Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

ကျွန်​မကိုက အသုံမကျတာပါတဲ့။


အစက​တော့ပွဲကြည့်​ပရိတ်​သတ်​ပဲလုပ်​​နေတာပါ
account အစစ်​ကိုလည်း anti mlm anti ကြံ့ဖွံ့ ​ရေးလွန်းလို့လူမုန်းများတာနှင့်​ဆက်​မသုံးဖြစ်​​တော့တာ
ခုနည်းနည်း​လောက်​ ​ဝေဖန်​​လေကန်​ပါရ​စေ
ကျွန်​​တော်​ tiens မှာ ၆ လလုပ်​ဖူးတယ်​ ခဏ​လေးနှင့်​​အောင်​မြင်​တယ်​ ​ငွေ​တွေဝင်​တယ်​ သို့​သော်​ ကျွန်​​တော့ down line တစ်​ဦး​ကြောင့်​ အကြီးအကျယ်​သံ​ဝေဂရသွားတယ်​ ကျွန်​​တော်​ plan ရှင်းတုန်းက အရမ်းစိတ်​အား​တွေတက်​ကြွပီး 4 star တန်းလုပ်​တဲ့ down line ပါ။ ​ဆေး​တွေဝယ်​တယ်​ ဘီးဝယ်​တယ်​ အလှကုန်​၀ယ်​တယ်​​ပေါ့။
ကျွန်​​တော်​ကလည်း ကျန်းမာ​ရေးနယ်​ပယ်​က အ​ပြောကလည်းတတ်​တယ်​ plan ရှင်းတာကလည်း power point နှင့်​ ( အများသူငါလို စာရွက်​နှင့်​မရှင်းပါ ကိုယ်​ပိုင်​ laptop မှာ power point ရှယ်​ပြင်​ပီး ​ကြွေ​လောက်​​အောင်​လုပ်​ခဲ့တဲ့လူပါ) ဆို​တော့ သူ့ခမျာ ရှိစုမဲ့စု ပိုက်​ဆံ​တွေထုတ်​ပီး 4 star လုပ်​ရရှာတာပါ။ ဒီလိုနှင့်​ ၀ယ်​ထားတဲ့​ဆေး​တွေကို ​အ​ဖေလူမမာကြီးကိုတိုက်​တာလည်းမထူးခြား လူကလည်းရှာမရနှင့်​ ​နောက်​ဆုံး​တော့ သူခမျာ မန်း​လေးက​နေ မျက်​ရည်​နှင့်​မျက်​ခွက်​ပြန်​သွားရတာပါ။
မပြန်​ခင်​လည်း​ပြောသွားတယ်​။ ကျွန်​မကိုကညံတာပါ လူ​တွေမ​ပြောတတ်​တာ လူ​တောမတိုးရဲတာတဲ့ ခု​တော့ပါတဲ့​ငွေလည်းကုန်​ပီ ဆို​တော့အိမ်​ကဆက်​မပို့နိုင်​​တော့ဘူး​လေ ကျွန်​မမန်း​လေးကို အလုပ်​လာရှာတာ အကိုက မြန်​မြန်​ချမ်းသာမယ်​ အ​ဖေ့ကျန်းမာ​ရေးလည်း​ကောင်းမယ့်​​ဆေး​တွေရှိတယ်​ အလုပ်​လည်းရမယ်​ဆို​တော့ ၀မ်းသာတာ​ပေါ့တဲ့ ဒါ​ပေမဲ့ အကိုတာဝန်​​ကျေပါတယ်​တဲ့ ကျွန်​မကိုက အသုံမကျတာပါတဲ့။
အဲဒီ​နောက်​ပိုင်းလူက လုပ်​သာလုပ်​ရတာစိတ်​မပါ​တော့ဘူး စင်​​ပေါ်တက်​​ပြောသာ​ပြော​နေရတာ ​ငွေ​တွေသာရ​နေတာ ကိုယ့်​down line ​တွေကသာတက်​ကြွ​နေတာ ဟို​ကောင်​မ​လေး​ပြောသွားတဲ့ စကားကနားထဲကမထွက်​ဘူးရယ်​။
