Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 12, 2017

*တန်ဖိုးမဲ့ ကျွန်ဘဝများမှ ရုန်းထွက်ကြပါ*


*တန်ဖိုးမဲ့ ကျွန်ဘဝများမှ ရုန်းထွက်ကြပါ*
လူတွေရဲ့ပင်ကိုယ်အခံစိတ်ကိုယ်၌ က Business owner လို့ ခေါင်းစဉ်တပ်ပေးလိုက်တယ်ဆိုရင်ပဲ ဟုတ်သော်ရှိမဟုတ်သော်ရှိ တကယ့် လုပ်ငန်းရှင် တစ်ယောက်လို သွေးနထင်ရောက်နေကြတာမျိုး...မန်ဘာကြေးလေး ၁သောင်းလောက်သွင်း ဝင်ဝင်ချင်း ပစ္စည်း ၁သိန်းဖိုးဝယ် လတိုင်း ၃သောင်းဖေိုးလောက်ဝယ် ကိုယ့်လို လုပ်မယ့် ခပ်ပိန်းပိန်း ၂ယောက်လောက်ထပ်ရှာ ရုံနဲ့ business owner နံမည်လေးတပ်လို့ရပြီ...ဒါလား နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ လုပ်ငန်းရှင်ဆိုတာ..
ခင်ဗျားတို့ ကြိုက်တဲ့ခေါင်းစဉ်တပ် နောက်ဆုံး သမ္မတ ခေါင်းစဉ်ပဲတပ်တပ် တခြားသူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို စော်ကားထိခိုက်တဲ့ အပြောမျိုး ပညာမဲ့စွာပြောနေကြတာ ဟာ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ MLM ဆိုတာကြီး ရဲ့အောက်မှာ တသက်လုံးကျွန်ဖြစ်နေတယ်ဆိုတာ ဖော်ပြလိုက်တာပဲ...
တကယ်တန်း Employer နဲ့ Employee ဆိုတဲ့ type ၂မျိုးပဲရှိတယ်။ခင်ဗျားတို့ MLM တွေပြော
ပြောနေတဲ့ ESBI ကို ပြန်ခွဲကြည့်..ဒီ၂မျိုးပဲထွက်လာမှာ။
Employee ဖြစ်ဖြစ် Employer ဖြစ်ဖြစ် သူ့ ကောင်းကျိုးဆိုးကျိုးရှိကြတာပဲ။ Employee ဖြစ်တိုင်း သိမ်ငယ်စရာမလိုသလို Employer ဖြစ်တိုင်းလည်း ဘာမှ မာန်တက်နေစရာမရှိဘူး (တစ်လ ၃သောင်းဖိုးလောက် ပစ္စည်းဝယ် ရုံနဲ့ Employer လို့တော့ လာမငြင်းနဲ့နော်)
Employee ဖြစ်ရင် သူ့ပညာ အတွေ့ အကြုံနဲ့ တန်တဲ့ ပုံမှန်လစာ၊ အပိုဆုကြေး နဲ့ အခြားခံစားခွင့်တွေ ရမယ်။ ကုမ္ပဏီအရှုံးပေါ်လို့ဆိုပြီး သူတို့ကို လစာမပေးပဲထားလို့မရဘူး။ ဝင်ငွေ က Employer လောက်မကောင်းပေမယ့် သူ့မှာ Risk နည်းတယ်။
Employer အနေနဲ့ ရှိမယ်ဆိုရင် သူ့ အနေနဲ့ အရင်းအနှီးက များတယ်။ အလားတူပဲ အမြတ်အရှုံး လည်း ရှိနိုင်တယ်။ Employee မရှိပဲနဲ့လည်း Employer ဆိုတာဖြစ်မလာဘူး။ MLM မှာကျတော့ အကုန်လုံးပဲ စဝင်တာနဲ့ အုံဖွ ဆိုပြီး လုပ်ငန်းရှင် ဖြစ်စေသတည်း လုပ်နေကြတာ ဘာကွာလည်း စဉ်းစားကြည့်ပေါ့...
ပြောချင်တာ အခုမှ စပြီ...
*ခင်ဗျားတို့ MLM က Business ower ဆိုသူတွေမှာ Decision Maker ဘယ်နှစ်ယောက်ပါလဲ..
-သူများစင်ပေါ်က မှိုင်းတိုက်နေတာကို အောက်က လက်ခုပ်တီး ရုံလောက်နဲ့ Business owner လား။ အရေးပေါ် ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် ကိုယ့်ဆုံးဖြတ်ချက် ချခွင့်မရှိတဲ့ အနှိမ်ခံဘဝမှာ business owner အမည်ခံထားတာ MLM လောကသားတွေမှာပဲရှိတယ်။ pricing policy ကိုတောင်မှ ပြောင်းခွင့်မရှိတဲ့ဘဝ..တခြားလုပ်ငန်းတွေမှာ GM ရာထူးလောက်ကစပြီး Decision making လုပ်လို့ရပြီ...
*အပြင်က လုပ်ငန်းရှင်တွေမှာ ကိုယ်ပိုင် business plan တွေ ကိုယ်ပိုင် Vision နဲ့ Mission တွေ အသီးသီးရှိတယ်။
-ခင်ဗျားတို့မှာ စာအုပ်ထဲက ချပေးထားတဲ့ ပေါ်လစီနောက်လိုက် သိပ်လွယ်လွန်းတယ်။ ဘာတဲ့...အောင်မြင်ချင်လား copy ကူးချပါတဲ့...ဘယ်
လောက်တောက်လွဲနေသလဲ စဉ်းစားကြည့်စမ်း...
ကိုယ်ပိုင်လမ်းဖောက်ထွက်ခွင့်မရှိ စွန့်ဦးတီထွင်စိတ်တွေကို ပိတ်ပစ်ထားတဲ့ ဝါဒမှိုင်းတွေ ကြားမှာ
နေပြီး စီးပွားရေးလုပ်ငန်းရှင် အမည်က ခံချင်သေးတာ...
* တခြားအသက်မွေး ဝမ်းကြောင်းလုပ်တဲ့သူတွေကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားတွေကို ကျွန်တွေ နဲ့ နှိုင်းပြောတာ နွားနဲ့နှိုင်းပြောရဲတာခင်ဗျားတို့ MLM က ခေါင်းဆောင်တွေ ပဲရှိတယ်။
- တကယ်တန်းပြန်စဉ်းစားကြည့်နော်။ MLM မှာ ကိုယ့်အထက်မှာ Upline ရှိနေသ၍ ကျွန်တွေပဲ။ ကျွန်တောင်မှ အလကား ခိုင်းလို့ရတဲ့ တန်ဖိုးမဲ့
ကျွန်တွေ...Upline တွေကောင်းစားဖို့အရေး ခင်ဗျားတို့မှာ လူအထင်သေးခံပြီး လူလိုက်ဆွယ်။ မတန်မရာ ပစ္စည်းတွေကို ဝယ်။ သူတို့ image အတွက်ခင်ဗျားတို့က လုပ်အားခ မရပဲ ကြော်ငြာပေးနေရတာ။
သူများဝါဒမှိုင်းအောက်မှ နေပြီး လုပ်ငန်းရှင်
ကြီးတွေလို့ ထင်နေသ၍ ခင်ဗျားတို့အမှောင်လောက ထဲက လူတွေကို သနားတယ်လို့
ပြောရုံကလွဲပြီး......................................


https://www.facebook.com/groups/mlmDiscussion/permalink/1822588191319344/