Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

ကျနော်ဥာဏ်ကောင်းတဲ့လူတယောက်တော့မဟုတ်ဖူးဗျ...


No automatic alt text available.ကျနော်ဥာဏ်ကောင်းတဲ့လူတယောက်တော့မဟုတ်ဖူးဗျ...
အလုပ်လုပ်ရင်ကိုယ့်လုပ်အားခရတယ်ဆိုတာတော့သိတယ်..
ဒါပေမဲ့သူတို့စီအလုပ်လုပ်မယ်ပြောတာနဲ့ကိုယ်ကစပြီးပိုက်ဆံပေးရတာတော့မဟုတ်သေးဘူးထင်တယ်..
ကိုယ်ကစပြီးဆယ်သိန်းပေး..အဲ့ဆယ်သိန်းကိုအပေါ်အထပ်ထပ်ကအရစ်ကျဝေပုံမျှဝိုက်..ကိုယ်ကအဲ့ဆယ်သိန်းဖိုးအရူးချီးပန်ပေါပေါကြီးဂြိုလ်သားဆေးနှစ်ပဲတပြားဖို့းရတယ်..
ပိုက်လိုချင်ရင်အဲ့ဒီအရူးချေးပန်းဆေးတွေရောင်း...ပြီးတော့ကိုယ်အဆော်ခံလိုက်ရသလိုမျိုး..ကိုယ်ကပြန်ဆေိာ်းမယ့်လူနှစ်ယောက်ရှာ.ဂျင်းပြန်ထည့်စမာကျ..ဟုတ်မှမဟုတ်တာဗျ...
သူတို့ဟာကရိုင်းရိုင်းပြောရင်ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြန်ပြီးကျွန်ခံနေရတာပဲ..
ဇာတ်လမ်းအစကဒီလိုဗျို့ကောင်လေးတြောက်ကကျနော့်ကိုချက်ဘောက်ကနေလာပြောတာ..ကိုပေါက် network marketing သိလားတဲ့.. ငပေါက်ကလဲ networking ကွန်ပျူတာတွေချိတ်တာဆက်တာနဲ့နားရှန်းသွားပြီးသိဘူးလို့..
နောက်မှအဲ့ကောင်လေးကဆက်ပြောတာသူ့တို့အိမ်ကိုသူ့အမေအသိဘွားတော်တယောက်ကရွှေတွဲလောင်းငွေတွဲလောင်းနဲ့..လာပြီး MLM တွေဇွတ်တရားဟောတယ်ပေါ့..ဘယ်နလ ကြာရင်ဘာကားကြီးစီးရပြီ.. စပါယ်ရှယ်အမှတ်ဘယ်လောက်ရပြီးဒိုင်းမွန်းပလက်တီနမ်ဘာညာ..မန်လဘာကြီးဖြစ်ရင်ပြိုင်ကားကြီးစီးနိုင်မှာ..စောင်သူဌေးဆိုတဲ့လူကြီးတွေက.ဘယ်နိုင်ငံခြားကိုဘယ်လိုပို့မှာဆိုတဲ့အကြောင်း...ရွှန်းရွှန်းဝေ..လျှမ်းလျှမ်းဖောက်အောင်လာပြောတယ်တဲ့.. လိမ်နေမှန်းကျနော်သိတယ်ဒါပေမဲ့ချက်ကျကျဘာပြန်ပြောရမှန်းမသိဘူးတဲ့အာ့ကြောင့်ကျနော့်ကိုမေးတာတဲ့..
ရိုးတဲ့..သူ့အမေကတော့သူ့ကိုလုပ်ခိုင်းတယ်ဆိုပဲ..
