Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 12, 2017

aimstar နဲ့ sharp ကိစ္စလေးကို google မှာ ခေါက်ကြည့်ထားတာ။


aimstar နဲ့ sharp ကိစ္စလေးကို google မှာ ခေါက်ကြည့်ထားတာ။
အမှားပါရင် ထောက်ပြပေးကြပါဦး။ ပြန်လည်ချေပ ပြောဆိုမှုကို မျှော်လင့်လျက်။ ငြင်းခုန်မှုကိုတော့လက်မခံပါ။
KI-E60 တော့ အပြင်မှာ ရှာမရဘူး။ aimstar နဲ့ သဘောတူညီမှုတစ်ခုလုပ်ဖြန့်တာထင်တယ်။ aimstarထိုင်းမှာပဲ ဝယ်ရပါတယ်။ aimstarမြန်မာမှာ မရသေးပါ။
- aimstar ကရောင်းတဲ့ KI-E60 ဈေးကို တွက်ကြည့်လိုက်ရင်
ရောင်းဈေး -
45800 × 36.2124 = 1658527.92 (တစ်ဆယ့်ခြောက်သိန်းကျော်)
မန်ဘာဈေး -
38200 × 36.2124 = 1383313.68 (တစ်ဆယ့်သုံးသိန်းကျော်) ရှိပါတယ်။
- ဆိုင်မှာရောင်းတဲ့ KC-A50E ရဲ့တန်ဖိုးက ၇၂၆၅၀၀ (၇ သိန်းကျော်) ပါ။ humidifying sysyem ကိုပဲသုံးထားတာပါ။
sharp ကထုတ်တဲ့ air purifier ရဲ့ တန်ဖိုးက ၆ သိန်း ၇ သိန်းကျော်ဝန်းကျင်တွေပါ။ ဒါတောင် တိုက်ရိုက်မဟုတ်ပါ။ ဆိုင်ရောင်းဈေးပါ။
aimstar ကရောင်းတာ ဈေးအလွန်ကြီးနေပါတယ်။ အမှန်ဆို aimstar က ရောင်းတာ ဈေးပိုသက်သာရမှာပါ။ တခြားကုန်ကျစရိတ်တွေမကုန်စေပဲ သုံးစွဲသူတွေကို အကျိုးအမြတ်ပြန်ပေးချင်လို့ mlm စနစ်နဲ့ရောင်းတာမဟုတ်ဘူးလားဗျာ။ သုံးသပ်ချက်တစ်ခုကတော့ bonous ပေးပုံ အလွှာအရမ်းများပြီး အပေါ်အောက် မညီမျှလွန်းတဲ့အတွက် ပစ္စည်းဈေးအဆမတန်ကြီးလွန်းသွားတာပါ။ အထက်ပိုင်းလေးမှာသာ အကျိုးအမြတ်များစွာရရှိနေပြီး အောက်ပိုင်အလွှာတွေမှာ ဆုံးရှုံးမှုများစွာဖြစ်နေရတယ်လို့ သုံးသပ်ချင်ပါတယ်။
ပုံတွေကို ဆက်ဖိကြည့်ပေးပါ။ …………>>>