချစ်ခင် ( Strategy First ) ၊ ကို မျိုးမင်း ( PS Business School )
၊ ကို မျိုးမြဆွေထွန်း တို့လို လူလတ်တန်း ပညာရှင်တွေ ကပါ
အများအကျိုးအတွက် ထောက်ပြသတိပေးနေရတဲ့ ခင်ဗျားရဲ့ MLM လုပ်ငန်း လို
ကျွန်တော်တို့ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေက ဖြစ်နေပါသလား ?

ခင်ဗျားတို့ Double Crane ( MLM Company ) က အကျင့်သိက္ခာ မဲ့ ပြီး
ဆပ်ပြာကို စိုက်ပျိုးရေးသုံး ပစ္စည်းအနေနဲ့ ရောင်းလိုက်လို့
ငွေကြေး နစ်နာသွား ရတဲ့ တောင်သူ လယ်သမားတွေလိုမျိုး
ကျုပ် #ActiveEnglish သင်တန်းကြောင့် နစ်နာသွားတဲ့လူ ရှိသလား ?
( ကျွန်တော် သင်တာ မကြိုက်ရင် အဆင်မပြေဘူးဆိုရင်
စတက်ကတည်းက စောစောစီးစီး ၁၀၀% ငွေပြန်အမ်းပေးပြီး
ကျွန်တော့် သင်တန်းကို ရပ်တည်လာတာ ၄ နှစ်ဝန်းကျင်ရှိပြီဗျ ။
ပြီးတော့ ကျွန်တော့် သင်တန်းက ခင်ဗျားတို့ Company တွေ Upline တွေလို
အောက်လူလုပ်တာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ။
ဖြစ်လာရင် ကိုယ့်ကိစ္စ ကိုယ် ရှင်းပါဆိုပြီး ခေါင်းရှောင်မထွက်ဘူးနော် ။
ကျွန်တော် သင်တာမဟုတ်ပေမယ့် ကျွန်တော့် သင်တန်းက တခြား ဆရာ တစ်ယောက်သင်တာ အဆင်မပြေလို့ဆိုပြီး
မကျေနပ်လို့ လာပြောရင်လည်း အတန်းပြောင်းပေးလို့ ရရင်ရ ၊
မပြောင်းပေးနိုင်ဘူးဆိုရင် ၁၀၀% ငွေ ပြန်အမ်းပေးတယ် ။
ဒီတော့ မတူရင် မတုနဲ့ ။ )
==========
ကဲ ဟုတ်ပြီ ။ ကျွန်တော် မေးတာတွေကို ခင်ဗျား မဖြေရဲပဲ ကျွန်တော့်ကို ပြန်မေးနေတာကို
ကျွန်တော် ဖြေပေးပြီးပြီ ။ ခင်ဗျားလည်း ကျွန်တော် မေးတာကို သေချာ ဖြေတော့ ။
ဂျာအေး သူ့ အမေရိုက်သလို လုပ်မနေနဲ့ ။
>>>>>
ခင်ဗျား အောက်မှာ
၁။ စုစုပေါင်း လူ ဘယ်နှယောက်ရှိလဲ
၂။ အဲ့ထဲက ဘယ်နှယောက်လောက် ခင်ဗျားလို ဝင်ငွေ ကောင်းတဲ့ အဆင့်
ရောက်လာသလဲ
၃။ ဘယ်နှယောက်က
အရင်း မကျေ့တကျေလောက်နဲ့
ဝဲလည်လည် ဖြစ်နေလဲ ?
လက်လျှော့သွားလဲ
( အရင်းဆိုတာ = ထုတ်ကုန် ဝယ်ရင်းစရိတ် + ဆက်သွယ်သွားလာပြောဆို စရိတ် + သင်တန်း စရိတ် + ကုန်သွားတဲ့ အချိန်စရိတ် ) တွေ ထည့်တွက်လို့ ရပါတယ် ။
၎။ ဘယ်နှယောက်ကတော့ သိသိသာသာ အရင်း မကျေပဲ စိတ်ပျက် လက်လျှော့လိုက်ရသလဲ
၅။ အပေါ်က အချက်တွေကို
သက်သေအထောက်အထားတိတိကျကျ ( ဥပမာ အဲ့ဒီ လူတွေရဲ့ နောက်ဆုံး ၃ လစာ ပျမ်းမျှဆုကြေး တွေကို Database ထဲကနေ ဒါမှမဟုတ် သူတို့ရဲ့ ဆုကြေးစာအုပ်တွေကနေ ) ပြနိုင်ပါသလား ?
