Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

ကျွန်တော်တို့ ကျွန်မတို့သည် Aim Star က ဘာကို လိမ်တာလည်း?


ကျွန်တော်တို့ ကျွန်မတို့သည်
Aim Star က ဘာကို လိမ်တာလည်း?
Aim Starက မလိမ်ပါဘူး။ ခင်ဗျားတို့ကပဲ ကိုယ့်မြန်မာပြည်သား အချင်းချင်း လိမ်နေရက်တာပါ။
✵Aim Starက သူ့ဘာသူ သွားတိုက်ဆေး တစ်ဗူး ငါးထောင် တစ်သောင်းနဲ့ ရောင်းတယ်။ ဒါကို မတန်မှန်း သိသိဝယ်တယ်။ ပြီးတော့ ကိုယ့်လိုဘ တစ်ခုပြည့်ဖို့ မသိနားမလည် တဲ့ သူတွေကို ထပ်ရောင်းယုံမက မက်လုံးပေးပြီး ကိုယ်ထမ်းနေရတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို တစ်ပါးသူ အပေါ်ပစ်တင်ရက်တာပါ။
''work + nature = value '' ပါ။
သဘာဝတရားမှာ လူ့လုပ်အားတွေ ပေါင်းထည့်ထားမှသာလျင် တန်ဖိုးတစ်ခု ထပ်ပေါ်ထွက်လာတာပါ။
ဥပမာ စမ်းချောင်းဘေး သွားထိုင်ပြီး လာသမျှလူ ''ရေတစ်လီတာကို ၃၀၀ နဲ့ရောင်းကြည့် '' နားရင်းပါ ထအုပ်ခံရမယ်။
ဒီ့အစား Alpine ရေသန့်ဘူး တစ်ဘူး ၃၀၀နဲ့ ရောင်းတာ ရောင်းထွက်နိုင်ခြေရှိတာပေါ့။ ဘာကြောင့်လည်း။
ဟိုက ရေသန့်မို့လို့တော့ စကားမကပ်နဲ့။ ဟိုး ရှေးအတီတေထဲက ဒီသဘာဝရေပဲ သောက်လာတာလား။ သောက်ရတဲ့ ရေချိုချင်းတူတူ ဘာလို့ ၃၀၀ ဈေးတက်သွားတုန်းဆို Alpine ရေဟာ လူဖန်တီးထားတဲ့ စက်ရုံ၊ အလုပ်သမား၊ သယ်ယူပို့ဆောင်ရေး စတဲ့ Supply Chain ကြီးတခုလုံးက လူ့ လုပ်အားတွေ ပေါင်းထည့်ထားလို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် သဘာဝတရားသည် လူ့လုပ်အားတွေ ပေါင်းထည့်မှသာလျင် ဆပွားတန်ဖိုးတွေ တက်လာရခြင်း ဖြစ်တာပေါ့။
ဒီတော့ သွားတိုက်ဆေးချင်းတူတူ၊ ဆပ်ပြာချင်းတူတူ၊ ပါဝင်တဲ့ သဘာဝပစ္စည်းနဲ့ ထုတ်လုပ်ဖို့လိုအပ်တဲ့ လူ့လုပ်အားချင်းတူတူ အလကားနေရင်း ဈေးထိုင်ကြီးနေတာဟာ လိမ်နေတာပဲပေါ့။
✵ဒီတော့လည်း လိမ်ဆင် မပေါ်အောင်လို့ PV တို့၊ ပလက်တီနမ်တို့ ဒိုင်းမွန်း ဘာညာကွိကွနဲ့ လုံးချပစ်တာပေါ့။ ဒါကို မျက်လုံးစုံမှိတ်ပြီး ယုံကြသလား။
✵နားမလည်တဲ့သူလာရင် သကာဖုံးနေတဲ့ စောက်ခွက်တွေနဲ့ သူဌေးဂိုက်ဖမ်းပြီး နက်ဖြန်ပဲ ပုဏ္ဏား နတ်သမီးရကိန်း ဆိုက်တော့မတတ် ဝိုင်းရွှီးတယ်။
✵ကုန်ပစ္စည်း တစ်ခုဟာ ထုတ်လုပ်ရာမှ စားသုံးသူ (End User) ဆီကို အသက်သာဆုံး ဈေးနှုန်းနဲ့ အချိန်မှီ (Just In Time) ဖြန့်ဖြူးနိုင်ဖို့ရာ ဒီ Supply Chain ကြီး တစ်လျှောက်မှာ ရှိတဲ့ Logistics System တွေ အချိတ်အဆက်မိမိနဲ့ ချောမွေ့နေအောင် စီမံရတယ် ဆိုတဲ့ အတွေးအခေါ်ကို နားကန်းတစ်လုံးမှ မသိတဲ့ စောက်ပေါကောင်ဆီက ပညာတွေကို အံ့ဘနန်း တခဲနက် သြဘာပေးပြီး သင်ကြတယ်။
(အဲ နေဦး!!! ဟိုကောင်မ စောက်ပေါမ ဂျိုးသိန်း! နင်ငါပြောတာတွေရော နားလည်လား)
စောက်ပေါကလည်း အလာသား။ သူ့ဝေဖန်တဲ့ သူတွေတောင် ပညာမတတ်တွေလို ထ လုပ်သေးတာ။
စိတ်ထွက်ထွက်နဲ့ နားရင်း ထ အုပ်မှ 'ဂိန်' ခနဲနေမယ်။
✵Massive Transport ဟဲ့ စောက်ပေါရဲ့!!!! Massive Transport !!!
