Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

#ကျမ ချမ်းသာချင်သူရဲ့ နောင်တ#


No automatic alt text available. 













#ကျမ ချမ်းသာချင်သူရဲ့ နောင်တ#
"____________"______________"
ချမ်းသာချင်သူ ဆိုတဲ့ ၀ါကျနဲ့
နောင်တ ဆိုတာကို သရုက်ခွဲမယ်ဆို
အကောင်းစိတ်.မကောင်းစိတ် ဆိုတဲ့ ဝေါဟာ
ရ နှစ်ခု ကွဲပြားနေတယ်..
ကျမရဲ့ MLM နဲ့ ပတ်သက်တဲ့ ကိုယ်တွေ့လေး ပြောမှာပါ။
ကျမ ချမ်းသာချင်တယ်
ဆင်းရဲလို့ပါ
တတ်ထားတဲ့ ပညာက လုပ်စား၍ မရပါ.
[မုန့်​ဟင်းခါး ရောင်းဖို့တောင် ပညာအရည်
အချင်းက လန့်စရာ သည်ကြားထဲ English
Speaking တတ်ရမယ် ဆိုတာကိုး]
အပေါင်ဆိုင်မှာ အထည်စုပ်လားကောင်းလား
စစ်ဆေးဖို့ အပါအ၀င် တောက်တိုမယ်ရအဆုံး
လုပ်ရဖို့ ဘွဲရ ပညာတတ်မှ ဆိုပါလား.
ရှိပါစေ..
ကျမ ကြိုးစားမယ်.
ချမ်းသာဖို့..ကံကောင်းချင်တော့
သူငယ်​ချင်းတယောက်နဲ့ တွေ့တယ်.
[Opp]သူငယ်​ချင်း နင့်ကိုငါ ချမ်းသာစေချင်
တယ်.အဲ့ဒါကြောင့် သတင်းကောင်း ပြောပြ
မယ်.ကျမ ထခုန်မိသလားပဲ တကယ်လားပေါ့
ပြီးတော့ မေရသေးတယ်.မိန်းကလေး သိက္ခာကျ မှာလား ဘာဘာပေါ့..
လုံးဝမဟုတ်ဘူးတဲ့.နင် ငွေ တသိန်းလောက်ပဲ
ပထမလမှာ ရင်းရမှာတဲ့..MLMထဲတခုပါ
ကျမ ပုဂ္ဂလိက ခံစားချက်ဖြစ်၍.နာမည်တော့
မပြောတော့ပါ.
ကဲ သူငယ်​ချင်း ဒါဆိုဘယ်လိုလုပ်ရမယ်
သူကပြန်ပြောပါတယ်.
နင်ငါ့ကို သူငယ်​ချင်း ဆိုပြီး မယုံနဲ့..
မနက်​ဖြန်​ခါ Meeting ရှိတယ် လိုက်​ခဲ့​လေ
တဲ့..ကျမလေ အရမ်းပျော်တယ် သိလား.
ကျမ သူငယ်​ချင်းဆိုတာလေ ကျမအကျိုးလို
လားသူကြီးပေါ့။
အင်း
ရုံးရောက်တယ်.
လူတွေ အများကြီး ဘုန်းကြီးတွေပါတယ်
မယ်​သီလရှင်​ ပါတယ်
ခေါင်းဖြူနေတဲ့ အဘွားတွေပါတယ်.
အားပါး....
စုံလို့ပါလား....ဟမ်...ဒါကြီးက
လိမ်စရာလား.လိမ်မာတဲ့လား..
ဟမ် နင့်ငွေ တသိနိးလောက်ကလေးကို
သူက ......နိုင်ငံတော် အသိအမှတ်ပြု..
နိုင်ငံတော် အသိအမှတ်ပြု ဆိုတော့ ကျမ
ယုံကြည်မူ့ က အထွဍ်အထိပ်ပေါ့.
ဟုတ်တယ်လေ.မြန်​မာနိုင်​ငံမှာက ဧည့်စရင်း
တောင် လွယ်တာမှတ်လို့..
