Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

အချိန်ပိုင်းအလုပ် မလိုချင်ဘူးလား? အပိုဝင်ငွေ မလိုချင်ဘူးလား? ငွေကြေးလွတ်လပ်ခွင့် မလိုချင်ဘူးလား?


"လောဘ" ဒီစကားလုံးမှာ negative sense ခံစားရတယ်။
MLM လုပ်ဖို့ စဆွယ်ရင် ခင်ဗျားမှာ"လောဘ"ရှိလား သူတို့မမေးဘူး။
"လောဘ" ရှိသူတွေ MLM လုပ်နေကြတယ်လို့ ဘယ် MLM ကမှမပြောဘူး။ MLM လုပ်နေသူတွေဟာ လောဘသမားတွေလို့ ဘယ် MLM မှမပြောဘူး။
အချိန်ပိုင်းအလုပ် မလိုချင်ဘူးလား?
အပိုဝင်ငွေ မလိုချင်ဘူးလား?
ငွေကြေးလွတ်လပ်ခွင့် မလိုချင်ဘူးလား?
အချိန်လွတ်လပ်ခွင့် မလိုချင်ဘူးလား?
တလသိန်း၂၀လောက်ဝင်ငွေ မလိုချင်ဘူးလား?
သက်သောင့်သက်သာဝင်ငွေရတာ မလိုချင်ဘူးလား?
အလှူအတန်း မလုပ်ချင်ဘူးလား?
မိဘကိုလုံလုံလောက်လောက် မထောက်ပံချင်ဘူးလား?
မိတ်ဆွေသူငယ်ချင်းတွေကို မကူညီချင်ဘူးလား?
ကျန်းမာရေးအတွက် ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ကာကွယ်မထားချင်ဘူးလား?
အနာဂတ်အတွက် အလုပ်ကောင်းကောင်းတခုမှာ ရင်းနှီးမြုတ်နှံမထားချင်ဘူးလား?
ဒီလိုမေးခွန်းတွေနဲ့ လှည့်စားခံရပြီး MLM ထဲရောက်သွားမယ်။
MLM လုပ်နေသ၍ ခင်ဗျားဟာ အနာဂတ်အတွက်ကြိုးစားနေတဲ့သူ
မိတ်ဆွေသူငယ်ချင်တွေကို ကူညီချင်တဲ့သူ
မိဘကျေးဇူးသိတတ်တဲ့သူ
ကျန်းမားရေးလိုက်စားတဲ့သူလို့ စိတ်ကိုမှိုင်းတိုက်ထားလိမ့်မယ်။ MLM မလုပ်သူတွေကိုတော့ အခွင့်အလမ်းကိုမမြင်တဲ့သူ ကြိုးစားချင်စိတ်မရှိသူ အသုံးမကျသူလို့ ခင်ဗျားစိတ်ကို မှိုင်းတိုက်ထားလိမ့်မယ်။
ခင်ဗျား MLM ရဲ့ဆိုးကျိုးတွေကိုသိလို့ MLM လုပ်တာရပ်လိုက်ရင် anti-MLM ဖြစ်သွားရင် MLM နဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတွေအကြောင်းပြောရင် MLM တွေက ခင်ဗျားကို လောဘကြီးသူအဖြစ် တံဆိပ်ကပ်ကြမယ်။ လောဘကြီးလို့ အလိမ်ခံရတာလို့ပြောကြမယ်။
ဒီစကားဟာ ဘယ်တော့မှရှေ့နောက်မညီတဲ့ MLM တွေပြောတဲ့ အခြားစကားတွေလိုပါပဲ …
လူမဆွယ်ရပါဘူး- မိတ်ဆက်ပေးရုံပါ။
ပစ္စည်းလိုက်မရောင်းရပါဘူး- သူတို့ဝယ်ရင်ရပါပြီ။
ရောဂါပျောက်တယ်- ဖြည့်စွတ်အဟာရပါ။
ဘာမှလုပ်စရာမလိုဘူး တလသိန်း၂၀လောက်ဝင်ငွေရမယ်- အလုပ်မလုပ်ဘဲဘယ်သူကပတ်ဆံပေးမှာလဲ။
အတင်းထိုးမရောင်းပါဘူး- ပစ္စည်းဝယ်မှ PV စရမှာပါ။
ကျတော်တို့အလုပ်က MLM မဟုတ်ပါဘူး- အဖွဲ့ဝင်ပြီး နောက်ထပ်အဖွဲ့ဝင်တွေရှာပေးရုံပါပဲ။
MLM တွေဘယ်မှာလိမ်လို့လဲ- လောဘကြောင့်အလိမ်ခံရတာ။
ဟုတ်တယ်! ကျုပ်တို့ ကျန်းမာချင်တဲ့လောဘကြောင့်
မိဘကိုထောက်ပံ့ချင်တဲ့လောဘကြောင့်
အပိုဝင်ငွေလေးရချင်တဲ့လောဘကြောင့်
သမာအာဇီဝအလုပ်တခုလုပ်ချင်တဲ့လောဘကြောင့်
လှူတန်းချင်တဲ့လောဘကြောင့် အလိမ်ခံခဲ့ကြရတယ်။
MLM တွေက စဉ်းလဲယုတ်မာကောက်ကျစ်စွာ လိမ်တဲ့အဖွဲ့အစည်းတွေ!