Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ဂျိုးဇက်တောင်းပန်တဲ့ပွဲမှာ မီဒီယာသမားတွေကျေနပ်တယ်ထင်လို့လား။


ဂျိုးဇက်တောင်းပန်တဲ့ပွဲမှာ မီဒီယာသမားတွေကျေနပ်တယ်ထင်လို့လား။
ပွဲတက်လာတဲ့ မီဒီယာသမားတွေအကုန်လုံး ပွဲကလုပ်ထားတဲ့ အစားအသောက်တွေကို ထိတောင်မထိခဲ့ကြပါဘူး။ ဘယ်သူမှ မစားမသောက်ခဲ့ကြပါဘူး။
မေးခွန်းတွေကို လှည့်ပတ်ဖြေနေတာသိကြပါတယ်။ ကောင်စီက လူကြီးတွေရှိနေတာရယ် စိတ်ခံစားချက်ပါရင် မကောင်းတတ်လို့ လျော့ပေးထားပေမယ့် MLM နဲ့ပတ်သက်ပြီး သတင်းတွေ ပိုထုတ်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။ သူမဖြေခဲ့တဲ့အဖြေတွေနဲ့ပတ်သက်ပြီး လိုက်ကြမှာသေချာပါတယ်။
လက်ခုပ်တီးတာ ဘယ်မီဒီယာ သမားမှ မပါပါဘူး။ သူတို့ ဆီက ခေါ်လာတဲ့သူတွေကိုပဲ တီးခိုင်းနေတာပါ။ ဘယ်မီဒီယာ သမားကမှ ကျေနပ်ပြီးထတီးနေတာတစ်ယောက်မှ မရှိပါဘူး။
တိုင်းပြည်ရဲ့ စတ္တုထ မဏ္ဍိုင်နေရာမှာ ရှိနေတဲ့ သတင်းမီဒီယာ သမားတွေဟာ ပြည်သူလူထုကို သစ္စာဖောက်တာမျိုး ပြည်သူတွေ နစ်နာနေတာမျိုးကို ဘယ်တော့မှ မေ့ထားမှာမဟုတ်ဘူးဆိုတာ ပြောပါရစေ။
ထပ်ပြီးပြောချင်တာရှိရင် Chat Box ကနေဆက်သွယ်နိုင်ပါတယ်။
မှူးအိမ်ဇော်
အယ်ဒီတာ
Popular News Journal
hmueeainzaw@gmail.com