ကုန်စည်ဟာ တတ်နိုင်သမျှ အလုံးအရင်းနဲ့ ပို့နိုင်လေ ကောင်းလေပဲ ။
ဆန်အိတ် တစ်ရာ ရန်ကုန်ကနေ နယ်ရောက်ဖို့ ကုန်တင်ကားငှားပြီး တခါထဲ တင်မလား။ လူဆယ်ရောက် ကားကိုယ်စီနဲ့ ဆယ်အိတ်စီ သွားယူပြီး ပြန်သယ်ချလာမလား။ ဘယ်ဒင်းက ငွေ/အချိန်ကုန် လူသက်သာမယ်လို့ ရွှေဥာဏ်တော်စူးရောက်နေကြပါသလည်း။
''ကုန်ပစ္စည်းတစ်ခုဟာ အချိန်တိုတိုအတွင်းမှာ အလုံးအရင်းနဲ့ တင်ပို့နိုင်လေ သူ့ရဲ့ Tied-Up Money နဲ့ Inventory စားရိတ်တွေ လျော့လေပဲ။ ''
ခရီးသွားဟန်လွဲ အားယားနေလို့ 'တို့ဆယ်အိတ်စီ သယ်သွားကြမကွာ' ဆိုတာ ပြဿနာ မရှိပေမယ့် အလုပ်ကြီး တစ်ခုလို လုပ်ရတဲ့ အခါမှာ ဒါဟာ အကြီးမားဆုံး အမှားပဲ။
တကြိမ်ထဲ ပြီးရမယ့် အလုပ်ဟာ လူဆယ်ယောက် အလီလီပို့ရတဲ့အတွက် ကုန်ကျစားရိတ် ဆယ်ဆ တက်တယ်။
အဲဒါ နင့်မေကလွှား မလိမ်တာလား။
မလိမ်ရင် ပျင်းလို့ စောက်ပေါထတာလား။
ဘယ်မလည်း စားသုံးသူ လက်ထဲ တိုက်ရိုက် ရောက်တာ။
သြော် ခင်ဗျားတို့လား???
