Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

Aimstar က ပုဂ္ဂိုလ်ကြီး တစ်ဦးရှင်းထားတာ တစ်ခါတည်း ကွင်းကွင်းကွက်ကွက် သဘောပေါက်သွားတယ် fri တို့ရေ။ * * * * ** * * * * * * * * * * *


Aimstar က ပုဂ္ဂိုလ်ကြီး တစ်ဦးရှင်းထားတာ တစ်ခါတည်း ကွင်းကွင်းကွက်ကွက် သဘောပေါက်သွားတယ် fri တို့ရေ။
* * * * ** * * * * * * * * * * *
Image result for aim star network
နေရာတကာ မှာ အလိမ်အညာဆိုတာရှိစမြဲပါ
- ဟုတ်ကဲ့ခင်ဗျ
သို့သော် သူများကလိမ်တယ် ညာတယ်ပြောတိုင်း ကိုယ်က ယုံကြည်လို့ ရပါ့မလား .........?
-ချင့်ချိန်ပြီး ယုံသင့်ရင် ယုံပါမယ်ခင်ဗျ
အဲလိုသာယုံကြည်လိုက်ရင်
ကိုယ်ဟာ သူများဦးဏှောက်နဲ့
လူ ဖြစ်သွားမှာပေါ့ .........။
- ငင့်
ကိုယ့်မှာလဲ အမှားအမှန်ခွဲခြားနိုင်တဲ့ဦးဏှောက်ရှိနေတာဘဲ
ကိုယ်ကိုယ်တိုင် လေ့လာပြီးမှ ဆုံးဖြတ်တာက
ပိုပြီး သဘာဝကြပါလိမ့်မယ်နော် ။
- လေ့လာပြီးမှ ဆိုတာ မမ်ဘာဝင်ခိုင်းတာလားခင်ဗျ။ သူတစ်ပါး ဥစ္စာ လိမ်ယူတာ မကောင်းကြောင်း သိရဖို့ ကျွန်တော် လိုက်လိမ်ကြည့်ရမှာလား ခင်ဗျာ။
ဘယ်စီးပွားရေးမှာမဆို အလိမ်အညာ ဆိုတာရှိတာဘဲ။
- သြော် ဟုတ် ဟုတ်ကဲ့ ခင်ဗျ။
ကြိုက်တဲ့စီးပွားရေးကို လက်ငြိုးထိုးလိုက် အလိမ်အညာ ကင်းတဲ့စီးပွားရေးထောက်ပြ ။
- ငင့်... စာသင်တဲ့ဆရာတွေ က အလိမ်အညာတွေလားခင်ဗျ ။ နောက် ထမင်း ဟင်းရောင်းတဲ့သူတွေ ၊ ရေသန့် အချိုရည် ထုတ်တဲ့သူတွေ ၊ ပို့ဆောင်ရေး လုပ်ငန်းတွေ စတာတွေ အားလုံးဟာ အလိမ်အညာတွေ ပဲလားခင်ဗျ။
ဘယ်နေရာမှာမဆို
ကောင်းတာလဲရှိမယ် / ဆိုးတာလဲ ရှိမှာဘဲ ။
- ဟယ် ဘယ်ရောက်သွားပြန်တာတုန်း။ သြော် ဟုတ်ကဲ့ လောကဓံတရားတွေကိုးဗျ ။ အကောင်း အဆိုး ဒွန်တွဲ နေမှာပေါ့ခင်ဗျ။
သံဃာတော်လောကမှာရောအလိမ်အညာတွေ
ရှိတာဘဲ မဟုတ်လား ။
- ဟာ ဘယ်လိုဖြစ်လို့ သံဃာတွေဆီ ရောက်သွားပြန်တာလဲဟင်
လိမ်ညာတဲ့သံဃာတော်တွေရှိလို့ ကျနော်တို့ သံဃာတော်တွေကို ဦးမချဘဲနေလို့လား
- ဟင်
မှန်ကန်တဲ့သံဃာတော်တွေ စစ်မှန်တဲ့
သံဃာတော်တွေကို ဆည်းကပ်ကြတာဘဲ မဟုတ်ဖူးလား ။
- သြော် ဟုတ်ပါတယ် ခင်ဗျ
ပွဲစားလောကမှာဆို
လိမ်တဲ့လူ ပိုတောင် များသေးတယ်လေ ။
- ဟာ ပွဲစားတွေပါ ပါလာပြီလား
သို့သော် ကျနော်တို့တွေ အိမ်မ၀ယ် ကားမ၀ယ်
လိုတာတွေမ၀ယ်ဘဲ နေကြလို့လား ။
- သြော် ဒါတော့ လိုအပ်လာရင် ဝယ်ရမှာပေါ့ခင်ဗျာ။ ပွဲစားတွေ အိမ်ခြံမြေ အကျိုးဆောင်တွေက ဟိုတယ်ငှား၊ ပွဲကြီးတွေလုပ်ပြီး လူမွေးနေတာတော့ မတွေ့ဖူးဘူးခင်ဗျ။
ဒီကားဝယ်ရင် ၊ ဒီအိမ်ဝယ်ရင် နိုင်ငံခြား အလည်သွားကြမယ်လို့လည်း ခေါ်သံမကြားမိသေးပါဘူးခင်ဗျ။
မှန်ကန်မယ်လို့ မိမိတွေးထင်သူတွေနဲ့
အလုပ်လုပ်ကြတာဘဲ မဟုတ်ဖူးလား ။
- ဟုတ်ကဲ့ခင်ဗျ။ မှန်ကန်မယ်ထင်ရင် လုပ်ကြပါတယ်။
အခုလဲ Aim Star လိမ်တယ်လို့ထင်နေတာလား ။
- ဟင် ဘာမှလဲ ဆိုင်ဘူး။ မထင်ရက်ပါဘူးဗျာ။ ဒါပေမယ့် လိမ်ရင်လိမ် ၊ မလိမ်ရင်နေဗျာ။ ကျွန်တော်နဲ့လည်းမဆိုင်ဘူး။
ဒါပေမယ့် ပြောချင်တာက
ခင်ဗျားပြောတဲ့ ပွဲစားတွေလောက်ပဲ အိနြေ္ဓ ရ ရ နေပေးပါလားခင်ဗျာ။ Aimstar က လိမ်တယ်ထင်လို့လား တို့၊ aimstar က အမှန်အကန်စီးပွားရေးတို့ ဆိုတာ ဘာဖြစ်လို့ လူတကာ လိုက်မေးနေရတာလဲဟင်
မင်းလေ့လာကြည့်လိုက်ပါ
Aim Star ဘယ်နေရာမှာ လိမ်နေတာလဲလို့ ။
- သြော်
လုပ်တဲ့လူအချို့က
နားမလည်လို့ဖြစ်စေ ၊သူတို့လောဘကြောင့်ဖြစ်စေ လိမ်တာမျိုးသက်ရောက်ရင် ရောက်လိမ့်မယ် ။
- လိမ်တာမျိုး သက်ရောက်ရုံပဲဆိုတော့ သူတို့မှာ အပြစ်မရှိပါဘူးလေ။ ခံရတဲ့သူတွေသာ ရှိသမျှလေးတွေ ပါသွားတာကိုး။
တကယ်ဆို ကုမ္ပဏီ က လုံးဝမလိမ်ပါဘူး ။
- ဟယ် ဆန်းကျယ်လှပေစွ ။ ကုမ္ပဏီက လုံးဝမလိမ် ၊ အဖွဲ့ဝင်တွေက လိမ်တဲ့သဘောမျိုးသက်ရောက် ရုံမျှသာ။
