Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

လွတ်တော်အမတ်ကြီးနဲ့တိုးတဲ့ Aimstar ကြောင့်နစ်နာသောရွာ


 Image result for aim star network
လတ်တလောစိတ်မချမ်းသာစရာလေးတခုကြားရတယ်။(ဖောင့်အသစ်ပြောင်းသွားလို့ ပါတ်ဆင့်တွေ မရှာတတ်သေးလို့ သီးခံပါ)။ကျနော်တို့နယ်ဘက်မှာ Aim Star ကုမ်ပဏီ ဆိုတာ ရောက်လာတယ် ။လူကိုယ်တိုင်လာတာမဟုတ်ဘူး ဖုန်းနဲ့ အလုပ်လုပ်တာ လူကတယောက်နဲ့တယောက်မမြင်ဘူးကြဘူးတဲ့ ရွာသားတွေပြောတာက ကုမ်ပဏီ မှာ အစုရှယ်ယာ ဝင်သလို တယောက်ကို ၁၁၀၀၀၀ စီ ထည့်ရတယ်တဲ့ အဲလိုထည့်လိုက်ရင် ရွာသားတွေပြောတာက ၃၀၀၀၀ ဘိုးလောက် လက်ဆောင် ပစ်စည်း ပို့ပေးတယ်တဲ့ ကုမ်ပဏီ ကပြောတော့ ၁၀၀၀၀၀ ဖိုးးရောင်းလိုက်တာတဲ့ ရှယ်ယာထည့်ခိုင်းတာမဟုတ်ဘူးတဲ့ စာအုပ်လုပ်တာက ၁၀၀၀၀ တဲ့။ လက်ဆောင်ပေးတာလည်းမဟုတ်ဘူးတဲ့ ဘာ ပစ်စည်း ပို့ပေးတာလည်း ဆိုတော့ ကုမ်ပဏီကပြောတော့ အကောင်းစား မိတ်ကပ် နုတ်ခမ်းနီ အကောင်းစား ငါးကြီးဆီ အကောင်းစား ခေါင်းလျှော်ရည်တဲ့။ ရွာသားပြောတာက ဒူးနာခါးနာဒဏ်ကြလိမ်းဆေးနဲ့ တရုပ် ငါးကြီးဆီတဲ့ ။ ငွေပို့ပေးရတာက ကမ်ဘောဇ ဧရာဝတီ CBဘဏ်တွေကနေ ရန်ကုန် မှာနေတဲ့ ကိုကိုနိုင် ဆီပို့ရတာ တဲ့ ။ဒါနဲ့ ကိုကိုနိုင်ကိုမေးကြည့်တော့ လူတယောက်ဟာ ၁၁၀၀၀၀ ပို့ပြီးရင် အဖွဲ့ဝင် ဖြစ်သွားပြီတဲ့ ပြီးရင် ဘယ်ညာ စီးပွာရေး လမ်းစဉ်ဆိုပြီး လူနှစ်ယောက် ထပ်စုဆောင်းပေးရပါသတဲ့ အဲ့လူ ၂ ယောက်က ၁၁၀၀၀၀ စီ သွင်းပြီးရင် ခုန စုဆောင်းပေးသူက ဘောက်ဆူး လစာငွေ ၂၀၀၀၀ ကျပ် ချီးမြင့်ခံရမယ်တဲ့ လူများများစုနိုင်တဲ့ လူတွေဖြစ်တဲ့ စန်းမြို့ရွာက မောင် တက်တိုး တို့ မြေက်ခင်ရမ်းရွာက မောင်စန်းချို တို့ဆိုရင် တလ ၅၀၀၀၀၀ ကျပ်လောက်ဝင်နေပါပြီတဲ့ ။ဒါနဲ့ ကျနော်က ဦးကိုကိုနိုင်က ကုမ်ပဏီ ပိုင်ရှင်လား ဆိုတော့ မဟုတ်ပါဘူးတဲ့ ပိုင်ရှင်တွေက ထိုင်း က ဆရာဝန်လင်မယားပါတဲ့ နာမည်တွေကရှည်တော့ သိပ်မမှတ်မိဘူးတဲ့ သူတို့ကုမ်ပဏီက ထိုင်း တင်မက အမေရိကန် ဂျပန် ဗီယက်နမ် လာအို အကုန်ဖွင့်ထားပါတယ်တဲ့ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးပါပြီ တဲ့ အရှုံးအမြတ်ကိုလည်းအခွန်ဆောင်ပြီးနောက် အင်တာနက်မှာတင်ပေးထားပါသတဲ့ ။ကျနော်တို့ ကုမ်ပဏီ ကိုမဟုတ်မဟတ် စွပ်ဆွဲရင် အသရေဖျက်မှု့နဲ့ တရားဆွဲမှာတဲ့ဗျ(ကြောက်စရာဘဲ) ။ခင်ဗျားလစာကောင်းကောင်းပေးထားတဲ့ မောင်တက်တိုး တို့ မောင်စန်းချိုတို့ရော မြင်ဘူးလား ဆိုတော့မြင်ဘူးဘူးတဲ့ ။ကဲ fb မိတ်ဆွေတို့ရေ အရပ်ကတို့ရေ ကယ်ကြပါဦးဗျာ လပိုင်းလေးအတောအတွင်း ကျနော့်ရွာသား ၂၀၀ ကျော် ပါသွားပြီဗျ ။လူ ၂၀၀ ဆို သိန်း ၂၂၀ ပေါ့ ။လောကကြီး တယ် ငွေရှာလို့လွယ်ပါလား ။ရွာတွေမှာက အစိုးရ လခစား အလုပ်ရဘို့ဆိုတာ မရှိသလောက်ရှားတော့ ငွေလေး ၁၁၀၀၀၀ လောက် ထည့်လိုက်တာနဲ့ လခစားကြီးလို နေရတော့မှာဆိုတော့Aim Star ကိုကိုနိုင်ရဲ့ ဘယ်ညာ စီးပွားရေး လမ်းစဉ် ကြီးက အချိန်တိုအတွင်း အလျင်အမြန် ငွေတွေ သဲ့ယူသွားနိုင်တာပေါ့ ။ဒိပြင် တောင်ကြီး မော်လမြိုင် မကွေး မန်းလေး တို့ကိုလည်း တိုးချဲ့တော့မှာတဲ့ အရပ်ကတို့ရေ လောလောဆည် ကမာရွတ် လှည်းတန်း မှာ ၃ ထပ်တိုက်နဲ့ ရုံးဖွင့်ထားပါသတဲ့ ဂန့်ဂေါ လာဘို့ရှိလို့ ရောက်ရင် ဦးလှဆွေ ကိုလည်းလာတွေ့ခြင်ပါသေးတယ်တဲ့ (မကြောက်တဲ့အပြင်)။ဒီထဲ့ထားတဲ့ ၁၁၀၀၀၀ ဘယ်တော့ပြန်ထုတ်ပေးမလဲ ဆိုတော့ မရတော့ဘူးလေ အပြီးဘဲ တဲ့ သူတို့ကကျနော်တို့ ဆီက ပစ်စည်း ဝယ်တာဘဲတဲ့။ရွာသားတွေသိထားတာက ရှယ်ယာထည့် ထားတာပါတဲ့ ။လိုခြင်တဲ့ပစ်စည်း မှာလို့ရလား ဆိုတော့ မှာခွင့်မရှိဘူးတဲ့ နိုင်ငံခြားက ပို့ပေးတဲ့ ပစ်စည်း ပေါ်မူတည်ပြီး ပို့ပေးတာတဲ့ ။ကြိုက်ကြ်ုက်မကြိုက်ကြိုက် သုံးတတ်မသုံးတတ် သူ့အလုပ်မဟုတ်ပါဘူးတဲ့ ပြန်ရောင်းလည်းရတာဘဲ တဲ့ ဘယ်ညာ စီးပွားရး လေ တဲ့ ။မောတာဗျာ ဒီလူနဲ့ဖုံးပြောရတာ ။ခံရပြီဗျ နှော အမှန်က သူ့ငွေနဲ့သူပြန်ပြီးလစာ ဆိုပြီး ပေးသွားတာဘဲ ။ ဘယ်ညာစီးပွားရေလမ်းစဉ်ဆိုပါလား ဒီတိုင်းထိုင်ကြည့်နေကြတော့မှာလား အရပ်ကတို့ရေ လို့သာအော်လိုက်ခြင်ပါတော့တယ်ခင်ဗျား _ _ (_ခုတော့ ရွာထဲမှာ လော်နဲ့ လိုက်အော်နေပါပြီတဲ့ နောက်ထပ်မဝင်ကြဘို့) မောထှာဗျာ။
https://www.facebook.com/permalink.php?story_fbid=1560749684140086&id=100006152070269