ခင်ဗျားတို့က မန်ဘာလိုလို ဘာလိုလိုနဲ့ ညာတာပါတေး ပစ္စည်းယူရောင်းပေးနေတာလဗျာ။ ခင်ဗျားတို့က မျက်လုံးစုံမှိတ်ပြီး နောက်လူရောင်း၊ နောက်လူက တဆင့်ထပ် ရောင်းနဲ့ မပြီးဆုံးနိုင်တဲ့ Supply Chain System ကြီးတစ်ခုကို ဆင့်ကဲ ဆင့်ကဲ ထူထောင်နေမှတော့ ဘယ်နေရာက ဈေးသက်သာ မှာလည်း။
ဒါလည်း ခင်ဗျားတို့ ဆရာ စောက်ပေါပြောတာ မှန်တုန်းပဲလား။ လူတစ်ယောက် ဆေးထုပ်လေး ဆယ်ထုပ်စီ ကိုယ်စီကိုင်ပြီး နယ်က ရန်ကုန်လာ၊ ရန်ကုန်က နယ်ကိုပြန်ပြီး ကုန်စည် ဖြန့်ဖြူးတော်မူတာ မှန်ကန်သော Business Model လို့ ထင်နေကြသပေါ့။ Red Ruby ရောင်းတဲ့လူကမှ သူ့ကုန်ကျစားရိတ်ထည့်ပေါင်းပြီး အမြတ်တင်လို့ ရသေးတယ်။ ဒီလောက် တောင်မင်း မြောက်မင်းမကယ်နိုင်အောင် ဂျောင်းဂျောင်းပြေး သွားလိုက် လာလိုက်ရတဲ့ ကုန်သွားတဲ့ အချိန်၊ ငွေ နဲ့ လုပ်အားတွေ ဘယ်မှာလည်း။ ခုထိ ဖင်ပိတ်ငြင်းချင်နေသေးရင် ခန။ ဆက်ဖတ်။
✵Down Line တော်ရုံ မကုန်ဆုံးနိုင်ဘူးဆိုသော MLM ကြီးကို အဆင့်၃ဆင့်နဲ့ အတိုချုံးကြည့်မယ်။
၁။နိုင်ငံခြားမှ ရန်ကုန်သို့
၂။ရန်ကုန်မှ နယ်သို့
၃။နယ်မှ တဆင့် ရွာသို့
-လုပ်ပါဦး ရွာမှ တစ်ဆင့် ဘယ်ကို ဆက်ပြီး Down Line ရှာကြမလည်း။
✵ရွာ ရွာ ဘာဖြစ်တုန်းဆိုရင် ရွာဆိုသဟာတွေမှာ ပညာရေးရေချိန် ချို့တဲ့ရှာတဲ့ တောင်သူလယ်သမား နင်းပြားတို့ နေထိုင်တာကို သတိရပါ။
မြန်မာပြည်ရဲ့ အသက်သွေးကြော ဆန်ရေစပါးကို လယ်ထဲ ယာထဲ နွားတိရာစ္ဆာန်နဲ့ တန်းတူ ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှားပြီး ခင်ဗျားတို့ E, S, B, I သူဌေးမင်း အိပ်မက်ကြီးကို ထမင်းလုံးလေး စီရင်း မက်ဖို့အတွက် ကျားကန်ပေးနေတဲ့ ဆင်းရဲသား နင်းပြား တောင်သူဦးကြီးတွေကို ခင်ဗျားတို့ အားရဝမ်းသာ ပြန်ပေးတာ ဒီMLMကြီးလား ။ စောက်ပေါ PV တွေလား။ စောက်ပေါ အတွေးအခေါ်လား။
ကျေးဇူးရှင် ၂ထပ်ကွမ်း Down Line တောင်သူဦးကြီးတွေပေါ့ ဟက် ဟက်။
✵တစ်သက်ပတ်လုံး ရွှံ့တော၊ ဗွက်တောထဲမှာ ခွေးလို နွားလို ရုန်းကန်ပြီး ဆန်ရေစပါး စိုက်ပျိုးနေရတဲ့ တောင်သူလယ်သမားတွေရဲ့ ချွေး နဲ့ သွေးရဲ့ တန်ဖိုးဟာ ခင်ဗျားတို့လို သခင်မျိုးဟေ့ ဒို့ဗမာကောင်တွေ စောက်ပေါတစ်ကောင် ရှေ့မှာ ကျုံ့ကျုံ့လေးထိုင် သူ့ပါးစပ်က ထွက်သမျှ ပေါက်တတ်ကရ အကုန် သဘောတော်ကျကာ လက်ခုပ်လက်ဝါး တီး၊ ပြီးရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆရာ့ခြေရာနင်းပြီး မဆန့်ရင်ကာ မက်လုံးတွေပေးကာ လိမ်ခံရဖို့လား။