ဒါနဲ့ ကုမ္ပဏီ ဒါရိုက်တာ လူကြီးမင်းများက အဖွဲ့ဝင်တွေ လိမ်တဲ့သဘောမျိုးသက်ရောက်နေတာကို သိရဲ့နဲ့ဗျာ။ အရေးမယူဘူးပေါ့လေ။
လိမ်တယ်ဆိုရင်လဲ မင်းဘက်က
အထောက်အထားခိုင်မာစွာယူပြီး
မင်းကြိုက်တဲ့ တရားရုံးက တရားစွဲလို့
ရတယ်သူငယ်ချင်း ။
- သြော် ဟုတ်ကဲ့ခင်ဗျ ။ လိမ်နေတဲ့ အဖွဲ့ဝင်ကို စွဲရမှာလား ၊ လိမ်တာကို အရေးမယူတဲ့ ကုမ္ပဏီကို စွဲရမှာလားခင်ဗျ။ အဖွဲ့ဝင်ကို စွဲရင် ကုမ္ပဏီနဲ့ ထိုအဖွဲ့ဝင် မပတ်သက်ကြောင်း ကြေငြာချက်ထုတ်ဦးမှာလားခင်ဗျ။ ကုမ္ပဏီကိုတော့ မစွဲပါဘူးဗျာ။ ဘယ်နေရာ မှာရှိမှန်းမသိ ၊ ဘယ်သူပိုင်တာ တို့ ၊ ဘယ်သူကတာဝန်အရှိဆုံးလဲဆိုတာတို့ သိမှ မသိတာပဲဗျာ။
ဘယ်စီးပွားရေးကိုဘဲ ကြည့်ကြည့်
အလိမ်အညာကတော့ ကင်းတဲ့နေရာ ရှားပါတယ် ။
-သြော် မေ့လောက်ရှိမှ ခုနက နေရာ ပြန်ရောက်လာပြန်ပြီကိုး။ မေးတာကိုလည်း မဖြေဘူး။ အလိမ်အညာကင်းတဲ့နေရာ ရှားပါတယ် ဆိုပြီး လျှောမချနဲ့။ ခုလေးတင် အလိမ်အညာကင်းတဲ့စီးပွားရေးထောက်ပြလို့ လုပ်ခဲ့သေးတယ်မဟုတ်လားဗျ။
လူတိုင်း လူတိုင်းဟာ သူ့ပါတ်ဝန်းကျင်နဲ့သူ ဆက်စပ်ပြီး
စီးပွားရှာ​နေကြရတာဘဲလေ ။
- ဟုတ်ကဲ့ပါခင်ဗျ
Aim Star စီးပွားရေးကို သင် မလုပ်လဲရပါတယ်
- မလုပ်လည်းရတယ်ဆိုတာ တစ်ပြည်လုံးအနှံ့ လိုက်ပြောရတယ်နော်။ ခင်ဗျားတို့ ကိုယ့်ဖာသာကိုယ် ထိုင်နေကြပါလားဗျာ။' မလုပ်လည်း ရတယ်' ဆိုတာပြောဖို့ တောကြို အုံကြားအထိ လိုက်ပြောနေရတာ မမောဘူးလားဗျာ။
ဒါပေမဲ့ သင့်မိသားစုအတွက် ဝင်ငွေရမဲ့စီးပွားရေးတော့
သင် လုပ်ကိုလုပ်ရမှာဘဲ မဟုတ်ဖူးလား ။
- လူတိုင်းလုပ်နေကြတာပဲလေ။ မလုပ်ရင် ငတ်သေသွားလို့ ခင်ဗျားတို့တောင် မြင်မှာ မဟုတ်တော့ဘူး။
👍 အခွင့်အရေးဆိုတာမျိုးက လူတိုင်းအတွက်
ရှိနေပေမဲ့ လူတိုင်းက အခွင့်အရေး နဲ့
မထိုက်တန်ပါဘူး 👍
- သြော်
သို့သော် .......... 👉👉👉
ကိုယ့်ဆီရောက်လာတဲ့ အခွင့်အရေးက အလိမ်အညာမဟုတ်ဘဲ ...............
