Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

စီးပွါးတွက်ပဲတွက်ပါ အပိုင်း(၃)


 Image result for no mlm

စီးပွါးတွက်ပဲတွက်ပါ အပိုင်း(၃)
MLM Companies, Network Marketing Companies များမှာ
ထိပ်ဆုံးပိုင်းမှလူများသာဝင်ငွေအများဆုံးရရှိပြီးအောက်ခြေ Levels များမှာ
ဝင်ငွေဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိတာကို #Anti အားလုံးသိပြီးသားဖြစ်ပါတယ်။
MLM, NM လုပ်နေသူများအဖို့ကတော့ တစ်နေ့ထိပ်ဆုံးရာထူးရောက်ဖို့အရေး
ကိုပဲမျှော်လင့်ချက်တွေနဲ့ကြိုးစားကောင်းတုန်းပါပဲ။တစ်ချက်သူတို့ကိုယ်တိုင်
သတိမထားမိတာကတော့ ကိုယ့်အောင်မြင်မှုအတွက် ကိုယ့် Down line တွေ
အားလုံးကိုချနင်းနေရတယ်ဆိုတာပါပဲ၊သတိမထားမိတာလည်းဖြစ်နိုင်သလို၊
ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့စိတ်ဓါတ်မျိုးလည်းဖြစ်နိုင်ပါတယ်၊
အဆုံးသတ်အနေဖြင့် ငါ့ဘဝ၊ငါ့မိသားစု၊ငါ့ဆွေမျိုး လို့အတ္တစိတ်ကနေပြီးအခြား
သူတွေထက်မိမိကိုယ်ကျိုးကိုကြည့်ကြတော့တာပဲဖြစ်ပါတယ်၊ စီးပွါးရေးလုပ်နေ
တာပဲကိုယ့်ကောင်းကျိုးမကြည့်လို့ဘယ်သူ့အကျိုးကြည့်ရမှာလဲလို့မေးခွန်းထုတ်
နိုင်ပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်၊စီးပွါးရေးဆိုတာဟာတရားမျှတမှုရှိလား၊
သမ္မာအာဇီဝကျရဲ့လားဆိုကိုဝေဖန်ဆန်းစစ်နိုင်ဖို့ သူတို့အတွက်မလိုတော့ပါဘူး၊ MLM, NM သမားတွေစလူရှာပြီ၊လူဆွယ်ပြီဆိုရင် သူတို့ဟာဆွယ်တာ
မဟုတ်ပါဘူး၊အခွင့်အလမ်းပေးတာပါ၊ချမ်းသာခြင်း၊ကျန်းမာခြင်းကိုလက်ဆင့်
ကမ်းမျှဝေတာပါဆိုပြီးကိုဆွယ်တာပါပဲ၊တကယ်တော့ချမ်းသာခြင်း၊ကျန်းမာခြင်း
ဟာလက်ဆင့်ကမ်းမျှဝေလို့ရပါသလား? တကယ်ဆိုကျန်းမာရေးကောင်းစေ
ဖို့ဘာတွေလုပ်ရမယ်၊ဘာတွေရှောင်ရမယ်ဆိုတာတွေကဆေးလောကသား
တွေပြောပြထားပြီးသားပါ၊မလိုက်နာတဲ့သူတွေအများကြီးပါ၊ချမ်းသာခြင်းဆိုတာကတော့ပြောရခက်ပါတယ်၊ကျွန်တော့်ကိုဘာလုပ်ငန်းလုပ်သင့်လဲလာ
တိုင်ပင်တဲ့မိတ်ဆွေအချို့ရှိပါတယ်၊ကျွန်တော်ဟာစီးပွါးရေးပညာရှင်မဟုတ်ပေ
မယ့်သူတို့ပါတ်ဝန်းကျင်အနေအထား၊သူတို့တတ်နိုင်တဲ့အရင်းအနှီးနဲ့လုပ်လို့ရ