< အထူးသဖြင့် အမ Network ရဲ့ အောက်ဆုံး ၃-၄-၅ လွှာက လူတွေ ရဲ့ ဆုကြေးရရှိမှု အနေအထားတွေပေါ့ >
ဒါဆိုရင် အမရဲ့ လုပ်ရပ်ကြောင့်
ဒီ MLM စနစ်ကြောင့်
ဝင်ငွေ ကောင်းကောင်းရတဲ့လူ နဲ့
ဝင်ငွေ ကောင်းကောင်းမရလိုက်သူ /
ငွေကြေး ဆုံးရှုံးမှု ဖြစ်သွားသူ အချိုးအစား ကို အတိအကျ သိရတာပေါ့ဗျာ ။
ဒါဆို ကျန်တဲ့သူတွေ က ဒီ အလုပ်ကို
ဝင်လုပ်သင့် မလုပ်သင့်
ပို ဆုံးဖြတ်နိုင်တာပေါ့ ။
#ကိုဇင်ဇေ
#AntiMLM
#AntiPyramidScheme

Friday, February 24, 2017

MLM ပုံပြင် အပိုင်း ၂



မြို့တစ်မြို့မှာ အင်မတန်ချမ်းသာတဲ့ သူဌေး ကြီးတစ်ဦးရှိတယ် တစ်နေ့ တခြားမြို့က ကုန်သည် တစ်စုရောက်လာပြီး ဒီလိုပြောပါတယ်

သူဌေးကြီး ကျတော်တို့မှာအင်မတန်ထူးဆန်း တဲ့ပစ္စည်တစ်မျိုးပါတယ်
အဲ့ပစ္စည်းက ပညာတက် သီလပြည့်စုံသူ လက်နဲ့ထိလိုက်ရင် လက်က အမွှေးနံတွေ ထွက်ပါတယ်တဲ့
သူဌေးက စဉ်းစားတယ် ဒီမြို့မှာ ငါက နာမည်ကြီး အကယ်၍ ငါ့လက်က အမွှေးနံထွက်ရင် သီလပြည့်စုံတယ်ဆိုပြီး နာမည်ကြီးအုံးမှာ ဆိုပြီး သူလက်နဲ့ထိကြည့်မယ်ဆိုပြီးပြောသတဲ့
ဒီအခါကုန်သည်တွေက ဒီအတိုင်းတော့ မရဘူး မြို့ထဲမှာကြေငြာမယ် ဒါ့အပြင် သူတို့ကို ထိခ ငွေ တစ်ဆယ် ပေးရမယ်ဆိုသတဲ့ သူဌေးက သဘောတူတဲ့အတွက် မြို့လည်မှာ အခန်းကြီးတစ်ခုဆောက်ပြီး သူဌေးကြီး စမ်းသက်မည့်အကြောင်း ကြေငြာတာပေါ့

ဒုတိယပိုင်းလာမယ် မျှော်....
