Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

စီးပွါးတွက်ပဲတွက်ပါ (အပိုင်း၂)


စီးပွါးတွက်ပဲတွက်ပါ (အပိုင်း၂)
၎ ရက်နေ့က ကျွန်တော် iPhone 7 32GB ကို ၉သိန်းခွဲနဲ့ရောင်းတဲ့
Post လေးတင်လိုက်ပါတယ်၊ကျွန်တော်ကတော့ စစချင်းမှာတဲ့အချိန်မှာ
ဒေါ်လာလဲဈေးတက်နေလို့ ၁၁သိန်းစွန်းသွားတယ်၊ဒါပေမယ့်ပြန်ရောင်းမယ်
၉သိန်းခွဲဆိုတော့ Comment ကနေပြီး ၉သိန်း၃သောင်းနဲ့ရောင်းတာလေး
လာပြတာလဲရှိပါတယ်၊ iPhone တွေရဲ့ထုံးစံကတော့ ပေါ်ပေါ်ခြင်းမှာဈေးက
ကြီးမှာပဲ၊ပေါ်ပေါ်ခြင်းကိုသိန်း၂၀ကျော်ထိတင်ရောင်းတဲ့လူတွေတောင်ရှိပါ့ဗျာ။
ဒီတော့ ကျွန်တော်က ၁၁သိန်းကျော်ပါသွားတယ်၊လက်ရှိဈေးက၉သိန်းကျော်ပဲ
ရှိတော့တယ်ဆိုတော့ ကျွန်တော်နစ်နာတာပေါ့ဗျာ၊ဒါပေမယ့် iPhone လေ၊
ကျွန်တော်ပိုက်ဆံအရမ်းလိုနေပြီဗျာ၊ ၅သိန်းလောက်နဲ့ထိုးရောင်းကြည့်မလား?
လုပြီးတောင်ဝယ်ရင်ဝယ်မှာ၊ဆိုလိုချင်တာက #တန်ဖိုး ပါ။ MLM Company
တွေကရောင်းတဲ့ Bio Disc, Alpha Spin, Chi Pendant စတာတွေကိုမြန်မာ
ကျပ်ငွေ ၈သိန်းမှ၁၀သိန်းကျော်အထိရောင်းချပါတယ်၊ Alibaba, Ebay, Amazon တို့လို Online Shopping Site တွေမှာလဲဝယ်လို့ရပါတယ်၊ဈေးနှုန်း
တွေကတော့အနိမ့်ဆုံး $20 ကနေ $50 ဝန်းကျင်ဈေးတွေပါ၊အချို့ $100 ကနေ
$500 အထိတက်ရောင်းတဲ့လူတွေလဲရှိပါတယ်၊ဒီတော့ဗျာ တကယ့်တန်ဖိုးက
ဘယ်လောက်ဖြစ်မလဲခေါင်းစားစရာမလိုပါဘူး၊ ၉၀%က $18 ကနေ $50 အတွင်းမှာပဲရောင်းကြတာများပါတယ်၊ ကျွန်တော်ထင်တာပေါ့နော်..နိုင်ငံခြားကလူအချို့လည်း MLM လုပ်ရင်းပိုက်ဆံပြန်လိုချင်တော့အဲပစ္စည်းတွေကို $500
လောက်အထိတက်ရောင်းတာလားပေါ့၊ကံမကောင်းတာကတော့ $18 ကနေ
$40 ကျော်ဝန်းကျင်မှာအတွေ့များပါတယ်၊ ဒီလိုထုတ်ကုန်တွေက iPhone တွေဈေးကြီးရတာနဲ့မတန်မရာနှိုင်းယှဉ်ပါတယ်၊ နှိုင်းသင့်ပါသလား? iPhone တစ်လုံးဝယ်လိုက်ရင် iCloud (Apple User Only) သာသုံးနိုင်တဲ့အကောင့်တစ်ခုရပါပြီ၊ အဲအကောင့်မှာပါတဲ့ Service တွေကိုပုံပြပေးထားပါတယ်၊ပြီးရင် App Store မှာ၊ iTune ပေါ်မှာ Application ပေါင်း ၂သိန်းကျော်လောက်ကို အခမဲ့ Download ဆွဲလို့ရပါတယ်၊ အသစ်ထွက်သမျှရုပ်ရှင်၊သီချင်း၊E-book စတာတွေကိုဝယ်လို့ရတယ်၊နောက်ဆုံး Phone ပါပျောက်သွားရင်ရှာလို့ရပါသေးတယ်ဗျာ။ Apple ကိုယ်ပိုင် iOS ကိုလဲသုံးခွင့်၊အခမဲ့ Upgrade လုပ်ခွင့်ရတယ်၊စသဖြင့်ပေါ့လေ၊နည်းပညာကိုအပြည့်အဝအသုံးချလို့ရပါတယ်။ ဒါတွေက Apple ရဲ့နည်းပညာတန်ဖိုးကို ထိုက်ထိုက်တန်တန်ကိုပေးရတာပါ၊ကျွန်တော်ဈေးပိုပေးလိုက်ရလို့ဘာမှမဖြစ်သွားပါဘူး၊အနည်းဆုံးတော့ကြွားလို့ရတာပေါ့ဗျာ၊ :P ဒါပေမယ့် MLM Company တွေကနေဈေးကြီးပေးပြီးဝယ်ရတဲ့
Bio Disc စတာတွေကတစ်ခါဝယ်တစ်သက်သုံးတွေဖြစ်လာပါတယ်၊ဟုတ်ပြီ၊အဲလိုစေတနာရှိရင်လဲ iPhone တွေကို MLM နည်းနဲ့ဖြန့်ပါလား၊အဲလို iPhone ကို MLM စနစ်နဲ့ဖြန့်ရင်သူတို့ MLM Company တွေဘက်ကတစ်နှစ်အတွင်းချမ်းသာမယ်တောင်ပြောရဲမှာမဟုတ်ပါဘူး၊ဘာလို့လဲဆိုတော့ ဖုန်းတစ်လုံး၊လက်တော့တစ်လုံးရောင်းရလို့မြတ်တဲ့မာဂျင်ကအရမ်းနဲပါတယ်၊ဒီကြားထဲအစိုးရကိုအခွန်တော်ပေးဆောင်ရပါတယ်၊ဒီတော့တစ်ဆင့်ပြန်ရောင်းပေးလို့အမြတ်အများကြီးပေးနိုင်မှာမဟုတ်ပါဘူး၊လူကြီးမင်းတို့ဒီလောက်ဆို Bio Disc လိုဒေါ်လာ၂၀တန်လောက်အပြားလေးကို၁၀သိန်းလောက်ပေးရတာကိုနားလည်မယ်လို့ထင်ပါတယ်၊တစ်ချို့ကပြောမယ်...အဲဒီအပြားကအတုကြီးပါ။
ဒါဆို ဈေးကြီးမှ အစစ်လား? MLM Company တွေတကယ်သတ္တိရှိရင်အဲလို
၁၀သိန်းလောက်တန်တဲ့အပြားနဲ့အင်တာနက်ကဒေါ်လာ၂၀လောက်တန်တဲ့အပြားကိုအရည်အသွေးယှဉ်ကြည့်လေ၊အတုဆိုရင်လဲဘာလို့ထုတ်လုပ်တဲ့ Company ကတရားမစွဲသလဲ? လူသားအကျိုးပြု Bio Disc ကြီးကိုရိုးရိုးဖန်ပြားနဲ့လိမ်ရောင်းတာလို့ဘာလို့မပြောလဲ? USA လိုနိုင်ငံနော်! Samsung နဲ့ Apple တောင်နည်းပညာပိုင်း၊ဒီဇိုင်းပိုင်းငြိကြသေးတာပဲဗျာ၊ဒီလိုဖန်ပြားအတွက်ဆိုပိုတောင်ငြိရမှာ။ဒီတော့ ဒေါ်လာ၂၀လောက်တန်တဲ့ပစ္စည်းကို၁၀သိန်းနဲ့
