Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

ပိုက်ဆံ သာအမိ၊ပိုက်ဆံသာအဖလား ?


ပိုက်ဆံ သာအမိ၊ပိုက်ဆံသာအဖလား ?
ကျွန်တော်တို့ရှင်သန်နေထိုင်ကြတဲ့ လူ့လောကကြီးမှာ စားဝတ်နေရေး
အပြင်လူတွေဟာ ကျန်းမာခြင်း၊ချမ်းသာခြင်းကိုလည်း အလိုရှိကြပါတယ်။
အဲလိုလူသားတွေထဲကမှ အချို့သောလူတွေဟာ သမာအာဇီဝနဲ့လုပ်ကြသလို
အချို့ကလည်းအလွယ်လမ်းကိုလိုက်ကြပါတယ်၊ ဒီလိုလောကကြီးထဲမှာ
လောင်းကစားသမားတွေ၊ဒုစရိုက်သမားတွေ၊မှောင်ခိုသမားတွေ၊လူလိမ်
တွေရှိကြပါတယ်။ သူတို့အားလုံးရဲ့တူညီတဲ့အချက်တစ်ချက်ကတော့
ပိုက်ဆံ ပါပဲ၊ သူတို့ဟာ ပိုက်ဆံကလွဲပြီးဘာမှမမြင်ကြပါဘူး၊ပိုက်ဆံအတွက်
တရားမျှတမှုရှိခြင်း၊သမာအာဇီဝရှိခြင်း၊ကိုယ်ချင်းစာခြင်း၊အစရှိတဲ့အရာတွေကို
တောင်ဂရုမစိုက်တတ်ကြပါဘူး။ ရာစုသစ်တွေအခါခါပြောင်းပြီးနောက်ပိုင်း
၂၁ ရာစုလိုခေတ်မျိုးရောက်လာတဲ့အထိ မကောင်းတဲ့လူတွေဟာလည်း
လူကောင်းတွေနဲ့အတူတူဒီကမ္ဘာမှာနေထိုင်ရှင်သန်ကြပါတယ်။ ပွင့်လင်းလာတဲ့ခေတ်သစ်နဲ့အတူတူစီးပွါးရေးပုံစံသစ်တွေလည်းပေါ်ထွက်လာပါတယ်၊စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊သူဌေးအသစ်တွေပေါ်ထွက်လာချိန်နဲ့တစ်ပြိုင်နက် အောင်မြင်ကျော်ကြားမှုနဲ့ချမ်းသာခြင်းဟာလူတိုင်းရဲ့အိမ်မက်တွေဖြစ်လာတော့ပါတယ်။
အဲဒီလိုအိမ်မက်မက်ကြတဲ့လူတိုင်းရဲ့တူညီချက်ပေါ်မှာမှ Multi Level Marketing စနစ်၊ Direct Marketing စနစ်ကြီးဟာ အိမ်မက်တွေနဲ့ရှင်သန်နိုးထနေကြတဲ့လူသားတွေအပေါ်မှာအမြတ်ထုတ်ဖို့ကြံစည်ပါတော့တယ်။
ဒီစနစ်ကြီးကိုခေတ်မှီတဲ့စနစ်ကြီးလို့ ခုချိန်ထိငြင်းနေကြပေမယ့် ဒီစနစ်ကြီးပေါ်ထွက်လာတာရာစုနှစ်လောက်ကြာခဲ့ပါပြီ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဆင်းရဲခြင်းဟာလည်းလောကဓံတရားဖြစ်သလို၊ချမ်းသာခြင်းဟာလည်းလောကဓံတရားတစ်ခုပဲဖြစ်ပါတယ်၊ဒါကြောင့်ဆင်းရဲလို့သိမ်ငယ်စရာမလိုသလို၊ချမ်းသာလို့မော်ကြွားစရာလဲမလိုအပ်ပါဘူး။ဗုဒ္ဓဘုရားဟာရောင့်ရဲတမ်းတိမ်ခြင်းကိုဆုံးမခဲ့ပါတယ်၊ဒါပေမယ့်ဆင်းဆင်းရဲရဲနေပါလို့မဆိုလိုပါဘူး၊ဘုရားရှင်ဟာဖြစ်ရာအတိတ်ဘဝတိုင်းမှာ လုံ့လ၊ဥာဏ်၊ဝီရိယကိုအပြည့်အသုံးချခဲ့ပါတယ်၊ချမ်းသာသူဖြစ်အောင်စီးပွါးရှာခဲ့ပါတယ်၊အဲလိုချမ်းသာမှု၊ပစ္စည်းဥစ္စာတွေအားလုံးကိုသာ တပ်မက်ခြင်းမရှိပဲစွန့်ခွါခဲ့တာပါ၊ဆင်းဆင်းရဲရဲမနေခဲ့ပါဘူး။ရောင့်ရဲခြင်းဆိုတာကတော့