အာ့နဲ့ကျနော်အပေါ်ကဟာတွေပြောပြနေရတာ..ကိုယ့်ပိုက်ဆံနဲ့ကိုယ်အလုပ်သမားလုပ်ရမယ်.ဆေးလဲရောင်းပေးရမယ်.ထပ်ပြီးတော့လဲကိုယ့်လိုအချဉ်တွေရှာပေးရဦးမယ်..တယောက်တိုးတိုင်း
ကိုယ်ရတာပဲမြငိနေကိုယ့်အထက်ကလူက..အလကားနေရင်းကိုယ်ရတာထက်နှစ်ဆရနေပြီလို့..ပြန်ပြောလိုက်လို့...ပြိးအဲ့ဆယ်သိန်းဖိုးလာဘာလားဝယ်ထားရတာကလဲတစ်လနဲ့မပြီးဘူးလတိုင်းယူရတာ..ကန်တော့ပါရဲ့ကျတော်သူငယ်ချင်းတယောက်ရေးထားသလိုဆို ဘာလုပ်ဘာခံလုပ်ငန်းဆိုပဲ..ဟုတ်တယ်လေကိုယ်ကအုပ်ခံရတယ်ပိုက်ဆံလဲပေးရတယ် ကိုယ်ကပြန်ဆော်ရမယ့်ကိုယ့်လူအချဉ်နှစ်ကောင်ပြန်ရှာရတယ် ကိုယ့်အထက်ကကေင်ကအဲ့သုံးယောက်လုံးကိုဆော်မယ်..မိုက်ရိုင်းပေမဲ့ အမှန်တရားဖြစ်နေတာကိုး..
အဲ့လိုအထက်ပိုင်းကအပြောအဟောအစည်းအရုံးကောင်းတဲ့အမာခံမန်ဘာတွေကျလခကောင်းကောင်းပေးပြိးအသေခန့်ထားပြီးသား..ရွှေနဲ့ငွေနဲ့ဝတ်ကောင်းစားလှနဲ့ကားနဲ့ အသေဆင်ပေးထားပြီးသား..သူတို့အလုပ်ကလိုက်စည်းရုံးဖို့အမာခံပဲဒါပဲ..လို့ပြောလိုက်တယ်..
ကျနော်လဲခဏခဏကြုံဖူးတယ် သူငယ်ချင်းရာတဲ့မင်းကဆရာဝန်ဆိုတော့ငါတို့အဖွဲ့ထဲဝင်ပါ့လား..တဲ့. ငါတို့ဆေးရောင်းရင်ဆရာဝန်ကညွှန်တာဆိုတော့ပိုရောင်းကောင်းတာပေါ့တဲ့..ဘာမန်ဘာကြေးမှမပေးနဲ့တဲ့ဝင်ပဲဝင်ထားမြတ်သမျှပေးမယ်တဲ့. ကျနော်ကလဲ သူငယ်ချင်းလို့.ငါလူနာပဲကုတယ်လို့ ငါဆေးမရောင်းချင်ပါဘူးလို့.chemical compound name generic name ဘာညာပါတယ်ကိုယ်လေ့လာထားတဲ့ဆေးဆိုလူနာလိုရင်ပေးဦးမယ် အခုဟာကဘာမှန်းမသိတဲ့ဓာတ်ဆာလိုလို..ဘာလိုလိုဆေးတွေတော့ငါမရောင်းနိုင်ဘူးကွာလို့..ကျင့်ဝတ်နဲ့မညီပါဘူးလို့..ပြောလွှတ်လိုက်ရတယ်.အဲ့အသိက.နောက်ထပ်သူငယ်ချင်းဆရာဝန်မလေးတယောက်ကိုလဲသွားစည်းရုံးတာ..ဟ်ုကအဲ့လိုပဲပြောလွှတ်လိုက်တယ် မင်းတို့ဆရာဝန်တွေကကြီးကိုကျယ်တယ်တဲ့..သူတင်းသွားပြီးကျုပ်တို့နှစ်ယောက်ကိုကိုမခေါ်နိုင်မပြောနိုင်ဖြစ်လိုက်သေးတယ်။ တချို့ဆရာဝန်တွေလဲအဲ့ဟာတွေကိုချိန်းခြောက်ချော့ငေါက်ပြီး..လူနာတွေကိုရိုက်ပုတ်လှည့်သွင်းပြီးရောင်းစားနေတာတွေ့နေရတာလဲ စိတ်မကောင်းဘူး..။
ရောင်းတဲ့ဆေးတွေလဲကြည့်ဦး..သဘာဝထုတ်တဲ့ဘာညာကွိကသွေးသန့်ဆေးတော်ကြီး..အူသန့်ဆေးတော်ကြိးဘာညာလင်ဇီးရှောက်ပေါင်းမှိုစပါယ်ရှယ်အမေရိကားကစောင်တရုတ်ဆေးတော်ကြီးဓာတ်ဆာတွေတဲ့.ဘာ chemical မှမပါဘူးသဘာဝတဲ့.နင်မေလ့ခွမ်းလား chemical မပါပဲနငိ့အပင်တွေကနေသူ့ဖာသာသူစောင်ဆေးပြားဆေးလုံးလေးတွေဖြစ်လာသလားဟဲ့လို့ငေါက်လိုက်တော့အမြီှးကုတ်ပြေးတယ်
.လာရောင်းတဲ့လူကလဲပြောပြပါလိမ့်မယ်.. သူ့ရဲ မဇ္ဇုသက္ကနတ်ပန်းဆေးတော်ကြီးတွေမသောက်ရင်ပဲ ၉၆ပါးရောဂါဝင်.ပိန်ခြုံးချိနဲ့မဲကျုတ်လိန်ပိန်ပြီး..အလကားနေသေရတော့မလို..