တဲ့လုပ်ငန်းအကြီး၊အသေးစသဖြင့်အကြံဥာဏ်တော့ဖြင့်ပေးလိုက်တာပါပဲ၊အများစုကတော့လက်တွေ့မှာတကယ်မလုပ်ဖြစ်ကြတာများပါတယ်။
ကျွန်တော်အသက်၂၃နှစ်မှာကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်ခဲ့ပါတယ်၊စစချင်း
မှာကျွန်တော်လုပ်မယ့်လုပ်ငန်းအတွက်ကျွန်တော့်မှာ စိတ်ကူးသစ်တွေနဲ့ Idea
ပဲရှိပါတယ်၊အရေးကြီးတဲ့လုပ်ငန်းအတွေ့အကြုံတွေမရှိခဲ့သလိုကျွန်တော်စတင်
ခဲ့တဲ့လုပ်ငန်းဟာလည်း၆လအတွင်းမှာကျရှုံးခဲ့ရပါတယ်၊ဒီလိုနဲ့၂၃နှစ်သားလေး
တစ်ယောက်စီးပွါးရေးလောကဟာလွယ်လွယ်နဲ့ဝင်လို့မရဘူးလို့သင်ခန်းစာရရှိ
ခဲ့ပါတယ်၊လုပ်ငန်းအတွက်အရင်းတောင်မကျေခဲ့ပါဘူး၊လုပ်ငန်းအတွေ့အကြုံရဖို့ကျွန်တော်သက်ဆိုင်ရာလုပ်ငန်းထဲမှာအလုပ်ဝင်လုပ်လိုက်ရပါတယ်၊ဒုတိယ
အကြိမ်ကျွန်တော်ပြန်စတင်ပါတယ်၊သူငယ်ချင်းမိတ်တွေအချို့နဲ့ပါပဲ၊လုပ်ငန်း
အတွေ့အကြုံရှိလာပါပြီဒါပေမယ့်ကိုယ့်ပါတနာတွေကိုသေချာမစည်းရုံးနိုင်ခဲ့တဲ့
ဖြစ်ရပ်၊ကြိုတင်ပြင်ဆင်မှုများမှာအားနည်းခဲ့တာကြောင့်ဒုတိယအကြိမ်ကျရှုံးခဲ့
ရပါတယ်၊၂ကြိမ်တိုင်တိုင်ကျရှုံးပြီးနောက်ပိုက်ဆံတွေကုန်သွားပေမယ့်ဒီအဖြစ်
တွေကသင်ခန်းစာအများကြီးပေးခဲ့ပါတယ်၊အခုတစ်ကြိမ်ကျွန်တော်ပြန်လည်
စတင်ခဲ့ပါတယ်၊ကြိုတင်ပြင်ဆင်မှု၊ပါတနာတွေနဲ့စည်းမျဉ်းစည်းကမ်းတွေ၊
ဈေးကွက်အနေအထား၊လုပ်ငန်းအတွေ့အကြုံတွေနဲ့ကျွန်တော်စတင်ပါပြီ၊သည်
တစ်ကြိမ်မှာ ကျွန်တော်မျှဝေချင်တာက စီးပွါးရေးပါတနာတွေကိုဘယ်လိုစည်းရုံးခဲ့ရလဲဆိုတာပါ၊ပထမအချက်အနေနဲ့ MLM, NM သမားတွေဆိုရင်တော့
ဒီလုပ်ငန်းဟာကမ္ဘာမှာတောင်နာမည်ရနေပြီ၊လုပ်ပြီးတာနဲ့ချမ်းသာမယ်ပေါ့ဗျာ၊
၁နှစ်၊၂နှစ်အတွင်းပိုက်ဆံနဲနဲရင်းလိုက်တာနဲ့သူဌေးကြီးဖြစ်သွားပြီးကွန်ယက်များနဲ့ဖြန့်ထားလို့အလွယ်တကူမပြိုလဲဘူးဘာညာပေါ့ဗျာ၊ကျွန်တော်ကတော့
သာမာန် Company တစ်ခုအနေနဲ့ ဒီလုပ်ငန်းနဲ့ကျွန်တော်တို့နိုင်ငံစီးပွါးရေးအခြေအနေကိုပါတနာတွေကိုအသေးစိတ်ရှင်းပြရပါတယ်၊နေ့ရက်များစွာ meeting တွေလုပ်ပြီးဆွေးနွေးရပါတယ်၊နောက်တစ်ချက်ကတော့ဈေးကွက်အနေအထားကိုချပြရပါတယ်၊ကျွန်တော့်ပါတနာတွေဟာ ဒီလိုလုပ်ငန်းတွေရဲ့
အပြိုင်အဆိုင်တွေများတာကိုထောက်ပြပါတယ်၊ကျွန်တော့်ဘက်ကလဲစီးပွါးရေး