ဟုတ်ပြီ..ကျမလုပ်မယ်ပေါ့
ကျမ ပစ္စည်းတွေရတယ်.
တသိန်းကျော်ဖိုး အမယ် ဘဏ်စာအုပ်လည်း
ရပါ့.ပစ္စည်း ကြည့်တော့ သွားတိုက်​ ဆေးဘူး
ခြောက်ထောင်..ဟဲ့ ကောင်မ နင့်သွားတိုက်
ဆေးက ဘာတုန်းပေါ့..
အမယ် နင်က ရပ်ကွက်ထဲ လေဆာနဲ့တိုက်
တော့ အသံမထွက်ဘူး.အခု နင်ချမ်းသာမယ့်
ပစ္စည်းဝယ်တာကျ အသံထွက်တယ်.
အမယ် သူက တူတာပေါ့..
တကယ်တော့လည်း ဟုတ်တယ်..
ကျမတွက်တာရော သူတို့တွက်ပြတာရော.
တနှစ် သိန်း သုံးရာဆိုပါလား..
အာပါး..နည်းတဲ့ငွေလား..ဒါကအသေးအမွှား
ငါဟဲ့......Starပေါ့..တယောက်တည်းခွန်အားပေး.တသိန်းဖို့ လက်တဖတ် မလေးခဲ့
ပါဘူး...
ကျမကြိုးစားမယ်..Fighting..
နောက်တနေ့မှာ ကျမ လူရှာတယ်လေ.
သူတို့ပြောထားတာက KFCကြက်ကြော်လို
ဆိုင်ခွဲဖွင့်ပေါ့.ဟုတ်ပြီ..ကျမလူရှာတယ်.
ကျမကို သနားတဲ့ အကြည့်နဲ့ ကြည့်ပါတယ်.
နင်ဘာလို့ လုက်ရတာလည်းပေါ့..
အဲ့လိုနဲ့ တယောက်ပြီး တယောက် အဆင်
မပြေဘူး..သူငယ်​ချင်းရေ..ကယ်ပါအုန်းပေါ့
သူက အားပေးရှာတယ်.
မျောက်တကောင်ကို ရွေနဲ့ ငှက်​​ပျောသီး ကျွေး
ရင် ဘာရွေးမလည်းတဲ့. ကျမက ငှက်ပျောသီး
ဆိုတော့.Yes..အဲ့ဒါပဲပ
လူတိုင်း ဒါကိုလုပ်ကြတာမဟုတ်ဘူး...
ငါတို့လို ညဏ်မှီတဲ့သူတွေမှ လုပ်တာ
အားမလျော့နဲ့တဲ့...
အမလေး မှန်လိုက်တာ ငါကြိုးစားမယ်ပေါ့..
ကျမကြိုးစားတာ တိုးတက်​ မလာဘူး..
တိုးတတ်တာဆိုလို့ ကျမကို ရှောင်နေတဲ့
ပတ်ဝန်းကျင်ကို ရလာတာပဲ..
ကျမရဲ့ အထက်ကတော့ နင်ပြောအားရှိအောင်တဲ့ ငါလူတစ်ယောက်
ပေးထားမယ်တဲ့.နင်ပြောလို့ ရရင်ပြန်ပေးပေါ့
သူငယ်​ချင်း က ပညာပေးတယ်
နင်မပြောနဲ့ ငါတို့Meetingခေါ်လာ..
နင်တောင် အဲ့လိုဝင်ခဲ့တာလေ..
အော်..ဟုတ်ပြီပေါ့..
စားမယ့်ပိုက်ဆံလေးချွေတာ အကုန်အကျခံ
ခေါ်သွား.ထမင်းကျွေး အမလေး မလွယ်ပါ
လား စေတနာရှိပါတယ် ကျမ မတတနိုင်လို့
ပေါ.
သံသယ ဖြစ်လာတယ်
ယုံကြည်မူ့ နည်းလာတယ်..
ပြန်ဆန်းစစ်မိတယ်..
တကယ်လားပေါ့...
