Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

***---Aim star သို့ ရည်ညွှန်းချက်



*---မည်သု့ကိုမှ ထိခိုက်နစ်နာစေချင်သော ''ဆန္ဒ'' မရှိပါ တစ်ဦးတစ်ယောက် ထိခိုက်နစ်နာ ခဲ့ပါက ထိုသု့ကိုသာ ရည်ညွှန်းပါသည် ------*ချစ်ဦးညို
***---Aim star သို့ ရည်ညွှန်းချက်
1* သင်နှင့် သင့်အသင်းသားများရရှိသော ဝင်ငွေဟာ သင်နှင့် အသင်းသား အားလုံးပေါင်း လစဉ် အမှတ်ထိန်းသော ငွေထက်မပိုတာ သင်သိပါသလား --?
2*မာန်ဘာ ကြေး ကိုးထောင်နှင့် လုပ်ငန်းရှင် ဖြစ်ဖို့
သင် ဝယ်ယူသော တစ်သိန်းကျော်ဟာ Aim star ၏ တိုက်ရိုက် ဝင်ငွေဖြစ်ပြီး သင်တို့ လစဉ် ဝယ်ယူသော အမှတ်ထိန်း သုံးသောင်း နဲ့ သာ သင်တို့ ကို ဘောနပ်ပြန်ပေးနေတာ သင် သိပါသလား-*
3*Aim star မှာ မြန်မာပြည်ကဒိုင်းမွန်းတစ်
ယောက်ဖြစ်တိုင်း ကုမ္မဏီ ၏ ဝင်ငွေ မှာ သိန်းပေါင်း သုံးထောင် ကျော်ခန့် ရှိတယ်ဆိုတာ သင်သိပါသလား----? (ဒါတောင် တစ်ရာတန်ပစ္စည်းကို တစ်ရာ နဲ့ ရောင်းမှနော် ! နှစ်ဆ သုံးဆ တင်ရောင်းရင်တော့ တွေးကြည့်ပေါ့')
4*သင် ဒိုင်းမွန်းဖြစ်ရင် သိန်းသုံးရာ ခန့်ရနိုင်ပေမယ့် မြန်မာပြည်မှ ယိုးဒယားသို့ ထွက်ငွေ ဟာ သိန်းပေါင်း တစ်သောင်းကျော်ရှိတယ် ဆို တာသိပါသလား--* (ဒါတောင် တစ်ရာတန်ပစ္စည်းကို တစ်ရာ နဲ့ ရောင်းမှနော် ! နှစ်ဆ သုံးဆ တင်ရောင်းရင်တော့ တွေးကြည့်ပေါ့')
5*Aim star က MLM အစစ်ဆိုရင် မြန်မာပြည်
က ထွက်တဲ့ ဆန်(ပေါ်ဆန်း)ကို Aim star's plan အတိုင်းမြန်မာပြည် လက်ရှိပေါက်းဈေးနဲ့ ရောင်းရဲပါသလား ---?
6*ကြော်ငြာခ ဝန်ထမ်းခ ဆိုင်ခန်းခ သယ်ယူစရိတ် စသည့် ကုန်ကျ စရိတ်များကို မာန်ဘာ ဝင်များက ကျခံနေရတာ သင်သိပါသလား--?(aim star မှာ မာန်ဘာ စဝင်တုန်းက ငွေထက် ဒီလို ထွေထွေ စရိတ် တွေကြောင့် ဘဝပျက်နိုင်)
7*Aim star မှာ ABO များသည် လုပ်ငန်းရှင် ဖြစ်မလာဘဲ ကိုယ့်မြေကိုယ့်ရေပေါ်မှာ ကိုယ်လူမျိုးကို ကိုယ့်ငွေ ကိုယ့်ခွန်အားနဲ့ လိမ်ညာပြီး ယိုးဒယား တွေ ကို လုပ်ကျွေးနေရတဲ့ Aim star ရဲ့ ဝန်ထမ်းဖြစ်နေရတယ် ဆိုတာ သင်သိပါသလား--?
8*Aim star က MLM အစစ်ဖြစ်သောကြောင့် လူတိုင်းချမ်းသာ နိုင်တယ် ဆိုပြီး ယိုးဒယား တွေ က ထိုင်းနိုင်ငံမှာ ဟန်ပြသာလုပ်ကာ မြန်မာ ပြည်မှာ ဘာကြောင့်လာလုပ်နေတယ် ဆိုတာ သင်သိ ပါသလား--?(ယိုးဒယားနိုင်ငံတွင်လည်း မြန်မာ ရွေ့ပြောင်းအလုပ်သမားများသာ အများဆုံး လုပ်)
9*သင် ဒိုင်းမွန်းတစ်ယောက်ဖြစ်ပြီး နိုင်ငံခြား အလကား သွားနိုင်ဖို့ လူပေါင်း ခုနှစ်ထောင်ကျော်
ရဲ့ ငွေတွေ Aim star ကို ပေးထားရတယ် ဆိုတာ သင် သိပါသလား--?
