Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Mlm company ကြောင့်နစ်နာဆုံးရှုံးမှုတွေကိုဘယ်လိုထိမ်းချုပ်မလဲ ??????


MLM Companies တွေ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ ၊ တာဝန်ယူလိုသူတွေ အနေနဲ့ စ အလုပ်သင့်ဆုံးက MLM/ Network Marketing စနစ် သုံးပြီး ဈေးကွက်ဖောက်နေတဲ့ Companies မှန်သမျှကို လာပြီး စာရင်းပေးခိုင်းဖို့ပါ ။ ( အိန္ဒိယ မှာ လုပ်တဲ့ ပုံစံပါ ) စာရင်း လာမပေးတဲ့ အားလုံးကို လုပ်ပိုင်ခွင့် ပိတ်ပစ် ဖို့ ၊ ဈေးကွက်မှာ တွေ့ရင် ဖမ်းမယ်လို့ ရာဇသံ ပေးလိုက်ပါ ။ စာရင်း လာပေးတဲ့ Companies တွေ ကို အနည်းဆုံး သိန်း နှစ်ထောင် စဘော် တင်ခိုင်းပါ ။ ( တရုတ် နဲ့ ကိုးရီးယား မှာ လုပ်တဲ့ ပုံစံပါ ) ဒါမှ ဒီ Companies တွေကြောင့် နစ်နာဆုံးရှုံးမှု ရှိခဲ့သူတွေရှိလာရင် ဒီငွေနဲ့ ပြန်လျော်ပေးခိုင်းလို့ရမှာပါ ။ ပြီးရင် ဒီ MLM Companies တွေရဲ့ အသင်းဝင် အရေအတွက်နဲ့ တစ်ဦးချင်းရဲ့ ဆုကြေးရရှိမှုတွေကို Company ရဲ့ Database ထဲကနေ အစ အဆုံး သေချာ စစ်ဆေးလိုက်မယ်ဆိုရင် ဒီ လုပ်ငန်းကြောင့် ဝင်ငွေကောင်းသူ နဲ့ ဝင်ငွေ ဆုံးရှုံး နစ်နာထားရသူ အချိုးအစားကို အတိအကျ သိနိုင်ပါတယ်။ ( US နဲ့ UK မှာ လုပ်ထားတဲ့ ပုံစံပါ ။ Amway တို့ Herbalife တို့ ရဲ့ EARNINGS DISCLOSURE STATEMENT တွေ အွန်လိုင်းမှာ ရှာဖတ်နိုင်ပါတယ် ။ ) အဲ့ဒီ စာရင်းကို အများပြည်သူ သိလောက်အောင် သတင်းစာတွေကနေ ၊ Company ရဲ့ Websites နဲ့ Facebook Pages တွေ ၊ ဂျာနယ် ၊ မဂ္ဂဇင်းတွေ ကနေ ပွင့်ပွင့်လင်းလင်း ချပြခိုင်းပါ ။ ဒါမှ နောက်လူတွေ အနေနဲ့ ဒီ MLM Companies တွေမှာ ဝင် လုပ်သင့် မလုပ်သင့် သေချာ ဆုံးဖြတ်နိုင်မှာပါ ။ ကျန်တာတွေကတော့ ဖြည်းဖြည်းချင်း တရုတ် ၊ စင်ကာပူ ၊ အမေရိကန် ၊ ကိုးရီးယား နဲ့ အိန္ဒိယ တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို လေ့လာပြီး ကိုယ့် မြေ ကိုယ့်ရေ နဲ့ ကိုက်ညီမယ့် ၊ အများပြည်သူ အကျိုးစီးပွါးကို ကာကွယ်ပေးနိုင်မယ့် တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ပေးသင့်ပါတယ် ။ ကျွန်တော် လေ့လာမိသလောက်ကို ဒီ Post မှာ အချက်အလက်တွေ ၊ ကိုးကားလင့်တွေ နဲ့ တင်ပေးထားပါတယ် ။ >>> https://www.facebook.com/zin.zae/posts/1514399505255928 <<< အခု Post ကတော့ အရေးအကြီးဆုံး လုပ်သင့်တာတွေကို လိုတိုရှင်း အကြံပြုပေးတာပါ ။ လေးစား အားကိုးလို့ အကြံပြုတာပါ ။ ဆရာ လုပ်တာ မဟုတ်ပါဘူး ခင်ဗျာ ။ လေးစားလျက် ကိုဇင်ဇေ Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ Image may contain: 1 person, text Zin Zae Lwin