crd

MLM ပုံပြင် အပိုင်း ၂
သူဌေးကြီး ထူးဆန်းတဲ့ ပစ္စည်း လက်နဲ့ထိမယ်ဆိုတော့ မြို့ထဲကလူတွေ လာကြည့်တာ ပြည့်ကျပ်နေတာပေါ့
သူဌေးကြီးက ကုန်သယ်ကို ငွေပေးပြီ အခန်းလေးထဲဝင်လိုက်တဲ့ အခါ အပေါက်တစ် ပေါက်ပါတဲ့ ပုံးတစ်ပုံးတွေ့ပါတယ် လက်ထည့်စမ်းကြည့်ပါတဲ့ သူဌေးလဲ အားပါတရလက်ထဲ့ပြီး စမ်းပါလေရော ပျော့စိစိတွေစမ်းမိပြီး လက်ပြန်ထုတ်တဲ့အခါ လက်မှာ အင်အင်း( ချီး ) တွေပေလာသတဲ့ သူဌေးလဲ ပြာပြာသလဲနဲ့ အခန်းနောက်ပေါက်ကနေထွက်သလဲ ကုန်သည်က အနောက်ကနေ ရေနဲ့ အမွှေးဆပ်ပြာကိုင်ပြီစောင့်နေပါတယ် ပြီးတော့သူဌေးကို ပြောတာက
သူဌေးကြီး သီလမရှိလို့ ချီးကိုင်မိတာ ရော့ အမွှေးဆပ်ပြာနဲ့ဆေးပါ ပြီးရင် လက်ကမွှေးနေပါတယ်လို့ပြော နောက်စမ်းမဲ့သူ ၂ ယောက် ခေါ်ပေး ၁ ယောက်စမ်းရင် ၄ ကျပ်ရမယ် အဲ့ ၂ယောက်က ရှာပေးတဲ့ ၄ ယောက်ဆီက ၂ ကျပ်စီရမယ်လို့စည်းရုံးပါတော့တယ်
သူဌေးလဲ့ ငါ့လက် ချီးပေတာလူသိလို့မဖြစ်ဖူး သူပြောတာလက်ခံရင် လူလဲ အထင်ကြီးမယ် လူရှာနိုင်ရင် ငွေလဲရမယ်ဆိုပြီး လူရှာပါတော့တယ် လက်က အမွှေး နံပျယ်သွားရင် လူအထင်မကြီးမှာဆိုးလို့ ချီးထပ်ကိုင်ပြီး အမွှေးဆပ်ပြာနဲ့ပြန်ဆေးပါသတဲ့ သူဌေးကြီးနဲ့ သူ့ကိုယုံတဲ့သူများဟာ ချီးကိုင်လိုက် လူရှာလိုက်နဲ့ ငွေရှာတဲ့ အလုပ်ကို ပျော်ပျော်ကြီး ဆက်လုပ်နေပါတော့တယ်

MLM ပုံပြင်ပြီးပါပြီ။


https://www.facebook.com/groups/myanmarmlmtruth/permalink/602874959905660/
စနေသား

MLM ကြောင့် ဝေးရပြီပေါ့ #S ရယ် :'(



MLM ကြောင့် ဝေးရပြီပေါ့ #S ရယ် :'(
လွန်ခဲ့သော ၃ နှစ်ခန့်ကပေါ့
လမ်းမတော်မှာနေ၊လမ်းမတော်မှာစားဆိုတော့ တရုတ်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ကြတာပေါ့။ တစ်ရက်တော့ သူလုပ်နေတယ်ဆိုတဲ့ အချိန်ပိုင်းအလုပ်ကိုခေါ်သွားမယ်ဆိုပြီး ခေါ်သွားပါတော့တယ်၊ မင်္ဂလာဈေးနားက ရုံးပေါ့နော်။