10*သင့်ရဲ့ အမှတ် ဟာ ဘယ်ညာမညီ နိုင်တာသိလို့ ဘယ်ညာအမှတ်မညီ တဲ့ လူတိုင်း ကို Aim star က လစဉ် သုံးသောင်းခန့် နှိုက်နေတာကို သင်သိပါသလား---?(အမှတ်တွေ ထိန်းလေ ကိုယ်စိုက်ရလေ)
11*Aim star က သင့်ကို ပြန်ပေးသော သင်ရ ရှိတဲ့ ဘောနပ်ကိုသာ သင်အခွန် ပြန်ဆောင်နေတယ် ဆို တာ သင်သိပါသလား--?
12*Aim star က ချမ်းသာနိုင်တယ် ဆိုပေမယ့် လူ 7000 မှာ 7 ယောက်သာ အများဆုံးဖြစ်နိုင် တယ် ဆိုတာ သင်သိပါသလား--?(ဒါကြောင့် မာန်ဘာအသစ်တွေ ကိုယ့်အောက် ဝင်လာအောင် နယ်ဘက်က လူတွေကို အတင်းလိုက်စည်းရုံး နေတာ ကိုယ်က 7 ယောက် ထဲရောက်ဖို့ နောက်ဝင်မဲ့ လူ 7000 လောက်ကို စတေးမလို့ပါ)
13*Aim star က leader တွေက သင့်ကို သင်ပေး သော လူစွယ်တရား တွေဟာ သင့်ထက် leader တွေကိုသာ ပိုအကျိုး ရှိစေတာ သင် သိပါသလား---?(သင့် ရဲ့ လောဘကို ကိုအခြေခံ ကာ လူမိုက်ငှားတာပါ)
14*MLM မှ လုပ်ချင်ပါတယ် ဆိုရင်တော့ အောင် မြင်နေသော ကုမ္ပဏီ တွေထက် အခုမှ အသစ် ဖွင့်မဲ့ ကုမ္ပဏီတွေမှာ လုပ်ပါက ပိုအောင်မြင် နိုင်ပြီး ပိုပြီးလိမ်လို့ ကောင်းတယ်ဆိုတာ သင်သိပါသလား---?(လူ 7000 မှာ 7 ယောက်သာ MLM က အဆင်ပြေနိုင်တာကို သတိပြုပါ)
15*Aim star က မလိမ်ပါ ' ကိုဂျိုးဇက်က မလိမ်ပါ ' နဂိုကတည်း mlm အတု ဆိုတော့ ဘယ်လောက်ရမှာ ဘယ်နိုင်ငံသွားရမှာ ဆို ပြီး နောက်လူတွေ အားကျအောင်ပြောကာ လိုက်လိမ်ရတာ သင်သိပါသလား--?(ကိုယ် လည်း လောဘတက်ပြီး ဒိုင်းမွန်းဖြစ်ချင် လာတော့ မာန်ဘာအသစ် တွေထပ်ရှာရဖို့ လိမ်ရတောတာပေါ့)
16*ဖိုက်တာကမ့် ဖိုင်နယ်ကမ့် ဆိုပြီး တစ်ယောက် ကို တစ်သိန်းကျော် နဲ့ ဟောပြောပွဲ တွေ လုပ်တာနဲ့တင် Aim star ရဲ့ ဝင်ငွေ ဘယ်လောက်ရှိလည်း သင်သိပါသလား---?
17*Aim star မှာ ဒိုင်းမွန်းဖြစ်ဖို့ သိန်းသုံးရာ ရဖို့ သင့်အောက်မှာ လူပေါင်းရှစ်ထောင်လောက်လို တာကြောင့် လူပေါင်းရှစ်ထောင် သင့်အောက် မာန်ဘာ ဝင်လာဖို့ လွယ်မယ်လို့ သင်ထင်ပါသလား---?(လူပေါင်းရှစ်ထောင် ဆိုတော့ သိန်းပေါင်း ရှစ်ထောင်ကျော်မှာ သင့်ကို Aim star ကပြန်ပေးမှာ က သိန်းသုံးရာ ဆိုတော တန်တယ် ထင်လား)
** ကို ဂျိုးဇက် ကိုလေးစားပါတယ် ' သူလည်း လူတော် တစ်ဟောက်ပါ ' သု့ကို စွန့်ဦးတီထွင် သမား တစ်ယောက် လို့ တင်စားချင်ပါတယ်' Aim star နဲ့ အောင်မြင်ခဲ့တယ်ပေါ့ ' သူကတော့ သု့အလုပ် သူလုပ်မှာပေါ့ ' ကျွန်မ တို့လည်း သု့ကို အတုယူသင့်ပါတယ် ' သူအပေါ်ရောက် ဖို့ ABO ဆိုတဲ့ လှေကားထစ်လေးတွေကို ချနင်းသွားတာ သေသပ်လှပလွန်းတယ် ' ABO တွေနဲ့ Aim star ကို ဝင်မဲ့ မာန်ဘာအသစ်တွေ စဉ်းစားပေါ့ 'ABO တွေက ကိုဂျိုးဇက် နင်းခဲ့တဲ့ လှေကားတွေ Aim star ကို ဝင်ဖို့စဉ်းစားနေတဲ့ သူတွေကတော့ ABO တွေက ပြန်နင်းမဲ့ လှေကားတွေ ဖြစ်တယ်ဆိုတာ--**
https://www.facebook.com/groups/myanmarmlmtruth/permalink/524360294423794/ 
John Steven