Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

နားလှည့်ပါးရိုက် လိမ်ညာခြင်းများ သတိထားကြစေလို (လောဘထားလျှင်မှားမည်)


 Image may contain: 6 people, people smiling, people standing
နားလှည့်ပါးရိုက် လိမ်ညာခြင်းများ သတိထားကြစေလို (လောဘထားလျှင်မှားမည်)
--------------------------------------------------------------------------------------------------------
လတ်တလောစိတ်မချမ်းသာစရာလေးတခုကြားရတယ်။။ကျနော်တို့နယ်ဘက်မှာ Aim Star ကုမ္ပဏီ ဆိုတာ ရောက်လာတယ် ။လူကိုယ်တိုင်လာတာမဟုတ်ဘူး ဖုန်းနဲ့ အလုပ်လုပ်တာ လူကတယောက်နဲ့တယောက်မမြင်ဘူးကြဘူးတဲ့ ရွာသားတွေပြောတာက ကုမ္ပဏီ မှာ အစုရှယ်ယာ ဝင်သလို တယောက်ကို ၁၁၀၀၀၀ စီ ထည့်ရတယ်တဲ့ အဲလိုထည့်လိုက်ရင် ရွာသားတွေပြောတာက ၃၀၀၀၀ ဖိုးလောက် လက်ဆောင် ပစ္စည်း ပို့ပေးတယ်တဲ့ ကုမ္ပဏီ ကပြောတော့ ၁၀၀၀၀၀ ဖိုးးရောင်းလိုက်တာတဲ့ ရှယ်ယာထည့်ခိုင်းတာမဟုတ်ဘူးတဲ့ စာအုပ်လုပ်တာက ၁၀၀၀၀ တဲ့။
လက်ဆောင်ပေးတာလည်းမဟုတ်ဘူးတဲ့ ဘာ ပစ္စည်း ပို့ပေးတာလည်း ဆိုတော့ ကုမ္ပဏီကပြောတော့ အကောင်းစား မိတ်ကပ် နုတ်ခမ်းနီ အကောင်းစား ငါးကြီးဆီ အကောင်းစား ခေါင်းလျှော်ရည်တဲ့။ ရွာသားပြောတာက ဒူးနာခါးနာဒဏ်ကြလိမ်းဆေးနဲ့ တရုပ် ငါးကြီးဆီတဲ့ ။ ငွေပို့ပေးရတာက ကမ္ဘောဇ ဧရာဝတီ CBဘဏ်တွေကနေ ရန်ကုန် မှာနေတဲ့ ကိုကိုနိုင် ဆီပို့ရတာ တဲ့ ။ဒါနဲ့ ကိုကိုနိုင်ကိုမေးကြည့်တော့ လူတယောက်ဟာ ၁၁၀၀၀၀ ပို့ပြီးရင် အဖွဲ့ဝင် ဖြစ်သွားပြီတဲ့ ပြီးရင် ဘယ်ညာ စီးပွာရေး လမ်းစဉ်ဆိုပြီး လူနှစ်ယောက် ထပ်စုဆောင်းပေးရပါသတဲ့ အဲ့လူ ၂ ယောက်က ၁၁၀၀၀၀ စီ သွင်းပြီးရင် ခုန စုဆောင်းပေးသူက ဘောက်ဆူး လစာငွေ ၂၀၀၀၀ ကျပ် ချီးမြင့်ခံရမယ်တဲ့ လူများများစုနိုင်တဲ့ လူတွေဖြစ်တဲ့ စန်းမြို့ရွာက မောင် တက်တိုး တို့ မြေက်ခင်ရမ်းရွာက မောင်စန်းချို တို့ဆိုရင် တလ ၅၀၀၀၀၀ ကျပ်လောက်ဝင်နေပါပြီတဲ့ ။ဒါနဲ့ ကျနော်က ဦးကိုကိုနိုင်က ကုမ္ပဏီ ပိုင်ရှင်လား ဆိုတော့ မဟုတ်ပါဘူးတဲ့ ပိုင်ရှင်တွေက ထိုင်း က ဆရာဝန်လင်မယားပါတဲ့ နာမည်တွေကရှည်တော့ သိပ်မမှတ်မိဘူးတဲ့ သူတို့ကုမ္ပဏီက ထိုင်း တင်မက အမေရိကန် ဂျပန် ဗီယက်နမ် လာအို အကုန်ဖွင့်ထားပါတယ်တဲ့ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးပါပြီ တဲ့ အရှုံးအမြတ်ကိုလည်းအခွန်ဆောင်ပြီးနောက် အင်တာနက်မှာတင်ပေးထားပါသတဲ့ ။
