Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

Aimstar ကပစည်တွေဟာ အလိမ်ညာတွေပဲလို့ ထုပ်ပြောလိုက်တဲ့ပြည်သူတစ်ဦး


 Image result for aim star network
Aimstar MLM ကုမ္ပဏီရဲ့ ကုန်ပစ္စည်းများ
မာတီလယ်ဗယ် တွေရဲ့ ကုန်ပစ္စည်းအများစုဟာ အလိမ်အညာနဲ့ အဖြစ်တွေပဲ များပါတယ်။ ဥပမာ Zhulian ကထုတ်တဲ့ သံလိုက်ခါးပတ်(လေမဖြတ်အောင်ကာကွယ်ပေးသတဲ့။
သူတို့ရဲ့ အဓိက ၀င်ငွေဟာ ကုန်ပစ္စည်း အရောင်းကနေ လာတာမဟုတ်ပါဘူး။ လူဆွယ်တာကနေ လာတာပါ။
နောက်ပိုင်း လူဆွယ်တဲ့ လိမ်လည်မှုကြီးက သိသာလာတဲ့အခါမှာ အရည်အသွေး အသင့်အတင့်တွေကို ရောင်းလာပါတယ်။ အဲ့ဒီအခါမှာလဲ downline အဆင့်ဆင့် ငွေဖြတ်ယူကြတဲ့အတွက် ဈေးဟာ မတန်တဆကြီးဖြစ်ပါတယ်။
တချို့ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေ ကို ရောင်းကြည့်ပါတယ်။ဈေးက မဟားဒယားကြီးတွေဖြစ်နေပါတယ်။ ကျနော် တနေ့က Aimstar က ညီအစ်ကို တစ်ယောက်နဲ့ ပြောတော့ သူက aimstar ရဲ့ sharp airpurifier ကို ကျနော့်ကို ပြပါတယ်။ Model နံပါတ်က KI-E60 ဖြစ်ပါတယ်။ စွမ်းဆောင်ရည်က စကွဲမီတာ ၃၀ ကနေ ၅၀ ထိ လေသန့်နိုင်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ဒီစက်ကို Sharp ကနေ aimstar က တိုက်ရိုက်မှာယူတာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေး စိတ်ချရမှာပါ။ ဈေးကတော့ ဘတ် ၄၅၈၀၀ ဖြစ်ပါတယ်။ အဲ့ဒါကို သူကပြောပါတယ်။ မန်ဘာလျှော့ဈေးနဲ့ဆို ၃သောင်း၈ထောင်နဲ့ရမှာပါတဲ့။ ဘတ် ၄ သောင်းခွဲဟာ ဒေါ်လာ ၁၃၀၀ ဖြစ်ပြီး ၃သောင်း၈ ထောင်ဟာ ဒေါ်လာ ၁၀၈၀ ဖြစ်ပါတယ်။ကျွန်တော် သိသလောက် သူတို့ ၁၀%ပဲ လျှော့ရတာပါ။ အဲ့ဒါဆိုရင် ဘတ် ၄ သောင်းရှိပါသေးတယ်။ ဒေါ်လာ ၁၁၀၀ ပါ။ မြန်မာငွေ ၁၃ သိန်းကျော်မှာပါ။
ဒီမော်ဒယ်ကို ကျနော် အပြင်မှာ ရှာလို့မရတဲ့အတွက် စင်္ကာပူနိုင်ငံက Sharp customer service ကိုယ်စားလှယ်ကို ကျနော် အီးမေးရိုက်ပြီးမေးတဲ့အခါ KA60E နဲ့ အတူတူပါပဲလို့ ဖြေပါတယ်။ ကျနော်ဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့အတွက် specification တွေကြည့်တဲ့အခါမှာ စကွဲမီတာနဲ့ function တွေတူညီပါတယ်။ ဈေးကို စင်္ကာပူ ဈေးကွက်မှာ ရှာလိုက်တဲ့အခါကျတော့ နေရာတော်တော်များများမှာ စင်္ကာပူ ဒေါ်လာ ၁၀၀၀ နဲ့ရောင်းပါတယ်။ အမေရိကန် ဒေါ်လာ ၇၀၀ ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီ Air purifier ဆိုတဲ့ စက်ဟာ အနည်းဆုံး ၆ လ တစ်ခါ filter မလဲရင် အလုပ် မလုပ်ဘူးဆိုတာ စားသုံးသူတွေကို ပြောပါရဲ့လား။ သူတို့ရဲ့ ဆိုဒ်မှာ အဲ့ဒီ filter အားလုံးပေါင်း ဈေးက ဘတ် ၁၁၀၀၀ ဖြစ်ပါတယ်။ ၁၀% လျှော့ရ၇င် ဘတ် ၁ သောင်းဖြစ်ပါတယ်။ ဒေါ်လာ ၂၈၄ ဖြစ်ပြီး မြန်မာငွေ ၃ သိန်းခွဲ ခန့်ဖြစ်ပါတယ်။ အဲ့ဒါ နှစ်စဉ်ကုန်နေမှ ဒီစက်ဟာ အလုပ် လုပ်မှာဖြစ်ပါတယ်။
