Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

" ကျနော် လူလိမ်တစ်ယောက်ပါ "





" ကျနော် လူလိမ်တစ်ယောက်ပါ "
-
Facebook သင်္ဂဟ အပေါင်းကို ကျနော် ဒီနေ့ ဒီနေရာကနေပြီးဝန်ခံစရာ
တစ်ခုရှိပါတယ်၊ ကျနော် " လူလိမ် " ပါ၊ " လူလိမ် " တစ်ယောက်ပါ ။
-
၁၉၉၀ စက်တင်ဘာလ က စလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင် အ
ခြေချခဲ့ရပါတယ် .... ဘဝပေးအခြေအနေကြောင့်ပေါ့ဗျာ၊ ဘယ်စက်ရုံ အ
လုပ်ရုံမှလည်း အလုပ်မလုပ်ဖူးခဲ့ဘူး၊ လက်ကြောကလည်းမတင်း ယောင်
ခြောက်ဆယ်နဲ့ ဂွင်သမားလိုလို အကြံအဖန်သမားလိုလိုနဲ့ ဒီလိုပဲ လစ်ရင်
လစ်သလို ရှာဖွေ စားသောက် ဘဝရပ်တည်ခဲ့ရင်း.. ပြဿနာက စ တော့
တာပါပဲ ... ဘာလဲဆိုတော့ .. အခွန်ပြဿနာ :v
-
ထိုစဉ်ကာလ ပြည်ပထွက်တဲ့သူမှန်သမျှ ဘယ် တိုင်းပြည် ရောက်ရောက်
ရောက်ရှိရာ သက်ဆိုင်ရာ မြန်မာသံရုံးကို လစဉ် ဦးတိုက်ရတယ်၊ မတိုက်
လို့မရဘူး .. ကိုယ်အလုပ်လုပ်လို့ရတဲ့ လစဉ်ဝင်ငွေထဲကနေ ၁၀% တိတိ
သံရုံးကို စွန့်ကြဲ ရတယ် မပေးရင် ဘာဖြစ်လဲ .. ဖြစ်တာပေါ့ .. မြန်မာပြည်
ပြန်ရင်လေဆိပ်မှာပတ်စ်ပို့သိမ်းတယ် အခွန်မကြေခဲ့လို့ ပြန်ထွက်မယ်ဆို
ပြည်တွင်းအခွန်ဦးစီးမှာ ကိုယ်နေခဲ့တဲ့ နှစ် အလိုက် အခွန်ဆောင်ပြီးမှ D
form လို့ခေါ်တဲ့ ပြည်ပ ထွက်ခွာခွင့် ဒပါချာဖေါင် ထုတ်ပေးတယ်၊ အခွန်
မကြေရင် ပတ်စ်ပို့တောင် ပြန်လျှောက်လို့မရဘူး ...... အဲသလို ချုပ်ထား
တာ ချုပ်ထားတာ၊ ဒီတော့ အလုပ် မယ်မယ်ရရမရှိတဲ့ ကျနော်လိုကောင်
တွေက .. ထိုင်း ရဲလိုးဘွတ်ထဲက တွေ့ရာ ကုမ္ပဏီ လိပ်စာတစ်ခုနဲ့ လက်
တာဟက် တစ်ခု ကွန်ပြူတာနဲ့ ဖန်တီးပြီး အဲ့ပေါ်မှာ ဒီကုမ္ပဏီကဝန်ထမ်း
ပါပေါ့ .. လစဉ်ဝင်ငွေ တစ်လ ဘတ် ၄၀၀၀ ပဲရသူပါပေါ့ ဘာညာ အင်ထု
ရတော့တယ်၊တခြားတိုင်းပြည်တွေမှာတော့ အနိမ့်ဆုံးလစဉ်ဝင်ငွေဘယ်
လောက်သတ်မှတ်ထားတယ်မသိပေမယ့် ထိုင်းမှာတော့လေးထောင်လို့
သံရုံးက သတ်မှတ်ထားတယ် ... ထိုစဉ်က ထိုင်းမှာ ရေအိမ်သန့်ရှင်းရေး
ဝန်ထမ်းတောင် ... တစ်လ ဘတ် ၇၀၀၀ ရတယ် :P ကိုယ်တွေက အခွန်