သူ့ဆေးသောက်ရင်ပဲ ၆၁နှစ်အဘွားကြီးက ၁၆နှစ်မလိုဖလန်းလန်းထပြီးလန်းဆန်းကြွ လာတော့မယ်အတိုင်း..ပြောပြရောင်းပြပါလိမ့်မယ်..
ရှိသေးတယ်ကျနော့်ဆရာတယောက်ကြုံတာနယ်မှာသူအလည်သွားတဲ့အိမ်ကိုအဲ့လိုကောင်တကောင်ရောက်လာပြိီးဆေးရောင်းတယ် ရိုးသားတဲ့တောသုတောင်သားတွေခင်ဗျာသူ့စကားရေယဉ်ကြောမှာ ဖော်လို မြောပြီးမြို့က ultrasound ရိုက်ထားတဲ့အဖြေပါသွားပြမိတယ်..အဖြေက NAD နော် ဘာပြဿနာမှမရှိဖူး အဲ့တာကိုကြည့်ပြီးခင်ဗျားအသဲကတခြမ်းပျက်နေပြီတဲ့.. သူ့ဆေးကို၂နှစ်သောက်မှပြန်ကောင်းမယ်တဲ့..လောဘနော်လောဘ ဘယ်လောက်ထိကြောက်ဖို့ကောင်းသလဲ အဲ့အချိန်ကျနော့်ဆရာကအပေါ်ထပ်ကနေကြားလို့ဆင်းလာပြီး..ပြစမ်းအသဲတခြမ်းပျက်တယ်ဘယ်နားရေးထားလဲ..ပြစမ်းဆိုပြီးဝင်ချဲတယ် ထိုးမယ်ကျိတ်မယ်တကဲကဲလုပ်မှ ငနဲကသူ့အထုပ်သူမပြေးတာ..အဲ့လို..ဟိုဆရာဝန်ကလဲလူပုစိတ်တိုရယ်..ဒါတောင်သူသိတဲ့အိမ်တအိမ်ပဲရှိသေးတာနော်.. အဲ့ငနဲသားကတနယ်လုံးပတ်ပြီဒီအကွက်တွေနဲ့လှိမ့်သွင်းနေတာဘယ်နအိမ်ထောင်မိသားစုရှိမလဲဘယ်သူမှမသိနိုင်ဘူး သိပ်ကြောက်စရာကောင်းတယ်..ကျနော်ကုမ္မဏီအမျိုးမျိုးဆေးအမျိုးမျိုးတွေ့ဖူးတယ်နာမည်တွေသာကွာသွားတာ အခြေခံသဘေါတရားကဒါပဲ..
နယ်တွေကလူထုခင်ဗျာ ဆေးရုံဆးခန်းကလဲကောင်းကောင်းပြည့်ပြည့်စုံစုံသိပ်မရှိရှာ လူတွေကိုယ်တိုင်ခဗျာများမှာလည်းဗဟုသုတအတွေ့အမြင်ကနည်း ဆေးရုံဆေးခန်းသွားရမှာကြောက်..ဆေးမြှီတိုတွေဓာတ်စာတွေကိုပဲအားကိုးဆိုတော့ဒင်းတို့စားဂွင်ပါပဲဗျာ..
