Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

ကျွန်တော့် ဆီကို ဆရာဝန် တစ်ယောက် ပို့လိုက်တဲ့ စာတစ်စောင်ပါ ။


ကျွန်တော့် ဆီကို ဆရာဝန် တစ်ယောက် ပို့လိုက်တဲ့ စာတစ်စောင်ပါ ။
နယ်တွေမှာ ဒီလို အဖြစ်မျိုးတွေ ကြုံရတာ များလှပါပြီဗျာ ။
နီးစပ်ရာကို MLM Companies တွေနဲ့ ပတ်သက်လာရင်
သတိထားဖို့ အသိပညာပေး ပေးကြပါ ။
သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း
လူများစုရဲ့ အကျိုးစီးပွါးနစ်နာမှုကို ကာကွယ်ပေးနိုင်ဖို့
တတ်နိုင်သလောက် ကြိုးစားပေးကြဖို့ မေတ္တာရပ်ခံပါရစေဗျာ ။
>>>
အစ်ကိုရေ. .
ကျွန်တော် တာဝန်ကျနေတာ ရမ်းဗြဲ ကျွန်းပေါ်ကကျောက်ဖြူမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပါ. .
နာမည်က ဇင်ချောင်းတဲ့ မြို့ မကျ တောမကျတိုက်နယ်လေးတစ်ခု
ဟိုနေ့က ကျွန်တော့ဆီ ဆေးခန်းလာပြတဲ့ အန်တီကြီးတစ်ယောက် Aim Star လုပ်တယ် တဲ့
မေးကြည့်လိုက်တယ် ၂၀၁၅ က စလုပ်ကြတယ် ဆိုပဲ
ထုံးစံအတိုင်းပဲ လူစွယ် တဲ့လူက လူတစ်ယောက်ရှာတာနဲ့ တစ်သောင်းရမယ်
၂ ယောက်ရှာ ရင် ၂သောင်း
အဲ့အောက်ကလူတွေက ၂ ယောက်ဆီ ထပ်ရှာလို့ ရှိရင်
ကိုယ်က ကိုယ်က ၃သောင်း ရမယ်ပေါ့. . ဆွယ်တယ်တဲ့. .
သူတို့လည်း ကိုဆွယ်တဲ့လူက လစဉ်ရနေမယ့်ပုံစံမျိုးပြောတယ်တဲ့
အဲ့တော့ သူတို့ စပြီးလူရှာကြတယ်. .
သူကတော့ လူရှာတယ် အောက်ကလူတွေဆီမှာထပ်ဖြည့်ပေးတယ်တဲ့. .
အဲ့လိုနဲ့ သူ့ ပိရမစ် မှာ ၁၆ ယောက်ရှိလာတဲ့ အခါ
အဲဒီ ၁၆ ယောက်အတွက် ၃၂ ယောက်ကို မရှာနိုင်တော့ဘူးတဲ့ ...
အဲဒီ ၁၆ ယောက်ကို သနားလို့ ဆိုပြီး နောက်ဆုံးမှာ ရပ်လိုက်တယ်တဲ့. .
သူကတော့ ၂သိန်း လောက်ရလိုက်တယ် ...
ဒါပေမယ့် အောက်ဆုံးက ၁၆ ယောက်မှာ တစ်ပြားမှပြန်မရလိုက်ဘူးတဲ့ . .
သူ့အောက်ကလူတွေမှာ ၆သောင်း မျိုး ၈သောင်း မျိုးရပေမယ့်
ဝင်ကြေးက ၁သိန်း ဆိုတော့ အရင်းပြန်မရ ကြရှာဘူးတဲ့. .
ဒါက ကျွန်တော်တို့ ဇင်ချောင်းမှာပဲရှိသေးတယ်. .
ဇင်ချောင်းနဲ့ အနီးနားက စနဲ ဆိုတဲ့ ရွာတစ်ရွာမှာလည်း အဲ့လိုပဲတဲ့ ...
သူဆက်ပြောတာက ရမ်းဗြဲ မြို့နယ် ကျောက်ချောင်းတိုက်နယ်က လူတစ်ယောက်က
Diamond Star ဖြစ်အောင် လူလိုက်ရှာတယ်တဲ့. .
ဒါပေမယ့် Ruby Star ပဲ ဖြစ်သွားတယ်တဲ့. .
ရွာငယ်လေးတွေက လက်လုပ်လက်စား မရှိဆင်းရဲသား တွေ
ပိုက်ဆံ တစ်သိန်းစီဖြစ်ညှစ်ရှာပြီး ကျောက်ဖြူကိုသွားကြတာ
အများကြီး ပဲတဲ့ လိုင်းကားတွေနဲ့ သွားကြတယ်တဲ့. .
ဘာသွားလုပ်တာလဲဆိုတော့ Member ဝင်ဖို့သွားကြတယ်တဲ့. .
ရမ်းဗြဲ ကျွန်းတစ်ကျွန်းလုံး ခံစားလိုက်ရတဲ့ MLM ရဲ့စနစ် ဆိုးတစ်ခုပေါ့
ကျွန်တော်တောင် ကျွန်တော်တို့ရွာက ဟိုအန်တီကို ဆက်မလုပ်တော့ဘူးလားမေးတော့. .
အောက်ကလူတွေကို သနားလို့ မလုပ်တော့ပါဘူးတဲ့. .
ဒီလိုမျိုးရိုးသား ပြီးအမြင်မှန်ရတဲ့အတွက်သူ့ကို လည်းချီးကျူးမိပါသေးတယ်
Story အများကြီးထဲက တစ်ခုပေါ့အစ်ကိုရေ. .😢😢😢
-----
စေတနာဖြင့် တဆင့် မျှဝေသည် ။
#ကိုဇင်ဇေ
Admin @MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
ဒီ Pages တွေ မှာ
< https://www.facebook.com/myanmarmlmwatch/ >
< https://www.facebook.com/AntiMlmMyanmar/ >
MLM/Network Marketing နဲ့ ပတ်သက်တဲ့ အသိပညာပေးစာစုတွေ စုပေးထားပါတယ် ။
လွတ်လွတ်လပ်လပ် ဖတ်ရှုမျှဝေနိုင်ပါတယ်ဗျာ ။
မေးခွန်းတွေ မေးဖို့ ၊ လူ အများနဲ့ အတူ ဆွေးနွေးဖို့ ဆိုရင်တော့
ဒီ Group < https://www.facebook.com/groups/myanmarmlmtruth > ကို Join နိုင်ပါတယ် ။
အသင်းဝင်ပေါင်း ၄သောင်း ကျော် ရှိနေပါပြီဗျာ ။
ဒီ MLM /Network Marketing စနစ်ဆိုးကြောင့် လူများစု နစ်နာဆုံးရှုံးမှုဖြစ်ပေါ်နေရတာကို
ကျွန်တော်တို့ နိုင်သလောက် တားဆီး လျှော့ချပေးကြရအောင်ဗျာ ။
https://www.facebook.com/groups/myanmarmlmtruth/permalink/601222826737540/