အခြေအနေတွေကိုပြန်ရှင်းပြရပါတယ်၊ MLM, NM တွေလိုတော့တစ်ကမ္ဘာလုံးလူမကုန်ဘူး၊လူတိုင်းမလုပ်ဘူးလို့သွားပြောလို့တော့မရဘူးပေါ့ဗျာ၊ရှိရင်းစွဲ
Respect လေးတွေပါပျောက်သွားမှာပေါ့၊ကျွန်တော်ကတော့ ပြိုင်ဘက် Company တွေမသုံးသေးတဲ့ Strategy တွေချပြရပါတယ်၊ Business Plan တွေဆွဲရပါတယ်၊ Marketing Survey, Marketing Plan တွေပြရပါတယ်၊ပြီးတော့ MLM, NM သမားတွေလိုတော့လူဘယ်နှစ်ယောက်ရှာ၊ဘယ်နှစ်လနဲ့သူဌေးဖြစ်ပြီတော့လေဖောလို့မရဘူးပေါ့ဗျာ၊ ကျွန်တော့်တို့လုပ်ငန်းလုပ်ရင်း
ဘယ်နှနှစ်ကြာမှအရင်းကြေမယ်၊တစ်လကို income ဘယ်လောက်ရှိရမယ်၊ net profit ဘယ်လောက်ကျန်ရမယ်ဆိုတာကအစတွက်ပြရပါတယ်၊အဆိုးဝါးဆုံးအခြေအနေဖြစ်ခဲ့ရင် Company မပလုံသွားဖို့ ငွေကြေးအရင်းအနှီးဘယ်
လောက်ကိုတော့ဖြင့်သုံးစွဲရမယ်၊ရံပုံငွေဘယ်လောက်ကိုတော့ဖြင့်ဘဏ်မှာထားရမယ်တွက်ချက်ပြရပါတယ်၊ကံမကောင်းခဲ့ရင်ဖြင့်ရှုံးရမယ့်အရှုံးတွေကိုကြို
တင်တွက်ပြထားရပါတယ်၊ကျွန်တော်တို့ဟာမမြင်ရသေးတယ့်ဆုံးရှုံးမှုတွေကို
တွက်ချက်ခန့်မှန်းနေရချိန်မှာ MLM, NM သမားတွေဟာ အရှုံးမရှိသောဝင်ငွေပမာဏများကိုသာတွက်ပြနေကြပါတယ်၊ကျွန်တော်ဟာ မိတ်ဆွေကို ကျွန်တော့်
လုပ်ငန်းထဲသိန်း၁၀၀လောက်ထည့်ပါပြောလို့မိတ်ဆွေထည့်ဖို့ရှင်းပြ၊တွက်ပြရမှာအများကြီးပါ၊မိတ်ဆွေရဲ့ပူးပေါင်းမှုက ၅၀ % ပါ၊ MLM, NM မှာတော့
မိတ်ဆွေကို မကြာမီအရင်းအနှီးအနည်းငယ်နဲ့ရလာမယ့်အမြတ်အများကြီးကိုပြောပြမှာပါမိတ်ဆွေကပိုက်ဆံရှိတယ်ဆိုလည်းရာထူးကိုဝယ်လိုက်ပြီးခရီးထွက်ရတာတွေ၊ကျန်းမာပျော်ရွှင်မှာတွေ၊ပိုက်ဆံရမှာတွေရှင်းပြမှာပါ၊ကျွန်တော့်လိုသာမာန်Companyကတော့ Business Partner၊ Share Holder တစ်ဦးအတွက် အရှုံး၊အမြတ်၊အခြေအနေအားလုံးကိုတွက်ပြရပါသေးတယ်၊နောက်ဆုံးမိတ်တွေကသဘောတူပြီ Share ပါပြီဆိုရင်တောင် Director ရာထူးပေးရပါသေးတယ်၊မိတ်တွေက Share Holder အနေဖြင့်ပဲနေမယ်ဆိုလည်းလစဉ်၊နှစ်စဉ်ငွေစာရင်းရှင်းတမ်းတွေထုတ်ပြန်ကြော်ငြာပေးရပါတယ်၊အလုပ်ရှုပ်ပါတယ်၊
