Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

ပိုလန်ဘုန်းကြီး



ဒီနေ့ ညနေစောင်းလောက်က အမှတ်မထင် ငယ်ငယ်ကသိခဲ့တဲ့ ဦးလေးတစ်ယောက်နဲ့တွေ့တယ်။ကိုယ်ကလဲ အားရဝမ်းသာနဲ့ မတွေ့ရတာကြာပေါ့ ဘာညာပေါ့ဗျာ။ ဦးဇင်းဝတ်နဲ့ဆိုတော့လဲ တင်ပါ့ ဘာညာပေါ့။
ကျွန်တော်က ခေါင်းတစ်ခြမ်းကိုက်ကိုက်နေလို့ Neuro Physician နဲ့ပြနေရတာ။ အဲဒါ သူက DC ကထုတ်တဲ့ လင်ဇီးမှိုနဲ့ ကော်ဖီတစ်ထုပ် ၈၀၀ သောက်ကြည့်ပါလားတဲ့။ ပြုံး နားထောင်နေတယ်။ ဘာမှမပြောသေးဘူး သူက ဆက်ပြောတယ် ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့ Malay က အမတစ်ယောက်ဆိုရင် အဲ့ကော်ဖီနဲ့ ပျောက်သွားတယ်ပေါ့။ နောက်သူက ဟိုကအလုပ်တွေပစ်ပြီး ဒီမှာ Member ဝင်ရင်း အခုဆို တစ်လသိန်း ၇၀ လောက်ရတယ်ပေါ့ဗျာ။ အဲ့ဒါ ကျွန်တော့်ကိုလဲ သိတာဆိုတော့ ဖြစ်ထွန်းစေချင်လို့ ဒီမှာ စာအုပ်လေးဖတ်ပေါ့တဲ့။ ဦးဇင်း ကျွန်တော် အဲ့ဒီအလုပ် ဝါသနာမပါဘူးလို့ အပြတ်ငြင်းလိုက်တယ်။
ကျွန်တော့်ဘဝလမ်းကြောင်းကို ကျွန်တော်တတ်ထားတဲ့ ပညာနဲ့ပဲ ကျွန်တော်အသက်မွေးမယ်လို့ ငယ်ငယ်ကတည်းက ဆုံးဖြတ်ထားခဲ့တာ။ ဦးဇင်းကော်ဖီက တကယ်ပျောက်တယ်ဆိုရင် ဆရာဝန်တွေဆီသွားဖြန့်ထားပါလား လို့။ အင်းစိန်က ကွယ်ကဘောဆိုတဲ့ ဦးနှောက်အာရုံကြော ဆေးရုံရှိတယ်။ အဲ့ဒီမှာ ပါမောက္ခဒေါက်တာဦးစောဆိုင်းမွန်သာ ထိုင်တယ်။ သူ့ဆီသွားပြပြီး အဲ့ကော်ဖီက လင်ဇီးမှိုဟာ မျိုးပွားယူလာတာ ဘာညာသွားပြောလိုက်ပါ။ ကျွန်တော်တော့ စိတ်မဝင်စားဘူးလို့။ သောက်လဲမသောက်ဘူး ဆရာဝန်ညွှန်တဲ့ဆေးပဲ သောက်မှာ။ တကယ်သာ ခေါင်းကိုက်တာ ခေါင်းမူးတာ ဘာညာတွေပျောက်ရင် အဲ့ဆေးကို ဆရာဝန်တွေဆီ ပြန့်အောင် ကုမ္ပဏီကို ဖြန့်ခိုင်းပါလို့။
ဝါသနာလဲမပါတဲ့အတွက် Member လဲမဝင်ဘူး။ ဈေးကြီးတာထက် မယုံလို့ကို မသောက်တာ။ Neuro Physician တစ်ယောက်ညွှန်တဲ့ ဆေးထက် သူတို့ဆေးက ကောင်းနေတယ်ဆိုရင် ပြန့်အောင် ပေါက်အောင် မှတ်ပုံတင်လိုက်ပါလို့ ပြောခဲ့တာ ကိုယ်သိခဲ့တဲ့ ဦးလေးဦးဇင်းတော့ မျက်နှာကိုပျက်နေတာပဲ။
ဘာသာရေးဆိုက်အရရော၊ သူတို့ပြောတဲ့ဆိုက်အရရော ဘယ်လိုမှလိုက်လျောမှု မရှိတာမို့ပါ။
https://www.facebook.com/groups/mlmDiscussion/permalink/1808743632703800/