ရုံးပေါ်ရောက်တော့ လူပေါင်းစုံနဲ့တွေ့ပါတော့တယ်၊ စားပွဲဝိုင်းလေးတွေမှာ အဖွဲ့လေးတွေကိုယ်စီနဲ့ တစ်ယောက်ကရှင်းပြ၊ကျန်သူတွေအားလုံးကနားထောင်နေကြတာပေါ့၊ ပြီးတော့ Of (Old Flame) ကသူ့ရဲ့အထက်လူကြီးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးအစ်မကြီးတစ်ယောက်ကိုခေါ်လာပါတယ်၊ စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်ရင်း Of ကထွက်သွားပြီး ရေတစ်ခွက်ခပ်လာပါတယ်၊ပြီးတော့ ထိုင်နေတဲ့ သူမရဲ့အထက်လူကြီးလို့ပြောတဲ့ အစ်မရှေ့မှာရေချပေးရင်း "ကို..ရေသောက်အုံးမလားလို့"မေးပါတယ်၊သောက်မယ်ပြောတော့ရေတစ်ခွက်ထပ်ယူလာပါတယ်၊ Of ကဘေးမှာဝင်ထိုင်ရင်း ထို Upline မှစကားစပြောပါတယ်၊ အမတ်ကြီးက ကျားကွက်ခုံပေါ်မှာဘုရင်ကြီးကိုဆန်တောင်းတဲ့ပုံပြင်ကိုသိလားတဲ့? ပုံပြင်ကိုသိတယ်ဆိုတော့ အဲဒီကားကွက်ပေါ်မှာ ဆန်စေ့တစ်စေ့စီတောင်းပြီး နောက်ကျားကွက်ပေါ်မှာနှစ်စေ့၊နောက်တစ်ခုမှာ..ပဲရှိသေးတယ်၊ ကျွန်တော်က "အစ်မ..အဲဒါကျွန်တော်သိတယ်၊ဆန်တွေအများကြီးရသွားလို့ဆင်းရဲသားတွေကိုလှူလို့ရတယ်"၊လိုရင်းပြောပါဆိုမှ၊သူတို့အလုပ်ကဝင်ငွေကိုတစ်ရက်တစ်ကျပ်နှုန်းနဲ့တွက်ပြမယ်ဆိုပြီး ခုနကပုံပြင်ထဲကလို တစ်ရက်ဘယ်လောက်ဆိုပြီးထပ်တွက်ပြတော့..ကျွန်တော်ထပ်ပြောပါတယ်၊"အစ်မ.လမကုန်ခင် ပိုက်ဆံတွေသိန်းရာဂဏန်းလောက်ဖြစ်လာမှာ၊လိုရင်းပဲပြောပေးပါလို့"ပြောလိုက်ပါတယ်၊မျက်နှာတော့နဲနဲပျက်သွားတာပေါ့နော်၊ (ကျွန်တော်က စကားပြောရင် လိုရင်း ပြောတာပဲကြိုက်ပါတယ်)။ ဒီတော့မှ သူတို့ ကုမ္ပဏီနဲ့မိတ်ဆက်ပါတယ်၊ဘောလုံးပွဲစပွန်ဆာ၊ကားပြိုင်ပွဲစပွန်ဆာ၊နိုင်ငံခြားကရုံးပုံတွေ၊ဟောပြောပွဲပုံတွေ၊နိုင်ငံခေါင်းဆောင်အချို့နဲ့ရိုက်ထားတဲ့ပုံတွေပြပါတယ်၊ပြီးတော့မှ သူတို့ရဲ့ထုတ်ကုတ်တွေကိုရှင်းပြပါတယ်၊အဲမှာ ဖန်ပြားလဲပါတယ်၊ဆွဲပြားလဲပါတယ်၊ကျောင်းတက်တာလဲပါတယ်ခရီးသွားတာတွေလဲပါတယ်၊သူတို့ကုပ္မဏီကလုပ်ငန်းအတော်များများလုပ်တယ်ပေါနော့်။