ကျနော်တို့ ကုမ္ပဏီ ကိုမဟုတ်မဟတ် စွပ်ဆွဲရင် အသရေဖျက်မှု့နဲ့ တရားဆွဲမှာတဲ့ဗျ(ကြောက်စရာဘဲ) ။ခင်ဗျားလစာကောင်းကောင်းပေးထားတဲ့ မောင်တက်တိုး တို့ မောင်စန်းချိုတို့ရော မြင်ဘူးလား ဆိုတော့မြင်ဘူးဘူးတဲ့ ။ကဲ fb မိတ်ဆွေတို့ရေ အရပ်ကတို့ရေ ကယ်ကြပါဦးဗျာ လပိုင်းလေးအတောအတွင်း ကျနော့်ရွာသား ၂၀၀ ကျော် ပါသွားပြီဗျ ။လူ ၂၀၀ ဆို သိန်း ၂၂၀ ပေါ့ ။လောကကြီး တယ် ငွေရှာလို့လွယ်ပါလား ။ရွာတွေမှာက အစိုးရ လခစား အလုပ်ရဘို့ဆိုတာ မရှိသလောက်ရှားတော့ ငွေလေး ၁၁၀၀၀၀ လောက် ထည့်လိုက်တာနဲ့ လခစားကြီးလို နေရတော့မှာဆိုတော့Aim Star ကိုကိုနိုင်ရဲ့ ဘယ်ညာ စီးပွားရေး လမ်းစဉ် ကြီးက အချိန်တိုအတွင်း အလျင်အမြန် ငွေတွေ သဲ့ယူသွားနိုင်တာပေါ့ ။ဒိပြင် တောင်ကြီး မော်လမြိုင် မကွေး မန်းလေး တို့ကိုလည်း တိုးချဲ့တော့မှာတဲ့ အရပ်ကတို့ရေ လောလောဆည် ကမာရွတ် လှည်းတန်း မှာ ၃ ထပ်တိုက်နဲ့ ရုံးဖွင့်ထားပါသတဲ့ ဂန့်ဂေါ လာဘို့ရှိလို့ ရောက်ရင် ဦးလှဆွေ ကိုလည်းလာတွေ့ခြင်ပါသေးတယ်တဲ့ (မကြောက်တဲ့အပြင်)။
ဒီထဲ့ထားတဲ့ ၁၁၀၀၀၀ ဘယ်တော့ပြန်ထုတ်ပေးမလဲ ဆိုတော့ မရတော့ဘူးလေ အပြီးဘဲ တဲ့ သူတို့ကကျနော်တို့ ဆီက ပစ္စည်း ဝယ်တာဘဲတဲ့။ရွာသားတွေသိထားတာက ရှယ်ယာထည့် ထားတာပါတဲ့ ။လိုခြင်တဲ့ပစ္စည်း မှာလို့ရလား ဆိုတော့ မှာခွင့်မရှိဘူးတဲ့ နိုင်ငံခြားက ပို့ပေးတဲ့ ပစ္စည်း ပေါ်မူတည်ပြီး ပို့ပေးတာတဲ့ ။ကြိုက်ကြ်ုက်မကြိုက်ကြိုက် သုံးတတ်မသုံးတတ် သူ့အလုပ်မဟုတ်ပါဘူးတဲ့ ပြန်ရောင်းလည်းရတာဘဲ တဲ့ ဘယ်ညာ စီးပွားရး လေ တဲ့ ။မောတာဗျာ ဒီလူနဲ့ဖုန်းပြောရတာ ။ခံရပြီဗျ နှော အမှန်က သူ့ငွေနဲ့သူပြန်ပြီးလစာ ဆိုပြီး ပေးသွားတာဘဲ ။ ဘယ်ညာစီးပွားရေလမ်းစဉ်ဆိုပါလား ဒီတိုင်းထိုင်ကြည့်နေကြတော့မှာလား အရပ်ကတို့ရေ လို့သာအော်လိုက်ခြင်ပါတော့တယ်ခင်ဗျား _ _
(_ခုတော့ ရွာထဲမှာ လော်နဲ့ လိုက်အော်နေပါပြီတဲ့ နောက်ထပ်မဝင်ကြဖို့) မောထှာဗျာ။
Hla Swe (အမျိုးသားလွှတ်တော်)
---------------------------------------
Ko Man => အလုပ်မလုပ်ဘဲ ပိုက်ဆံအလကားမရနိုင်ပါဘူး။ ဆရာလှပြောသလို ညာဘက်ကဝင်လာတာကို ဘယ်ဘက်ကို နဲနဲလေး ဖဲ့ပေးတဲ့သဘောပါ။ ပေးတော့ပေးပါတယ် ၊ ဥပဒေလက်တလုံခြားလုပ်တာ။ အဲလိုမျိုး တပုံစံတည်း လုပ်စားနေတဲ့ ဝဘ်ဆိုဒ်တွေ အင်တာနက်မှာလည်း အများကြီးပဲရှိတယ်။ဘာပဲပြောပြော တရားစွဲပီး ပိုက်ဆံရသလောက် ပြန်တောင်းပေးလိုက်ပါအုံး ဆရာလှ။ နောက်မို့ဆို ပိုက်ဆံတွေ အကုန် ဆုံးသွာလိမ့်မယ်
---------------------------------------
Uhlaing Myint Aim Star => --- --- ကျွ န်တော် လွန်ခဲ့တဲ့ ၄ နှစ်လောက်က မန္တလေး မှာရှိတဲ့ TIAN ဆိုတဲ့ ဆေးရောင်းတဲ့ နေရာ တစ်ခုမှာ ထိခဲ့ဘူးတယ် ။။ သူ့ပုံစံက MLM ( Multi Level Marketing ) ကိုသုံးပြီး လူများများ ၀င်လာအောင်လုပ်တာ ။။ Binary system ,စနစ်နဲ့ Left and Right service ,လူစုပေးခိုင်းပြီး အဲဒီလို စုပေးသူကို bonus ပေးလိုက်တာ ။။ သူ့ ပိုက်ဆံ တစ်ပြားမှ မထိပဲ ၊ အသစ် ၀င်လာသူတွေရဲ့ ၀င်ကြေးပိုက်ဆံတွေနဲ့ ပြန်လုပ်စားတာပါ ။။ ပထမ ၀င်သွားပြီး အညာခံ ထိသူတွေကို အသုံးချ ပြီး သေဖ်ါညှိခိုင်းတာပါပဲ ။။နောက်ထပ် ဖေါက်သည် အသစ်ရှာခိုင်းတာ ။။ ဒီအလုပ်က အသင်းဝင် များများစုပေးနိုင်တဲ့ သူအတွက် bonus ၀င်ငွေရပေမဲ့ အများစုကြီးကတော့ ခံဘက်ကချ ည်းပါ ။။ရောင်းတဲ့ ဆေးဝါး တွေကလည်း အစွမ်းထက်တယ်သာပြောတာ ဘာတစ်ခုမှ သက်သေမရှိဘူး ။။ ပြီးတော့ ဈေးနှုန်းကလည်း အရမ်းများပါတယ် ။။ စနစ်တကျ အကွက်ချ လုပ်ထားတဲ့ လိမ်လယ်မှုတစ်ခုပါ ။။ သြဇီ စတဲ့ တစ်ချို့နိုင်ငံတွေမှာ ဒါကို လုံးဝခွင့်မပြု ဘူးလို့ ကြားသိရဘူးပါတယ် ။။ ကျွ န်တော်တို့ အ-တဲ့ ဗမာတွေ မခံရအောင် ဒါကို တားဆီးပိတ်ပင်သင့်တယ်လို့ ထင်တယ်ဗျာ ။။။။
---------------------------------------
Hnin Phyu Maung MLM => စနစ် တနည်းအားဖြင့်ကွန်ယက်စီးပွါးရေးစနစ်အစစ်အမှန်တွေရှိပါတယ်အဲဒါတွေသိချင်ရင်dr - မြမြသက်ရဲ့MLMစနစ်ခေါ်ကွန်ယက်စီးပွါးရေးစနစ်နှင့်ထားရှိရမည့်စိတ်ထား သန်းမြင့်(စီးပွါးရေး)ရဲ့ဆက့်ပွါးဈေးကွက်အကြောင်းဒီစာအုပ်တွေဖတ်ကြည့်ပါ ဒီMLM စနစ်ဆိုတဲ့အလွှာစုံစီးပွါးရေးစနစ်ဟာUSA က1960 ဝန်းကျင်ကစပြီးအသုံးပြုခဲ့တယ်ဒါကိုမသမာတဲ့စီးပွါးရေးသမားအချို(တရုပ်; ထိုင်း)နိုင်ငံကမူရင်းစနစ်နဲ့ဆင်တူရိုးမားmarketing plan တွေကိုစိတ်တိုင်းကျသူတို့အကျြိးရှိတာတွေတွက်ချက်ပြုပြင်ပြီးငွေရရှိရေးကိုသာအဓိကထားပြီးငွေနဲ့ဆွယ်မက်လုံးပေးပြီးဆင်းရဲပြီးခေတ်နောက်ကျနေတဲ့နိုင်ငံတွေမှာလာလုပ်စားကြတယ်MLM အစစ်ကသူတပါးကိုများများကူညီလေကိုယ်အောင်မြင်လေစိတ်ထားမျိုးကိုအခြေခံထားတယ်သင်ယူသင်ကြားမှုအဓိကနဲ့6 လ1နှစ်လောက်မှဝင်ငွေနဲနဲစီစရမယ်တကယ်အရည်အသွေးရှိတဲ့ထုတ်ကုန်နဲ့ဈေးကွက်မှာအလွယ်တကူမရနိုင်တဲ့ထုတ်ကုန်တွေကိုပဲရောင်းတယ်ကိုယ်တိုင်သုံးပြီးကောင်းမှတခြားသုံးချင်သူကိုညွှန်တဲ့စနစ်မျိုးဖြစ်တယ်စာတွေများများဖတ်ဘာအကြောင်းအရာပဲဖြစ်ဖြစ်လေ့လာထားရင်အလိမ်မခံရပါဘူးလောကမှာ*အတဲ့သူနဲ့လောဘကြီးသူတွေ*အလိမ်ခံရတာရှေးအစဉ်အလာကထဲကပါ့
---------------------------------------
Nyi Lwin MLM က အတုရယ် အစစ်ရယ် မရှိပါဘူး။ အကုန်လုံး (မြန်မာပြည် ၀င်လာတဲ့) ဟာ လူလိမ် စီးပွားရေးပါဘဲ။ ကျန်တဲ့ နိုင်ငံတွေ မှာလည်း ဒီလို ချည်းပါဘဲ။ 1920 ကတည်းက အစပြုလာခဲ့တာပါ။ http://en.wikipedia.org/wiki/Multi-level_marketing
အပေါ်က ပေးထားတဲ့ လင့်ခ် ထဲ ၀င်ကြည့်ပါ။ The Times နဲ့  Newsweek ရဲ့  ဖော်ပြချက် တွေပါ . . . . Several sources have commented on the income level of specific MLMs or MLMs in general:
The Times: "The Government investigation claims to have revealed that just 10% of Amway's agents in Britain make any profit, with less than one in ten selling a single item of the group's products."[29]
Eric Scheibeler, a high level "Emerald" Amway member: "UK Justice
