Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

အမ်းဆား အင်းစိန် ခေါင်းဖြူ


Image may contain: night and text












အမ်းဆား အင်းစိန် ခေါင်းဖြူ
++++++++++++++++
ခေါင်းဖြူကြီးကိုပြောလိုက်ကြပါ
"တရားဥပဒေ" ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အသက်ဝင်စိုးမိုးဖို့ပဲလိုတာပါ ။
အဓိက မဏ္ဍိုင်လေးရပ်နဲ့ ထိန်ကျောင်းနေတာပါ ။
"ဥပဒေပြဌာန်းရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ သတင်းမီဒီယာ" တဲ့
"အုပ်ချုပ်တဲ့သူ၊ စောင့်ရှောက်တဲ့သူ" ဆိုတာ အတူတူပဲ အားတီ ။
ခေါင်းဖြူကြီးကိုပြောလိုက်ပါ ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ "နိုင်ငံသားအခွင့်အရေးနှင့် တာဝန်များ"
နိုင်ငံသားတစ်ယောက်ဟာ မိမိရဲ့ အမြင်ကို ပွင့်လင်းစွာ ထုတ်ဝေ ၊ ပြောဆို ၊ ရေးသား ၊ ဝေဖန် ခွင့်ရှိတယ် အားတီ။
ဒါပေမဲ့ ၊ ဒါဟာ အခြားသူတွေရဲ့ ရာထူး ၊ ကိုးကွယ်မှု့ ၊ အသက်မွေးဝမ်းကြောင်း ၊ ကျားမ ၊ လူမျိုး ၊ အသားအရောင် ကို ထိခိုက်အောင် ဝေဖန်ခွင့်မရှိဘူး အားတီ။
အဲ့ဒါကြောင့် အားတီ ဝေဖန်တာ တခြားသူရဲ့ အသက်မွေးဝမ်းကြောင်းကို တိုက်ရိုက်စော်ကားတာဖြစ်လို့
ဝေဖန်တဲ့ ခေါင်းစဉ်အောက်မှာမရှိဘူး အားတီ ၊ စော်ကားတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိတယ် ။
ဒီလိုပြောလို့ မင်းတို့လဲ ငါတို့ အမ်းဆား ကို ဝေဖန်တာပဲ လို နှာပိသံနဲ့ မင်းပြောမှာ ငါသိတယ် အားတီ။
မတူဘူးအားတီ သမ္မာအာဇီဝကို အပြစ်တင်ရှုံ့ချတာဟာ စော်ကားတာ မည်ပေမဲ့ ၊ တို့တတွေ လူ့ဘောင်မှာ
သူခိုးဆို သခိုးလို့ ပြောတာ စော်ကားတာမဟုတ်ဘူး။
လူလိမ်ကို ငလိမ် လို့ပြောတာစော်ကားတာမဟုတ်ဘူး ။
ဒါကြောင့် ငလိမ်တွေကိုဖော်ထုတ်တာဟာ ငလိမ်ရဲ့ အကျိုးစီးပွားထိခိုက်ပေမဲ့ အများသူဌာရဲ့ အကျိုးစီးပွားကိုဆောင်တယ် အားတီ ။
ကုန်ကုန်ပြောရရင် စာဖတ်ပါ အားတီ ။ လူတွေကို ဂျင်းထည့်တာနဲ့ မချိန်ကုန်နေတော့ မင်းရဲ့ ဗဟုသုတချို့တဲ့တာ တော့ သိပါတယ် ။ ဒါပေမဲ့ ရှေ့နေကောင်းဌားဖို့ထက် စားများများဖတ်ဖို့လိုတာပါကွာ ။
အမှု့တိုင်း ကို " ရဲစခန်းသွား ရဲစခန်းသွား " ပြောရအောင် ။ ရဲအရေးပိုင်မှု့မဟုတ်တဲ့ အမှု့တွေရှိတာ မင်းကို ရှင်းပြချင်လိုက်တာ အားတီရာ ။ ဒါပေမဲ့ မင်းက မြန်မာစကားတောင်လိမ်ပတ်မလည် တာ ၊ ဥပဒေ အသုံးတွေပြောရင် မင်းခေါင်းမွှေးဖြူတွေကျွတ်သွားပါဦးမယ်။
လူတစ်ယောက်အခွန်ဆောင်တယ်မဆောင်ဘူးဆိုတာ ကို အခွန်ဦးစီးဌာန ကလွဲလို့ ဘယ်သူမှ စစ်လို့မရဘူးအားတီ ။
မင်းက ကလေးလို ၊ "သားကိုတရားလာစွဲတာ သူကိုစစ်ပါ သူ့ကိုစစ်ပါ"" သွားလုပ်လို့မရဘူးအားတီ။
အခွန်နဲ့ ၀င်ငွေဆိုတာ confidential ဖြစ်တယ်ဆိုတာ မင်းသိအောင်ရှင်းပြလို့မရဘူး ။
နောက်ဆုံးပြောချင်တာကတော့ မင်းဘာမင်း ဟားဗဒ်က ရှေ့နေပဲဌားဌား ၊ မင်းလူလိမ်ဆိုရင်တော့ မင်းထောင်ကျဘူးလဲ ထောင်ထပ်ကျရမှာပဲ အားတီ ။ သူများကိုထောင်ချဘူးလဲ မင်းထောင်ထပ်ကျရမှာပဲ အားတီ ။
သူများထောင်ကျအောင်လုပ်ဘူးလဲ အခုထောင်ထပ်ကျရမှာပဲအားတီ ။
အဲတော့မှသာ ထောင်ထဲကနေ "အမ်းဆား " ကနေ လစဉ်လေးပုံမှန် ပစ္စည်းဝယ်နော် ။ တော်ကြာ ဘောနပ်စ် မရပဲနေဦးမယ် အားတီရာ ။
#ThetPaingTun
#JustReporting