Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ဈေးကွက်အတွင်းမှလှည့်ဖျားမှုများ


(5.10.2016) ကြေးမုံဆောင်းပါး
====================
ဈေးကွက်အတွင်းမှလှည့်ဖျားမှုများ
====================
မိုးကြည်မောင်
ခုတလော Media တွေနဲ့ Online ပေါ်မှာ ဝေဖန်မှုတွေများလာတဲ့ MLM ( Multi Level Marketing)လို့ခေါ်တဲ့ Network Marketing ကြောင့် နားမလည်သူပြည်သူ တွေတော်တော်များများ ဒုက္ခရောက်နေကြရတာတွေကိုကြည့်ပြီးစားသုံးသူ၊ သုံးစွဲသူတွေအများစုဟာ ပြည်တွင်း၊ ပြည်ပကကုန်ပစ္စည်းတော်တော်များများရဲ့ လှည့်ဖျားမှုတွေအောက်မှာ မသိနားမလည်စွာနဲ့ အလိမ်ခံထိနေကြရတာတွေကို ပြောချင်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် နိုင်ငံတကာကစိတ်ဝင်စားလာတဲ့ ဈေးကွက် အသစ်တစ်ခု ဖြစ်လာနေပါတယ်။ ဒါကြောင့် အပြိုင်အဆိုင်ကုန်ပစ္စည်းအသစ်တွေဟာ အမျိုးမျိုးသော နည်းဗျူဟာများကို အသုံးပြုပြီး စားသုံးသူ၊ သုံးစွဲသူတွေကို အပြိုင်အဆိုင် စည်းရုံးလာကြပါတယ်။ မှန်ကန်တဲ့အရည်အသွေးနဲ့သင့်တင့်မျှတသော ဈေးနှုန်းတို့နဲ့ ရောင်းချတာကိုတော့ ဘာမှမပြောလိုပေမယ့် Quality ကလည်းမကောင်း၊ သုံးစွဲသူတွေ အဖို့မှာလည်းကြာလာရင် အန္တရာယ်ဖြစ်စေ နိုင်တဲ့ ကုန်ပစ္စည်းတွေကတော့လုံးဝမသုံးစွဲသင့်ပါဘူး။ ရန်ကုန်မြို့က Consumers တွေအဖို့ တော်တော်များ များရွေးချယ်ဝယ်ယူမှုကို တတ်ကြပေမယ့် နယ်မြို့ကြီး တွေနဲ့ မြို့ငယ်လေး တွေမှာနေနေကြတဲ့ Consumers
အများစုက ဈေးသက်သာတာတွေကိုပဲ ဦးစားပေးနေတာကို တွေ့ ရပါတယ်။ ဈေးနှုန်းထက် သုံးစွဲသူတွေကို ဆိုးကျိုးမဖြစ်စေနိုင်တဲ့ပစ္စည်းမျိုးတွေကို ရွေးချယ်အသုံး ပြုဖို့ လိုအပ်ပါတယ်။
ဒီတော့ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူအသုံးပြုတော့မယ်ဆို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပြောပါမယ်။ ကုန်ပစ္စည်းတိုင်းမှာ ထုတ်လုပ်တဲ့ရက်စွဲ Manufacturing Date) ဆိုတာပါရပါ့မယ်။ အလှကုန်ပစ္စည်းတွေဆိုရင် ပုံမှန်အားဖြင့် ထုတ်
လုပ်တဲ့ ရက်ကနေ သုံးနှစ်အတွင်းစိတ်ချစွာသုံးစွဲနိုင်ပါတယ်။ စားသောက်ကုန်တွေကတော့ ထုတ်လုပ်တဲ့ရက်မှ တစ်နှစ်အတွင်းသာစားသုံးရန်သင့်ပါတယ်။ ဆေးဝါးတွေကတော့နှစ်နှစ်အတွင်းသာ သုံးစွဲသင့်ပါတယ်။ ဒါတွေက ယေဘုယျအခြေခံအချက်တွေပါ။ ဒုတိယကတော့ ထုတ်လုပ်တဲ့နိုင်ငံဖော်ပြပါရှိရပါတယ် (Country of Origin) လို့ခေါ်ပါတယ်။ တတိယကတော့ ကုန်ပစ္စည်းတွေမှာ ပေါင်းစပ်ပါဝင်တဲ့ အမျိုးအမည်တွေကို အင်္ဂလိပ်လို ဖော်ပြပေး ထားရပါတယ်။ ဘယ်ပစ္စည်းတွေ က ရာခိုင်နှုန်း ဘယ်လောက်ပါပါတယ်ပေါ့ (Ingredient Lists) လို့ခေါ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မြန်မာ FDA No ကို ဖော်ပြပါရှိ ဖို့လိုပါတယ်။ ပြည်ပကနေတင်သွင်းလာ တဲ့မည်သည့် ကုန်ပစ္စည်းမဆိုမိမိတို့ရဲ့ Brand က ခိုင်မာ မှုရှိတယ်ဆိုရင် Myanmar FDA ကိုရယူကြပါတယ်။ FDA ရရှိပြီးနောက်လည်းမိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတိုင်းမှာ FDA No: ကို ဖော်ပြကြပါတယ်။
အထက်ပါအချက်တွေအားလုံးဟာ မိမိဝယ်ယူ အသုံးပြုမယ့် Product တိုင်းအတွက် မဝယ်ယူမီမှာ စစ်ဆေးရမယ့် အချက်တွေဖြစ်ပါတယ်။ ဖော်ပြပါ အချက်တွေနဲ့
မပြည့်စုံဘူး ဆိုရင်တော့ ကြော်ငြာဘယ်လောက်ပဲ ကောင်း ကောင်းမဝယ်သင့်ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေအရပြောပြရမယ်ဆိုရင် အချို့သောလုပ်ငန်းရှင်တွေ ဟာသက်တမ်း ကုန်နေပြီဖြစ်တဲ့ ဂိုဒေါင်ထဲကပစ္စည်း တွေကို ဖျက်စီးပစ်ရမှာနှမြောပြီးမူလ Expiry Date ကိုဖျက်၊ အသစ်ပြန်ရိုက်ပြီး ဈေးကွက်အတွင်းပြန်ဖြန့်တာတွေလည်းရှိပါတယ်။ အလှကုန်ပစ္စည်းတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ မဝယ်ယူခင်မှာ အလှကုန်ပစ္စည်းရဲ့ အောက်ခြေပိုင်းတွေမှာ ဂရုတစိုက်ကြည့်သင့်ပါတယ်။ပြန်ပြင်ရိုက်ထားတဲ့ ရက်စွဲဆိုရင် ဘေးနားတစ်ဝိုက်မှာ
မသပ်မရပ်နဲ့၊ မှင်ဆေးတွေအစအန ကျန်နေတတ်ပါတယ်။အချို့ပစ္စည်းတွေမှာတော့ သက်တမ်းရက်စွဲကို စတစ်ကာအကြည်ပေါ်မှာ မှင်နက်နဲ့ ရိုက်ပြီးကပ်ထားတတ်ပါတယ်။ ဒါဆိုရင်တော့ ပြန်ပြင်ထားတဲ့သက်တမ်းလွန် ပစ္စည်းဖြစ်ဖို့ရာများနေပါပြီ။ ဒီလိုပစ္စည်းမျိုးတွေကို ဈေးဘယ်လောက်ပေါပေါမဝယ်ယူသင့်ပါဘူး။ နောက်ထုတ်လုပ်တဲ့ နိုင်ငံမဖော်ပြထားရင်လည်း အတုဖြစ်ဖို့သေချာနေပါပြီ။
ခုတလောဈေးကွက်အတွင်းမှာအလှကုန်ပစ္စည်းအချို့ကို ထုတ်လုပ်တဲ့နိုင်ငံ၊ ထုတ်လုပ်တဲ့ရက်စွဲတွေမပါရှိဘဲနဲ့ ရောင်းချနေ တာတွေ့နေရပါတယ်။ Europe ကထုတ်တာ၊ USA က ထုတ်တာဆိုပြီး လိမ်ညာရောင်းချနေကြတာပါ။ FDA No: ရှာမတွေ့လို့ Sales Girl ကိုမေးကြည့်တော့ FDA တင်ထားတုန်းပါဆိုပြီး ဖြေပါတယ်။ ကုမ္မဏီက သင်ပေး ထားတဲ့အတိုင်း ပြောရောင်းနေကြတာပါ။ သူတို့ရောင်းတဲ့ဈေးတွေက မသေးလှပါဘူး။ဒီလိုပစ္စည်းမျိုးတွေကို နားယောင်ပြီးဝယ်ယူသုံးစွဲလို့ကတော့မိမိရဲ့ဒုက္ခကိုငွေနဲ့ဝယ်ယူသလိုမျိုးဖြစ်သွားနိုင်ပါတယ်။
Myanmar Consumer တွေသိထားသင့်တာက Myanmar FDA က Expiry Date၊ Country of Origin ၊ Ingredient List Free Sales Certificates၊ Letter of Authorization စတဲ့အချက်အလက်တွေမပါဘဲနဲ့ ဘယ်နိုင်ငံက ပစ္စည်းတွေကိုမှ FDA ထုတ်မပေးပါဘူး။ ဒီတော့ကာကြော်ငြာဘယ်လောက်
