Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

အမှန်တရားဘက်က ဘက်တော်သားတွေ ဘာပွဲမှ မစရ သေးခင်မှာပဲ ရလာဒ်တွေ သိသိသာသာ မြင်လာရပါပြီ။


အမှန်တရားဘက်က ဘက်တော်သားတွေ ဘာပွဲမှ မစရ
သေးခင်မှာပဲ ရလာဒ်တွေ သိသိသာသာ မြင်လာရပါပြီ။
၁။ public awareness ရသွားပြီ...ခါတိုင်း MLM ကို
ဝေဖန်တဲ့ ဆောင်းပါးတွေ ထွက်လာခဲ့ရင်တောင် လူတွေ သိပ်သတိမထားမိဘူး။ ဒီဆိုးကျိုး ကို ကိုယ်မှ မခံရတာဆို
ပြီးနေကြရာကနေ အခု ဒီ MLM ဆိုတဲ့ စနစ်ဟာ ကျင့်
ဝတ်နဲ့ညီတဲ့ စီးပွားရေး မဟုတ်ဘူးဆိုတာ အကုန်သတိထားမိသွားကြတယ်။
၂။ အရင်က အလိမ်ခံရပေမယ့် ဘယ်သူ့ကိုမှ မဖွင့်ပြောသေးတဲ့ MLM ရဲ့သားကောင်တွေ အခု ပြောလာကြပြီ။
၃။ ဒီစနစ်ကို မကြိုက်ဘူးဆိုတာ MLM Page တွေအောက်မှာ ပေးထားတဲ့ comment တွေမှာတောင်အများကြီးတွေ့ ရပြီး MLM ဘက် က ထိထိရောက်ရောက် comment တစ်ခုမှ ပြန်မပေးနိုင်တာတွေ့ရတယ်။ သူတို့Page အောက်မှာတင် Anti-MLM တွေပေးတဲ့ comment တွေက သူတို့မန်ဘာတွေ ပေးတဲ့ comment တွေထက် like တွေအများကြီးပိုရတယ်။ (ဒါ Social Media လေ လို့တော့ခံမပြောနဲ့ သူတို့ပိုင်တဲ့ page မှာတောင် သူတို့ရှူံးနေတာ မရှုမလှပဲ)
၎။ အခုမှ ဝင်လုပ်ဖို့ စဉ်းသားနေတဲ့ ဝင်လုပ်စပြုနေတဲ့ မန်ဘာအသစ်တွေ တွေဝေသွားကြတယ်။ အပြင်လူတွေနဲ့ တွေ့ ရင် ”ငါ MLM လုပ်နေတယ်” လို့ ပြောဖို့ သတ္တိ မရှိကြတော့ဘူး။
၅။ နိုင်ငံတော်အစိုးရပိုင်းက ဒီအသံကို လုံးဝ ကြားသွားပါပြီ။ အနှေးနဲ့ အမြန်ကိုင်တွယ်ပါလိမ့်မယ်။ ( မကြားကြားအောင်လည်း အားလုံး ဝိုင်းကြိုးပမ်းခဲ့
ကြတယ်)
အချိန်ကျရင် အဖြေတစ်ခုပေါ်လာတော့မှာပါ။
၆။ Public debate ကို စောင့်ကြည့်ဖို့ စိတ်အားထက်သန်တဲ့ လူတွေ အများကြီးရှိနေပြီး အဲ့ဒီလူတွေအများစုဟာ MLM ကို မကြိုက်တဲ့ သူတွေဖြစ်နေကြတယ်။
ဒါပထမခြေလှမ်းပဲရှိပါသေးတယ်။ နောက်ထပ်အများကြီးထပ်လာပါဦးမယ်။ အမှန်တရားနဲ့တွေ့ ရင် ဘယ်လိုအရာမျိုးကမှ မခံနိုင်ပါဘူး၊ ကျိန်းသေကျရှုံးမှာပဲ...
မှတ်ချက်။ ။ MLM စနစ်ဟာ ဖွံ့ ဖြိုးဆဲ နိုင်ငံကလူ
တွေကို သားကောင်အဖြစ် ဂုတ်သွေးစုပ် တဲ့စနစ်ဖြစ်တာကို မလိုလားတဲ့အတွက် ကြောင့် ကိုယ့်ထမင်းကိုယ်စားပြီး ကာကွယ်ကြတဲ့ အမှန်တရားဘက်တော်သားတွေ ရဲ့ ရည်ရွယ်ချက်နဲ့ MLM လုပ်တဲ့ လူတွေရဲ့ ကိုယ်ကျိုးကြည့် ပြီး ထမင်းလုပ်တိုင်းမှာ အောက်ခြေကလူတွေရဲ့ မျက်ရည်နဲ့ ချွေးနဲစာတွေ ပါမှ စားတတ်တဲ့ ရည်ရွယ်ချက်ဟာ လုံးဝ ကို ဆန့်ကျင်နေပြီး ဘယ်ရည်ရွယ်ချင်က အများပြည်သူရဲ့ အကျိုးကို ကိုယ်စားပြုတဲ့ ရည်ရွယ်ချက်ဖြစ်သလဲဆိုတာ မေးနေစရာတောင်မလိုတော့ပါဘူး.............

https://www.facebook.com/groups/mlmDiscussion/permalink/1813906958854134/