ခုတော့နယ်ကလူမှမဟုတ်ပါဘူး ဒီနိုင်ငံမျာအလုပ်အကိုင်အခွင့်အလန်းကနဲပါး အလွယ်နည်းနဲ့ဖြတ်လမ်းလိုက်သူဌေးဖြစ်ချင် စဉ်းစားချင့်ချိန်တွေးခေါ်သုံးသပ်နိုင်တဲ့အသိပညာကအားနည်းလေတော့.. သူတို့အပြောကောင်းသလောက်ပါကြတော့တာပဲစိတ်မကောင်းစရာ..
ကျနော်လဲဆေးပညာအသိုင်းအဝိုင်းကလူပါ လူနာကိုကောကိုယ်ကိုတိုင်ကော မလိုအပ်ရင်ဘာဆေးမှကိုမတိုက်တာမသောက်တာ..ဆေးတွေအရမ်းများရင်ကျောက်ကပ်တို့အသဲတို့ကပိုအလုပ်လုပ်ရသေးတယ်လေ..အန္တရာယ် ​များတယ် အဲ့လိုအယူအဆနဲ့လူဆိုတော့ ဒီလိုကောင်တွေဆိုနဲနဲလေးမှကိုကြည့်မရတာ..
ခုတော့တော်တော်လဲသိနေကြပါပြီ..online မှာကိုဇေက ဒီ MlM တွေကပြည်သူလူထုကိုအကျိုးများသလားအကျိုးယုတ်စေသလား စိန်ခေါ်တော့ သူတို့စောင်သူဌေးကြီးက ပထမ show money ပြခိုင်းတယ်ပြလဲပြနိုင်ရော ဘာသာရေးတွေဘာညာလူကြီးလူကောင်းကအလောင်းအစားမလုပ်ဖူးခင်ဗျားလှူလိုက်ပါ့လားဘာညာဆိုပြီး ကလေးနှစ်ကျပ်ကွက်နင်းပြီးပတ်ပြေးတယ် ..debate နဲ့အလောင်းအစားကိုမကွဲဘူး.သူ့ဘာမဟုတ်တဲ့အလိမ်အညာလုပ်ငန်းကို နူးညံ့သိမ်မွှေတဲ့ဘာသာရေးနဲ့နှိုင်းတယ် လူကြီးလူကောင်းက အလောင်းအစားတော့မလုပ်ဖူးလိမ်တော့လိမ်တယ်ပေါ့.လွယ်တော့မလွယ်ဖူး ယုတ်တတ်ရတာပေါ့..
မရှိဆင်းရဲသားချွေးနည်းစာတွေနဲ့ကမ္ဘာပတ်တယ်ကျွန်းတစ်ကျွန်းပိုင်တယ်ပြောတယ်သိန်းငါးရာတောင်ထွက်မလာဘူး..
သူ့လုပ်ငန်းဟုတ်လားမဟုတ်လားသမာဇီဝကျလားမကျလားဆိုတာတော့. စဉ်းစားသာကြည့်ကြပေတော့...
ငါတို့နိုင်ငံကမှဆင်းရဲပါတယ်ဆိုအဲ့လိုဂုတ်သွေးစုတ်တဲ့ဟာတွေနဲ့တွေ့နေရတယ်
နောက်လဲမတွေ့ ပါစေနဲ့ဂျင်းမမိပါစေနဲ့ကုယ့်လူတို့ရေ..
ဟုတ်ကဲ့ ကျနော်ဥာဏ်ကောင်းတဲ့လူတယောက်တော့မဟုတ်ဖူးဗျ...
အလုပ်လုပ်ရင်ကိုယ့်လုပ်အားခရတယ်ဆိုတာတော့သိတယ်..
ဒါပေမဲ့သူတို့စီအလုပ်လုပ်မယ်ပြောတာနဲ့ကိုယ်ကစပြီးပိုက်ဆံပေးရတာတော့မဟုတ်သေးဘူးထင်တယ်..နော့်..
မောင်ပေါက်