ဆယ်ရာခိုင်နှုန်းဆောင်ရမှာဆိုတော့ အနိမ့်ဆုံးသတ်မှတ်ထားတဲ့ငွေပဲပြ
တာပေါ့လို့စ် :D .. အဲ့တော့ လစဉ် တစ်လ ဘတ် ၄၀၀၊ သုံးလ တစ်ကြိမ်
သွားသွားပြီး သံရုံးကို မသထာပေမယ့် စွန့်ကြဲရတာပဲ .. မြန်မာပြည်မပြန်
လည်း ... ပတ်စ်ပို့သက်တမ်းတိုးတာတို့ ထောက်ခံစာတို့သွားတောင်းရင်
အခွန်ပေး မပေး စစ်ပြီးမှ .. မပေးထားတဲ့သူဆို မြန်မာပြည်က စထွက်တဲ့
အင်မီဂရေးရှင်းအထွက်တံဆိပ်တုံးကရက်စွဲအတိုင်းတစ်လှေကြီးဆောင်
ပေတော့ပဲ ....... ကိုယ်တွေက အလုပ်အကိုင်မရှိပေမယ့် ကြံဖန်လိမ်ညာ
ပြီး နိုင်ငံတော်အခွန်တော်ကို ဂလိုဆောင်ခဲ့ရတာ ။
-
၂၀၁၁ က စလို့ ပြည်ပမှာအလုပ်လုပ်နေကြတဲ့သူတွေ သံရုံးတွေမှာအဲဒီ
လိုအခွန်မဆောင်ရတော့ဘူး .. သမ္မတကြီး ဦးသိန်းစိန် စေဒနာ စေဒနာ
ပတ်စ်ပို့အသစ်လဲ လည်းအဆင်ပြေသွားတယ် .. သမ္မတကြီးကျန်းမာပါ
စေ သက်တော်ရာကျော်ရှည်ပါစေ :D
-
မြန်မာပြည်မှာ ဒီရက်ပိုင်း မ.လ.မ လို့ခေါ်တဲ့ MLM တွေ ပြဿနာတက်
နေတယ် .. MLM ပေါင်းစုံထဲ မ.လ.မ မင်းသားချောကြီးကတော့ အများ
သိကြတဲ့အတိုင်း " စိန်ဂျိုးဇက် " .... Joseph Aimstar Fans ဖေ့စဖွတ်
စာမျက်နှာမှာ သူဟာ အခွန်တော်ထမ်း နိုင်ငံတော်အခွန်တော်ဆောင်ခဲ့
သူဖြစ်ကြောင်း ဗီဒီယိုရိုက်ပြီး တခမ်းတနား ရှင်းပြတာကြည့်လိုက်တယ်
အဲ့ ဗီဒီယိုဖိုင်ထဲမှာ သူဟာ ထိုင်းမှာနေတုန်းက တစ်လ ဘတ်ငါးရာနဲ့နိုင်
ငံတော် အခွန်ဆောင်ခဲ့တယ်လို့ ပြောသွားတာလေးကြားလိုက်တော့ :P
သူလည်းပဲ တစ်လဘတ်ငါးထောင်စား လူလိမ်သမားတစ်ယောက်ပဲဆို
တာ .. သိလိုက်ရတော့ ကျနော်လည်းပဲ .. မရှက်စတမ်း .... သူ့လိုပဲ လူ
လိမ် တစ်ယောက်ပါဆိုတာ ယနေ့ ဒီ အချိန် ဒီနေရာကနေ ဖွင့်ဟ ဝန်ခံ
လိုက်ရမိပါကြောင်း .... :P :P :P
( ကျနော် ဘာ ဝင်ငွေမှ မရှိသော်လည်း ကြံဖန်ပြီး နိုင်ငံတော်ကို အခွန်
ဆောင်ထားတဲ့ အခွန်ပြေစာ တစ်ထပ်ကြီးကိုပါ ပူးတွဲ တင်ပြ လိုက်ရပါ
တော့သည် ....... စိန်ဂျိုးဇက် လစဉ်ဝင်ငွေက ကျနော့်ထက် တစ်လကို
ဘတ် တစ်ထောင်တောင်များသေးတာပဲ :P :P )



https://www.facebook.com/minn.thaik/posts/975911582531969