Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

Aim star company က အရူးလုပ်ခံရသော မန်ဘာများ


MLM ကုမ္ပဏီတွေရဲ့ အရူးလုပ်ခြင်း ခံရသော
mlm မန်ဘာဝင်တွေရဲ့ သနားစရာဖြစ်ရပ်
➳ ★ ★ ★ ★ ★ ➳ 


Image may contain: one or more people, crowd and outdoor
၁။
MLM ကုမ္ပဏီတွေမှာ မန်ဘာဝင်ဖို့ မန်ဘာကြေးပေးရပြီး၊
မတန်တဆ ဈေးကြီးသော ဓါတ်စာ အလှကုန်တွေကို ငွေသိန်းဂဏန်းဖိုး ဝယ်ရတယ်။

၂။
ပိုက်ဆံကုန်ခံ မန်ဘာဝင်ပြီးနောက်
MLM ကုမ္ပဏီတွေ ခိုင်းသမျှကို
မန်ဘာဝင်တွေက လစာမဲ့ လုပ်ပေးရတယ်။
ကျွန်ပြုခံရတာနဲ့ မခြား။

၃။
ပြီးတော့ MLM ကုမ္ပဏီတွေက
မန်ဘာဝင်တွေကို ကြံရည်ညှစ်သလို
ရသမျှ ထပ်ညှစ်ယူကြတယ်။

ဘယ်ပွဲတက်ဖို့ လက်မှတ် ဝယ်ပါဦး။
ဘယ် Camp တက်ဖို့ ငွေသိန်းဂဏန်း သွင်းပါဦး။
ဘယ်ခရီးသွားရဖို့ ဘယ်လောက်ဖိုး ထပ်ဝယ်ပါဦး။
ဘယ်ရာထူးရဖို့ ဘယ်လောက်ဖိုး ထပ်ဝယ်ပါဦးနဲ့...
MLM ကုမ္ပဏီတွေက မန်ဘာဝင်တွေဆီကနေ
ရသမျှ ညှစ်ထုတ်ယူတော့တာပဲ။

နောက်ဆုံးတော့ mlm မန်ဘာဝင်တွေ
မမွဲနေတော့မလား။

ဒါကြောင့် ဒေါ်နယ်ထရမ့်က MLM ကုမ္ပဏီထောင်ဖို့ ပြောတာကိုး။
မန်ဘာဝင်လုပ်ဖို့ ပြောတာမှ မဟုတ်တာ။
ကုမ္ပဏီ ချမ်းသာပြီး မန်ဘာဝင်မွဲတာ MLM ပါပဲ။

!!! တောက် !!!
MLM ကုမ္ပဏီမှာ မန်ဘာမဝင်ဖို့တော့
ဒေါ်နယ်ထရမ့်က သတိပေးမသွားဘူး။

အချိန်ကုန် ငွေကုန် လူပင်ပန်း စိတ်ပင်ပန်းတဲ့
mlm မန်ဘာဝင်တွေရဲ့ ဘဝက တွေးကြည့်ရုံနဲ့
မျက်ရည်ဝဲစရာပါပဲ။
_______

ပုံအညွန်း
MLM ကုမ္ပဏီ တစ်ခု၏ Camp တွင် မန်ဘာဝင်များကို အရူးလုပ်ပြီး ပစ်​စလက်​ခတ်​ ပစ်ထားပုံ။

အဲဒီ Camp ပွဲ တက်ရောက်ဖို့
မန်ဘာဝင်တွေက ငွေသိန်းဂဏန်း ပေးသွင်းရသေးသည်။
မန်ဘာဝင်တွေရဲ့ ဘဝက တွေးကြည့်ရုံနဲ့
မျက်ရည်ဝဲစရာပါပဲ။