အဲလိုတွေလည်းပြောပြပြီးရော စာရွက်ပေါ်မှာ ရေးပြီး E, S, B, I ကိုသိလားတဲ့? သိတာပေါ့လို့ ကျွန်တော်ကပျင်းရင်စာအုပ်တွေထိုင်ဖတ်နေတာပဲလို့၊ ဒီတော့ ထပ်ပြီးရှင်းပြပါတယ်၊ E ကဘယ်လို၊ဘာညာပေါ့ဗျာ၊နောက်တော့ ကိုယ်ပိုင်လုပ်ငန်းမလုပ်ချင်ဘူးလားတဲ့? ဟုတ်ကဲ့..ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်အောင်ကြိုးစားနေပါတယ်လို့..ဆိုတော့..သူတို့ရဲ့စီးပွါးရေးကအခွင့်ကောင်းပဲတဲ့၊ (အဲအချိန် MLM မှန်းရိပ်မိပြီ)၊ ဒီတော့ ဝလုံး တွေဆွဲပါပြီ၊ ဆွဲပြီးလူ (၂) ယောက်ထည့်၊ပြီးရင်သူတို့ကနောက် (၄) ယောက်ထည့် နဲ့ တစ်နှစ်အတွင်း သိန်းရာချီရနေပါပြီ။
ဒီတော့မှ Of ကိုညွှန်ပြရင်း ခုချိန်မြန်မြန် Member ဝင်လိုက်ပါတဲ့၊သူ့ ညာဘက်မှာထားပေးမယ်ပေါ့နော်၊အဲလိုဆို နှစ်ယောက်အတူတူ တစ်နှစ်အတွင်းအောင်မြင်မယ်ပေါ့၊ကျွန်တော်ကအတွန့်တက်ပါတယ်၊တကယ်လို့သူ့ဘေးမရောက်ပဲ၊အောက်ရောက်သွားရင်ရောဆိုတော့ နှစ်ယောက်အတူမအောင်မြင်နိုင်ဘူးပေါ့နော်၊ကိုယ်ကအောက်ရောက်နေလို့ အောင်မြင်တာအတူတူမဖြစ်ဘူးတဲ့၊ သြော်...လို့။ဒီတော့ အမြန်ရင်းပါဆိုတော့...ဘယ်လောက်လဲဆိုတော့ ၁၀ သိန်းတဲ့၊ဖန်ပြားကဘာကောင်းတယ်ဘာညာပေါ့နော်၊ကျွန်တော့်မှာ ဒါ (iPad) ဝယ်လိုက်လို့ပိုက်ဆံမရှိတော့ဘူး၊အိမ်ကိုပြောကြည့်ရမှာဆိုတော့ သူ့တုန်းက အတိုးနဲ့ချေးလိုက်တာတဲ့၊အိမ်ကိုမပြောနဲ့တဲ့..လူကြီးတွေကခွင့်ပြုမှာမဟုတ်လောက်ဘူးပေါ့နော်၊အတိုက်အခိုက်တွေနဲ့စီးပွါးရေးမလုပ်ဖြစ်ပဲနေလိမ့်မယ်တဲ့။ သူငယ်ချင်းတွေဆီကချေးကြည့်ပါလားတဲ့၊မိတ်ဆွေတစ်ယောက်ကို တစ်သိန်းပဲချေး..ဆယ်ယောက်ပြည့်ရင် ဆယ်သိန်း ရပြီတဲ့၊ (ပြောတာလွယ်လိုက်တာဗျာ)။ ပြီးတော့ မြန်မြန် Member ဝင်ပါတဲ့..Of နဲ့အတူတူအမြန်အောင်မြင်မယ်ပေါ့နော်။ ပြီးတော့သူ့တုန်းကဝင်ငွေကောင်းတဲ့အလုပ်ကိုထွက်ပြီး ဒီမှာပဲလုပ်နေတာ ၆ လရှိပြီတဲ့၊တစ်လတစ်လကို လောလောဆယ် ၂၅ သိန်းလောက်ရနေပြီတဲ့၊ ငင်...ကိုယ်တွေအလုပ်လုပ်တာ တစ်လ ၁ သိန်း ၂ သောင်းလောက်ရတာတောင် iPad အသစ်နဲ့၊ (အိမ်ကဝယ်ပေးတာဘာ :3)၊ သူကတော့ ၂၅ သိန်းလောက်ဝင်နေတာကို ရိုးရိုးဖုန်းလေးနဲ့၊ PA လုပ်တာမဟုတ်ဘူးနော်၊ တစ်လ ၂၅ သိန်းလောက်ဝင်နေတဲ့ ခေတ်လူငယ်တစ်ယောက်က iPh မကိုင်ရင်တောင် Model အမြင့် Android ဖုန်းလောက်တော့ကိုင်သင့်တယ်လေ၊ ကျွန်တော်အဲအချိန်က Motorola ကိုင်ပါတယ်။ ဒီတော့ကာ..