Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

တခါတုန်းက ဖေ့ဘုတ်မှာ နိုင်ငံခြားသားတစ်ယောက်က ဖေ့ဘုတ်မယ် လာမိတ်ဆက်တယ်။





တခါတုန်းက ဖေ့ဘုတ်မှာ နိုင်ငံခြားသားတစ်ယောက်က ဖေ့ဘုတ်မယ် လာမိတ်ဆက်တယ်။ ၂၀၁၂ လောက်ကပေါ့။
သီရိလင်္ကာကတဲ့။
မြန်မာပြည်မှာ စီးပွားရေးလုပ်ချင်လို့ဆိုပဲ။ သူနဲ့ တွဲလုပ်နိုင်မလားတဲ့။
သူက Business Partner ရှာနေတာတဲ့။
ဂွင်ပဲပေါ့။ အဲ့အချိန်အလုပ်ကလည်းမကောင်း။ လခကလည်းနည်း။
ငါတော့ လုပ်ငန်းရှင်ကြီးဖြစ်ပဟဲ့ဆိုပြီး ရည်းစားကိုတောင် တိုင်ပင်လိုက်သေးတယ်။
သီရိလင်္ကာက လူကို ပြန်ပြောလိုက်တယ်။
ကျုပ်မှာ အရင်းအနှီးမရှိဘူးလို့။
ရတယ်။ မလိုဘူး တဲ့။ လူပဲလိုတာတဲ့။
ရှယ်ပေါ့။
အဲ့လိုနဲ့ သီရိလင်္ကာက လူတစ်ယောက်ရောက်လာရော။
ဆန်းမစ်ပါ့ဗျူးမှာ တည်းတယ်။
ဖုန်းဆက်တယ်။ သူ့ကို လာတွေ့ပါတဲ့။
ကိုယ်က အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တော့ ရည်းစားကိုခေါ်သွားတယ်။
အဲ့မှာ စတွေ့တာပဲ။
ဟိုတယ်မှာ ချိန်းတာကို စားသောက်ခန်းမှာ မတွေ့ဘူး။
သူ့အခန်းထဲကို ခေါ်သွားတယ်။ ဒီဘဲ ဘာလဲပေါ့။
ဒါပေမဲ့ သူနဲ့ စီးပွားရေးတွဲလုပ်မှာဆိုတော့ လိုက်သွားတာပေါ့။ ပစ္စည်းတွေပဲ ပြမလို့လား။
လုပ်ငန်းအကြောင်းရှင်းပြမှာလား။
လန့်ကလည်း လန့်တယ်။ သီရိလင်္ကာကဆိုတော့ ထောင်ထောင်မောင်းမောင်း ကုလားကြီးကို။
အဲ့ဒါနဲ့ သူ့အခန်းထဲရောက်။ တော်သေးတယ်။ သူ့လုပ်ငန်းအကြောင်းရှင်းပြတာ။ အခန်းတံခါးလည်း ဖွင့်ထားပေးတယ်။
သူ့လက်တော့လေး ဖွင့်။ စာရွက်လေးတွေပေးပြီး ရှင်းပြတယ်။
မြန်မာပြည်မှာ စီးပွားရေးပါတနာ ရှာနေကြောင်း၊ တစ်လကို ဒေါ်လာတွေ အများကြီးဝင်မည်ဖြစ်ကြောင်း။
အလုပ်ကလည်း မပင်ပန်းကြောင်း။ ပြောနေတော့ လူလည်း တော်တော်ပျော်သွားတာပေါ့။
ဒေါ်လာတွေ အများကြီးရတော့မယ်။ အေးဆေးနေရတော့မယ်။ ဘာညာပေါ့။
မင်းဟာက MLM လာတော့ ဆိုတော့ ဟုတ်ဘူးတဲ့။ နတ်ဝတ်မားကတ်တင်းတဲ့။ အဲ့ဒါဆိုလည်း လုပ်တာပေါ့။
ငါတို့က MLM ဆိုယုံဘူးကွလို့။
အဲ့တုန်းက နတ်ဝါ့မာကတ်တင်းမှ မသိတာ။ MLM မဟုတ်ရင်ပြီးတာပဲလေ။
အဲ့ဒါနဲ့ ဘာလုပ်ရမှာလည်းလို့ မေးလိုက်တော့
ပစ္စည်းဝယ်မဲ့လူကို ရှာရုံပဲတဲ့။ ဘာရောင်းရမှာလဲဆိုတော့ ရေသန့်ကစပြီး ကျန်းမာရေးပစ္စည်းတွေ၊ ဆေးဝါးတွေတဲ့။
အေး... အဲ့ဒါဆိုလည်း ရောင်းပေးမယ်။ ဘယ်တော့ ရောင်းပေးရမလဲ လို့မေးလိုက်တော့။
ဒီအတိုင်းမရဘူးတဲ့။ မန်ဘာဝင်ရမယ်တဲ့။
အေး...။ ဒါဆိုလဲ ၀င်တာပေါ့။ ပေး ဖောင် တခါထဲဝင်လိုက်မယ်။
ဒီအတိုင်းမန်ဘာဝင်မရဘူးတဲ့။ သူတို့ဆီက ပစ္စည်းတစ်ခုဝယ်ပြီးဝင်ရမတဲ့။
အေးဝယ်တာပေါ့။ ဘာဝယ်ရမလဲ။ ဘယ်လောက်လဲ။
ဘိုင်အို ၀ါးတားတဲ့ ဇီဝရေ ပေါ့။ အဲ့ဒါဝယ်ရမယ်။ တစ်ပုလင်းကို ဒေါ်လာ ၇၀၀ ဆိုပဲ။
လခွမ်း။ ဒေါ်လာခုနှစ်ရာရှိမှတော့ မင်းဆီ လာမနေဘူး။
