Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

Bill Gates က Network Marketing or MLM ကို ထောက်ခံခဲ့ပါသလား ?


 Image may contain: 1 person, smiling, standing, suit, eyeglasses, night and closeup
Bill Gates က Network Marketing or MLM ကို ထောက်ခံခဲ့ပါသလား ?
----------------------------------------------------------------
MLM သမားတွေ ကိုးကားနေကျ စကား တစ်ခွန်း ရှိပါတယ် ။
" If I would be given a chance to start all over again ,
I would choose Network Marketing . "
" အရာ အားလုံး အစ က ပြန်စဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်
ငါဟာ Network Marketing / MLM ကို ရွေးခဲ့မှာ ... "
MLM သမားတွေဟာ ဒီစကားနဲ့ ဈေးကွက်ဖောက်လေ့ရှိပါတယ် ။
တကယ်တမ်းတော့ Bill Gates က အဲဒီ စကား လုံးဝ မပြောခဲ့ဖူးပါဘူး ။
သိက္ခာရှိတဲ့ လူတစ်ချို့က ဒီကိစ္စဟာ အလိမ်အညာ တစ်ခုသာဖြစ်ကြောင်းလည်း ထောက်ပြပြီးသားပါ ။
MLM industry မှာရှိတတ်တဲ့ အလိမ်အညာ တွေကို
သေချာထောက်ပြသူတွေထဲမှာ ၁၉၈၀ ကတည်းက MLM လုပ်ခဲ့တဲ့
John Milton Fogg လည်း အပါအဝင်ပါ ။
The Greatest Networker in the World ဆိုတဲ့
သူရေးခဲ့တဲ့ စာအုပ်က အုပ်ရေသန်းချီ ရောင်းရပါတယ် ။
သူရေးထားတဲ့ Four Lies about MLM ဆောင်းပါးကို ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ် ။
>>> http://www.mlmwatch.org/01General/mlmlies.html
တကယ်တမ်းတော့ ဒီစကားက အွန်လိုင်းမှာ နိုင်ငံတကာ က
သိက္ခာမဲ့တဲ့ MLM သမားတွေက လျှောက်ပြီး လုပ်ကြံရေးထားတာဖြစ်ပါတယ် ။
Bill Gates ပြောခဲ့တယ်လို့ တိကျတဲ့ ရင်းမြစ်ရှိရင် ချပြလို့ ရပါတယ် ။
ကျွန်တော် လေ့လာပြီးသလောက် ဒီလို လုံးဝ မပြောခဲ့ပါဘူး ။
MLM သမားတွေအစဉ်အဆက်လိမ်လာတဲ့ စကားတစ်ခွန်းပါ ။
Bill Gates ပြောခဲ့တယ်လို့ တင်တဲ့ အများစုက MLM ဆိုဒ်တွေပါပဲ ။
ဒါဟာ လုပ်ကြံရေးသားမှု တစ်ခုပါပဲ ။
မြန်မာနိုင်ငံက သမားတွေကတော့ လေ့လာမှုအားနည်းပြီး
MLM Lobby စာအုပ်တစ်ချို့မှာ ပါသမျှယုံပြီး လိုက်ပြောတာ ၊
Uplines / Leaders တွေ သင်သမျှ အဟုတ်ထင်တတ်တာ
( အဲ့လို Uplines / Leaders တွေ ကို မယုံကြည်ရင် MLM မှာ မအောင်မြင်နိုင်ဘူးလို့ Brainwash လုပ်ခံထားရတာ ) ၊
အွန်လိုင်းမှာ Photoshop နဲ့ ကြိုက်သလို လျှောက်ရေးလိုက်လို့ရတဲ့ ပုံနဲ့စာ တွဲလျက်တွေကို
ခိုင်မာတဲ့ Source ဟုတ်မဟုတ် မဆန်းစစ်တော့ပဲ ယုံလိုက်တာတွေကြောင့်
မလိမ်ချင်လည်း လိမ်သလို ဖြစ်နေကြတာ များပါတယ် ။
တစ်ချို့ကလည်း သိသိကြီးနဲ့ လိုက်လိမ်နေကြတာ ရှိပါတယ် ။
ကိုယ့် အကြောင်း ကိုယ်ပဲ သိကြမှာပေါ့ဗျာ ။
:)
အဲဒီ စကားကို တကယ်ပြောခဲ့တယ်လို့ ယူဆစရာရှိတာက Donald Trump ပါ ။
သူလည်း Multi-billionaire တစ်ယောက်ပါပဲ ။
သူ့ရဲ့ အဓိက စီးပွါးရေးလုပ်ငန်းက အိမ်ခြံမြေ / ဟိုတယ် နဲ့ Casino တွေပါ ...