ဝယ်ပြီးပြီ။ကိုယ့်ဘာသာပိုက်ဆံလဲတတ်နိုင်လို့ကြိုက်ဈေးပေးဝယ်တာဘာပြသနာမှမရှိပေမယ့် လူငယ်တွေ၊ပိုက်ဆံအနဲငယ်နဲ့ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်ချင်တဲ့သူတွေ၊ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလေးပိုင်ဆိုင်ချင်သူတွေ၊အလုပ်လုပ်ချင်စိတ်တက်ကြွပြီးရည်မှန်းချက်အပြည့်အိမ်မက်အပြည့်နဲ့သူတွေကို ဒီဟာကိုဝယ်လိုက်၊ကျန်းမာရေးအတွက်ကောင်းတယ်၊တစ်မိသားစုလုံးသုံးလို့ရတယ်၊တစ်သက်မှာတစ်ခါပဲဝယ်ရမှာဆိုပြီး $20 တန်ကို၁၀သိန်းလောက်နဲ့ရောင်းတာကပြသနာပါပဲ၊တကယ်လို့ခုကပြောသလိုလူတွေကပိုက်ဆံမတတ်နိုင်လို့ချေးငှားပြီးဝယ်ရတာဆိုရင်ရော? ဝယ်လဲပြီးပြီ၊ပိုက်ဆံလဲချေးပြီးပြီ၊ဆိုရင်ဝင်ငွေရပြီလား? မရသေးပါဘူး၊ဟုတ်ပြီ..ရှေ့ဆက်မယ်၊အလုပ်ကြိုးစားတယ်ဗျာ၊မီတင်တွေသေချာတက်တယ်၊သင်တန်းတွေသေချာတက်တယ်ပေါ့၊လူမရရင်ပိုက်ဆံရလား? မရသေးဘူးလေ၊ဘာလို့လဲဆိုတော့ MLM ရဲ့ Target က Downline တွေပါ၊လူပေါ့ဗျာ၊လူဝင်မှငွေဝင်မှာလေ၊လူမဝင်ပဲငွေဝင်ချင်လဲရတယ်..နောက်ထပ်ပစ္စည်းတွေထပ်ဝယ်ပေါ့ဗျာ၊တကယ်လို့ဒုက္ခရောက်ပြီ၊အရေးပေါ်ပိုက်ဆံလိုရင်အဲဖန်ပြားကိုသွားပေါင်လို့ရလား?သွားပြန်ရောင်းရင်ရော?ရွှေလုပ်ရင်တောင်တစ်ကျပ်သားလောက်ရတာနော်၊ရွှေဆိုရင်တောင်သွားပေါင်၊သွားရောင်းလို့ရတယ်၊iPhone ဗျာ၊အေးဆေးခေါ်ရောင်းလို့ရသေးတယ်၊တန်ဖိုးပေါ့ဗျာ။
၁၀သိန်းလောက်ပေးဝယ်လိုက်ပြီးမန်ဘာဖြစ်ပြီ၊အောက်မှာလူတွေက၁၀ယောက်ရပြီဗျာ၊ဒီတော့ ၁၀ယောက်ကဝယ်တာကလဲသိန်း၁၀၀ဖိုး၊ခင်ဗျားဝယ်တာက၁၀သိန်းဆိုတော့သိန်း၁၁၀ပေါ့၊ခင်ဗျားကို MLM Company ကချက်ခြင်း ၁၀သိန်းပဲပြန်ထုတ်ပေးပါအုံး၊ခင်ဗျားကိုယုံကြည်ပေးခဲ့ရတဲ့လူဆယ်ယောက်ရဲ့သိန်း၁၀၀ဟာ MLM Company ဆီရောက်သွားပြီ။တကယ်လို့သူတို့ကလဲခင်ဗျားလိုပဲပိုက်ဆံချေးငှားလာရတာဆိုရင်ရောသူတို့အတွက်ခင်ဗျားဘယ်လိုလုပ်ပေးမှာလဲ? ကိုယ်ညံ့တာကိုယ်ခံတို့၊အလုပ်သေချာမလုပ်လို့ပါတို့၊မီတင်မတက်လို့တို့၊ကံမကောင်းတာတို့နဲ့သွားပြောမှာလား?အဲလိုပြောလိုက်လို့သူတို့ကခင်ဗျားကိုအပြစ်မမြင်ဘူးပဲထားပါအုံး၊ချေးယူထားတဲ့ပိုက်ဆံ၁၀သိန်းဘယ်လိုပြန်ဆပ်မလဲ?'