Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

ခွင့်ပြုချက် ကြိုတင် မယူ၍ Aim Star Network ကို ဟောပြောခွင့် မပြု


ခွင့်ပြုချက် ကြိုတင် မယူ၍ Aim Star Network ကို ဟောပြောခွင့် မပြု

တောင်ငူ၊ အောက်တိုဘာ ၅ 
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းရှိ ဧရာဦး ခန်းမ၌ အောက်တိုဘာ ၄ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရန် စီစဉ်ထားသည့် Aim Star Network (Myanmar) ၏ စီးပွားရေးလုပ်ငန်း အတွေ့အကြုံ ဆွေးနွေး ဟောပြောပွဲမှာ ခွင့်ပြုချက် ကြိုတင် ယူထားခြင်း မရှိသဖြင့် တားမြစ်လိုက်သည်ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ 
“ဟောပြောပွဲ ကျင်းပမယ့် မနက်ကျမှ ကပ်ပြီး ခွင့်ပြုမိန့် လာတင်တယ်။ အသံချဲ့စက် အသုံးပြုခွင့်၊ စုဝေး ဟောပြောခွင့်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်အရ ခွင့်ပြုချက် တောင်းခံဖို့ အနည်းဆုံး တစ်ပတ်လောက် ကြိုတင်ဖို့ လိုပါတယ်။ ဟောပြောပွဲကို ပိတ်ရတာ အခြားအကြောင်းတွေကြောင့် မဟုတ်ဘဲ စည်မျဉ်းနဲ့မညီတဲ့ အတွက်ပါ”ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဒေါက်တာ စစ်အောင်လတ်က ပြောကြားသည်။ 
အဆိုပါ ဟောပြောပွဲတွင် Aim Star Network (Myanmar)မှ တာဝန်ရှိသူ ဦးဂျိုးဇက် တက်ရောက် ဟောပြောရန် စီစဉ်ထားခြင်း ဖြစ်ပြီး ယင်းဟောပြောပွဲသို့ ပဲခူးတိုင်း အနောက်ခြမ်း မြို့ရွာများ၊ မကွေးတိုင်း မင်းတုန်း၊ ကံမ၊ အောင်လံ၊ သရက်၊ ဆင်ပေါင်ဝဲ အစရှိသည့် ဒေသခံ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ဟောပြောပွဲကို ခွင့်မပြုကြောင်း အသိပေး ပြောကြားခဲ့ပြီးနောက် အေးချမ်းစွာ ပြန်လည် ထွက်ခွာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
http://thevoicemyanmar.com/tags/mlm/posts/2472-kpc