မတော်လောဘတွေမတပ်တော့မျိုးလို့ယူဆပါတယ်၊ဘုရားရှင်ဟာ လောကီအကျိုးအတွက်လည်းဆုံးမခဲ့ပါတယ်၊ စီးပွါးရှာတဲ့လူကလည်းမသေလူလိုရှာရမှာဖြစ်သလိုတရားအားထုတ်မယ့်သူကလည်းသေလူလိုအားထုတ်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့လုပ်ခဲ့တဲ့ မတော်လောဘတွေအတွက်စံစားရမှာဒီဘဝတစ်ခုတည်းပါ၊ပြန်ခံရမယ့်နောက်ဘဝတွေအတွက်လဲစဉ်းစားရမှာပါ၊ စကားပြန်ဆက်ရရင်
ဒီလို MLM, NM လုပ်ငန်းတွေမှာ မန်ဘာဝင်၊လူရှာ၊Camp တွေလိုက်တက်လုပ်ရင်းနဲ့ချမ်းသာဖို့ကြိုးစားနေကြသူတွေအများကြီးပါ။ သူတို့အနေနဲ့ရှေ့များစွာကမကြာခဏပြောခဲ့ကြတဲ့ #Anti တွေရဲ့ထောက်ပြချက်တွေကိုလက်ခံနိုင်ကြမှာမဟုတ်ပါဘူး၊ဘာကြောင့်လဲဆိုတော့ ကနဦးပြောခဲ့သလို သူတို့အတွက် ပိုက်ဆံ၊ ပိုက်ဆံ ဆိုတာတစ်ခုပဲတွေးကြ၊လုပ်ကြတော့လို့ပါပဲ၊ ပိုက်ဆံဟာလူတိုင်းအတွက်အရေးကြီးပါတယ်၊ ရှိရှိသမျှလုပ်သားတွေအားလုံးကို နိုင်ငံတော်ကနေလစာတိုးဖို့စီစဉ်ပေးလိုက်ပြီးကုန်ဈေးနှုန်းတွေထိန်းသိမ်းလိုက်ပြီဆိုပါစို့၊ ပထမဦးဆုံးဖြစ်လာမှာကတော့ သက်ဆိုင်ရာလုပ်ငန်းတွေအသီးသီးတိုးတက်လာကြမှာပါ။ဒါဟာအချိုးမျှတယ်လို့ပြောလို့ရပါတယ်၊စီးပွါးရေးပြေလည်လာမယ်ဆိုရင်လူတွေShopping ထွက်မယ်၊ခရီးသွားမယ်၊အလှူလုပ်ကြမယ်စသဖြင့်ပေါ့လေ၊ဥပမာအားဖြင့်တိုးတက်ပြီးနိုင်ငံကြီးများမှာလူတိုင်းလူတန်းစားမျှပါတယ်၊ဆင်းရဲသားလည်း iPhone ကိုင်၊ကိုယ်ပိုင်ကားပိုင်လောက်နေနိုင်ပါတယ်၊ သူဌေးတွေက Bentley စီးရင်၊ဆင်းရဲသားကတော့ Dodge လောက်စီးတာမျိုးပေါ့။ ဒါဟာစီးပွါးရေးတိုးတက်မှု၊နိုင်ငံရေးတည်ငြိမ်မှု၊စတာတွေလည်းပါတာပေါ့နော်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံခြားပို့ကုန်တွေကနေ ဒေါ်လာရမှအဆင်ပြေနိုင်မှာပါ။