ဒါလဲ Up Line အလုပ်မဟုတ်ပါဘူး၊ကျွန်တော် iPhone 7 ဝယ်လိုက်တယ်၊၉သိန်းတန်ကြီး၁၁သိန်းပေးဝယ်ပြီးလက်မှာကိုင်ပြီးလျှောက်သွားလို့ဘာမှမဖြစ်ဘူး၊ဒေါ်လာ၂၀တန်လည်စွဲကြီး၁၀သိန်းပေးဝယ်ပြီးလျှောက်သွားနေလဲဘာဖြစ်မလဲ? ဘာမှမဖြစ်ပါဘူး၊ခင်ဗျား Fancy လည်ဆွဲလေးဆွဲထားတယ်ပေါ့ဗျာ၊ကျွန်တော်ပိုက်ဆံလိုလို့ပြန်ရောင်းပြီဗျာ..ကဲ၅သိန်းပဲပေးကြပါ၊ Iphone 7 လေး၊ဝယ်ကြမှာပါ၊ခင်ဗျားဆွဲထားတဲ့ကျန်းမာရေးဆွဲပြားကြီးပြန်ရောင်းလေ၊ဝယ်တဲ့သူလဲရှိမှာပေါ့ဗျာ၊ခင်ဗျားတောင်ဝယ်ထားသေးတာပဲကို။
ကျွန်တော့်မှာတောင်စိတ်ကူးရှိတယ်အဲဒီ Bio Disc တွေ Online ကအများကြီးဝယ်ထားပြီးသုံးမယ်ဗျာ၊ရေသွားကူးရင်ပိုကျန်းမာရေးကောင်းအောင်ဖန်ပြား၁၀ပြားလောက်ရေကန်ထဲဖြန့်ထားလိုက်မယ်၊တစ်ပြားမှ ဒေါ်လာ၂၀လောက်ရှိတာကိုး။ အာနိသင်အတူတူပါပဲဗျာ၊အတုကြီးလဲမဟုတ်ပါဘူး၊တစ်ယောက်နဲ့တစ်ယောက်ဗဟုသုတလေးကွာသွားရုံပါ။ကျွန်တော်တို့ #Anti တွေကဒီလိုအချက်လေးတွေကိုသိစေချင်လို့စေတနာနဲ့ပြောလေ MLM Company Member တွေကမကြိုက်လေပဲ၊နောက်ဆိုကိုယ့် Downline ကိုတောင် Anti တွေနဲ့အပေါင်းအသင်းမလုပ်ဖို့၊အလုပ်ကိစ္စတွေမပြောဖို့တွေဖြစ်လာမယ်ထင်တယ်၊နောက်တစ်ခုကတော့ဗျာ၊ MLM Company ချင်းတောင် Bio Disc ကို၁၀သိန်းနဲ့ရောင်းတဲ့ Company ရှိတယ်၊ ၈သိန်းနဲ့ပဲရောင်းတဲ့သူရှိပါတယ်၊ဒီလောက်ဆိုသဘောပေါက်လောက်မယ်ထင်ပါတယ်၊ iPhone လေးဝယ်သွားပါလားဗျာ၊ ဒေါ်လာဈေးတက်တုန်းလေးဝယ်မိလို့အခု ၉သိန်းခွဲနဲ့ရောင်းတာဘာ၊ XD. iPhone လေးပိုက်ဆံ၂သောင်းလောက်ကွာတာတောင်မြင်တတ်ရင် ဒေါ်လာ၂၀တန်နဲ့မြန်မာတွေ၁၀သိန်းအဆမတန်ပေးရတာလေးလဲမြင်တတ်ကြပါစေဗျာ၊စီးပွါးရေး..ကိုယ်ပိုင်လုပ်ငန်း၊စွန့်ဦးတီထွင်စကားတွေသာပါးစပ်ကမချတာဗျာတကယ့်တကယ်လဲစီးပွါးရေးအသိအမြင်ကအံ့သြစရာပါပဲ၊ရွှေပဲဝယ်လိုက်ပါလား၊တကယ်လို့ပိုက်ဆံအရေးတစ်ကြီးလိုအပ်လာရင်တစ်အိမ်သားလုံးကျန်းမာရေးထက်တစ်အိမ်သားလုံးထမင်းမငတ်ရေးကပိုအရေးကြီးပါတယ်၊အောက်ခြေလူတန်းစားတွေကိုနှိမ်တာမဟုတ်ဘူးနော်၊ခင်ဗျားတစ်နှစ်ထမင်းဟင်းကောင်းကောင်းစားမလား၊တစ်သက်လုံးကျန်းကျန်းမာမာနေမလားသွားမေးအုံး၊လူတိုင်းကျန်းမာချင်တာပေါ့ဗျာ..