Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

မာတီလဗ္ဗဝိဇ္ဇာ



ဤဘဒ္ဒကမ္ဘာ၏ နောက်ဆုံး ပွင့်တော်မူသော အရိမေတ္တယျဘုရားရှင် လက်ထက်တော်သို့ ရောက်လာချိန်၌ဖြစ်ပေသည်။ (ယခုကာလ ဖွရွာထဲ မကြာခဏ ရှယ်နေကြသော အရိမေတ္တယျဘုရားဖြစ်တော်စဉ်ကို သတိရကြပါကုန်)
ဤကမ္ဘာ၏ စတုတ္ထမြောက်ဘုရားရှင် ဂေါတမမြတ်စွာဘုရား သာသနာနှောင်းပိုင်းကာလ တလျှောက် လောကီယဂန္ဓာရီဝိဇ္ဇာဓိုရ်လမ်းစဉ်ကျင့်ကြံအားထုတ်ကြကုန်သော ဝိဇ္ဇာအသီးသီးတို့သည် နောင်ပွင့်အံ့သော အရိမေတ္တယျဘုရားရှင်အား ဦးစွာအဖူးရအံ့သောငှါ ဆုပန်ထားကြကုန်၏။
ဘုရားရှင် ပွင့်တော်မူချိန်၌ ထိုထိုသော ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ စမဝိဇ္ဇာ အစရှိသော လောကီယဝိဇ္ဇာဓိုရ်အပေါင်းတို့ အဖူးမြော်ရောက်လာကြကုန်၏။ ရှင်တော်ဗုဒ္ဓကို ၎င်းတို့၏ ဝါစဉ်အလိုက် ဖူးမြော်ကြရင်း အရှင်ဘုရား တပည့်တော်ကတော့ အဘယ်မည်သောဝိဇ္ဇာပါဘုရား... အဘယ်မည်သောအရပ်၌ အဘယ်သို့သောကျင့်စဉ်များကို ကျင့်ကြံလျှက် အာယုဒီဃံ အသက်ရှည်အနာမဲ့၍ ယခုကာလ ဘုရားရှင်အား ဖူးမြော် ရပါကြောင်း အသီးသီး လျှောက်ထားကြလေသည်။ ထိုသို့ အသီးသီး လျှောက်ထားပြီးသကာလ ပုဂ္ဂိုလ်တချို့လည်း ဘုရားရှင်၏ရှေ့တော်သို့ ထပ်မံဝင်ရောက်လာခါ ဖူးမြော် ကြည်ညိုမှုပြုကြလေသည်။ ဘုရားရှင်လည်း အို... ဒကာ၊ ဒကာမတို့ သင်တို့ကား အဘယ်မည်သောအရပ်၌ အဘယ်မည်သောကျင့်စဉ်တို့ကြောင့် ဖြစ်လာသော ဝိဇ္ဇာများပေနည်း ဟု အမေးရှိတော်မူလေသည်။ ထိုအခါ အရှင်ဘုရား... တပည့်တော်တို့သည် ဝိဇ္ဇာများ မဟုတ်ကြပါ... မြန်မာပြည်ဟူသော အရပ်၌ မာတီလယ်ဗယ်မားကက်တင်းလုပ်ရင်း ကြီးပွားမည့်နေ့ကို မျှော်လင့်စောင့်စားရင်း မျှော်လင့်ခြင်းသတ္တိတန်ခိုးကြောင့် သေခြင်းတရားကိုပင် မေ့လျော့ခါ ယခုကဲ့သို့ အာယုကပ်ကမ္ဘာတိုင်အောင် ရှည်ကြာမြင့်မြဲသော အသက်ဓာတ်ကို ရရှိကြောင်း လျှောက်ထားပြီးသကာလ "မာတီလဗ္ဗဝိဇ္ဇာ" ဟူ၍ ဝိဇ္ဇာသစ်တစ်မျိုး တိုး၍လာလေတော့၏။ ;-) :-D :-O