စဉ်းစားပါမယ်ပြောပါတယ်၊ Of ကသူ့ပိုက်ဆံဝင်နေပြီဆိုပြီး ၂ သိန်းထုတ်ပါတယ်၊ လမ်းရောက်ရင် ကိုယ့်ကိုမုန့်ဝယ်ကျွေး ဆိုတော့ အိမ်ကိုပေးရမှာ၊အလှူလုပ်မို့တဲ့၊ ထားပါတော့၊ ထို Upline အစ်မ ကလည်း ကျွန်တော်တို့အတွဲနဲ့အတူ BUS ကားစီးပြီးပြန်ပါတယ်။ @_@)
Of က Member ဝင်ပြီးတာနဲ့သူတို့ Meeting လုပ်တဲ့အကြောင်း၊ Meeting မှာ ပါတ်ဝန်းကျင်ကမိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊အိမ်နီးနားချင်းတွေအမည်စာရင်းချရေး၊နှုတ်ဆက်ဖူးသူတွေ၊မျက်မှန်းတန်းမိသူတွေစာရင်းချရေးပြီး ၁၀၀ လောက်ရနိုင်တယ်ပေါ့၊ပြီးတော့ အဲဒီလူ ၁၀၀ ကို ဒီအလုပ်အတွက်ဆွယ်မယ်ပေါ့နော်၊ ၁၀၀ ထဲက ၁၀ ယောက်လောက်တော့လုပ်လာနိုင်တယ်ပေါ့၊ ကျွန်တော့် Of ကိုကျွန်တော်အားမရတာတစ်ခုက သူမဟာ BBA နဲ့ဘွဲ့ရတယ်၊ MBA တန်းတက်နေတာပါ၊ ဒါဘယ်လိုအလုပ်လဲသူမလည်း သိမယ်ထင်ပါတယ်၊ထားပါတော့လေ၊ခံယူချက်မှမတူတာ။ဒီတော့ သူ့ကို ဒါဟာ သမာသမတ်ကျတဲ့အလုပ်မဖြစ်ကြောင်း၊ရေရှည် Career အတွက်လုပ်ရမယ့်အလုပ်မဟုတ်ကြောင်း၊ ၁၀ သိန်းဆိုတာ တော်ရုံလူဆိုရင်တောင် ရင်းနှီးစားလို့ရကြောင်း၊ မလုပ်စေချင်ကြောင်းပြောပြပါတယ်၊ Of ကခဏပဲလုပ်တော့မယ်တဲ့၊ ကျွန်တော်က ပိုက်ဆံဘယ်လောက်ပြန်ရပြီလဲဆိုတော့ ၄ သိန်းလောက်ရပြီတဲ့၊ ဒါဆို ၁၀ သိန်းပြန်ရရင်နားလိုက်တော့၊ဆက်မလုပ်ဖို့ကျွန်တော်ပြောပါတယ်၊ ကျွန်တော်သူမ ကိုအရမ်းချစ်ပါတယ်၊ တစ်ဘဝလုံးစာအတွက်ရည်ရွယ်ခဲ့ပါတယ်၊ လက်ထပ်မယ့်အကြောင်းလဲသူမကိုပြောပြထားပါတယ်၊ ပြီးတော့ သူမစီးပွါးရေးလုပ်ချင်ရင်လည်း..ယောက်ျားတစ်ယောက်အနေနဲ့ကိုယ်ယူထားတဲ့မိန်းမကို အိမ်မှာပဲနေစေပြီးအညွှန့်တုံးစေမယ့်ယောက်ျားလဲမဟုတ်ပါဘူး၊သူမကြိုက်နှစ်သက်တဲ့ ကောင်းမွန်တဲ့အလုပ်မှန်သမျှခွင့်ပြုမှာလို့ပြောထားပါတယ်၊ ဒါပေမယ့် ဒီ MLM လုပ်ငန်းတွေမကောင်းတာကျွန်တော်ရှင်းပြတယ်၊တားဆီးပါတယ်။ဒီလိုနဲ့ MLM ကိစ္စကမေ့မေ့ပျောက်ပျောက်ဖြစ်လာချိန်မှာ သူမရဲ့ အရင်ရည်းစားဟောင်းနဲ့သူအချိတ်အဆက်ရှိနေတာကိုကျွန်တော်သိသွားခဲ့ပါပြီ။