ကဲ့..ငါ့လောဘလေး ဘေးဖယ်ထား
စဉ်းစားလိုက်တာ..အာပါး မုဖစ်နိုင်ပါလား
ဒါကြီးက..
ပိုဆိုးတာက MLM အလိုမရှိဆိုပြီး
ကြားရတော့ ဘုရားရေ..သူတို့ပြောတာ
ဟုတ်သလား...ဘယ်ဟုတ်မလည်း
MLMအလိုမရှိဆိုတာ သူတို့မရလို့လေ..
အဲ့လိုတွေးပြီး နေလာရင်း မနေ့က လိုင်းပေါ်
မှာ meeting video ကြည့်ုဖြစ်တယ်..
ခင်ဗျာတို့အတွက် ဖြောင်းဖြောင်း လက်ခုတ်သံ
ခင်ဗျာတို့ ချမ်းသာဖို့ မဟုတ်ဘူးလား
ဖြောင်းဖြောင်း.
အမလေး အားရှိလိုက်တာ...
ကဲ ကျုပ်ပြောမယ်
စင်ကာပူက နှစ်ပေါင်း ငါးဆယ်ပဲ ရှိသေးတယ်
ချမ်းသာတယ်
အမေရိကန် နှစ်ပေါင် နှစ်ရာရှိပြီ ချမ်းသာတယ်
ကဲ ကျုပ်တို့မြန်မာပြည် နှစ်ပေါင်း
နှစ်ထောင်ကျော်ပြီး ဘာလို့မချမိးသာလည်း
သိလား..
အောက်က ပရိသတ်​ ကက ဖြောင်းဖြောင်း
ကျမစဉ်းစားမိသွားတယ်..အမလေး
သူလိမ်နေပြီ.
အဲ့နိုင်ငံတွေချမ်းသာလာတာ MlMလုပ်လို့
ချမ်းသာတာမဟုတ်တာပဲ..ခ်ခ်
ခပ်တည်တည်နဲ့
အမယ် သူမှင်လေးကတော့ ကောင်းသားးရှင့်
အဲ့တိုးတတ်နေတဲ့ နိုင်ငံက တချိန်တုန်းက
လီကွမိယုဆိုရင် အရမ်းအားကျတာ.
ကျုပ်တို့နိုင်ငံချမ်းသာတယ်ဗျ..
ဘာဘာ..ဟဲ့ပလုပ်တုတိ
အံ့တုန်းက ဗိုလ်ချူပ်အောင်ဆန်းများ
MLMလုပ်ပြီး တိုင်းပြည် တိုးတတ်အောင်
လုပ်သလားပေါ့..ပြီးတော့ ပိုပြီးထူုခြားတာက
ဘယ်လက်စွဲစာအုပ်မှာမှမပါတဲ့ ဘယ်သူမှ
မသိသေးတဲ့ အချတိတခု တိုးလာတပဲ.
ဝယ်ပြီးသား ပစ္စည်းကို တလအတွင်း ၃ချိုး
၁ချိုးသုံးစေတော့ မကြိုက်ရင်ပြန်ပေး ရတယ်
ဆိုပဲ..
အော် ကျမလေ အရမ်းရီချင်တာပဲ
ဆင်းကဒ်တွေကို ဈေး တဆင့်ခြင်း ချသလိုလေ.ဟိုကအော်လိုက် ချလိုက်.ဟို အော်ပရေတာပေါ်လာလိုက် ချလိုက်ပေါ့.
ကဲ ပြီးပါပြီ
တော်ပါပြီ...
ကျမအရမ်းပျော်တယ်..
ဆုံးရုံးသွားတာတွေအတွက်
ကြိုမသိရင် ဒါထက်ဆိုးမှာ.မဟုတ်ပါလား.
မ၀င်ဖြစ်ခဲ့တဲ့ သူငယ်ချင်တွေလည်း
ကျမကျေးဇူးတင်တယ်..
ကျမကြောင့် သူတို့ မမှာခဲ့ကြလို့....
အားလုံးဆင်ခြင်နိုင်ကြပါစေ.
@Thu®®