☑ တကယ်များ မှန်နေခဲ့ရင် . . ?
☑ တကယ်လို့များ မှန်နေခဲ့ရင် . . . . . ?
☑ တကယ်လို့များ မှန်နေခဲ့ရင် . . . . . ?
သူများပါးစပ်ဖျားမှာ ကိုယ့်ရဲ့အခွင့်အရေးကို ဆုံးရှူံးခံတော့မှာလား . . . ?
- မှန်ပါ့ဘုရား ။ အဲ မှားလို့။ မိုးကုတ်ဆရာတော်ဘုရားကြီး နဲ့ မှားသွားလို့။ သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေနဲ့ ပါဗျာ။ ခင်ဗျားတို့ဆီရောက်ရင် ဘာပဲဖြစ်ဖြစ် "မမှား သို့သော် မမှန်" တွေဖြစ်ကုန်တာပဲ။
ဒါနဲ့ ခင်ဗျားကိုယ်တိုင်တောင်မှ မှန်ပါတယ်လို့ ရဲရဲဝံ့ဝံ့ မပြောရဲဘူးနော်။ တကယ်လို့များ မှန်နေခဲ့ရင် ဆိုတော့ ခင်ဗျားကိုယ်တိုင်လည်း မသေမချာကြီးပဲဗျ။
🔨 အမှန်ဆိုတာအမှားရှိလို့
ပေါ်ထွက်လာတာဘဲ 🔨
- ဟင် . . . ဘယ်ရောက်သွားပြန်ပြီလဲခင်ဗျ
သူငယ်ချင်း ကိုယ့်ဦးဏှောက်ကို ကိုယ်တိုင်လွတ်လပ်စွာ အသုံးချကြည့်ပါ ။
- သြော် ဟု တ် ဟုတ်ကဲ့ခင်ဗျ
🌟 💪 ငါ့မှာ အစွမ်းအစတွေရှိတယ်
💪 ငါ အောင်မြင်ရမယ်
💪 ငါ ယုံကြည်တယ်
💪 ငါ လုပ်နိုင်တယ် Yes, Yes, Yes...... 🌟
အဲဒီဆောင်ပုဒ်က
မင်းအတွက် အကောင်းဆုံး
လက်နက် ဖြစ်ပါစေ ။👍🤑
- သြော် ဘာများလဲလို့။ တက်ကျမ်းတွေထဲက စာတိုပေစတွေ ရွတ်ပြနေတာကိုးဗျ။ သနားလှချေရဲ့ဗျာ။
စိတ်မရှိပါနဲ့ မိတ်ဆွေ။ ဘာများ ထူးခြားနေပြီလဲလို့ လိုက်ဖတ်ကြည့်မိတာ ထုံးစံအတိုင်း တောင်မရောက် မြောက်မရောက် နဲ့ နောက်ဆုံးကျတော့ တက်ကျမ်းထဲက ဟိုတစ်စ ဒီတစ်လေးတွေ ရွတ်ပြသွားတာပဲ ခင်ဗျ။
ရိုးရာမပျက် ယေ့ ယေ့ ယေ့ တို့၊ fighting တို့ ၊ သင်ဟာလူကောင်း အောင်မြင်ပါစေတို့ ကို ကျွန်တော်ကပဲ ဖြည့်စွက်ပေးလိုက်ပါတယ်ခင်ဗျာ။
( မေ့တော့မလို့ . . . ခေါင်းစဉ်လေးက " သူများပြောတိုင်း ယုံနေရင် ABO များ အတွက် " တဲ့။
ဒီလောက် အသည်းအသန် ပွားများနေရတယ်ဆိုတော့ ခန့်မှန်းကြည့်ကြပေါ့ဗျာ။ ကွင်းကွင်းကွက်ကွက် သဘောပေါက်တယ်ဆိုတာ ဒါပါပဲခင်ဗျ )
https://www.facebook.com/groups/aimstar.victims/permalink/1866823253595350/ 

U Ye Htut