MLM, NM သမားတွေအနေဖြင့်တော့ ဘာမှအပမ်းမကြီးပဲ စာရွက်ပေါ်မှာ ဝ လုံးလေးတွေဆွဲပြပြီးပေါ့ပေါ့ပါးပါးတွက်ချက်ပြသွားမှာပါ၊ ဒီတော့ စီးပွါးရေးလုပ်ငန်းရှင်ဖြစ်ချင်ကြတဲ့လူတွေအနေဖြင့်၊ချမ်းသာချင်ကြတဲ့လူတွေအနေဖြင့်၊ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ကြတဲ့လူတွေအနေဖြင့်ပိုက်ဆံအနည်းငယ်နဲ့စတင်သွားဖို့က ၉၀%လောက်ရှိပါတယ်၊ဒါတောင်ကျန်တဲ့၅%ကပိုက်ဆံချေးနေပြီ၊၄%နှုန်းကတွေဝေနေတုန်းဖြစ်ပြီး၁%လောက်ကသာရှောင်ထွက်သွားတယ်လို့ထင်ပါတယ်ဗျာ။ ဒီတော့ MLM, NM လုပ်ဖို့ ပိုက်ဆံချေးခိုင်းပါပြီ၊အိမ်ကမသိအောင်လုပ်ခိုင်းတာတွေပါလာပါပြီ၊ကျွန်တော်တို့လိုသာမာန်Company စတင်နေချိန်မှာ Share ပါဝင်ထားတဲ့သူ(ကျွန်တော်တို့သူငယ်ချင်းတွေပေါ့)တွေဟာမိသားစုအချင်းချင်းသိနေကြပါပြီ၊မိသားစုတွေကလည်းအလုပ်နဲ့ပက်သက်ပြီးအနည်းငယ်မေးမြန်းကြပေါ့ဗျာ၊ကျွန်တော်တို့လိုသာမာန် Company မှာ ပိုက်ဆံထည့်ထားလို့ပိုက်ဆံတွေဆုံးရှုံးရင်အနည်းဆုံး BOD Meeting တွေမှာFight ပြီပေါ့ဗျာ၊ MLM, NM မှာတော့ပိုက်ဆံဆုံးရှုံးရင် ကိုယ်ညံ့လို့ကိုယ်ခံရတာတို့၊ Upline စကားနားမထောင်လို့ဖြစ်တာတို့နဲ့ ပိုက်ဆံလေးတွေပါဝင်ပေးဆပ်လိုက်ရတဲ့
MLM, NM member များကိုသာအပြစ်ပြန်ပုံချကြတာပါပဲ။ကျွန်တော်တို့လိုသာမာန် Company မှာအရှုံးတွေပြကြည့် BOD Meeting ရောက်တာနဲ့ ဘယ်သူကဘာလုပ်လိုက်လို့၊ဘယ်စနစ်ကိုမပြောင်းလို့နဲ့ တာဝန်ယူထားသူတွေကိုပဲ
Complain လာမှာပါ၊ဒါကအဆိုးဆုံးအခြေအနေကိုပြောပြတာနော်၊တကယ်တော့ Teamwork တိုင်းမှာပြသနာတွေတော့ရှိတာပါပဲ၊ပေါင်းပြီးရှင်းရတာပေါ့ဗျ
၊နောက်တစ်ချက်ကတော့ကျွန်တော်ဟာအရင်၂ခုမှာဆုံးရှုံးခဲ့ပေမယ့်အခုတစ်ကြိမ်(တတိယအကြိမ်)မှာတော့ ကျွန်တော်လုပ်ချင်တဲ့လုပ်ငန်းနယ်ပါယ်အတွက်
အတွေ့အကြုံတွေရရှိခဲ့ပြီးပါပြီ၊ကျွန်တော်ကျရှုံးခဲ့ပေမယ့်ကျွန်တော်ပညာတွေရ
လိုက်ပါပြီ၊ MLM, NM မှာတော့ ကျရှုံးတာနဲ့ထွက်သွားမလား၊ဆက်ပြီးအရှုံးခံရင်းမလား၊နောက် MLM, NM ရှာသွားမလားပေါ်မှာကစားကြပါတယ်၊ MLM, NM တွေကြားမှာ Team လိုက်ပြောင်းသွားကြတဲ့လူတွေအများကြီးပါပဲ၊ဒီ MLM, NM မှာလုပ်တုန်းကလည်း ဒီဟာကကောင်းတာ၊ခိုင်မာတယ်၊စနစ်တွေကောင်းတာပြောပြီးနောက် MLM, NM ရောက်သွားတော့လည်း မဟုတ်ဘူး