✵ဒါလောက် ကျေးဇူးဆပ်ရတာ အားမရသေးပဲ သူတို့ရဲ့ သား မြေး မြစ် ဆွေမျိုးတွေကိုပါ မစားရ ဝခမန်း ဇောတိက အိပ်မက်တွေပေးပြီး ဒီလူ့ရဲ့ လုပ်အားနဲ့ အချိန်တွေကို Aim Star ကိုယ်စား ရက်ရက်ရောရော ခိုးပေးကြတော့မှာလား။ Aim Star ကိုယ်စား လိမ်ပေးနေကြတယ်။ ဟုတ်တယ် Aim Star မလိမ်ဘူး။ လိမ်တာ ခင်ဗျားတို့။
''စားနေတဲ့ ထမင်း ပြန်ခုန်ထွက်ကုန်မယ်နော''
ဒီလုပ်အားနဲ့ အချိန်တွေဟာလည်း မတန်တဆ ပေးဝယ်ရတဲ့ ပစ္စည်းတွေကြောင့် တိုင်းတစ်ပါးကိုသာ မတန်တဆထွက်ကုန်ပြီး မြန်မာနိုင်ငံ ပြာပုံထဲက ကုန်းထဖို့ရာ လိုအပ်တဲ့ လုပ်အားတွေဟာ အလဟဿ ပွန်းတီးကုန်တယ်။
✵ကိုယ့်တိုင်းပြည်က လူတွေ အပန်းတကြီး ရုန်းကန်နေရတဲ့အချိန်မှာ အပေါ်ဆုံးက ကြောင်ဖားကြီးတွေက အခန့်သား ကော်ဖီလေးသောက်ပြီး 'ဖိုက်တင်းကွ၊ ကြိတ်လိုက်ဟ' နဲ့ခွေးမောင်းသလို မောင်းတာခံနေရတဲ့ ဘဝကို မရေရာတဲ့ အိပ်မက်ကြီး မက်ပြီး နုံနဲ့စွာ မနေကြပါနဲ့။
✵လောကမှာ အလုပ်သမားနဲ့ အလုပ်ရှင်ဆိုတာ မရှိပါဘူး။ ကိုယ့်ကျွမ်းကျင်မှုနဲ့ လုပ်အားကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောင်းတဲ့သူနဲ့ တန်ရာတန်ကြေးပေးပြီး ဒီလုပ်အားနဲ့ အချိန်ကို ဝယ်တဲ့ သူပဲ ရှိပါတယ်။
လုပ်အားထုတ်ရင် ပိုက်ဆံရ ရမယ်ပေါ့။ ဘာလည်း PV ဆိုတာ။ နင့်မေဂွေးစိလား။
ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာ၊ လုပ်အားနဲ့ ကျွမ်းကျင်မှု အလိုက် ဝင်ငွေရလာတာဟာပဲ အဖြောင့်မှန်ဆုံး သမာအာဇီဝအလုပ်ပါပဲ။
There is no shortcut to Royal Road!!! ပါ။
✵ဒါလောက် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဖောက်ထွက်တွေးခေါ်နိုင်စွမ်းကို တန်ဖိုးထားတဲ့ ကမ္ဘာ့ လူ့အသိုင်းအဝိုင်းမှာ အောင်မြင်တဲ့ သူတွေဆီကသာ အပြုအမူ အကျင့်အကြံတွေကို Copy လုပ်ရမယ်ဆိုတဲ့ စောက်ပေါ အတွေးအခေါ်ဟာ တစ်စက်မှ တန်ဖိုးမရှိတဲ့ ပညာမတတ်ပဲ ပေါက်ပန်းလေးဆယ် လျှောက်ပြောနိုင်တဲ့ လူ့ပါးစပ်ကသာ ထွက်မှာပါပဲ။
အဆုံးသတ်ကျမှ ဒေဝဒတ်တောင် ရိုးရိုးဒေဝဒတ်မဟုတ်ပဲ စောက်ပေါ ဒေဝဒတ်ကိုမှ တည့်တည့်သွား ဆရာတင်မိသလိုဖြစ်နေပါ့မယ်။
✵နောက်ဆုံး အနေနဲ့ ဒီလောက်မှ သံဝေဂမရသေးရင် Debate မြန်မြန်လုပ်၊ တရားစွဲစရာရှိတာ မြန်မြန်စွဲကြ စမ်းပါ။ ခုဟာက အိမ်ထဲကသာ မထွက်ရဲတာ ကြက်တူရွေးကလည်း အော်တယ်၊ မယ်ဘော်ကလည်း ကဲ တယ် ဖြစ်နေတယ်။ ပြီးတော့ ဒီ MLM စနစ်ကြီးဟာ မိမိကိုယ်ရော ကိုယ့်တိုင်းပြည်ကိုပါ ဆင်းရဲခြင် လွတ်ကင်းအောင် လမ်းပြ ဆောင်နိုင်မယ်လို့ လုံးဝဥဿုံ အကြွင်းမဲ့ ယုံကြည်ရင်၊ လိပ်ပြာသန့်ရင်ဖြင့် မဟာပထဝီ မြေကြီးကို တိုင်တည်ပြီး သစ္စာဆိုပါ။
ကဲ လိုက်ဆို !!!!
ကျွန်တော်တို့ ကျွန်မတို့သည်
မြန်မာနိုင်ငံသူ/သားများဖြစ်ကြပါသည်။
သို့ဖြစ်ပါ၍……………………………………