Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ချစ်လို့ပြောတယ် မှတ်ပါ။



ကျနော်တို့ Anti ကန်နေတာ ကိုယ့်ထမင်းကိုယ်စားပြီး အများကောင်းကျိုးအတွက်လုပ်ပေးနေတာပါ။
ခုနကပဲ Pyit Tine Htaung ဆိုတဲ့ Ppအစစ်မဟုတ်တဲ့တယောက် သွားတိုက်ဆေးထဲမှာ Fluoride မပါသင့်ဘူး ဆိုပြီး America က Sourceကို လာချပြပေးတယ်။
ပြီးတော့ ဖဲ့သွားသေးတာက သွားဆရာဝန်ဖြစ်ပြီး နောက်ဆုံးရ သတင်းတောင် မသိဘူးလား ပေါ့လေ။
ပြီးတော့ လွန်ခဲ့တဲ့ ၃ ၄ လလောက်ကလဲ DC ကလူတယောက် သူ့ကလေးကို DCက ဖြည့်စွက်စာတိုက်နေတဲ့ Video တင်လာသေးတယ်။ကလေးကခုမှ ၂လ လားရှိသေးတာကို။တကယ်က ကလေး အသက် ၆ လထိ မိခင်နို့ တမျိုးတည်း တိုက်သင့်တာ။
ပြောချင်တာက Fluoride အကြောင်း ကောင်းတာကော ဆိုးတာကော သိပါတယ်။
သွားတိုက်ဆေးထဲမှာ ပါတဲ့ Fluoride အကြောင်း ပိုတောင် သိသေးတယ်။
သွားတိုက်ဆေးထဲမှာ ပါသင့်တဲ့ Fluoride ပမာဏကိုလဲ ဟိုတလောက Status တခုမှာ အကျယ်ရေးခဲ့ပြီးပါပြီ။
ဟုတ်ပြီ။
ဒါဆို Fluoride က ကောင်းကျိုးပဲပေးတာလား။ဆိုးကျိုး မရှိဘူးလား။ဒေဝသြသဓဆေးလားဆိုတော့ မဟုတ်ပါဘူး။
သူလဲ တန်ဆေး လွန်ဘေးပါပဲ။
သောက်ရေထဲမှာ Fluoride ပါတာ များလွန်းရင် Fluorosis ဆိုတာဖြစ်တတ်ပါတယ်။မြန်မာနိုင်ငံက မြင်းခြံ၊ဝက်လက် ဒေသတွေမှာ ဖြစ်တာများတယ်။ဒါကသောက်ရေထဲမှာပါတာနော်။သောက်ရေ ဆိုတာ မျို ချရတာ။
သွားတိုက်ဆေးထဲမှာ ပါတဲ့ Fluoride ကတော့ တစ်ဘူးလုံးကို ဖျော်ရည်သောက်သလို သောက်ချမှ ဗိုက်ထဲကို 143 mg Fluoride ရောက်သွားမယ်။ခလေးကလဲ 30 Kg ထက် နည်းနေရင် သေတတ်တယ်ပြောတာပါ။
စဉ်းစားကြည့်ပါဦး။သွားတိုက်ဆေး တဗူးလုံး မျို ချဖို့ဆိုတာ ဖြစ်နိင်မလားလို့။
ထားပါ။ဒါတွေက American လို ဖွံ့ဖြိုးပြီးနိငိငံတွေ အတွက်ကတော့ အားနေရင် Reserch တွေ လုပ်နေတာဆိုတာတော့ တခုမဟုတ် တခု ပြောနေကြတာပဲ။
ဒါပေမဲ့ မြန်မာနိင်ငံလို ဖွံ့ဖြိုး ဖို့ အားယူနေတုန်းနိုင်ငံတွေ ကတော့ သွားတိုက်ဆေး ထဲမှာ Fluoride ပါဖို့ မဖြစ်မနေကို လိုပါသေးတယ်။
တကယ်ပါ။ကျနော့်ဆီလာတဲ့ ကလေး အတော်များများ သွားတွေ အကုန် ငုတ်တိုနဲ့ ပိုးစားကြီးပဲ။
အဲ့ဒါ ဘာလို့လဲ ဆိုတော့ Fluoride ပါတဲ့ သွားတိုက်ဆေးသုံးပြီး စံနစ်မှန် သွားတိုက်နည်းနဲ့ မတိုက်လို့ပါပဲ။
Fluoride နဲ့ပါတ်သက်ရင် ကျနော်တို့ စတုတ္ထနှစ် ကွင်းဆင်းကုသရေးသွားတော့ သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး ဟောပြောရတိုင်း Fluoride ပါသော သွားတိုက်ဆေးကိုသုံး၍ စံနစ်မှန်သွားတိုက်နည်းဖြင့် တရက် ၂ ကြိမ် တိုက်ပါ ဆိုတာ အမြဲထည့်ပြောရပါတယ်။
အခု MLM လုပ်နေတဲ့လူတွေရဲ့ သားသမီးတွေ ထဲမှာလဲ ငယ်သွားမလဲသေးတဲ ကလေးတွေ ပါကောင်းပါနိုငိပါတယ်။
ချစ်လို့ပြောလိုက်မယ်။ခင်များတို့ကလေးတွေကို ငယ်ကတည်းက သွားဒုက္ခ မရောက်စေချင်ရင် Fluoride ပါတဲ့ သွားတိုက်ဆေး နဲ့ပဲ တိုက်ပေးပါ။
လူကြီး ဖြစ်တဲ့ ခင်များတို့ကတော့ ကိုယ်ဝယ်ထားပြီးမှတော့ မတတ်နိင်ဘူး။ကြိတ်မှိတ်သုံးကြပေတော့ Fluoride မပါတဲ့ သွားတိုက်ဆေးကို။
ပြီးတော့ခင်များတို့ရဲ့ ကောင်းလှပါပြီ ဆိုတဲ့ ဖြည့်စွက်စာတွေကို သောက်ချင်သပ ဆိုလဲ ကိုယ်တိုင်ပဲ သောက်ကြပါ။
မသိနားမလည်သေးတဲ့ ကလေးငယ်တွေကိုတော့ စမ်းပြီး မတိုက်ကြပါနဲ့ လားလို့။
ချစ်လို့ပြောတာပါ။
မျိုးဆက်သစ်တွေကို ချစ်လို့ပြောတာ။
p.s ငါ သွားဆရာဝန်ပဲကွ။ Fluoride အကြောင်းမေးရင် Fluoride ကောင်းတဲ့ဖက်က ပဲ ငါနေမယ်ကွ ဆိုတဲ့ ဖျင်ပိတ်ငြင်းလိုတဲ့အတွေး တစက်မှ မရှိပါခင်ဗျ။
မြန်မာနိင်ငံအတွက်လဲ Fluoride က သွားတိုက်ဆေး ထဲမှာ ပါဖို့ လိုနေသေးလို့ကို ရေးရတာပါ။