အခုဟာကမှပိုခိုင်မာပြီးစည်းကမ်းရှိတာ၊စနစ်အရမ်းကောင်းတာဆိုပြီးဖြစ်ပါလေရော၊အဲလိုမျိုး၃ခုလောက်ပြောင်းပြီးရာထူးလေးနဲနဲရသွားတဲ့လူမြင်ဖူးသလို၊၂ခုပြောင်းပြီးနောက်ဆုံးလုပ်နေတဲ့ MLM, NM လုပ်ငန်းကသာအကောင်းဆုံးလို့လာဆွယ်တဲ့လူနဲ့လည်းဆုံဖူးပါတယ်၊သူလာဆွယ်တုန်းက ပထမဟာအကောင်းဆုံးလို့သူကိုယ်တိုင်ပြောထားခဲ့တာပါ။ ဒီလိုပြသနာဟာ MLM, NM သမားတွေကြားမှာအမြဲရှိနေမှာပါ၊သူတို့ဟာကျရှုံးမှုကိုတောင် Negative တွေဆိုပြီးလက်မခံတတ်ကြပါဘူး၊ Positive Thinking ဆိုပြီးအကောင်းကိုမြင်နေကြတာပါပဲ၊ဒါပေမယ့် အဆိုးမြင်ဝါဒီနဲ့အကောင်းမြင်ဝါဒီကိုတော့သူတို့ကိုယ်တိုင်သေချာနားမလည်ပါဘူး၊အလုပ်လုပ်ခြင်းမှာ အဆိုးဆုံးအခြေအနေအတွက်ကြိုတင်ခန့်မှန်းထားမှ၊ကြိုတင်ပြင်ဆင်ထားမှတကယ်အရေးကြုံလာရင် risk မများမှာမဟုတ်ဘူးလားဗျာ၊ MLM, NM လုပ်ရင်းသူဌေးဖြစ်ဖို့၊ချမ်းသာဖို့ကြိုးစားနေကြတာက ပင်လယ်ထဲကရေပြတ်သွားတဲ့လူတွေလိုပါပဲ ပင်လယ်ရေဟာ ငန်ပါတယ်၊သောက်လိုက်ရင်ရေသောက်ချင်တဲ့အရသာလေးပြေ
သယောင်ရှိပေမယ့်အငန်ကြောင့်ရေဓါတ်ပိုကုန်လာပါတယ်၊ဒီတော့ပင်လယ်
ရေငန်ကိုထပ်သောက်လိုက်ပါတယ်၊ဒီလိုနဲ့ပဲသောက်လေ၊သောက်လေ၊ငတ်မပြေပဲပင်လယ်ပြင်မှာအသက်ဆုံးရှုံးသလိုဖြစ်ရပ်မျိုးဖြစ်နေပါပြီ၊စာလည်းအရမ်းရှည်သွားပါပြီ၊ ပိုက်ဆံအများကြီးရင်းပြီးတောင်အရင်းကျေဖို့အမြတ်အနည်း
ငယ်နဲ့လေးနှစ်မှငါးနှစ်ထိစီးပွါးရေးသမားတွေလုံးပန်းနေရချိန်မှာ MLM, NM သမားများကတော့ ပိုက်ဆံအနည်းငယ်၊အချိန်အနည်းငယ်၊လူအနည်းငယ်နဲ့
တစ်နှစ်အတွင်းမဟာသူဌေးကြီးဖြစ်ဖို့ကြိုးစားနေတုန်း၊လူတွေကိုမဟာအခွင့်အရေးကြီးတွေမျှဝေနေတုန်းပါပဲ။ ခဏလေးနဲ့အများကြီးချမ်းသာနိုင်တဲ့ ဘိန်းဖြူလုပ်ငန်းတောင် ရဲရှောင်ရ၊ခိုးကြောင်ခိုးဝှက်လုပ်ရနဲ့ပါ၊ပိုက်ဆံဆိုတာလွယ်လွယ်လေးနဲ့အများကြီးမရပါဘူး၊ သူဌေးဘာလို့ဖြစ်ချင်ကြလဲဆိုတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် ဘာအလုပ်မှမလုပ်ပဲ စားမယ်၊သောက်မယ်၊ပျော်ပါးမယ်၊အပန်းဖြေမယ် ရုပ်ရှင်တွေထဲကလိုစိတ်ကူးယဉ်နေကြတုန်းပါပဲ၊စားပွဲထိုး၊လုံခြုံရေး၊စာရေးမ၊စာရင်းကိုင်၊ဘာသာပြန်စတဲ့အလုပ်များကိုတောင်စီးပွါးရေးလုပ်ငန်းရှင်ကြီးစိတ်ဝင်သွားတဲ့ MLM, NM တွေဟာ လုပ်ဖို့စိတ်မကူးကြတော့ပါဘူး၊ တကယ်ဆို သူဌေးကြီးတွေရဲ့၉၅%လောက်က ကိုယ့်ဒုးကိုယ်ချွန်ကြိုးစားခဲ့