စိုက်ပျိုးရေးအဓိကထားတဲ့နိုင်ငံဖြစ်ပြီးနိုင်ငံခြားပို့ကုန်များများပို့နိုင်လေ၊ဒေါ်လာဈေးကျနိုင်ချေရှိပါတယ်။ နိုင်ငံရေးအခြေအနေကြောင့်၊စီးပွါးရေးမူဝါဒအပြောင်းအလည်းကြောင့်ဒေါ်လာဈေးတက်နေချိန်မှာ လူအများစုဟာ ကျပ်ငွေထက်ဒေါ်လာကိုင်ထားပါတော့တယ်။အကျိုးဆက်အနေနဲ့ဈေးမတရားတက်ပါပြီ။ ဒါကအဲလောက်မဟုတ်သေးပါဘူး။ MLM, NM Company တွေကနေပြီး ပြည်သူတွေကိုခေါင်းပုံဖြတ်၊အမြတ်ထုတ်သွားတဲ့ဒေါ်လာပေါင်းများစွာဟာနိုင်ငံခြားသားရဲ့အိတ်ကပ်ထဲကိုခုန်ကူးသွားပါပြီ။ပြည်သူအချို့ကတော့ ချမ်းသာနိုး၊ချမ်းသာနိုးနဲ့အချင်းချင်းဂုပ်သွေးစုပ်ရင်းကြိုးစားနေကြဆဲပါ။
MLM, NM သမားတွေဟာ သူလျှိုလုပ်သင့်ပါတယ်၊ဒါမှမဟုတ်သူတို့ကိုလွှဲချလို့ရမယ့်အလုပ်တွေခိုင်းသင့်ပါတယ်၊ဘာကြောင့်လဲဆိုတော့ MLM စနစ်ဆိုးကြီးကြောင့် ခင်ဗျားတို့ပိုက်ဆံတွေဆုံးရှုံးတာပါ၊နစ်နာတာပါလို့အထပ်ထပ်ပြောပြ၊ရှင်းပြနေတာတောင် သူတို့က သူတို့ပင်ကိုယ်ကညံ့လို့၊သူတို့သေချာမလုပ်လို့၊သူတို့ဆက်မလိုက်နိုင်လို့ ရှုံးရတာပါလို့ MLM, NM Company တွေဘက်ကို ကာကွယ်ပြောဆိုလေ့ရှိပါတယ်၊ဘာကြောင့်လဲဆိုတာထက် MLM, NM Comapny တွေဘယ်လိုများ Brainwash လုပ်ခဲ့ကြလဲဆိုတာကိုသိချင်တာပါ။
စီးပွါးရေးသဘောတရားအရဘယ်လုပ်ငန်းမှအကြာကြီးမရှင်သန်ပါဘူး၊တိုးတက်လာသောနည်းပညာနဲ့အတူခေတ်ကြီးကိုအမှီလိုက်နိုင်ပါမှစီးပွါးရေးလုပ်ငန်းတွေဟာရှင်သန်နေမှာပါ၊ Plastic ထိုင်ခုံတွေကြောင့် ကြိမ်ခုံတွေရောင်းအားကျသွားတာမျိုးဟာပြောင်းလဲမှုပါ၊ကြိမ်ခုံဆက်လုပ်မလား၊ Plastic ထိုင်ခုံဘက်ပြောင်းမလားဆိုတာကတော့စီးပွါးရေးသမားတွေကဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်စာ၊ဖြည့်စွက်စာ၊ဆေးဝါး၊အိမ်သုံးပစ္စည်းတွေစတာတွေကိုတရားဝင်၊တရားမဝင်တင်သွင်း၊အကောင်းဆုံးအမှတ်တံဆိပ်ထက်ဈေးပိုတင်၊ဈေးကွက်မဖြန့်ပဲ Member အချင်းချင်းရောင်း၊ Member တွေတိုးပွါးအောင်လုပ်ခိုင်းရင်းနဲ့ကုန်ပစ္စည်းတစ်ခုကိုလည်ပါတ်နေတာဟာ ရာသက်ပန်ခိုင်မြဲမယ့်အလုပ်တော့မဟုတ်ပါဘူး၊ ဝင်္ကပါတောင်ထွက်ပေါက်ရှိပါတယ်၊စက်ဝိုင်းပုံမမှန်ပဲစက်ရုံကထုတ်၊ MLM စနစ်နဲ့ Member တွေကဝယ်၊ Member တွေက အပြင်အားကိုမတိုးနိုင်ရင် ပစ္စည်းတွေပုံလာမယ်၊ Member တွေမှာဝန်ပိလာပါမယ်၊ MLM, NM Company မဟုတ်တဲ့ သာမန် Company တစ်ခုကတောင် ထုတ်ကုန်ကိုလိုတာထက်ပိုမိုထုတ်လုပ်လိုက်ရင်တောင် Company ဒုက္ခရောက်ပါပြီ၊နောက်ဆုံး Budge လုပ်ဖို့ ဝန်ထမ်းလျှော့ချပစ်ရတာမျိုးတွေထိကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြီးတွေမှာကြုံရတတ်ပါတယ်။ မှန်ကန်စွာလည်ပါတ်စီးဆင်းမှုမရှိပဲ၊ Member အချင်းချင်းချမ်းသာအောင်လုပ်ပေးတယ်ဆိုတာလက်တွေ့မဖြစ်နိုင်ပါဘူး၊
ဥပမာ အစိုးရကပြည်သူတွေအားလုံးချမ်းသာအောင် သန်း၅၀သောပြည်သူတွေကို တစ်ယောက်သိန်းတစ်ထောင်ပေးဖို့ငွေစက္ကူတွေဖောဖောသီသီထုတ်ပေးလိုက်ပြီဆိုပါစို့၊ကျွန်တော်တို့တစ်ယောက်သိန်း ၁ ထောင် ရနေရင်တောင်မချမ်းသာနိုင်တော့ပါဘူး၊ဘာကြောင့်လဲဆိုတော့ ငွေကြေးဖောင်းပွမှုပြသနာအကြီးအကျယ်တက်ပါပြီ။အစိုးရကဝင်ငွေတစ်ရပ်မရှိပဲ စက္ကူတွေပေါလို့ ပိုက်ဆံတွေပုံနှိပ်ထုတ်ရင်တောင် ဒါမှာဖြေရှင်းနည်းအစစ်တော့မဟုတ်သေးပါဘူးဗျာ။ ဒီတော့ MLM, NM Company တွေအနေနဲ့ Member တွေကိုပစ္စည်းရောင်း၊အထက်အဆင့်ဆင့်အမြတ်နဲနဲပြန်ခွဲပေးပြီးရသမျှသိမ်းကြုံးယူ၊နဲနဲပါးပါးအလှူပေးလိုက်တယ်ဆိုရင်ပဲ MLM သမားတွေအတွက်တော့စံနမူနာပုဂ္ဂိုလ်ကြီးဖြစ်ပါလေရောဗျာ။
ဆိုးကျိုးကို MLM Member အောက်ဆုံးအဆင့်ဆင့်ပဲခံရမှာပါ။လူတွေများလို့ခိုင်မာတယ်၊တစ်သက်စားမကုန်ဘူးဆိုတာကမဖြစ်နိုင်ပါဘူး၊ Member အဆင့်ဆင့်ရဲ့ပိုက်ဆံတွေက လူရှိတုန်းခဏပါ၊အောက်ခြေ Member တွေမရှိတဲ့နေ့ Upline ဆိုတာပြိုကျမှာဖြစ်သလို၊အခြားလိုင်းပြောင်းဖို့အချိန်တန်သွားမှာပဲဖြစ်ပါတယ်၊နောက်ဆုံးတော့ရရစားစားဘဝနဲ့ဇာတ်သိမ်းသွားနိုင်ပါတယ်။လောင်းကစားသမားတွေ၊ဒုစရိုက်သမားတွေ၊မှောင်ခိုတွေ၊လူလိမ်တွေ ချမ်းသာကြတာအများကြီးပါ၊အဖမ်းခံရလို့မွဲသွားလိုက်၊ပြန်ရှာလိုက်နဲ့ နောက်ဆုံးဘာအစွမ်းအစမှမရှိတော့ချိန်မှာဒုံရင်းကဒုံရင်းဘဝရောက်သွားတတ်ကြပါတယ်ဗျာ။ ကံဆိုတာမမြင်နိုင်ပါဘူး၊ဘယ်သူမှတစ်သက်လုံးချမ်းသာမယ်လို့ကံတရားနဲ့စာချုပ်ချုပ်မထားပါဘူး၊ဘယ်သူကမှမသေတော့ဘူးလို့သေမင်းနဲ့စာချုပ်ချုပ်မထားပါဘူး။ဒီအတောအတွင်း လူတွေအပေါ်ခေါင်းပုံဖြတ်၊အမြတ်ထုတ်ပြီး ငါချမ်းသာဖို့၊ငါချမ်းသာဖို့ဆိုပြီး ငွေမျက်နှာကြည့်နေကြတာဟာ တိုင်းပြည်အတွက်ခဏထားပါ၊မိမိကိုယ်တိုင်အတွက်ပါ ဘဝရေးရော၊သံသရာရေးပါမကောင်းနိုင်ပါဘူး။
