Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

ရေသန့်စက်ကို ဂျင်းထည့်ရောင်းနေသော Aimstar company


 No automatic alt text available.
Aimstar ထုတ်ကုန်များ ၁
ကျနော် MLM ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဝေဖန်ပါတယ်။ ရိုးသားတဲ့သူတွေ မနစ်နာ စေချင်တဲ့ စေတနာနဲ့ဖြစ်ပါတယ်။ နောက်ပြီး ပွင့်လင်းစ အခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာပြည်စီးပွားရေး ချိနဲ့ စေတယ်လို့ မြင်လို့ ဖြစ်ပါတယ်။ တခြားမည်သူ့ကိုမှ နစ်နာစေလိုတဲ့ စေတနာ မရှိပါ။ ဥယျာဉ်ကြီး ဖွံ့ဖြိုးအောင် ၀ိုင်းကြိုးစားတဲ့အခါ ပေါင်းမြက်တွေ ရှင်းပစ်ရတာတော့ ကျနော်လဲ မတတ်နိုင်ပါ။
ပထမဆုံး ဝေဖန်လိုတာကတော့ Aimstar ရဲ့ Wazzer ဆိုတဲ့ ရေသန့် စင်စက်အကြောင်း ဖြစ်ပါတယ်။ Aimstar လုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ဒီ စက်ကို ရောင်းချနေသူတွေ၊ ဒီစက်နဲ့ ပတ်သတ်ပြီး ကြော်ငြာရေးသူတွေ အဲ့ဒီလူတွေဟာ ရေသန့် အကြောင်းကို လုံးဝ (လုံးဝ) နားမလည်ပါဘူး။
ရေသန့်ဆိုတာ ဘာကို ပြောမှန်းတောင် သိပုံမရပါ။ MLM တွေရဲ့ အဓိက အားနည်းချက်ဟာ အဲ့ဒါပါ။ မိမိ လုံးဝနားမလည်တဲ့ ထုတ်ကုန်တွေကို ရောင်းချရာမှာ မဖြစ်နိုင်တာတွေကို ပြောနေတာပါ။ (ကျနော့်စကားကျနော်တာဝန်ယူပါတယ်။ ကျနော်တင်ပြတာကို မကျေလည်ရင် ကြိုက်သလို ရှင်းနိုင်ပါတယ်။)
သူတို့ ကြော်ငြာ ထားတဲ့ အတိုင်းဆိုရင် PH တန်ဖိုးပါဝင်မှု မျှတ စေတယ်ဆိုပါတယ်။ အဲ့ဒီအတွက် ဘာပစ္စည်းထည့်ထားပြီး ဘာလုပ်ထားလဲဆိုတော့ ပြောမပြထားပါဘူး။ PH မျှအောင်လုပ်ပေးတဲ့ အဆင့် ထည့်ထားလို့ရပါတယ်။ ထည့်ထားရင် ရေစစ် မှန်မှန်လဲရပါတယ်။ ကြော်ငြာထားတဲ့အထဲမှာ အဲ့ဒီ PH ရေစစ် မပါတဲ့ အတွက် PH မျှတအောင်လုပ်ပေးမတယ်လို့ လုံးဝ မယုံကြည်ရပါဘူး။
ဒုတိယ အချက်ကတော့ ရေတွင်ပါဝင်သော မော်လီကျူးကို သေးငယ်စေပါတယ် တဲ့။
ဒီအချက်ဟာ ရေသန့်စက် သဘောတရားကို လုံးဝ နားမလည်ကြောင်း ဖော်ပြနေတာပါ။ Water Molecule ဟာ ဆိုဒ် အားဖြင့် ခန့်မှန်းခြေ ၂.၇၅ AU ရှိပါတယ်။ Atomic Unit ပါ။ 1AU ဟာ ၀.၁ nm ရှိပါတယ်။ ဒီဟာကို သေးငယ်အောင် ဘယ်လို လုပ်ပါသလဲ။ PH မျှအောင် လုပ်လို့ prontonation/ deprotonation လို့ခေါ်တဲ့ ပြောင်းလဲမှု ကျအောင်လုပ်တယ်လို့လဲ မပြောနိုင်ပါ။ ဒါကြောင့် ဒီမော်လီကျူးကို သေးငယ်စေတယ်ဆိုတဲ့ အချက်ဟာ ဘာမှ အခြေအမြစ်မရှိပါ။