Norris found in 2008 that out of an IBO [Independent Business Owners]
population of 33,000, 'only about 90 made sufficient incomes to cover
the costs of actively building their business.' That's a 99.7 percent
loss rate for investors."[30]
Newsweek: based on Mona Vie's
own 2007 income disclosure statement "fewer than 1 percent qualified
for commissions and of those, only 10 percent made more than $100 a
week."[31]
Business Students Focus on Ethics: "In the USA, the average annual
income from MLM for 90% MLM members is no more than US $5,000, which is
far from being a sufficient means of making a living (San Lian Life
Weekly 1998)"[32]
ဒါက FTC ရဲ့  ဖော်ပြချက်တွေပါ။ ဘာမှ အတုရယ် အစစ်ရယ် မရှိပါဘူး။ The U.S. Federal Trade Commission (FTC) states "Steer clear of multilevel marketing plans that pay
commissions for recruiting new distributors. They're actually illegal
pyramid schemes. Why is pyramiding dangerous? Because plans that
pay commissions for recruiting new distributors inevitably collapse when
no new distributors can be recruited. And when a plan collapses, most
people—except perhaps those at the very top of the pyramid—end up
empty-handed."[39]
လောက်င တဲ့ ၀င်ငွေ ရပါတယ် ဆိုတဲ့ လူတွေဟာလည်း သူတို့  အောက်ကလူတွေကို နင်းခြေပြီးမှ ရ လာ ရတာပါ။
member ၀င်ခိုင်းတဲ့ ပုံစံ ။ ပစ္စည်း ၀ယ်ခိုင်းတဲ့ ပုံစံ ။ လူဆွယ် (လူစု) ခိုင်းတဲ့ပုံစံ ၊ Bonus (ပိုက်ဆံ) ပြန်ပေးတဲ့ ပုံစံ ။ ရာထူးတိုးတဲ့ ပုံစံ ၊ ဆေး (သူတို့ ကတော့ ဆေးမဟုတ်ဘူးလို့ ပြောတာပဲ) ပုံစံ ချင်းသာ ကွဲ သွားပါတယ် ကျန်တာ အားလုံး အခြေခံ ကတော့ လိမ်တာပါဘဲ။ အဲဒီတော့ ၀င်တဲ့ လူဟာ နှစ်မျိုး နှစ်စားပဲ ရှိပါတော့တယ်။ လူ လိမ် နဲ့  လူအ ပါဘဲ။ Google ကြီး တစ်ခုလုံး ရှိပါတယ်။ တစ်ရက်လောက် အချိန်ပေးပြီး ရှာဖွေ မွှေနှောက် ကြည့်ရင် တော်တော်ကို သိလောက်ပါပြီ။ သူတို့  company link တွေ ထဲတော့ မဟုတ်ဘူးပေါ့။ အပြင်က ဗဟုသုတ ရှိပြီး ဒီလုပ်ငန်းနဲ့  မပါတ်သတ်တဲ့ လူတွေကိုလည်း တီးခေါက်ကြည့်ပေါ့။ ကျန်တာကတော့ ကိုယ့်ရွေးချယ်မှု ပါဘဲ။ ကိုယ်ဖြစ် ကိုခံဘဲ။
---------------------------------------
Zin Zae =>
MLM Companies အများစုဟာ ဥပဒေကို လက် တစ်လုံးခြားလေး လုပ်နေကြတယ် ။
-------------------------------------------------------------------------------------------
ဥပမာ အစားအသောက် / ဓာတ်စာ လိုင်စင် လောက် လုပ်ထားပြီး ...