ကောင်းကောင်း၊ Sales Girls တွေဘယ်လောက်ပဲပြော ပြော၊ နားမယောင်ကြပါနဲ့။
နောက်တစ်ခုက FDA တင်တုန်းကတော့ အမှန်အကန်ပစ္စည်းတွေနဲ့၊ FDA ရပြီးဈေးကွက် အတွင်းလည်းဖြန့်ကော အရည်အသွေးမမီတဲ့ပစ္စည်းတွေသွင်းလာပြီးဖြန့်တဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ သုံးစွဲသူတွေရဲ့ Feedback တွေကဆိုးလာတော့မှ Brand နဲ့ Company Image ထိခိုက်မှာကြောက်ပြီးဂိုဒေါင်မှာကျန်နေတဲ့ပစ္စည်းတွေကို Oversea ကစက်ရုံတွေကိုပြန်ပို့ လိုက်တာလည်းရှိပါတယ်။ ဒါတွေ ကတော့ Consumers တွေမသိဘဲနဲ့ဖြစ်နေတဲ့ Market အတွင်းကပြဿနာတွေပါ။ နောက်ပြီးနာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ ကြော်ငြာကလည်းသုံးစွဲပြီး ၈ နာရီကြာသည့်တိုင်မွှေးပျံ့နေတယ်တဲ့။သုံးကြည့်လိုက်တော့ ဘယ်ကလာ
၈ နာရီခံလို့လဲ။ ဒီလိုလိမ်ထားတဲ့ ကြော်ငြာတွေကိုလည်း သတိထားဖို့လိုပါတယ်။
လက်ရှိတိုင်းပြည်ရဲ့ အနေအထားကလည်းခုမှစတည် ခါစဆိုတော့ မြန်မာတွေကိုအချဉ်တွေပါဆိုပြီး နည်းလမ်း မျိုးစုံနဲ့လိမ်ရောင်းမယ့် ကုန်ပစ္စည်းပေါင်းစုံဟာစောင့်နေ ကြပါတယ်။ ဒီတော့ကာ ကျွန်တော်တို့လူမျိုးတွေ ငွေကုန်ခံရပြီး အလိမ်မခံရစေဖို့ဖော် ပြပါအချက်တွေကို ဖတ်ပြီးမှ ကုန်ပစ္စည်းတွေကိုဝယ်ယူအသုံးပြုကြပါလို့ တိုက်တွန်း ချင်ပါတယ်။
MLM နည်းမှလိမ်တာမဟုတ်ပါဘူး။ ဈေးကွက်အတွင်းမှာလည်းလက်တလုံးခြားလိမ်ရောင်းနေတဲ့ Products တွေအများကြီးပါ။ နိုင်ငံတော်အနေနဲ့ စားသုံးသူကာကွယ်ရေး အဖွဲ့ကို တတ်သိနားလည်တဲ့ Professional တွေနဲ့ ဖွဲ့စည်းပြီး အဆိုပါ လက်တစ်လုံးခြားလိမ်နေကြတဲ့ကုန်ပစ္စည်းတွေကို အရေးယူတားမြစ်ဖို့ လိုအပ်နေပါပြီ။
ခုဆိုရင် FB ကနေကြော်ငြာပြီးရောင်းချနေတဲ့ Products တွေတော်တော်များနေပါပြီ။ FB မှာကြော်ငြာတာဟာ TVC မှာ ကြော်ငြာတာထက် အဆပေါင်းများစွာသက်သာပြီး Brand Awareness ဖြစ်လွယ်တာကြောင့် သူ့ထက်ငါ
ကြော်ငြာနေကြတာပါ။ စိတ်ဝင်စားလို့ cb uae၊ ဖုန်းတွေကနေစုံစမ်းလိုက်ရင် သူတို့ပစ္စည်းလောက်ကောင်းတာ ဈေးကွက်မှာမရှိတော့သလိုပဲ ပြောနေကြတာ၊ မှာပြီးသုံးကြည့်ရောကိုယ်နဲ့အဆင်မပြေတာတွေများပါတယ်။ ဒီတော့ Online ကြော်ငြာပစ္စည်းတွေကို သတိထားသင့်ပါတယ်။ကောင်းတာကတော့ မျက်မြင်တွေ့ရတဲ့ ကုန်ပစ္စည်းတွေကိုပါ အထက်မှာဖော်ပြထားတဲ့ အချက်တွေအပြည့်အစုံပါ၊ မပါစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်းပြောပါရစေခင်ဗျား။
မြန်မာပြည်သူများ ဈေးကွက်အတွင်းမှ လှည့်ဖျားမှုများနှင့်ကင်းဝေးနိုင်ကြပါစေ...။

https://www.facebook.com/TheMirrorDaily/posts/1118743611551858