Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ဟင်းအိုးထဲ ကျသွားသော မစင်တစ်စက်


ဟင်းအိုးထဲ ကျသွားသော မစင်တစ်စက်
MLM နဲ့ ပတ်သက်ပြီးကျယ်ကျယ်လောင်လောင် စကားသံတွေထွက်လာပေမယ့် စောင့်ကြည့်နေဆဲလူတွေ ဂရုမစိုက်တဲ့ စီးပွားရေးသမားတွေ တော်တော်များနေတယ် အခုဒေါ်လာဈေး တတ်လာတာဟာ MLM ဂယက်က တစ်စိတ်တစ်ပိုင်း ပါဝင်လာတယ်ဆိုတာ နာမည်ကြီးမီဒီယာ တွေကတောင် သုံးသပ်ချက်တွေထွက်ပေါ်လာခဲ့ သည် မြန်မာ့စီးပွားရေး ထိန်းကျောင်းမှုမှာ ဒေါ်လာဈေး အတတ်အကျ ပေါ်မူတည်ပြီး နေ့ချင်းညချင်း ပြောင်းပြန်ဖြစ်သွားနိုင်သော အထိခိုက်မခံနိုင်သော အနေအထားမှာ ရှိနေတာကိုတော့ ငြင်းလို့မရပေ တိုင်းပြည်စီးပွားရေး မှာ MLM က မရှိမဖြစ်အခန်း ကနေပါဝင်နေတာမဟုတ်ပေ MLM မရှိလည်း မြန်မာပြည် ဘာမှဖြစ်မသွားဘူးဆိုတာ လူတိုင်းသိထားရမယ့် အချက်တစ်ချက်လည်း ဖြစ်နေသည် MLM လုပ်ငန်းဟာ တိုင်းပြည် ရဲ့ ငွေတွေကို ပြည်ပကို စီးထွက်သွားသော ငွေယိုစီးကြောင်းတစ်ခု ဖြစ်လာနေပြီး တိုင်းပြည်ရဲ့ လုပ်အားလည်ပတ်မှုကို ထိခိုက်နေတာ တော့သေချာသည် MLM ကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ မဟုတ်ကြပေ သူတို့ညွှန်းဆိုထားသလောက်လည်း အစွမ်းမထက်တာလည်း ပညာရှင်အပေါင်းက ထောက်ပြပြောဆိုနေကြတာလည်း တိုင်းသိပြည်သိ ဖြစ်တယ် MLM ကောင်းပါတယ် နိုင်ငံအတွက် အကျိုးရှိပါတယ် လူတွေအတွက် ကောင်းပါတယ် ဟု ပြောကြားသော နိုင်ငံ့ခေါင်းဆောင် တစ်ဦးတစ်ယောက်မှမတွေ့ဘူသလို ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှလည်း MLM ကို အားမပေး ပေ အချုပ်ဆိုရသော် MLM လုပ်နေတာ မိမိ ဘဝ တိုးတတ်ချင်လို့ လုပ်နေတာ မှန်ပေမယ့်လည်း MLM ဆိုတာ မြန်မာပြည်အတွက်တော့ ဟင်းအိုးထဲကျလာတဲ့ မစင် တစ်စက်ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့တော့လိုအပ်နေကြောင်း

https://www.facebook.com/groups/mlmDiscussion/permalink/1828010714110425/