FDA ကိုတင်ထားပြီး
တကယ်ကျတော့ ဆေးဝါး လို ကြော်ငြာပြီး ဖြန့်တာမျိုး ...
( ရှေ့မှာ နတ်ဆေး ဆိုပြီး လုပ်ခဲ့သလိုပေါ့ )
တစ်ချို့က FDA ကို တင်ထားပြီး ပေမယ့်
မကျသေးဘဲ
ဈေးကွက်မှာ ကြိုပြီး ဖြန့်နေတာမျိုး ...
( အဲလို လုပ်နိုင်လောက်အောင်လည်း နောက်ခံ တောင့်တဲ့လူတွေက
Company ကို နောက်ကွယ်ကနေ ကျားကန်ပေးထားလေ့ရှိတယ် ။ )
Products အမျိုး ၂၀ လောက်မှာ ၂ မျိုးလောက်ပဲ FDA ကျထားပေမယ့်
ကျန်တဲ့ Products တွေကိုပါ ရောပြီး ဖြန့်တာမျိုး ...
( ဒါကတော့ MLM Companies အများစုပဲ )
တစ်ချို့က မက်လုံး ပေးပြီး ခေါ်ကြတယ် ။
ဟိုတစ်နေ့က လွှတ်တော် အမတ် ဦးလှဆွေ တင်ထားသလိုမျိုး
ရှယ်ယာဝင်ပြီး ဘာမှမလုပ်ဘဲ ပိုက်ဆံ ရနေ မယောင် ပြောပြီး
နယ် ဘက်က လူတွေ ကို သွားလုပ်တာမျိုးတွေရော ။
တစ်ချို့က မှိုင်း ထည့် ကြတယ် ။
လူငယ်တွေကို ငွေရှာတာ အပြောလေး ကောင်းရင် ရပြီ ထင်သွားစေတာမျိုး ။
ကိုယ့် အမျိုးတွေ ၊သူငယ်ချင်းတွေဆီကို
ခင်မင် ရင်းနှီးမှု အသုံးချပြီး ဈေးလိုက်ရောင်းခိုင်းတာမျိုး ၊
ကျန်းမာရေး / ဆေးဝါး / ဓာတ်စာ နဲ့ ပတ်သက်လို့
ကိုယ်တိုင် သေချာလေ့လာထားတာမျိုး မရှိဘဲ
သူတို့ သင်တန်းတွေမှာ သင်ပေးသလောက်လေးတွေ လူတွေကို ပြောခိုင်းပြီး
အာမခံ ခိုင်းတာမျိုး ..
( ဆရာဝန်တွေ ၅ နှစ် လောက် အနည်းဆုံး သင်ရတဲ့ ပညာတွေဗျာ ။
ရက်ပိုင်းလောက် သင်တန်းလေးတွေ တက်ပြီး ဒါမျိုးတွေ ပြောသင့်လား ?
လုပ်သင့်လား ? စဉ်းစားသာ ကြည့်ပါတော့ )
တစ်ချို့က အခွန် လုံးဝ ရှောင်ထားတာမျိုး
တစ်ချို့က အခွန်ဆောင်ပါတယ်လို့ ဝါဒဖြန့်ပြီး တကယ်တမ်းကျတော့ ရှောင်ထားတာမျိုး ...
ဒီ MLM Companies တွေကို
ဥပဒေ ကြောင်း အရ ထိန်းဖို့ ဆိုတာ နည်းနည်းတော့ ခက်တယ် ။
သူတို့ နောက်ကွယ်က ဝိတ် တွေနဲ့ ဒဲ့ တွေ့ရမှာတွေ ရှိတယ်လေ ။
တကယ်လို့ ဥပဒေ ကြောင်း အရ မထိန်းနိုင်သေးဘူးဆိုရင်
( အမေရိကား လို နိုင်ငံမျိုးမှာတောင် အတိအကျ မလုပ်နိုင်သေးဘူး ။ )
ကျွန်တော်တို့ လုပ်သင့်တာက MLM နဲ့ ပတ်သက်ပြီး
စနစ်တကျ စည်းစည်းလုံးလုံး ပညာပေး / အသိပေးဖို့ပါပဲ ။
MLM သမားတွေက သူတို့ အချင်းချင်း အရမ်းစည်းလုံး ကြတယ် ...
