Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

Aimstar အကြောင်း


တစ်နေ့တစ်နေ့ ကိုယ့်ကိုကိုယ် စီးပွါးရေးလုပ်ငန်းရှင်ကြီး၊ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံသူကြီး၊ကိုယ့်ကိုကိုယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီး၊ ကိုယ့်ကိုကိုယ် လုပ်ငန်းရှင်ကြီး သဘောထားပြီး ဘာမှသွေးမတော်၊သားမစပ် သူများ Company License ကြီးပြပြီး Company Act (ဥပဒေ) တွေကဘယ်လိုသက်မှတ်ထားတယ်၊ မြန်မာနိုင်ငံကုမ္ပဏီများ စည်းကမ်းတွေ၊အစိုးရခွင့်ပြုထားတဲ့ လုပ်ငန်းတွေကဘယ်လို၊ ပေးရန်တာဝန်ကန့်သတ်ထားသော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ ဆိုတာတောင် ပေးရန်တာဝန်ကန့်သတ်ထားတယ်ဆိုတာ ၅လတစ်ခါပေးတို့ဘာလို့လျှောက်ရွှီးပြီး မသိနားမလည်သူတွေ၊ ကုမ္ပဏီများအက်ဥပဒေကိုမသိရှိသူတွေ၊ရိုးသားသူတွေ၊သူဌေးဖြစ်ချင်သူတွေ၊အလုပ်အကိုင်လေးအဆင်ပြေချင်သူတွေကို အမြတ်ထုတ်နေတာတွေ၊ ၆၆ ဃ နဲ့ခြိမ်းခြောက်နေတာတွေ၊ ဒီမှာ Company License ကြီးတွေ့လား၊ ဘလာဘလာပြောပြီး ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားရေးမှူးနဲ့ တစ်ဖက်လှည့်ရန်တိုက်ပေးနေတာတွေ မြင်ရကြားရပြန်တော့လည်း စိတ်မကောင်းဘူးဗျ။ ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ပြောရပြန်ပါပြီ။ >.<
ဒီတော့ နံပါတ်တစ် ပေးရန်တာဝန်ကန့်သတ်ထားတာဘာကြီးလဲကိုမေ့ထားပါ။
ကုမ္ပဏီအမျိုးအစား (၂) မျိုးရှိပါတယ်၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီရယ်၊ အများနှင့်မသက်ဆိုင်သောကုမ္ပဏီရယ်ပါ။ Private Company Limited and Public Company Limited ပေါ့နော်။ အများနှင့်ဆိုင်သော ကုမ္ပဏီတွေကတော့ စတော့တွေ၊ဒီဘင်ချာ (ငွေချေးလက်မှတ်)တွေကို အများပြည်သူထံ တရားဝင် ထုတ်ရောင်းခွင့်ရှိပါတယ်၊(တရုတ်မှာဆို အမေရိကန်ပြည်ထောင်စုကိုငွေချေးတဲ့ငွေချေးလက်မှတ်တွေဝယ်လို့ရပါတယ်)။ အများနှင့်မသက်ဆိုင်သောကုမ္ပဏီများကတော့ စတော့ရှယ်ယာတွေ၊ဒီဘင်ချာတွေကို အများပြည်သူထံထုတ်ရောင်းခွင့် လုံးဝမရှိပါဘူး၊ ထုတ်ရောင်းရင် ကုမ္ပဏီများအက်ဥပဒေကိုဖောက်ဖျက်တာပေါ့၊နိုင်ငံတော်မှ တရားစွဲအရေးယူလို့ရသလို အမည်ပျက်စာရင်းသွင်းလိုက်လို့ရပါတယ်၊ ကုမ္ပဏီလိုင်စင်ကိုသိမ်းလိုက်လို့ရပါတယ်။
နောက်တစ်ချက်ပြောလိုတာက အများနှင့်မသက်ဆိုင်သော Private Company Limited တွေဖြစ်ဖြစ်၊ အများနှင့်သက်ဆိုင်သော Public Company Limited တွေဖြစ်ဖြစ် အစိုးရကနေ သင်းဖွဲ့မှတ်တမ်းပါ လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်မပေးပါဘူး။ ကုမ္ပဏီအမည်ကို တရားဝင်အသုံးပြုလို့ရပြီ၊ကုမ္ပဏီအလုပ်များကိုတရားဝင်ဆောင်ရွက်လို့ရပြီဆိုပြီး လိုင်စင်ထုတ်ပေးထားတာပါ၊နောက်တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနမှာ လုပ်ငန်းလိုင်စင် ထပ်လုပ်ဖို့တစ်ပါတည်း ညွှန်ကြားထားပြီးသားပါ၊ ရေနံတူးတာမျိုး၊ဘဏ်လုပ်ငန်းလိုမျိုးဆိုရင် ပိုတောင်အရေးကြီးပါတယ်၊ မင်းတို့ကုမ္ပဏီလိုင်စင်ရပြီ၊ လုပ်ချင်တဲ့လုပ်ငန်းလုပ်ကြလို့မပြောထားပါဘူး၊ ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနကနေ လုပ်ငန်းလိုင်စင်ထပ်လျှောက်ရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနကနေ လုပ်ငန်းလိုင်စင်ထုတ်ပေးပြီးရင် လုပ်ငန်းစလို့ရပါပြီ။ လေ့လာကြဖို့ပုံတွေတင်ပေးထားပါတယ်၊လေ့လာပါ။ ဘယ်ကုမ္ပဏီလိုင်စင်လဲမမေးပါနဲ့၊ ၆၆(ဃ) နဲ့ခြိမ်းခြောက်တဲ့လူတွေလို သူများ Company License ယူမပြပါဘူး၊ကိုယ့်လိုင်စင်ကိုယ်ပြတာပါ။ :)
ပုံထဲကစည်းမျဉ်းတွေထဲမှာ ...