နောက်ဆုံး တစ်ချက်ကတော့ အဆိုးဆုံးဖြစ်ပါတယ်။ Antioxidant အန်တီ အောက်ဆီဒင့်များကိုပါ တာဆီးကာကွယ်ပေးပါသည်တဲ့။ အဲ့ဒီအချက်ဟာ ကျနော်တို့ ဇီဝဓာတုဗေဒ၊ ရေသန့် စတာတွေကို လုံးဝ မသိပါဘူး ခင်ဗျာလို့ ပြောနေတဲ့ အချက်ပါပဲ။ Antioxidant ဆိုတာ ကိုယ်ခန္ဓာထဲမှာ ဆဲတွေကို အိုမင်းမှုက ကာကွယ်ပေးတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အခုခေတ်မှာ အဲ့ဒါကို ရနိုင်တဲ့ ပစ္စည်းတွေကို လူတွေဟာ အသည်းအသန်ရှာဖွေနေပါတယ်။ ဥပမာ ရေနွေးကြမ်းပါ။ ဒါကို Aimstar က သူ့ရေသန့်စက်မှာ အင်တီအောက်ဆီးဒင့်များကို တာဆီးကာကွယ်ပေးသည် ဆိုတော့ မဟုတ်တာ အပိုပြောတာတောင် မှားပြောသလိုဖြစ်နေပါတယ်။
အမှန်က ရေချည်းသက်သက်မှာ Antioxidant property မရှိပါ။ ရေမှ ရှိလေ့ရှိတဲ့ သဘာဝဟာ Oxidation ဖြစ်ပါတယ်။ မြင်သာအောင် ပြောရရင် သံချေးတက်တာကို ပြောတာပါ။ PH ညှိပေးလို့ Anti Oxidation လို့ ပြောချင်တာဖြစ်ပုံရပါတယ်။ ဒါပေမယ့် ရေအကြောင်းနားမလည်တော့ ပေါက်ကရတွေပဲ ရေးထားတာ ဖြစ်ပါတယ်။
ဈေးကတော့ ၈ သိန်း ဖြစ်ပါသတဲ့။ အနောက်နိုင်ငံမှာ ပုံမှန်အားဖြင့် အဆင့် ၅ ဆင့် ပါ ရေသန့်စက်ဟာ ဒေါ်လာ ၂၇၀ ဖြစ်ပါတယ်။ aimstar က ၀ါဇာ ဟာ ဘာမှ ပိုမကောင်းပဲ ဘာအချက်အလက်မှ မခိုင်မာပဲ ၃ ဆ ခန့် ဈေးပိုကြီးနေပါတယ်။ ရေစစ် ဟာလဲ မတန်တဆ ၁ သိန်း ကျော်ကြိးဖြစ်နေပါတယ်။
MLM ကုမ္ပဏီတွေဟာ ရေသန့်စက် ထုတ်ရောင်းကြပါတယ်။ အကြောင်းက ထွက်လာတဲ့ ရေ သန့်မသန့်ကို မျက်စိနဲ့ အရသာနဲ့ ပဲ စစ်ဆေးနိုင်လို့ ဖြစ်ပါတယ်။ အဲ့ဒါ လောက် ဖြစ်ဖို့ကို ရိုးရိုးရေစစ်၊ ကျောက်မီးသွေးရေစစ် အပေါစားလေးတွေ ( ၁ ထောင်တန်) လောက် ထည့်လိုက်ရင် ရပါပြီ။ အမှန်က ရေသန့် တစ်ခု ထုတ်တဲ့ အခါ ကိုယ့်ရဲ့ စက်ဟာ ဘယ် သတ္တု ကို ဘယ်နှရာခိုင်နှုန်း၊ ဘယ် ပိုးကို ဘယ်နှရာခိုင်နှုန်း သန့်စင်ပေးနိုင်တယ်ဆိုတာ ဂုဏ်သိက္ခာရှိတဲ့ စမ်းသပ်ခန်းတွေမှာ စစ်ဆေးရပါတယ်။ အဲ့ဒီ ထောက်ခံချက်နဲ့မှ အသုံးပြုသင့်တာပါ။ အဲ့ဒါကို ထောက်ခံ ချက် အတုပြတဲ့ ကုမ္ပဏီတွေလဲ ရှိပါတယ်။ လုံးဝ မပြပဲ ရောင်းနေတဲ့ ကုမ္ပဏီတွေလဲ ရှိပါတယ်။ ဒီလို မလှိမ့်တပတ် လုပ်ရောင်းရလွယ်တဲ့ ပစ္စည်းဖြစ်တာကြောင့် MLM ကုမ္ပဏီတွေဟာ ရေသန့်စက်ကို အဓိက ထုတ်ကုန် အဖြစ်ရောင်းချတာဖြစ်ပါတယ်။ သတိထား ရှောင်ရှားနိုင်ကြပါစေ။
လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ။
Aron Mg (Win OO)

မှတ်ချက်။ တကယ်လို့ Aimstar ရဲ့ ရေသန့်စက်မှာ PH balancing Unit ပါတယ်ဆို သက်သေနဲ့ လာပြောပါ။ (၁။ pH Balancing Unit,၂။ Unit မှာ ပါဝင်တဲ့ ပစ္စည်း၊ ၃၊ alkaline/ Acid အ၇ည်တွေကို ဖြတ်ပြိး စစ်ထားတဲ့ စစ်ဆေးချက်) အဲ့ဒီ ၃ခု ပြ၇င် လက်ခံပါမယ်။ ကျနော် အဲ့ ဒိအချက်ကို ပယ်ဖျက်ပေးပါ့မယ်။တခြား ဘယ်အချက်မဆို သက်သေနဲ့ လာပြပါ။ ကျနော့် ပို့စ်ကို ဖျက်ပေးပြီး။ တောင်းပန်စာ ပြန်ရေးပေးပါ့မယ်။
https://www.facebook.com/groups/myanmarmlmtruth/permalink/570300139829809/