Eleven , The Voice , 7 Days တို့မှာ ဝေဖန်မှုတွေ ခံရပြီးပေမယ့်လည်း
ခဏလောက်သာ ငြိမ်သွားတာ ။
ပြီးရင် ပြန် ဆက်လုပ်နေတာပါပဲ ။
ဒီတော့ သူတို့က လည်း ဇွဲကောင်းကောင်း နဲ့ ဆက်ပြီး ဝါဒဖြန့်နေကြသလို
သူတို့ရဲ့ လုပ်ရပ် တွေကို အမြင်မတော်တဲ့လူတွေကလည်း
ဇွဲကောင်းကောင်း နဲ့ ပြန်ပြီး ဝါဒ ဖြန့်ရမှာပါပဲ ။
ဒါက ရေရှည် တိုက်ပွဲ တစ်ခု နဲ့ တူပါတယ် ။
၂ ဖက်လုံး အထိအခိုက် နည်း ဖို့တော့လည်း လိုတာပေါ့လေ ။
တဖြည်းဖြည်း လိုအပ်တဲ့ သတိထားစရာ အချက်တွေကို
အများ ပြည်သူက သိလာတဲ့ အခါ
မမှန်တဲ့ MLM companies တွေ / ကိုယ်စားလှယ် တွေ ပျောက်သွားမှာပါပဲ ။
စာရွက် စာတမ်း အပြည့်အစုံလည်း ရှိပြီး
လူခေါ်ကြော်ငြာတဲ့ အခါမှာလည်း ဘောင်မလွန်ဘူးဆိုရင်တော့
MLM တွေကို ကျွန်တော်တို့ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး ။
သူ့ ဘာသာ သူ ကြိုက်ရောင်း ကြိုက်ဝယ် /
လက်သိပ်ထိုး ရောင်းတဲ့ ဈေးကွက် ဖြစ်နေတာကိုး ။
MLM နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တွေ ဝိုင်းဝန်းပြီး လုပ်စရာလေးတွေ ရှိနေဦးမှာပါ ...
( အမြင် မတော် ရင် / နစ်နာသူတွေ ရှိနေရင် ပေါ့လေ.... )
လေးစားလျှက်
ကိုဇင်ဇေ
---------------------------------------
Zaw Ye Aung => အဲဒါအလိမ္ဘဲဗ်။အစိုးရကလုံးဝခွင့်မပြုသင့်တဲ့လုပ်ငန်းပါMulti-level marketing, pyramid selling ,pyramid schemes လုပ်ငန်းဖြစ်တယ်။တရားမ၀င်ပါ
---------------------------------------
Yoke Ga Zoe => MLM တွေ တောကိုဆင်းပြီး.. ပွဲကြမ်းနေပြီ.. တို့နိုင်ငံက MLM ကို ဥပဒေနဲ့ မှ မပိတ်ပင်ပဲ.. ။ ခံစရာရှိ ကိုယ့်နိုင်ငံသားတွေပဲ ခံရမှာ။ ရန်ကုန် ရုံးချုပ်က ကန်ဘောင်နဲ့ မျက်စောင်းထိုး.. မာလာမှတ်တိုင်နားမှာရှိတယ်။ မော်လမြိုင် ကမ်းနားလမ်းမှာလဲရှိတယ်။ တောသူတောင်သားတွေ နားမလည်ပါးမလည်တွေ။ အလုပ်မလုပ်ပဲ ငွေအလွယ်ရချင်သူတွေ မြွေပါလဲ ဆုံး သားလဲ ဆုံးဖြစ်ပါမယ်။ ကိုယ်က ၀င်မိနေရင် မထူးဇတ်ခင်းပြီး မိတ်ဆွေတွေကို လိုက်ဆွယ်မိလို့ မိတ်ပျက်ပါမယ်။
---------------------------------------
Ko Aung Khaing Khant => Multi level Marketing ကို တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား ၊ အင်ဒို တွေမှာ တားထားပါတယ်။ နိုင်ငံတော်တော်များများမှာ တားထားပါတယ်။ ဒီစနစ်ကို သုံးပြီး လိမ်နေတာများပါပြီ။Prohibiting law on င်္Multi -level Marketing System လို ဥပဒေ လွှတ်တော်ကနေပြဌာန်းသင့်ပါပြီ။ Law on Franchisesကို လည်း လွှတ်တော်က ပြဌာန်းသင့်ပါတယ်။ ဒီမှာ အခု Franchises တွေသာ လုပ်နေတာ Law က မ၇ှိတော့ ပဋိညာဉ်ဥပဒေနဲ့ပဲသွားနေရတော့ Franchise ဆိုတဲ့စကား စာချုပ်မှာထည့်ထားပြီး ပြသနာဖြစ်လာ၇င် Franchise Law မ၇ှိတော့ ခက်တယ် ။
McDonald တို. Pizza တို.က နိုင်ငံတကာမှာ Franchise အနေနဲ.သွားတယ်--- ဒီမှာ Franchise Law မရှိတော့ နိုင်ငံတကာက နာမည်ကြီး စီးပွားရေးလုပ်ငန်းတွေက ဘယ့်နှယ် Franchise လာလုပ်ပါတော့မလဲ---အဘရေ Multi level Marketing စနစ်ကို တားတဲ့ ဥပဒေထုတ်ဖို. လွှတ်တော်ကို အကြံဥာဏ်ပေးပေးပါ။ ဥပဒေမဟုတ်လည်း အမိန်.နဲ့တားလို.ရရင်ကို မဆိုးဘူး။ အခုက အဲ့ဒီစနစ်သုံးပြီး တအားလိမ်နေတာ --- အထူးသဖြင့် တရုတ်လူမျိုးတွေပေါ့ အဘရေ-----
အထက်လူ အောက်လူ ဘောနပ်စ် ၇ှုပ်နေတာပဲ အဲ့ဒီစနစ်က ပြီးတော့ ကုန်ပစ်စည်းကလည်း တစ်ဦးချင်းလက်ထဲမှာ -----ဆိုင်ပေါ်ရောက်တာမဟုတ်တော့ ကောင်းမကောင်းကို အစိုးရကလည်းလိုက်စစ်လို.မရ ---စဉ်းစားကြည့်ပေါ့ ----တားသင့်တဲ့စနစ်ပါ ---- I hate multi level marketing system. I like Franchise System.
