Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 13, 2017

တုံးမိတဲ့ ငါး


Gentleman
လူကြီးလူကောင်းမှန်ရင် ဒီအလုပ်ကို မလုပ်ပါဘူး။
ဖြောင့်မတ်ပြီး ဦးနှောက်ရှိတဲ့သူကို မြူဆွယ်လို့မရပါဘူး။
ဘယ်လိုပဲစည်းရုံးစည်းရုံး မင်းတို့အတွေးအခေါ်လောက်တော့
အဲဒီလူက သနားတယ်။
သံသရာကြွေးဆပ်ကြရတယ်လိုပဲ သဘောထားကြပေါ့
အောက်ကလူတွေက အပေါ်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကိုယ့်ပိုက်ဆံတွေ ထိုးထိုးကြွေးနေကြရတာကိုလေ။
ကိုယ့်ရဲ့ အမြော်အမြင်မရှိမှုက သူတို့ကို တိုက်ရိုက်ကြီးပွားစေတာပဲ။
မင်း ၂၀၀၀ တန်တဲ့ အလုပ်မလုပ်ရင် မင်းဘယ်တော့မှ
၂၀၀၀ မရပါဘူး။ မင်း ၂၀၀၀ ကောက်ရရင်တောင်
အဲဒီနှစ်ထောင်က မင်းအတွက် Quality မရှိပါဘူး။
မင်းစာမသင်ခဲ့လို့ အတွေးအခေါ် မရှိတာ မဟုတ်ဘူး
ငါတွေးခေါ်သင့်တယ်လို့ မင်းမတွေးခဲ့တာတွေက
မင်းကို ငတုံးတစ်ယောက် ဖြစ်စေခဲ့တာ။
ရှင်းရှင်းလေးရယ်
လောကမှာ အကြောင်းတရားနဲ့ အကျိုးတရား ဒီနှစ်ခုပဲ။
လူတွေရဲ့ပါးစပ်က အောက်ဆီဂျင်တွေထွက်နေတာ မဟုတ်သလို
အလိမ်မှန်း အညာမှန်း မင်းမသိတာကလည်း
တီကောင်ကို မြင်ပြီး ငါးမြှားချိတ်ကို မမြင်တဲ့ . . . . .
အေး သူတို့ကလည်း တီကောင်ကိုလည်း ပူပန်မှာ မဟုတ်သလို
ငါးကိုလည်း ပူပန်မှာ မဟုတ်
ငါးမြှားချိတ်ကိုသာ ပူပန်မယ့်ကောင်တွေလေ . . . . .
မင်းက မြှုံးမိတဲ့ ငါးမဟုတ်ဘူး
တုံးမိတဲ့ ငါး
https://www.facebook.com/groups/mlmDiscussion/permalink/1818531755058321/