Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

စီးပွားရေးစကားအရပြောရမယ်ဆိုရင်


"စီးပွားရေးစကားအရပြောရမယ်ဆိုရင် ဝယ်လိုအားနဲ့ရောင်းလိုအားမှာ ရောင်းလိုအား supply ကိုလိုချင်တဲ့ ဝယ်လိုအားကရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်
လိုချင်တဲ့သူကဘယ်သူလဲ ဆိုတော့ အခြေခံကျကျပြောရရင်တော့ လောဘပဲဖြစ်တယ်
ချမ်းသာချင်တယ် အချိန်တိုအတွင်းကြီးပွားချင်တယ် ဆိုတဲ့ဆန္ဒတွေရှိနေသရွှေ့တော့ ဖြစ်နေမှာဘဲ
ဒါကိုလောဘမရှိပါနဲ့လို့ပြောလို့မရဘူး
လောဘရှိတဲ့သူကိုလည်း အပြစ်ပြောလို့မရဘူး
အဲဒီလိုပြောတဲ့နေရာမှာ ဝယ်လိုအားနဲ့ရောင်းလိုအား နှစ်ခုအနက်က လုပ်ရမှာက ဆင်ခြင်တုံတရားရှိဖို့ပါဘဲ"
"အတင်းအကျပ်လုပ်ခိုင်းတာမျိုးလည်းမဟုတ်ဘူး
ဒါပေမယ့်အတင်းအကျပ်လုပ်ခိုင်းတာထက်တောင် သိမ်မွေ့တဲ့နည်းစနစ်တွေ အသုံးပြုထားတာဖြစ်တယ်"
"လူတစ်ယောက်ဆိုတာ စောစောကပြောခဲ့သလို လောဘ ဒေါသ မောဟ ရှိတယ်
အဲဒါတွေကို အခြေခံပြီးလုပ်တာဖြစ်တဲ့အတွက် နစ်နာဆုံးရှုံးခဲ့ကြရတာပါ"
"ဘယိလိုစီးပွားရေးပုံစံလဲ ကိုယ့်နိုင်ငံနဲ့ကိုက်ညီမှုရှိရဲ့လား လူထုနဲ့အဆင်ပြေပါ့မလား ဆိုတာကတော့ စဉ်းစားအဖြေရှာရမယ့်အပိုင်းလို့ယူဆတယ်"
"အဓိက ကတော့ ကျုံးသွင်းမခံရစေချင်တာပါပဲ
ကိုယ့်လောဘတစ်ခုကြောင့် အမှားတွေမဖြစ်စေချင်တာပါ"
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ရတနာပုံ
၉ ရက် ၁၀ လ ၂၀၁၆ ခုနှစ်
https://www.facebook.com/groups/mlmDiscussion/permalink/1830084783903018/