MLM ကို လက်ခံနေတာ အာဆီယံတွင် မြန်မာ တစ်နိုင်ငံထဲ ဖြစ်သည်။ Franchise Law မ၇ှိသေးသည်မှာ ---- အာဆီယံတွင် မြန်မာ တစ်နိုင်ငံထဲဖြစ်သည်။ Multi level Marketing စနစ် ကို တိုက်ဖျက်ရန် အထူးလိုအပ်ပါသည် ခင်ဗျား။ တရုတ်မှာတောင် ဒီစနစ်ကို တားတဲ့ ဥပဒေထုတ်ထားတာ စဉ်းစားသာကြည့်တော့ ခင်ဗျာ ------။ နိုင်ငံကြီးကတောင် တားထားတာလေ။
စီးပွားရေးဝန်ကြီးတွေက Muli level Marketing စနစ်ကို နိုင်ငံတော်တော်များများမှာ တားတာ ကြာပြီဆိုတာ လွှတ်တော် နှင့် သမတကြီးထံ မတင်ပြတာ ၀မ်းနည်းရပါသည်
ကျနော် Commercial Law နယ်ပယ်ကို ရတနာပုံတကသိုလ်မှာ မဟာသုတေသနဘွဲ. အတွက် ၂၀၁၂ တုန်းက သုတေသနလုပ်တုန်းက လေ့လာတော့ Multi Level Marketing စနစ်ကို နိုင်ငံ တော်တော်များများမှာ တားထားတယ် ဆို တာ လေ့လာတွေ.ရှိရပါတယ်။ တားတာမှ ဥပဒေနဲ.ကို တားထား၇တဲ့ စနစ် ပါ။ အခု ၂၀၁၄ ဆို နိုင်ငံတော်တော်များများမှာ တားမြစ်ထားပြီးပါပြီ။
---------------------------------------
အရှင်ခေမာ ဗုဒ္ဓတက္ကသိုလ် => ဒကာကြီးရေ…
ဆော လောင်းရှည်ဘက်လည်း ရောက်လာကြတယ်
တောင်သူတွေဆိုတော့ ဝင်တဲ့သူနည်းပါတယ်
ငွေရှိတဲ့ သူတွေတော့ ခံကြရတယ်
အဲဒီအကြောင်းကို ဦးဇင်းရှင်းပြတော့ ဝင်မယ့်သူတွေ ကျေးဇူးအရမ်းတင်ပါတယ်တဲ့
---------------------------------------
Ba Gee Kyaw KG => မလေးရှားမှာ ထားဝယ်သားတွေလုပ်စားသွားတာ ဘဝပျက်တဲ့သူတွေပါပျက်ကုန်ပြီ
မယုံကြပါနဲ
လိမ်နေတာပါ
ကျနော့်မျက်စိရှေမှာတင်ဖြစ်သွားလိုပါ
---------------------------------------
Shoon Lei Yamin => အဲ့ဒါ Multi level marketing လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ under arrest illegal business ပဲဦးလှဆွေရေ.... အဲ့စီးပွားရေးကခုမှဖွံ့ဖြိုးစမြန်မာပြည်မှာတော့ သိပ်လိမ်လို့ကောင်းတဲ့လုပ်ငန်းဖြစ်နေတာပေါ့။ အမြန်ဆုံးတားဆီးပေးပါ။ ပိုက်ဆံကိုအရမ်းအလွယ်ရနေတဲ့ မသမာတဲ့လုပ်ငန်းမို့ဖြိုခွဲသင့်ပါတယ်။ အဲ့စီးပွားရေးသမားတွေကတော့ သူတို့လုပ်ငန်းကဘလိုကောင်းတာ ဘလိုပင်စင်တွေပေးတာ ဘာညာနဲ့လေလုံးကောင်းကောင်းနဲ့ဖောတတ်ကြပါတယ်။ စီးပွားရေးအသိဥာဏ်ရှိသူတွေကတော့ လုံးဝအားမပေးပါဘူး။
---------------------------------------
Myat Minmaung => အဲ့ဒါဆင့်ပွားလိမ်နည်းလို့ခေါ်တယ်...ကြားဘူးတာကြာပြီ
---------------------------------------