များစွာသောလူငယ်လေးတွေဟာ MLM, NM Company တွေမှာ မိမိတို့ဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းဆိုပြီး ပါဝင်လုပ်ကိုင်နေကြပါတယ်၊ ဒါပေမယ့်ခဏတာမှိုင်းမိတာကိစ္စမရှိပေမယ့် သူတို့ရဲ့တစ်ဘဝလုံးဒီအလုပ်မှဒီအလုပ်ပဲဖြစ်သွားပြီဆိုရင်တော့တိုင်းပြည်အတွက်လဲနစ်နာသလို၊သူတို့အနာဂတ်အတွက်လဲနစ်နာပါတယ်၊ငယ်ရွယ်ချိန်မှာသင်ရမယ့်ပညာရေးဟာအရမ်းအရေးကြီးပါတယ်၊နောက်တစ်ချက်ကတော့ ပညာသင်ရတာဟာ ကျွန်တော်တို့၊ခင်ဗျားတို့ ချမ်းသာဖို့သင်ပေးတာမဟုတ်ပါဘူး၊ ထပ်ပြောပါရစေ၊ ပညာသင်တာဟာချမ်းသာဖို့အတွက်သင်ပေးလိုက်တာမဟုတ်ပါဘူး။ ချမ်းသာခြင်းကသာလောကရဲ့စစ်မှန်တဲ့တရားဆိုရင် ဗုဒ္ဓဘုရားဟာ နန်းတော်တွေ၊ရွှေငွေတွေ၊အခြွေအရံတွေကို၊ ဘုရင်ရာထူးတွေကိုတောင်စွန့်ခွါခဲ့မှာမဟုတ်ပါဘူး။ ဒါကြောင့် ပညာသင်ကြားရတာဟာ ငွေကြေးချမ်းသာဖို့အတွက်တစ်ခုတည်းသင်ပေးလိုက်တာမဟုတ်ပါဘူး၊ MLM, NM သမားအများစုကလည်း ကျောင်းပညာတွေကပိုက်ဆံချမ်းသာဖို့မသင်ဘူး၊ဒီ MLM, NM Company တွေကချမ်းသာဖို့သင်ပေးတယ်ဆိုပြီး Brainwash လုပ်တော့ ချမ်းသာချင်ကြတဲ့လူအများစုဟာ မိမိရဲ့ပညာရေးကိုထားပြီး MLM, NM တွေဆီရောက်ကုန်ပါတော့တယ်။ဒီတော့ ကျောင်းပညာ၊တက္ကသိုလ်ပညာတွေဟာ ချမ်းသာဖို့သင်တာမဟုတ်ဘူး၊ MLM, NM Company တွေကပေးတဲ့ပညာတွေကသာချမ်းသာဖို့ဆိုတော့ ဘယ်သူတွေကပညာတတ်တွေလဲ၊ဘယ်ပညာကတကယ်လိုအပ်လဲမိမိဦးဏှောက်ဖြင့်သာစဉ်းစားတော်မူကြပါ။ အဓိကကတော့လမ်းမှားမလိုက်ဖို့လိုအပ်ပါတယ်၊ အချို့သောလူတွေကတော့ ပိုက်ဆံရှိတဲ့ကောင်လေး၊ကောင်မလေးတွေနဲ့လက်တွဲချင်တယ်၊လက်ထပ်ချင်ကြပါတယ်၊ဘာလို့လဲဆိုတော့ချမ်းသာချင်ကြလို့၊သူဌေးလိုနေချင်ကြလို့ပါ။