သူက ဘာလို့ ဒီစကားပြောခဲ့လဲ ဆိုတော့ Robert Kiyosaki နဲ့ တွဲပြီး
စာအုပ် တစ်အုပ်ရေးပြီး MLM ကို Lobby လုပ်ဖို့ စီစဉ်ခဲ့တာကိုး ။
ဒီစာအုပ်လည်း ထွက်ခဲ့ပါတယ် ။
( Why we recommend Network Marketing ? လို့ ခေါ်ပါတယ် )
အဲ့ ဒီ အချိန်တုန်းက ကျွန်တော်ကိုယ်တိုင်တောင်
MLM ကို ယုံယုံကြည်ကြည်နဲ့ လုပ်ခဲ့တာ ဒီ စာအုပ်တွေကြောင့်ပါ ။
တကယ်တမ်းတော့ Donald Trump က ဒီစကားတွေ ကြိုခင်းသွားတာအကြောင်းရှိပါတယ် ။
သူ့ ကိုယ်ပိုင် MLM Company ထောင်မှာမို့လို့ ကြိုပြီး လုပ်သွားတာပါပဲ ။
( တကယ်တမ်းတော့ သူ့ ကိုယ်ပိုင် MLM Company ထောင်လိုက်တာ မဟုတ်ပါဘူး ။
ရှိပြီးသား MLM company ကို ဝယ်လိုက်တာပါ ။
Trump Network လို့ ခေါ်ပါတယ် ။
ကျွန်တော်တောင် မြန်မာနိုင်ငံကို သွင်းရင် ကောင်းမလား စဉ်းစားခဲ့မိပါသေးတယ် ။ )
ဒါ့ အပြင် Donald Trump ဟာ Direct Selling Company တစ်ခုဖြစ်တဲ့
ACN ရဲ့ အဓိက supporter တစ်ယောက်လည်း ဖြစ်ပါသေးတယ် ။
နောက်တော့ လည်း သူ့နာမည်ကြီး အသုံးချတာတောင်
Trump Network မအောင်မြင်တဲ့ အတွက်
Donald Trump ဟာ နောက်ပိုင်းမှာ MLM ကို မသိချင်ယောင် ရူးချင်ယောင် ဆောင်သွားတော့တာပါပဲ ။
Sources :
http://www.nutritionunplugged.com/…/donald-trump-youre-fir…/ <<<
Trump Networ က ထုတ်တဲ့ ထုတ်ကုန်တွေကို
တကယ်နားလည်တဲ့ Nutritionist တစ်ယောက်က ဝေဖန်ထောက်ပြတာပါ ။
http://www.falseprofits.com/…/438e29e0a6fb54286b76f7b7e0645…
Falseprofits site ကတော့ Pyramid schemes တွေ အကြောင်း စုစည်းပေးထားတဲ့ site တစ်ခုပါ ။
http://www.mlmwatchdog.com/Report_ACN.html <<<
MLMwatchdog site က MLM နဲ့ ပတ်သက်ရင် သတင်းတင်ပြတဲ့အခါမှာ မျှမျှတတ ရှိပါတယ် ။
အထက်ပါ အကြောင်းအရာတွေကို
သေသေချာချာလေ့လာပြီး ရင် ပြန်ဆွေးနွေးလို့ ရပါတယ် ။
အဓိကက MLM သမား လက်သစ်လေးတွေကို
စာကိုတစ်ခြမ်းတည်း မဖတ်ဘဲ
မျှ ဖတ်ဖို့ အကြံပေးချင်ပါတယ် ။
မမှန်ကန်တဲ့ အကြောင်းအရာတွေကို လက်ဆင့်မကမ်းမိပါစေနဲ့ ။
MLM လက်ဟောင်းတွေကတော့ သိသိချည်းနဲ့ တမင်လုပ်နေတာမို့ ဘာမှမပြောလိုတော့ပါဘူး ။
ကိုယ့်ရဲ့ ကုသိုလ် အကုသိုလ်ကပဲ ကိုယ့်ရဲ့ ကံကြမ္မာကို ဆက်ပြီး ပြဌာန်းပေးပါလိမ့်မယ် ။.
စကားစပ်မိလို့ တစ်ခုပြောချင်တာက ...
ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြောရာဆိုတာမှာ
အသိအမှားတွေက လက်ဆင့်ကမ်း ဝေမျှတာမျိုးဟာလည်း
သံသရာ ပါ မကောင်းနိုင်တဲ့ အပြုအမူတစ်ခု ဆိုတာပါပဲ ။
လေးစားလျှက်
ကိုဇင်ဇေ
PS :
Robert Kiyosaki နဲ့ MLM အကြောင်းကိုတော့
ဒီမှာ ကျွန်တော် သီးသန့် ရေးပေးခဲ့ပြီးပါပြီ ။
စိတ်ဝင်စားရင် သွားလေ့လာနိုင်ပါတယ် ။
>>>
https://www.facebook.com/photo.php?fbid=979622898733594&set=pb.100000576790914.-2207520000.1429283069.&type=3&src=https%3A%2F%2Ffbcdn-sphotos-b-a.akamaihd.net%2Fhphotos-ak-xpf1%2Fv%2Ft1.0-9%2F10849907_979622898733594_4634515023833507386_n.jpg%3Foh%3Dc291cb66d20cfcfc4e3ccd6bd520ec91%26oe%3D55E4F665%26__gda__%3D1440381199_72940babc3a465f90462c2777aa9cc96&size=800%2C800
အောက်က လင့်က MLM အကြောင်း ရသလောက် ဒေတာ စုထားတဲ့ Post ပါ ။
Comments တွေမှာ သက်ဆိုင်ရာ လင့်တွေ ထည့်ပေးထားတာပါ ။
Website လုပ်မယ်ဆိုပြီး မလုပ်ဖြစ်သေးတာလည်း အားနာမိပါတယ် ။
လောလောဆယ်တော့ ရှိတာနဲ့အရင် လုပ်ထားတာပေါ့ဗျာ
:)
>>>
https://www.facebook.com/photo.php?fbid=977524538943430&set=pb.100000576790914.-2207520000.1429218107.&type=3&src=https%3A%2F%2Fscontent-sin.xx.fbcdn.net%2Fhphotos-xfa1%2Fv%2Ft1.0-9%2F10678850_977524538943430_3349221334752286660_n.jpg%3Foh%3D8bb37e6e13d7f3f0c6bcf2da59fdecae%26oe%3D55E59C0B&size=800%2C800