နောက်ထပ် သူတို့ရဲ့ တခြားပစ္စည်းဖြစ်တဲ့ Ansi အမှတ်တံဆိပ် Ansi white-expert day shield spf 50 ဆိုတဲ့ ၅၀ မီလီပါတဲ့လိုးရှင်းဟာ ဘတ် ၂၁၀၀ စင်္ကာပူဒေါ်လာနဲ့ ၈၅ဒေါ်လာကျပါတယ်။အဲ့ဒိ လိုးရှင်းဟာ Lancom က Blanc Expert ဆိုတာ ကို နာမည်တိုက်ရိုက် ကူးချထားတာ ဖြစ်ပါတယ်။ blanc ဆိုတာပြင်သစ်ဘာသာနဲ့ အဖြူလို့ ပြောတာပါ။ ကျနော်ဟာ စင်္ကာပူနိုင်ငံ ကမ္ဘာကျော် Lious Vuitton ကုမ္ပဏီက ပိုင်တဲ့ Sephora ဆိုင်မှာ သွားကြည့်လိုက်တဲ့အခါ ကမ္ဘာထိပ်တန်း အလှကုန် Lancom ရဲ့ Blanc Expert lotion (၁၅၀ မီလီ)ဟာ စင်္ကာပူ ဒေါ်လာ ၁၁၀ ပဲရှိပါတယ်။ တွက်ကြည့်ရင် ကမ္ဘာကျော် Lancom ရဲ့ လိုးရှင်းဟာ ၅၀ မီလီမှ ၃၆ ဒေါ်လာပဲ ကျနေပါတယ်။ aimstar ရဲ့  Ansi toner (၁၅၀မီလီ) ဟာလဲ ဘတ် ၉၇၀ စဒေါ်လာ ၃၇ ဖြစ်ပါတယ်။ ၅၀ မီလီကို ၁၂ ဒေါ်လာ ကျပါတယ်။ ကမ္ဘာကျော် clinique ကထုတ်တဲ့ Clense Oil (၂၀၀ မီလီ) ဟာ ၄၆ ဒေါ်လာကျပါတယ်။ ၅၀ မီလီကို ၁၁ ဒေါ်လာဖြစ်ပါတယ်။
့Yahoo finance ရဲ့ အဆိုအရ စင်္ကာပူနိုင်ငံရဲ့ ပျမ်းမျှ လစာဟာ အမေရိကန် ဒေါ်လာ ၃၆၀၀ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံထက် အများကြီး များပါတယ်။ Aimstar ဟာ အရည်အသွေးတူ ပစ္စည်းတစ်ခုကို ၀င်ငွေပိုနည်းတဲ့နိုင်မှာ ၃၀% လောက်ပိုဈေးတင်ပြီးရောင်းပါတယ်။ ကမ္ဘာကျော် ဘရန်းကြီးတွေဖြစ်တဲ့ Lancom, Clinique တွေထက်တောင် ဈေးပိုကြီးနေပါတယ်။Lancome ဟာ ကမ္ဘာကျော် ပြင်သစ်ကုမ္ပဏီကြီးဖြစ်ပြီး ၁၉၀၅ ခုကတည်းက တည်ထောင်ခဲ့ကာ၊ သုတေသနကို ဒေါ်လာ သန်း ရာဂဏန်း အကုန်အကျ ခံထားတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ Clnique ဟာ ဆို၇င်လဲ ၁၉၅၆ ခုတည်းက ရပ်တည်နေတဲ့ အမေရိကန်ကုမ္ပဏီဖြစ်ပါတယ်။ အဲ့ဒီလောက် နှစ် ရာဂဏန်း အောင်မြင်နေပြီး ဒိတ်ဒိတ်ကျဲ ကုမ္ပဏီတွေထက်ဈေးများနေတာကတော့ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံသားများ အဲ့ဒီလောက် ပေးမယ်ဆိုရင် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် အရည်အသွေး မြင့်များကို သုံးနေနိုင်ပြီဆိုတာလေး ပြောပါရေစေ။
Aimstar က ပုဂ္ဂိုလ်များ ကို ပြောချင်ပါတယ်။ ကျနော်တို့ဟာ MLM မန်ဘာတွေ ကို မမုန်းပါဘူး။ တကယ်က ကျနော်တို့ဟာ ခင်ဗျားတို့ကို ချစ်လို့ ပြောတာပါ။ တချိန်အဲ့ဒီ ကုမ္ပဏီတွေ ရပ်ဆိုင်းတာပဲ ဖြစ်ဖြစ်၊ ခင်ဗျားတို့ ငွေတွေ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် ဖြစ်ခဲ့၇င် ခင်ဗျားတို့ ဒုက္ခရောက်မှာ မမြင်ရက်လို့ ပြောတာပါ။ နိုင်ငံခြားသားပိုင်ရှင်တွေ၊ မြန်မာပြည်မှာမွေး ထိုင်းနိုင်ငံသားခံထားတဲ့ ထိပ်ပိုင်းကလူတွေကို ခင်ဗျားတို့ တို့ကို ခေါင်းပုံဖြတ် အမြတ်ထုတ်မှာကိုပဲ တိုက်ခိုက်တာပါ။ ကျနော်တို့က ကိုယ့်ထမင်းကိုယ်စားပီး မြန်မာနိုင်ငံသား အကျိုးစီးပွား ကာကွယ်နေကြတာပါ။
by arong mg ( share ပေးကြပါ )

https://www.facebook.com/groups/myanmarmlmtruth/permalink/556477574545399/