ဒီအတွက် မိမိဘဝကိုအဆုံးမခံပါနဲ့၊ ယောက်ျားလေးတစ်ယောက်၊လူပျိုတစ်ယောက်အနေနဲ့ ရိုးသားစွာဝန်ခံပါရစေ၊ချောတဲ့လှတဲ့ကောင်မလေးတွေကိုတွဲချင်ပါတယ်၊ကားလေးတစ်စီး၊iPhone လေးတစ်လုံးလောက်ဆိုရင် ရတာများပါတယ်၊ဒါပေမယ့်အပျော်သဘောဆိုတာထက်မပိုပါဘူး။ဘာကြောင့်လဲဆိုတော့ ပကာသနတွေကြောင့်ဖြစ်လာတယ်ဆိုတာသိနေသလို၊ဒီပကာသနတွေနဲ့နောက်ထပ်အသစ်တွေထပ်ရနိုင်တာကိုလဲသိနေလို့ဖြစ်ပါတယ်။ဒါကြောင့် သူများမိဘအရည်ချင်းနဲ့ချမ်းသာမှုကိုမမက်မောပါနဲ့၊သူများအရည်အချင်းနဲ့ချမ်းသာမှုကိုမမက်မောပါနဲ့။ နောက်တစ်ချက်ကတော့ သူဌေးတွေလိုလိုက်မလုပ်ပါနဲ့၊ မိမိလက်အောက်ကလူတွေအထင်ကြီးအောင်၊ပါတ်ဝန်းကျင်ကအထင်ကြီးတောင် ဝတ်ပြ၊စားပြ၊သုံးပြ၊ဖြုန်းပြနဲ့နောက်ဆုံး ဇာတ်မြောကြီးနဲ့အချိန်တွေကုန်သွားနိုင်ပါတယ်။
MLM, NM Member တွေကိုတော့မပြောလိုတော့ပါဘူး၊ MLM, NM Company တွေကလာဆွယ်နေရင်၊အဆွယ်ခံနေရရင်၊ MLM, NM Company တွေမှာ Member ဝင်လုပ်ဖို့ဆုံးဖြတ်ထားတယ်၊စဉ်းစားထားတယ်ဆိုရင် သေချာစဉ်းစားပါ၊ နောက်တစ်ချက်ပြောပြပါအုံးမယ်၊လျှို့ဝှက်ချက်တော့မဟုတ်ပါဘူး။
တကယ်ချမ်းသာသူတွေ၊တကယ့်သူဌေးတွေက အပိုဝင်ငွေ လေးတွေမလိုအပ်ပါဘူးလို့ ;အပိုဝင်ငွေဆိုတာ ဘဝတိုးတက်ကြီးပွါးဖို့မလုံလောက်ပါဘူး။ MLM, NM Company တွေဟာ တကယ့်ချမ်းသာအောင်လုပ်ပေးမယ့်နေရာစစ်စစ်မဟုတ်ပါဘူး၊လူအနည်းစုပဲကောင်းစားမှာဖြစ်သလို၊သင်ကိုယ်တိုင်လူအနည်းစုထဲပါပြီးပိုက်ဆံတွေရနိုင်ပေမယ့် ဆုံးရှုံးနေမယ့်လူတွေအများကြီးရှိနေလို့ပါ။တိုးတက်ဆဲနိုင်ငံတော်ဖြစ်လို့ တကယ့်စီးပွါးရေးအခွင့်အလမ်းတွေ၊စစ်မှန်တဲ့စွန့်ဦးတီထွင်သူဖြစ်ဖို့နည်းလမ်းတွေ၊ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အရေးတွေဟာရောက်ရှိလာမှာဖြစ်ပါတယ်၊ MLM, NM Company တွေဟာစွန့်ဦးတီထွင်လုပ်ငန်းတွေမဟုတ်ပါဘူး။မိမိပညာကိုသင်ယူရင်း၊မိမိအလုပ်အကိုင်မှာကြိုးစားရင်း အခွင့်အလမ်းကောင်းကိုကြိုးစားနိုင်ပါတယ်၊ (MLM, NM Company တွေပြောပြောနေတဲ့အခွင့်အလမ်းကိုမဆိုလိုပါ)။ နိဂုံးပြောချင်တာကတော့ ရေကူးတတ်ဖို့စာအုပ်ဖတ်နေရုံနဲ့မရပါဘူး၊ စီးပွါးသမားအများအပြားကတော့ အောင်မြင်ရေးသင်တန်းတွေမတက်လိုက်ရတာများပါတယ်လို့ပြောရင်းနိဂုံးချုပ်ပါတယ်။
PS: ကျွန်တော်အားတဲ့အချိန်လေးတွေမှာ ရေးသားပါအုံးမယ်။
Thanks for Reading,
#Bryan
Feb 1, 2017