Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

Aimstar က ဒေါက်တာ အောင်ခန့်ကိုကို လိမ်နေတာလား ? / လွဲနေတာလား ? ----------------------------------


 Image may contain: text
Aimstar က ဒေါက်တာ အောင်ခန့်ကိုကို
လိမ်နေတာလား ? / လွဲနေတာလား ?
----------------------------------
Donald Trump ဟာ
MLM ခေါ် Network Marketing လုပ်ငန်းကြောင့်
ချမ်းသာလာတာ လုံးဝ လုံးဝ မဟုတ်ပါဘူး ။
Donald Trump ဟာ
သူ့အဖေ လက်ထက်ကတည်းက
ချမ်းသာပြီးသားပါ ။
အဓိက လုပ်ငန်းက အိမ်ခြံမြေ လုပ်ငန်းပါ ။
ဟိုတယ် နဲ့ ကာဆီနို ကြီးတွေ လည်း လုပ်ပါတယ် ။
Tv အစီအစဉ် တစ်ချို့ရိုက်တယ် ။
The Apprentice ဆိုတဲ့ Business အခြေခံထားတဲ့
Edutainment ဆန်ဆန် Tv series လိုမျိုးပေါ့ ။
ကျွန်တော်တို့ အရမ်း ကြိုက်ခဲ့ဖူးတယ် ။
( လိုချင်ရင် လာယူလို့ရပါတယ် ။
Mlm သမားတွေကိုတော့ မပေးနိုင်ပါ ။ )
Miss Universe လို ပွဲမျိုးတွေကို
Sponsor ဝင်ပေးလေ့လည်းရှိတယ် ။
ပစ္စည်းအတော်များများကိုလည်း သူ့နာမည်နဲ့
္စထုတ်လုပ် ရောင်းချလေ့ရှိတယ် ။
Necktie ကနေစပြီး အရက်တောင် ပါဖူးတယ် ။
( သူကိုယ်တိုင်ကတော့ ညီအကို တစ်ယောက်
အရက်ကြောင့် အသက်ဆုံးဖူးလို့လားမသိ ?
အရက် မသောက်ပါဘူး )
စာအုပ်တွေလည်း ရေးတယ် ။
သူ့ရဲ့ နာမည် ကျော် Art of the Deal ဆိုတဲ့ စာအုပ်ကို
ရေးပေးခဲ့ရတဲ့ စာရေးဆရာဟာ အဲ့လိုရေးပေးမိတဲ့အတွက်
အကြီးအကျယ်နောင်တ ရမိကြောင်း
ရွေးကောက်ပွဲကာလ အတွင်းမှာ သတင်းဌာနတစ်ခုကနေ
ပြောကြားခဲ့တယ် ။
အဲ့ဒါတွေ လုပ်နေရင်းနဲ့မှ
ACN ဆိုတဲ့ Network Marketing Company ကို
အခကြေးငွေ ယူပြီး ထောက်ခံဟောပြောပေးတယ် ။
နောက်တော့ ကိုယ်ပိုင် Network Marketing Company ဖြစ်တဲ့ Trump Network ကို တည်ထောင်လုပ်ကိုင်ခဲ့ပေမယ့်
၂ နှစ်ခွဲလောက် နဲ့ ပဲ ရပ်လိုက်ရတယ် ။
ကိုယ်စားလှယ်ပေါင်း ၂ သောင်းကျော် ရှိခဲ့တာပေါ့ ။
အဲ့ဒီ လို ရပ်လိုက်ရပြီး နောက်ပိုင်းမှာ
အရင်လောက် Mlm အကြောင်း သိပ်မပြောတော့ဘူး ။
ရွေးကောက်ပွဲ ကာလအတွင်းမှာ
သတင်းဠာနတွေက ဒီ ကိစ္စကို သူ့ကို ပြန်မေးဖို့ ကြိုးစားရာမှာ
အင်တာဗျုး လက်မခံပဲ ရှေ့နေကနေတဆင့်ပဲ ပြန်ပြီးတော့
သူဟာ အဲ့ဒီ Trump Network ကို မပိုင်ကြောင်း
ပစ္စည်းတွေကိုလည်း သူ ထုတ်တာ မဟုတ်ကြောင်း
ငြင်းဆိုတယ် ။
( သူက အဲ့ဒီ Company ကို ဝယ်ပြီး
သူ့နာမည် တပ်ပြီး လုပ်ခဲ့တာကိုး )
ဒါပေမယ့် သူကိုယ်တိုင် လက်မှတ်ထိုးထောက်ခံချက်ပေးထားတဲ့စာကြီးရယ် / သူကိုယ်တိုင် Trump Network ကို ဝင်လုပ်ဖို့ ဆွယ်စကားပြောထားတဲ့ video ကြီးရယ်က အထင်အရှား ရှိနေတော့ လူ ရယ်စရာ ဖြစ်တာပေါ့ဗျာ ။
ကဲ ဒီ ကိစ္စတွေကို ဆေးကျောင်းတောင် တက်ခဲ့တဲ့
ဉာဏ်ရည် ဉာဏ်သွေးနဲ့ English အခြေခံရှိတဲ့
Aimstar က ခေါင်းဆောင် တစ်ယောက် ဖြစ်သူ
ဒေါက်တာ အောင်ခန့်ကိုကိုက သိနိုင်လောက်ပါလျက်နဲ့
တကယ်ပဲ မသိပဲ လွယ်လွယ် ရွှီးရွှမ်းပြီး
အခုလိုတွေ ရေးတင်တာလား ?
ဒါမှမဟုတ် တမင် ပဲ သိလျက်နဲ့ စာဖတ်သူတွေ
ထင်ယောင်ထင်မှား ဖြစ်အောင် လိမ်ရေးလိုက်မိသလား ?
ဆိုတာ သူ့ဘာသာသူပဲ
အသိဆုံး ဖြစ်မှာပါဗျာ :)
ကိုဇင်ဇေ
Admin MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