အများနှင့်မသက်ဆိုင်သောကုမ္ပဏီမှတ်ပုံတင်ထုတ်ပေးခြင်းက ဘလာဘလာ ကုမ္ပဏီဆိုပြီး အမည်တရားဝင်သုံးဖို့ထုတ်ပေးတာဖြစ်ပါတယ်။ သင်းဖွဲ့မှတ်တမ်း ရည်ရွယ်ချက်ပါ လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခြင်းမဟုတ်ပါတဲ့၊ နောက်တစ်ချက်က သင်းဖွဲ့မှတ်တမ်းရည်ရွယ်ချက်ပါ လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း သတိပေးထားပါတယ်။
နောက်တစ်ချက်က မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ တည်ထောင်ခွင့်ပြုပြီးသော ကုမ္ပဏီများက ဥပဒေအချက်အလက်များကိုမပျက်မကွက်လိုက်နာရပါမယ်လို့ပြောထားပါတယ်။
ကုမ္ပဏီများဟာ သင်းဖွဲ့မှတ်တမ်းတွင် အဆိုပြုတင်ပြထားသော လုပ်ငန်းရည်ရွယ်ချက်များကိုသာလုပ်ကိုင်ရမည်လို့တရားဝင်သတိပေးထားပြီးသားပါ။
သင်းဖွဲ့မှတ်တမ်းပါ ရည်ရွယ်ချက်များသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ တည်ဆဲဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်ခွင့်ရှိမည်လို့အတိအလင်း စည်းကမ်းထုတ်ပြီးသားပါ။ ပုံနှင့်ယှဉ်ကြည့်ကြပါ။
ကိုယ်ထင်ကုတင်ရွှေနန်းတဲ့၊မိမိကိုယ်ကို လုပ်ငန်းရှင်ကြီး၊ရင်းနှီးမြှုပ်နှံသူကြီး စသဖြင့် ထင်ချင်တာထင်ပါ၊ဒါပြသနာမဟုတ်ပါဘူး၊ ပြသနာကတော့ မိမိဘာသာအဲလိုသက်မှတ်ပြီး သူတစ်ပါးဒုက္ခရောက်အောင်၊ သူတစ်ပါးဘဝထိခိုက်အောင် လုပ်တာတွေဟာ အောက်တန်းကျပါတယ်၊သမ္မာအာဇီဝ နဲ့လုပ်စားနေကြသူတွေရဲ့ပိုလျှံလာတဲ့ ဝင်ငွေပေါ်မှာ အမြတ်ထုတ်ဖို့၊ချွေးနဲစာလေးတွေအပေါ်မှာ စီးပွါးရေးပြေလည်မလားဆိုပြီး အပိုငွေလေးတွေရချင်သူတွေ၊ရိုးသားသူတွေအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့လုပ်ရပ်တွေ၊ခြိမ်းခြောက်တဲ့လုပ်ရပ်တွေအားလုံးဟာ မကောင်းပါဘူး။ တစ်စိတ်ရှိ တရားဥပဒေ နဲ့ကိုင်ပေါက်နေတဲ့ လူကြီးမင်းများကရောတရားဥပဒေနဲ့လွတ်ကင်းပါရဲ့လား? မိမိလုပ်နေတဲ့အလုပ်ကရော နိုင်ငံတော်ကချမှတ်ထားတဲ့စည်းမျဥ်းတွေရောအပြည့်လိုက်နာရဲ့လား? #Anti တွေကို ၆၆(ဃ) နဲ့တရားစွဲမယ်တို့ဘာတို့ပြောနေလည်း တကယ်တမ်း #Anti တွေဘက်က ခံခဲ့ရတာတွေကို လိမ်လည်မှု၊အသရေဖျက်မှု၊ ၆၆(ဃ) စတာတွေနဲ့တရားပြန်စွဲရင်တောင် အထဲရောက်မယ့်သူတွေအများကြီးပါ၊ အားလွန်းလို့၊ အလုပ်အကိုင်မရှိလို့ ဝင်ယောင်နေတဲ့သူ Anti MLM ထဲမှာမရှိပါဘူး၊ အလုပ်အကိုင်တွေနဲ့၊ကိုယ်ပိုင်လုပ်ငန်းတွေနဲ့၊သမ္မာအာဇီဝကျကျလုပ်ကိုင်စားသောက်နေကြသူတွေပါ၊ ထူးခြားချက်တစ်ခုတော့ရှိတယ်၊ ဘာလဲဆိုတော့ မတရားတာမခံရဖို့၊ ကိုယ်ပိုင်ပိုက်ဆံတွေမတရားအမြတ်ထုတ်မခံရဖို့၊အလိမ်မခံရဖို့ကို Anti MLM တွေအားလုံးက ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းခံ အချိန်ကုန်ခံ အင်တာနက်ဖိုးအကုန်ခံ ကျန်းမာရေးထိခိုက်ခံပြီး ပြောပေးနေတာပါ၊လမ်းညွှန်နေတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိရှေ့မှာ မှုခင်းတစ်ခုခု၊မတရားမှုတစ်ခုခု ဖြစ်တော့မယ်ဆိုရင် ပြည်သူတိုင်း (ကျော်လဲပါတယ်၊ ၆၆(ဃ) နဲ့စွဲမယ်ဆိုတဲ့ဟာတွေလည်းပါတယ်) ပြည်သူတိုင်းက သက်ဆိုင်ရာကိုတိုင်ကြားခွင့်ရှိပါတယ်၊တားဆီးခွင့်ရှိပါတယ်၊ဖမ်းချုပ်ခွင့်တောင်ရှိတယ်၊ (အကန့်အသတ်နဲ့ပေါ့လေ)။အဲလိုသတင်းမပေးခဲ့ရင်လည်းနိုင်ငံတော်ကဖမ်းဆီးအရေးယူပိုင်ခွင့်ရှိပါတယ်။ ဥပမာ မူးယစ်ကုန်သည်တွေကိုသိလို့ရဲကိုသတင်းပေးတာမျိုး၊ ဘိန်းဖြူတွေကို သတင်းပေးတာမျိုး၊လိမ်စားနေကြတာတွေကို သတင်းပေးတာမျိုး၊ ခိုက်ရန်ဖြစ်ပွါးနေရင်တောင်၊ ဆဲဆိုနေကြရင်တောင် မှုခင်းကာကွယ်တားဆီးရေးအရ သတင်းပေးပိုင်ခွင့် ရှိပြီးသားပါ၊ ဒါဟာပြည်သူတိုင်း၊ နိုင်ငံသူ၊နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ။ ထစ်ခနဲရှိ ၆၆(ဃ) ဆိုတော့ကာ...ဘာလား XD
Company License ကြီးပြပြီး နိုင်ငံတော်ကခွင့်ပြုပြီဆိုတော့ ဘယ်ဝန်ကြီးဌာနကခွင့်ပြုပြီလဲ? ဘာလုပ်ငန်းလဲ? ဒီတစ်ခါ #DICA ရောက်ရင် လူကြီးနဲ့ဝင်တွေ့ပြီး တစ်ခါထည်းရှင်းရမှာပေါ့နော်၊ အဲလိုပဲ Company License ကြီးပြပြီး ပြည်သူတွေကိုပိုက်ဆံထည့်ခိုင်းပြီးအလုပ်လုပ်နေကြတယ်လို့၊ကျွန်တော်တို့မှာတော့ Company License ရပြီး လုပ်ငန်းလိုင်စင်ထပ်လျှောက်ရ၊ ရင်းနှီးငွေထပ်လိုလာရင် ကိုယ့်ဘာသာအိတ်စိုက်ရနဲ့ ဒီလိုမျိုးတွေကတော့ အများပြည်သူဆီကတောင် ပိုက်ဆံတွေသဲ့ယူနေပါတယ်လို့၊ရှင်းပေးပါလို့ ဝင်ပြောပေးမယ်၊ အိုခီ??? အဲလိုအများပြည်သူဆီက ပိုက်ဆံရင်းဖို့ခေါ်တာလွယ်ရင် အကုန်လုံးခေါ်ကြမှာပေါ့ဗျာ။ အချို့ရွှီးလုံးတွေက ရယ်တော့ရယ်ရပါတယ်။တင်ထားတဲ့ပုံတွေကြည့်ပါ၊အများကြီးပြောချင်သေးတယ်၊ခဏနားအုံးမယ်။
Thanks for reading.
#Bryan
Feb 20, 2017 (Mon, 11:48 AM)
https://www.facebook.com/groups/myanmarmlmtruth/permalink/601103760082780/