Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

သတ္တလောကရဲ့ စီးပွားရေးဈေးကွက်


သတ္တလောကရဲ့ စီးပွားရေးဈေးကွက်
©©©©©©©©©©©©©©
အခုချရေးမှာကတော့ ကျနော့်ရဲ့ ခိုင်မာတဲ့ သဘောထား
(မည်သူမဆို လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သည်)
MLM စီးပွားရေးစံနစ်တစ်ရပ် အခြေချနိုင်ဖို့အတွက်
ပညာမဲ့ပြီး စဉ်းစားတွေးခေါ်မှု မရှိတဲ့ လူတန်းစားတွေများများရှိတဲ့
အရပ်ဖြစ်ရမယ်။
ပညာမဲ့တဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အဲဒီ MLM စံနစ်
ထွန်းကားလို့ရမယ်။ထူထောင်လို့ရမယ်။
အမေရိကန်မှာ ကုမ္ပဏီထောင်ထားတယ်ဆိုရင်
အမေရီကန်မှာ ဆင်ခြင်တုံတရားနည်းပြီး သူများပိုက်ဆံ
အလွယ်တစ်ကူ မလိမ့်တစ်ပတ် လိုချင်တဲ့ဘလူတန်းစားတွေ
ရှိနေလို့ပဲ . . .
(မှတ်ချက် ။ ကျနော် မည်သည့် MLM ကုမ္မဏီမှ ဝင်မလုပ်ဖူးပါ၊
သို့သော် ကုမ္မဏီတော်တော်များများရဲ့ မဲဆွယ်ခြင်းကိုတော့ ကြုံခဲ့ရပါတယ်။ ကျနော် ဝေဖန်တာက ကုမ္မဏီတစ်ခုကို ဝေဖန်တာမဟုတ်။ စံနစ်တစ်ခုကို ဝေဖန်ခြင်းမျှသာ ဖြစ်သည်။)
စီးပွားရေးဈေးကွက်မှာ စားသုံးသူ Customer ရှိနေသေးရင်
အဆုံးသတ်ဆိုတာရှိတယ်။
ဆိုလိုတာက ကျနော့်ဆိုင် ရပ်တည်လို့ရဖို့အတွက် ကျနော့်ဆိုင်ကို ဝယ်ယူအားပေးမယ့် customer တွေရှိနေရင်ရပြီ...
ကျနော့်လက်အောက်မှာ (ကျနော့်ဆိုင် ရပ်တည်လို့ရဖို့အတွက်) နောက်ထပ် ဆိုင်ခွဲတွေ ထပ်ရှိနေဖို့မလိုဘူး။
MLM မှာ အဆုံးသတ်ဆိုတာ မရှိဘူး။
ရှင်းအောင်ပြောပါ့မယ် ခင်ဗျာ
နားလည်လွယ်အောင်ပဲ ဥပမာပေးရှင်းပြပါမယ်
မြန်မာပြည်မှာ လူဦးရေ ၅၀ပဲရှိတယ်ဆိုပါစို့ . . .
လူ ၅၀လုံး MLM ထဲအလုပ်ဝင်လုပ်ကြရင် နောက်ဆုံး
Member က သူ့အောက်လူရဖို့အတွက် နိုင်ငံခြားထွက်ရှာရမှာလား ?
( အဲဒီအချက်ကလေးတစ်ချက်တင် MLM သမားတွေ
ကျနော့်ကို ရေလည်အောင် ရှင်းပြပေးပါ )
MLM နည်းဖြင့် မည်သူမဆို ကုမ္ပဏီထူထောင်လို့ရပါတယ်။
သင့်တင့်တဲ့ ရင်းနှီးမြှပ်နှံမှုနဲ့တော့ စ ရမှာပေါ့လေ။
မိတ်ဆွေ သင်စဉ်းစားကြည့်ပါ။ ဘယ် MLM ကုမ္မဏီမှ
Premier Coffee, Super Coffee, Fair & Lovely,
Biogesic တို့ကို မရောင်းပါဘူး။ လူသိထင်ရှား အပြင်ဈေးကွက်မှာ ရှိပြီးသားထုတ်ကုန်တစ်ခုကို ဘယ် MLM
မှ ဖြန့်ဖြူးရောင်းချလို့ မရပါဘူး။
ဒါဆို စဉ်းစားကြည့်ပါ ဈေးနှုန်းကို ပွင့်လင်းမြင်သာမှု မရှိမှ
MLM အဖြစ် စခန်းသွားလို့ရမှာ။ ၂၀၀တန်တဲ့ ပစ္စည်းကို
အနည်းဆုံး ၁၂၀၀ လောက်ရောင်းမှ MLM စံနစ်ဟာ
ရှင်သန်လို့ရမှာ (or) MLM စံနစ်အဖြစ် အသက်သွင်းလို့ရမှာ . .
MLM စံနစ်နဲ့ လည်ပတ်မယ့် ကုမ္မဏီတွေဟာ သူတို့ကိုယ်တိုင်
ကုန်�ပစ္စည်�းတွေ ထုတ်လုပ်နိုင်ဖို့မလိုဘူး။ သူတို့ဟာ Brand တစ်ခုကို ပိုင်ဆိုင်ဖို့ပဲလိုတာပါ။ ဥပမာပေါ့ဗျာ
Paracetamol ထုတ်တဲ့ ကုမ္ပဏီမှာ သင်ဟာ ဈေးကွက်မှာ
ဘယ်သူမှ မရှိသေးတဲ့ Brand Name တစ်ခု သတ်မှတ်ပြီးတော့ ကျနော့်ကို Paramine ဆိုပြီး ဆေးလုံးတစ်လုံးကို Packing ပိတ်အပြီးအစီး ၂၀၀ နဲ့ရအောင်ထုတ်ပေး။
ဒါပဲ လေ
အဲဒီ Paramine ဆိုတဲ့ဆေး ဘယ်မှာမှ ဝယ်လို့မရဘူး။
ကျနော်တို့ ကုမ္ပဏီကထုတ်တဲ့ ဒီ Paramine ဆေးဟာဖြင့်
အစာအိမ်ကိုလည်း မထိခိုက်ဘူး၊ သောက်လိုက်ပြီးလို့ နာရီဝက်အတွင်း ဘာဖြစ်တယ် ညာဖြစ်တယ်
ဘာညာသာရကာ နေကြာကွာစိ ဒါက စကားလုံးတွေ ဖွနိုင်သလောက် ဖွလို့ရတယ်
ဘယ်ဈေးရှိလည်းဆိုရင် ဆယ်လုံးပါတစ်ကဒ်ကို
၁၈၀၀၀ ပါ။ ဒီလိုဖြစ်လာတာ . . .
၁၀၀တန်ကော်ဖီတစ်ထုပ် လူတိုင်းသိပြီးသားBrand တစ်ခုကို
ဘယ် MLM က လုပ်ရဲမှလည်း။ သူ့ကိုယ်ပိုင် Brand ဖြစ်မှ သူတပ်ချင်တဲ့ဈေး တပ်လို့ရတာ . . .
ဆက်လက်ရေးသားပါဦးမည်
https://www.facebook.com/groups/mlmDiscussion/permalink/1806538676257629/