Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

ကိုဇင်ဇေလွင်.


ကိုဇင်ဇေလွင်.
. သူ့ရေးတဲ့စာတွေ စောစောဖတ်ခဲ့ရရင် ပိုကောင်းမယ်.
သူရေးတဲ့စာတွေ ဖတ်ဖူးတဲ့ သူငယ်ချင်းရှိလို့လည်း ကိုယ့်စိတ်ကို တသမတ်တည်းမဖြစ်သွားစေတာလည်းပါတယ်.
MLM ကိစ္စနဲ့ ပတ်သတ်ပြီး လိုက်နားထောင်ဖူးတယ်.
ကိုယ်တိုင် ဝင်လုပ်မယ် ဆိုပြီးတော့လည်း ဆုံးဖြတ်ခဲ့ဖူးတယ်.
ပထမ စဉ်းစားစရာလေးတွေ ရှိသေးတာကြောင့် Register မလုပ်သေးပဲ Member အနေနဲ့ပဲ ဝင်ထားလိုက်တယ်.
တစ်ယောက်စ နှစ်ယောက်စ သူငယ်ချင်းတွေကို လိုက်ပြောပြခဲ့ဖူးတယ်.
ဒါပေသိ ကိုယ်နဲ့ အဆင်မပြေဘူးဆိုတာ သိလို့ ဆက်မလိုက်ဖြစ်တော့ဘူး.Register လည်းမလုပ်တော့ဘူး.
ကိုယ့်သူငယ်ချင်းတွေလည်း MLM ကို ဇောက်ချ လုပ်နေတဲ့သူတွေလည်းရှိနေသေးတယ်.
သူတို့ အဆင်ပြေလားဆိုတော့လည်း အဆင်မပြေဘူး.
ဒါပေမယ့် လုပ်နေတုန်းပဲ.
တစ်ခုက MLM က ပြုလုပ်တဲ့ Meeting တက်ထားလို့ရှိရင်၊အဲ့ဒီတက်ထားတဲ့လူတွေကို MLM မကောင်းကြောင်းသွားပြောလို့ မရဘူး.
သွားပြောလို့ရှိရင် ဘယ်လိုပြန်မြင်သလဲဆိုတော့ ကိုယ်က မျက်စိပိတ် နားပိတ် အမြင်မကျယ်သေးသူတစ်ယောက်လို့ မြင်တတ်တာများတယ်.
ကိုယ်တိုင်ကလဲ MLM က meeting တက်ပြီး တက်ယောင်ကားပုံစံ မျိုးဖြစ်ခဲ့ဖူးတယ်.ကိုယ့်ကို MLM မကောင်းကြောင်းလာပြောတဲ့ သူငယ်ချင်းတွေကိုလည်းရှိခဲ့တယ်.ဂရုမစိုက်ခဲ့ဘူး.
ဒါပေသိ ကိုယ်နဲ့ တွဲတဲ့သူငယ်ချင်း၊ဝါသနာတူ၊တိုင်ပင်ဖော်တိုင်ပင်ဖက်၊သူငယ်ချင်းက ပြောတော့ စိတ်ထဲ ထင့်သွားတာတော့ အမှန်ပဲ.
အဲဒါနဲ့ စာတွေလိုက်ဖက်ကြည့်၊MLM ရဲ့ အကြောင်းတွေ လိုက်လေ့လာကြည့်တယ်။
MLM ကောင်းကြောင်းပြောတုန်းက အထင်ကြီးခဲ့သလောက်၊ဆိုးကျိုးတွေ သိတဲ့အခါကျ
လုံးဝကို No MLM ပဲ။ကိုယ်တိုင်လည်း ကြုံဖူးတယ်၊ပတ်ဝန်းကျင်က လုပ်ဖူးတဲ့သူတွေ လည်းကောင်းကျိုးရတာ တစ်ခုမှမရှိဘူး။
ချမ်းသာတဲ့ ဘဝရောက်ချင်တာနဲ့တင် MLM လုပ်စရာမလိုဘူး။MLM မလုပ်ပဲ ချမ်းသာတဲ့နည်းလမ်းတွေ အများကြီးပါ။
No MLM .
Stand with Ko Zin Zae Lwin

https://www.facebook.com/groups/mlmDiscussion/permalink/1815342058710624/