ဒီလိုနှင့်​ mlm ရဲ့ direct selling ကို​လေ့လာရင်း​ပြောရင်းနှင့်​ တစ်​ခုထပ်​စဉ်းစားမိတယ်​ ပစ္စည်းတစ်​ခုကို အပြင်​မှာ​ရောင်းရင်
1. စက်​ရုံ
2.ကုန်​သည်
3.​ဈေးသည်
4.customer
ပေါ့ဗျာ စက်​ရုံက ၁၀၀ နှင့်​ထုတ်​လိုက်​ရင်​ စားသုံးသူလက်​ထဲကို ၂၀၀ နှင့်​​ရောက်​သွားမယ်​​ပေါ့
mlm မှာကျ အဆင့်​ဆင့်​တင်​တာမျိုး​တွေ မရှိ​တော့ ၁၀၀ တန်​ကို ၁၀၀ နှင့်​တိုက်​ရိုက်​​ရောက်​သွားတယ်​​ပေါ့
တကယ်​တမ်းကျ​တော့ mlm ကမှအဆင့်​​တွေပိုများတာပါ အဆင့်​ဆင့်​ % ​တွေ​ပေးကြရင်း တကယ်​ကျ​တော့ ၁၀၀ တန်​ကို ၁၀၀၀ နှင့်​​ရောင်းကြရတာ
ဒါကို Up line နှင့်​​ဆွေး​နွေးကြည့်​​တော့ မငိးဒါကိုဘယ်​သူ့ကို​ပြောပီးပီးလဲတဲ့
ကျွန်​​တော်​ကလည်းမ​ပြောရ​သေးဘူး​ပေါ့
အေး​ကောင်းတယ်​ဘယ်​သူ့မှမ​ပြောနှင့်တဲ့
ကျွန်​​တော်​ အဲကတည်းကထွက်​လာတာ ခုကျွန်​​တော်​တတ်တဲ့ပညာနှင့်​ပဲ အသက်​​မွေး​နေတယ်
မချမ်းသာ​ပေမဲ့ ၁လ ၆ သိန်း​လောက်​​တော့ရပါတယ်​ နည်း​ပေမဲ့ ကိုယ့်​လိပ်​ပြာကိုယ်​လုံတယ်​​လေ
MLM ဆက်​လုပ်​​နေရင်​ ခု​လောက်​ဆို ကမ္ဘာပတ်​ချင်​ပတ်​​နေရမှာ ဒါ​ပေမဲ့ ကျွန်​​တော့​ခြေလှမ်းတိုင်းမှာ အထက်​က​ကောင်​မ​လေးလိုမျိုး လူ​တွေရဲ့ မျက်​ရည်​စ​တွေပါ​နေမှာ​သေချာတယ်

MLM လုပ်​​နေတဲ့လူ​တွေလည်းစဉ်းစား​ပေါ့ဗျာ
MLM မှာ​အောင်​မြင်​​နေတဲ့လူအများစုက
1. Creative thinking မရှိဘူးသို့​သော်​ ယုံကြည်​မှုပြင်းထန်​ပီး​ကြိုးစားကြတယ်
2. Creative thinking ရှိတယ်​ အားလုံးကိုနားလည်​တယ်​ ဒါ​ပေမဲ့ဘယ်​သူ​သေ​သေ င​တေမာပီး​ရော အရမ်းရက်​စက်​တယ်​ ဘယ်​သူ့ကိုမှဘာကိုမှ မငဲ့ညှာဘူး
ဒီနှစ်​မျိုးကလွဲရင်​ တခြားလူ​တွေကmlmရဲ့​မြေစာပင်​ဖြစ်​သွားကြတာများပါတယ်
ဒီနှစ်​မျိုးမှာ ဒုတိယတစ်​မျိုးကအရမ်း​ကြောက်​စရာ​ကောင်းတယ်​။

https://www.facebook.com/groups/mlmDiscussion/permalink/1824209587823871/