ရည်းစားများများထားခဲ့ဖူးတဲ့ကိုယ်တွေအတွက်တော့ သူမရဲ့ရည်းစားဟောင်းရဲ့အကွက်တွေဟာ ခလေးကွက်လေးတွေပဲရှိပါသေးတယ်။ ဒီတော့သူမနဲ့ကျွန်တော်ရှင်းပါပြီ။ဒါဘယ်လိုလဲလို့မေးတော့ အဲကောင်ကလည်း MLM မှာသူနဲ့အတူတူအလုပ်လုပ်တာတဲ့၊သူ့ Side Line လားဘာလားတော့မသိပါ။ ဒီတော့ကျွန်တော်ကပြောပါတယ် #S တို့အလုပ်ကတစ်ခါမီတင်ရင်တစ်ခါတစ်လေ ည ၁၀ နာရီလောက်မှပြီးတာလို့၊အဲအချိန်ထိအဲအကောင်က အတူတူရှိနေမှာပေါ့လို့ ဆိုတော့ အလုပ်သဘောအရပဲစကားပြောတာပါ၊လုံးဝစိတ်မဝင်စားပါဘူးတဲ့၊ကို့ ကိုပဲချစ်တာပါတဲ့ (ချုပ်ကွက်လို့ခေါ်တယ်ညေးတို့ကွီးတို့)၊ အဲလိုဆိုအဲအကောင်နဲ့စကားပြောမယ်ဖုန်းပေးဆိုတော့မှ ခါးခါးသီးငြင်းပါတော့တယ်၊ကျွန်တော်တင်းပြီလေ၊ (အဲလိုအချိန်ကြုံလာရင် အဲလိုအကောင်တွေကိုတွေ့ရာသင်္ချိုင်းဓါးမဆိုင်းချတော့ ဘဒိုတို့)။ တစ်ရက်ကတော့ သူမရဲ့ကျောင်းကို MBA စာတမ်းကိစ္စအတွက်လိုက်သွားပါတော့တယ်၊ အဲအချိန်မှာ ဟို MLM ကအကောင်ကဖုန်းဝင်လာပါတော့တယ်၊သူမစကားပြောအပြီး ကျွန်တော်ဖုန်းနံပါတ်တောင်းပါတယ်၊မပေးပါဘူး။
အဲဒီနေ့ကကျွန်တော်ဒေါသအရမ်းထွက်ခဲ့ပါတယ်၊ဒါပေမယ့်လည်း ဒီ MLM မှာလုပ်နေကြတဲ့ သူဌေးလောင်းကြီးတွေ၊မဟာစီးပွါးရေးလုပ်ငန်းရှင်ကြီးတွေဆိုတော့လည်း အစွဲချွတ်လို့မရဘူးပေါ့ဗျာ၊ သူမနဲ့ကျွန်တော်လက်ထပ်ပြီးရင် ဆေးဆိုင်လေးဖွင့်ပြီး (အဲအချိန်တုန်းကဆေးဆိုင်ပဲဖွင့်ချင်နေတာ) ဒီဆေးဆိုင်လေးကိုအတူတူကြီးပွါးအောင်လုပ်ကြမယ်၊သူ့ညီမလေး၊မောင်လေးတွေကျောင်းထားကြမယ်၊မိဘတွေကိုလုပ်ကျွေးကြမယ်ပေါ့ဗျာ၊အနာဂတ်အိမ်မက်မှာ ဆေးဆိုင်လေးဖွင့်မယ့်ကောင်လေးဆိုတော့လည်း MLM လုပ်နေတဲ့ သူတို့လောကထဲကအကောင်လိုတော့ မခမ်းနားခဲ့ဘူးပေါ့နော်၊ Shopping Mall က သောင်းကျော်တန် All Star ဖိနပ်စီးတဲ့ MLM ကအကောင်ကို Timberland ကိုစလုံးကမှာစီးတဲ့ ကျွန်တော် ရှုံးတာပေါ့ဗျာ။ ရှုံးဆိုကိုယ်တွေက သမာအာဇီဝကျကျ ဆေးဆိုင်ဖွင့်စားမယ်ပြောတာကိုး။ဒီလိုနဲ့သူမဟာ မဖောက်ပြန်ကြောင်း၊သစ္စာမဖောက်ကြောင်း၊အချစ်စစ်နဲ့ချစ်တယ်ဆိုတဲ့အကြောင်းတွေကျွန်တော့်ကိုပြောခဲ့ပြီး MLM လောကထဲမှာ MLM လောကသား ကုလားလေးနဲ့ (အဲအကောင်ကကုလားကိုးဗျ :3 ) တရားဝင်လက်တွဲသွားပါတော့တယ်၊ သူတို့ရဲ့ MLM Company မှာ MLM အတူတူလုပ်၊အတူတူချမ်းသာမယ်၊အတူတူအောင်မြင်မယ်ဆိုပြီးကျွန်တော့်ကိုဖြတ်သွားတယ်၊သူတို့၂ယောက်ကတော့လက်တွဲသွားကြပါတယ်။ MLM မှာဝင်မလုပ်ဖြစ်တဲ့၊လက်ထပ်ပြီးရင် ဆေးဆိုင်လေးဖွင့်မယ်ဆိုတဲ့ ကောင်လေးကတော့ အဲဒီ MLM ကိုမြင်ပြီဆိုတာနဲ့ သစ္စာဖောက်မရယ်၊ကြာကူလီအကောင် ရယ် ကိုနာကျည်းရင်းနာကျည်းနေတော့တာပေါ့နော်။ကျွန်တော်မှားသွားတာပါ၊ MLM လုပ်နေကြတဲ့လူဆိုတာ သစ္စာမရှိဘူးရယ်၊ သူတို့စကားကယုံကြည်ဖွယ်ရာမရှိဘူးဆိုတာရယ် ကို အချစ်လွန်ပြီးမေ့နေခဲ့တာပါ။ခုချိန်ထိ ထို MLM Company မှာ ကုလားလေးနဲ့တရုတ်မလေး လက်တွဲရင်း Lamborghini စီးတာတော့မတွေ့ဘူး၊နှစ်ယောက်သားလူမြင်ကွင်းမှာပါကြည်နူးနေတာတော့မြင်ခဲ့ရတယ်ပေါ့နော်။ အဲဒီတုန်းက သီချင်းတစ်ပုဒ်သွင်းခဲ့ပါသေးတယ်...
နင်မရှိရင်စိတ်နဲ့လူနဲ့မကပ်နိုင်ပါဘူးလို့...
ဒါတောင်နင်ကအခြားတစ်ယောက်နဲ့ဖက်တိုင်ကာပလူး..
ချစ်ခဲ့မိတာနင့်ကိုတစ်သက်မှာတစ်ဦး...
ခုတော့နင်ကတရားဝင်ကြော်ငြာသွားပြီ ဒို့နှစ်ယောက်ကမသက်ဆိုင်တော့ဘူး..
ခုတော့ကျွန်တော့်မှာ Single ဘဝလေးနဲ့ Feel နေရတယ်ပေါ့ဗျာ (ကြော်ငြာဝင်တာပါ :P ) MLM ဆိုတာလူမှုရေး၊စီးပွါးရေး၊ပညာရေး၊ဘာသာရေး၊နှလုံးသားအရေး၊အိမ်ထောင်ရေး ..စတာတွေအတွက် လုံးဝ(လုံးဝ)မကောင်းပါဘူး။
ပြီးတော့ ထို MLM Company နှင့် ထို MLM မှာလုပ်နေတဲ့အနှီစုံတွဲကိုမြင်ရင်
ကျွန်တော့်အစားပြောပေးကြပါ၊
စောက်ရမ်းရွံတယ်လို့။ :'( :'( :'( { Ha Ha React မပေးရ } :/
Thanks for reading.
#Bryan
Feb 24, 2017 (Thu, 13:33)
https://www.facebook.com/groups/myanmarmlmtruth/permalink/602913999901756/