Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 13, 2017

လူဘယ်လိုသွင်းရင် ပိုက်ဆံ ဘယ်လိုရမယ် ဆိုတာ ရှင်းပြတဲ့ ဇယားပေါ့ဗျာ


MLM မှာ Plan တွေရှိပါတယ် Marketing Plan လို့ခေါ်တယ် လူဘယ်လိုသွင်းရင် ပိုက်ဆံ ဘယ်လိုရမယ် ဆိုတာ ရှင်းပြတဲ့ ဇယားပေါ့ဗျာ မြန်မာပြည်မှာ plan သုံးမျိုးပဲတွေ့ရပါတယ်
၁။ ဇီရိုး plan
၂။ Plug plan
၃။ Two way plan or တြိဂံ plan
၁။ ဇီးရိုး plan
ဒီ plan က တစ်လရောင်းအား အမှတ်ကို နောက်လကို ပေါင်းထည့်မပေးပါဘူး တစ်လအ တွင့် လုပ်အားနဲ့ ရမှတ်ကို ပဲ ရပိုင်ခွင့် ခံစားခွင့်ပေးထားပြီး member လူဦးရေ ရဲ့ အနည်းအများပေါ် မူတည်ပြီး တစ်လဝင်ငွေ သက်မှတ်ထားတာပါ ရောင်းအားပေါ်မှာလည်း အနည်းငယ်လောက်သာ မူတည်ပါတယ်
၂။ plug plan
ဒီ plan က အမှတ်ပေါင်းစနစ်နဲ့ သွားတာပါ တစ်လ ရောင်းအား အမှတ်ကို ရာထူးနေရာအတွက် ပေါင်းထည့်ပေးပါတယ် ရပိုင်ခွင့်အနေနဲ့ကတော့ တစ်လရောင်းအား အမှတ်ကို အဲဒီတစ်လ ပဲခံစားခွင့်ရှိပါတယ် ရောင်းအားကောင်းရင် ကောင်းသလောက် ဝင်ငွေလည်းရရှိနိုင် သလို member များရင် များသလောက်လည်း ဝင်ငွေ ရရှိနိုင်ပါတယ်
၃။ Two way or တြိဂံ plan
ဒီ plan ကတော့ MLM လောကမှာ တော်တော်ဆိုးတဲ့ plan ပါ လူနှစ်ယောက် ပဲ စည်းရုံးဖို့ plan ချထားပြီး အချိန်တိုတိုနဲ့ ငွေရှာတဲ့ plan ပါ အစပိုင်းမှာ လွယ်တယ် ထင်ရပေမယ့် plan ရဲ့ သဘောတရားအရ ထိန်းချုပ် သက်မှတ်ထားတဲ့ စည်းဘောင်ကျဉ်းလွန်းပါတယ် ဒီ plan ကို MLM လောကမှာ Game plan လို့လည်းခေါ်ကြပါတယ်
အခုပြောသွားတဲ့ plan တွေက နာမည် နဲ့ အမျိုးအစား ပြောရုံသက်သက်ပါပဲ plan တွေမှာ မြုပ်ကွက် နဲ့ Traps တွေ ဆိုတာ plan တိုင်းမှာ ရှိပါတယ် plan တစ်ခုချင်းကို အသေးစိတ်ရှင်းမယ်ဆို သုံးရက်လောက် အချိန် ယူရပါလိမ့်မယ် Two way plan ကတော့ လုပ်ကိုမလုပ်သင့်ပါဘူး ဆုံးရှုံးမှု ကြီးကြီး ပေးဆပ်ထားရပြီး ရပိုင်ခွင့် နည်းနည်းချင်းဆီပြန်ရတယ် လုပ်ငန်း ရပ်တာနဲ့ တစ်ပြိုင်တည်း အရှုံးတန်းပြပါတယ်
ထိပ်ပိုင်းလောက်သာ လုပ်ငန်းရပ်လည်း အရှုံးမရှိပဲ အမြတ်ကျန်နေတာပါ