တာပါ၊၅%သောသူဌေးကြီးတွေသာဘိုးဘွားအစဉ်အဆက်ကြွယ်ဝချမ်းသာကြတာဖြစ်ပါတယ်၊ ပိုက်ဆံအလကားမရပါဘူးဗျာ။ ကျွန်တော်ကျောင်းသားဘဝမှာ
ပိုက်ဆံတစ်သိန်းဆိုတာ တစ်ရက်နဲ့ကုန်ချင်ကုန်ခဲ့ပါတယ်၊ဒါပေမယ့်ကျွန်တော်အလုပ်စဝင်ဝင်ခြင်းမှာလစာတစ်သိန်းပဲရပါတယ်။ ဒီတော့ကျွန်တော်ဖြုန်းခဲ့တဲ့မိဘလုပ်စာတွေကိုကျွန်တော်အရမ်းနှမြောမိသွားတယ်၊ ပိုက်ဆံဆိုတာတန်ဖိုးကြီးမှန်း၊လွယ်လွယ်မရမှန်းပိုသိသွားတော့တယ်၊ MLM, Nm သမားတွေအဖို့တော့ပိုက်ဆံလွယ်လွယ်ရနေဖို့လူတွေရှာအုံးမှာပါပဲ။ ဒီတော့ မိမိကိုယ် MLM, NM လုပ်ဖို့စတင်လာပြီဆိုရင် သေချာစဉ်းစားပါ၊လူတိုင်းကတော့ ငါ့သူတောင်းစားပဲလုပ်မှာလို့မတွေးဘူးပေါ့ဗျာ၊လူတိုင်းချမ်းသာချင်ကြတာပဲ၊ဒီတော့ MLM, NM လုပ်ရင်းမိမိ အချိန်၊လုပ်အား၊ငွေကြေး၊ပါတ်ဝန်းကျင်မှာ ဆုံးရှုံးမှုတွေဖြစ်လာမှာကိုတွေးပါ၊ ကိုယ်ပေးရတဲ့အချိန်၊လုပ်အားအတွက်ပြန်ရတဲ့ဝင်ငွေကိုပြန်ဆန်းစစ်ပါ၊မိမိက ၅၀၀၀ လောက်ပဲရင်း၊မိမိရှာထားတဲ့မိမိကိုယုံကြည်သူ၁၀ယောက်ကလည်းတစ်ယောက် ၅၀၀၀ ရင်းပြီး ၅၅,၀၀၀ ကျပ် MLM, NM Company ကိုပေးလိုက်မှ မိမိအတွက်ပိုက်ဆံလေး၂၀,၀၀၀ လောက်ပြန်ရတာကိုအမြတ်လို့မထင်ပါနဲ့၊အဲလိုလူရှာနေစဉ်မှာ ပေးဆပ်ခဲ့ရတဲ့အချိန်၊ငွေကြေးသုံးစွဲမှု တွေကိုပါထည့်တွက်ရင်ပဲရှုံးနေပါပြီ။ မိမိက၁၀သိန်းလောက်ထည့်၊မိမိကိုယုံကြည်ပေးသူ Down Line ၁၀ယောက်ကလဲ၁၀သိန်းဆီထည့်ပြီး မိမိကို MLM, NM Company ကပိုက်ဆံလေး၃သိန်း၊၄သိန်းလောက်ပြန်ပေးတာဟာအမြတ်လို့မပြောနိုင်ပါဘူး၊ဘာလို့လဲဆိုတော့ပိုက်ဆံသိန်း၁၁၀ ဟာ MLM, NM Company ဆီရောက်သွားပြီလေ။ တကယ့်အရှုံး၊အမြတ်ကိုပြန်တွက်ပါအုံးဗျာ။ ယခုလများအတွင်းကျွန်တော်အလုပ်တွေအရမ်းများလာပြီဖြစ်လို့စာရေးတာကိုခဏနားအုံးမှာဖြစ်ပါတယ်။ကျွန်တော့်အားလပ်ချိန်လေးတွေမှာပါဝင်ပြီးဒီစနစ်ဆိုးကြီးကိုဆန့်ကျင်အုံးမှာဖြစ်ပါတယ်ခင်ဗျာ။အခုတော့ဒီစာလေးနဲ့ခဏတာနှုတ်ဆက်ပါတယ်။ :-)
Thanks,
Bryan
17:55
Nov 16, 2016 (Wed)