ပါးစပ်ကတော့ မပြောလိုက်ပါဘူး။ စဉ်းစားဦးမယ်လို့ပဲ ပြောလိုက်တယ်။
နောက်မှ လာခဲ့မယ်လို့။ မင်းဟာက MLM နဲ့ သိပ်မထူးပါဘူးလို့။
အဲ့ဒါတောင် နောက်ရက်တွေ ဖုန်းဆက်သေးတယ်။ ဒေါ်လာ ၇၀၀ တန်ရေဗူး ၀ယ်သေးဘူးလားတဲ့။ သူပြန်တော့မှာမို့တဲ့။ ပြန်လို့။ ၀ယ်ဘူးလို့။
လူများ အချဉ်မှတ်လို့။
ငယ်ငယ်တုန်းက ဖားကန့်မှာ ပိုလန်တွေ အများကြီးဝယ်တဲ့လင်မယားနှစ်ယောက်ရှိတယ်။
သူတို့က အဲ့ဒါသောက်မှာ ဖြစ်မှာ။ ကျန်းမာရေးကောင်းမှာလို့ MLM သမားတွေ စည်းရုံးထားတာပေါ့။
အဲ့လူကို အမေက ပိုလန်နဲ့ ပိစပ်ရွက်ဟာ အတူတူပဲလို့ ပြော။
အဲ့လူက ပိစပ်ရွက်ကို ကြိုပြီးသောက်။ အမယ်... တစ်ကယ်လည်း ပိစပ်ရွက်က ကောင်းသဗျ။
ပိုလန်ကို မသောက်တော့။ အမေက အဲ့ပိုလန်ဗူးတွေကို ယူပြီး မန္တလေးမှာ ပြန်ရောင်းစားလိုက်ပါလေရော။
အမေက ရန်ကုန်မှာကတည်းက MLM သမားတွေကို တပတ်ရိုက်လာတာ။
သီရိလင်္ကာက လူလောက်တော့ သနားတာပေါ့။
အဲ့ဘဲ ဆီက ဘယ်သူတွေ ၀ယ်လဲတော့ မသိ။
နောက်ပိုင်းတော့ သူက မြန်မာပြည်မယ် ရုံးလာဖွင့်သဗျ။ ဘာ နက်ဆိုလား။
ပြီးတော့ မြန်မာပြည်က လူတွေကို ကောင်းကောင်းသမတော့တာပဲ။ အခုဆို အဲ့ကုမ္ပဏီအကြောင်းပြောပြီး ငိုတဲ့လူက ငိုနဲ့။ အချို့တွေ ဆယ်သိန်း။ သိန်းနှစ်ဆယ် ပါသွားကြတာကိုး။
အဲ့ကုမ္ပဏီကို ဂိုဂဲလ်မှာ ရှာကြည့်တော့မှ ဆန်းမစ်ပါ့ဗျူးမှာ ကျုပ်ကို လာစည်းရုံးတဲ့လူကို တွေ့သဗျ။ နှုတ်ခမ်းမွှေးကြီးနဲ့။
(အခု MLM ခေတ်စားနေသမို့။ ပြန်ရေးလိုက်တာပါ။ အရင်တုန်းကလည်း ရေးခဲ့ဖူးတယ်။
MLM တွေ နက်ဝါ့မားကတ်တင်းတွေကတော့ အပြုတ်တိုက်ရမှာပဲ။
ဘာပစ္စည်းမှလည်း ကောင်းကောင်းထုတ်တာမဟုတ်။ ဈေးပေါပေါပဲပဲပစ္စည်းတွေကို ဂျင်းထည့်ပြီး ဈေးတင်ရောင်း။
မသိနားမလည်တဲ့လူတွေကို လိမ်။ ရွာတွေမှာဆို ဘုန်းကြီးက MLM လုပ်။ တစ်ရွာလုံးကို ဆေးအလှူဆိုပြီးရောင်း။ ကိုယ့်ဘုန်းကြီးဆိုတော့ အားနာပြီးဝယ်။
မြို့တွေမှာလည်း ဒီအတိုင်းပဲ။ သူငယ်ချင်းအပေါင်းအသင်း အချင်းချင်းကို ပတ်လိမ်။ မိတ်ပျက်ဆွေပျက်။
ဒေါ်စုနဲ့ ဓါတ်ပုံတွေ တွဲရိုက်ထားပြီး ဒီလုပ်ငန်းကို ဒေါ်စုက ထောက်ခံသလိုလို။ သမ္မတကပဲ ထောက်ခံသလိုလို။
ဘီလ်ဂိတ်တောင် ဒီလုပ်ငန်းနဲ့ ကြီးပွားသွားသလိုလိုပြော။
နောက်ဆုံး ထီးဖြူ ဖိနပ်ပါး။ မန်ဘာကြေးတွေဆုံး။ အချိန်တွေကုန်။ မိတ်တွေပျက်ပြီးတော့မှ နောင်တရ။ မှားခဲ့လေခြင်းလို့ပေါ့။
အဲ့လို မအောင်မြင်တဲ့လူတွေကို သူတို့က ဘာပြောသလဲဆို အသုံးမကျလို့တဲ့။ ကမ္ဘာပေါ်မယ် MLM နက်ဝါ့မားကတ်တင်းလုပ်ပြီး မအောင်မြင်တဲ့လူက ၉၉ % ကျော်တယ်။ အောင်မြင်သူ ၁ % မပြည့်။
အဲ့အောင်မြင်သူတွေကလည်း စပြီးထောင်တဲ့လူနဲ့ ခေါင်းဆောင်အချို့လောက်ပဲ)
စိုပြေ
5:44 PM 9/5/2016
https://www.facebook.com/minnthurahtay/posts/1065795196821718