ဒါပေမယ့်ဗိုက်ဆာရင်ကျန်းမာရေး၊နိုင်ငံရေးတွေကအရေးမကြီးတော့ဘူးဗျ၊ဗိုက်ဆာရင်ဥပဒေလဲမကြောက်ကြဘူး၊ပြီးတော့ဗိုက်ဆာနေလို့မစားရရင်ကျန်းမာရေးထိခိုက်တယ်လေ၊ MLM Company တွေကဆွယ်လို့၁၀သိန်းလောက်ရင်းရမယ့်အစားအတိုးနဲ့ချေးထားပါလား၊ရွှေလေးလုပ်ထားပါလား၊ iPhone လေးပဲဝယ်ထားပါလား၊းဒါမှမဟုတ်ကိုယ်ကတော်လို့လူ၁၀ယောက်လောက်တစ်ယောက်၁၀သိန်းလောက်ထည့်နိုင်အောင်အစွမ်းရှိတယ်ဆိုလဲဗျာ၊အဲဒီသိန်း၁၀၀လောက်ကိုခင်ဗျားအဖေ၊အမေကိုရင်းနှီးဖို့ပေးလိုက်ပါလား၊ဒါမှမဟုတ်လဲခင်ဗျားအဲဒီသိန်း၁၀၀ကိုဘာမှသွေးမတော်၊သားမစပ်နိုင်ငံခြားက Company ကိုသွားပေးမယ့်အစားခင်ဗျားဘာသာတကယ့်ကိုယ်ပိုင်လုပ်ငန်းလေးစတင်လိုက်ပါလားဗျာ! သိန်း၁၀၀နော်၊ အသေးစားလုပ်ငန်းလုပ်လို့ရတယ်၊၁၀သိန်းလောက်ဆိုရင်တောင်အသေးလေးလုပ်စားပါလားဗျာ၊Car လေးစုဝယ်ပြီး Taxi လေးလုပ်ပါလား၊ Online Shopping လေးပဲစလိုက်ပါအုံး၊ကိုယ်ပိုင်ရိုးရိုးသားသားပိုက်ဆံလေးလေ၊ခင်ဗျား သမာအာဇီဝနဲ့လုပ်လို့ရတဲ့အမြတ်ကခင်ဗျားကိုယ်ပိုင်လုပ်အားတွေပါတယ်ဗျ။ အောက်ကလူတွေတစ်ယောက်၁၀သိန်းထည့်၊ကိုယ်လဲ၁၀သိန်း MLM Company ကိုပေးပြီး လုပ်တဲ့အလုပ်ဆိုတာကတော့ကိုယ့်ဘာသာသေချာစဉ်းစားပေါ့ဗျာ။ ယုံကြည်သူ၁၀ယောက်နဲ့ MLM မလုပ်ပဲ NM မလုပ်ပဲတကယ့်ကိုယ်ပိုင်သမာအာဇီဝအလုပ်လေးပဲလုပ်ပါဗျာ။စီးပွါးရေးစီးပွါးရေးနဲ့ဈေးတွက်လေးပဲတွက်ကြည့်ပါအုံး၊
လူ၁၀ယောက်နဲ့ပိုက်ဆံသိန်း၁၀၀ MLM Company ကိုပေးလိုက်လို့ခင်ဗျားရင်းထားရတဲ့ ၁၀သိန်းပဲရပါစေအုံး၊ခင်ဗျားကိုယ်တိုင်အမြတ်မရသေးဘူး၊အောက်ကလူ၁၀ယောက်ကသိန်း၁၀၀ရှုံးနေပြီ။ဒါတောင် ၁၀ယောက်မှာခင်ဗျားကို၁၀သိန်းပြန်ပေးထားပြတာနော်၊တကယ့်အပြင်မှာတောင်အဲလောက်ပြန်ရချင်မှရမှာ။ ဟိုးအရင်နဝတခေတ်ကလိုလူကြီးလာစစ်မှအဆင်ပြေပါတယ်၊အားလုံးကောင်းပါတယ်ပြောပြီးတကယ်အဆင်မပြေရင်၊တကယ်မကောင်းရင်နစ်နာရမှာကလိမ်ပြောတဲ့ခင်ဗျားတို့ကိုယ်တိုင်ပါ၊ ကံကောင်းပါစေဗျာ (^_^)
Thanks
Bryan
Nov 5, 2016 (SAT 16:00)

LikeShow more reactions
Comment