Li Jin Yuan => ဆယ်စုနှစ်တခုအစောပိုင်း 2003 2004 ဝန်းကျင်က Aromatheraphy (ခေါ်) ရနံ့ကုထုံးဆိုပြီး အနောက်နိုင်ငံ အခြေစိုက်company အမည်ခံ စင်္ကာပူပြန်လူလိမ်တစုက Summit Parkview hotel မှာအခန်းငှားပြီး အသင်းဝင်ဖြစ်ဖို့ စင်္ကာပူဒေါ်လာ ၁၂၀၀၀ (မြန်မာငွေသိန်းတစ်ရာခန့်) ရင်းနှီးမြုပ်နှံ့ရန် မက်လုံးပေါင်း မြောက်များစွာပေးပြီး ဟိတ်ဟန် ကောင်းကောင်းနဲ့လိမ်စားသွားကြတယ်။ ဒီစီးပွားရေးမျိုးက အသိပညာဗဟုသုတနည်းပါးပြီး လွယ်လွယ်ကူကူ အချောင်ငွေ လိုချင်တဲ့သူတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ပြီး လိမ်စားတဲ့ နည်းပါ။ တနည်းအားဖြင့် ယုံကြည်မှုကို ရောင်းစားတဲ့လိမ်လည်နည်းပါ။ အန်ကယ်ဦးလှဆွေရေ ဆင်းရဲပြီး ပညာမတတ်ရိုးအလှတဲ့ တောနေပြည်သူတွေကို တတ်စွမ်းသလောက်ကာကွယ်ပေးဖို့ ဒီအဖွဲ့အစည်းမျိုးတွေကိုဖမ်းဆီးအရေးယူတားမြစ်ပေးဖို့ အနူးအညွတ်တောင်းဆိုပါရစေ။
---------------------------------------
Ko Myo => တရားဝင် ချည်ပြီးတုတ်ပီး လိမ်နည်းတစ်မျိုးဖြစ်ပါတယ်.အချောင်ငွေလိုချင်သူများ ခံရမည်..မလေးရှား .ထိုင်းတို့မှာ လိမ်လို့ ဝသွားလို့ မြန်မာပြည် ကို အခုမှ ရောက်လာတာ..
---------------------------------------
Maw Maw => ပိရမစ်စီးပွားရေးလို့ခေါ်ပါတယ် အနောက်နိုင်ငံတွေမှာ တရားမဝင်စီးပွားရေးအဖြစ်တားမြစ်ထားပါတယ် အဘ တားနိုင်ရင်တားပေးပါ ကျွန်မတို့ ဟသ်ာတမှာလည်း တော်တော်များများ အလိမ်ခံရပြီးနေပါပြီ ခက်တာက သူတို့အလိမ်ခံနေရတယ်ဆိုတာ သူတို့ကိုယ်တိုင်လည်းမသိကြပါဘူး
---------------------------------------
MyoMin Win => ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ထမင်းကိုယ်စားပြီးသူများကို မားကက်တင်းလုပ်ပေးရတဲ့ လုပ်ငန်းပါ... အထက်အဆင့်ဆင့်ကိုလုပ်ကျွေးပြီး အ၇ိုးအရင်းကိုက်ရတဲ့လုပ်ငန်းပါ...
---------------------------------------
Minthu Yane => အဘ လှဆွေ ခင်ဗျာ....ဒီလိုလိမ်နည်းမျိုး မလေးရှားမှာ လိမ်လို့ မြန်မာတွေ ဘဝပျက်ကုန်တာမနည်းပါဘူး......တော်ကီတွေရေပက်မဝင်ပြောပြီးလိမ်တာပါ......မလေးရှားမှာလည်း မြို့လည်ထဲမှာ ရုံးခန်းကို ခန်းခန်းနားနားပြင်ပြီးလိမ်သွားတာပါ....တန်းပြီးစိပြစ်လိုက်လို့ရရင်င်စိလိုက်တာကောင်းပါတယ်.......
---------------------------------------
Thein Win Aung => တစ်ရာလောက်တန်တဲ့ပစ္စည်းကို ငါးထောင်လောက်နဲ့ မဝယ်မနေရလစဉ် ဘယ်လောက်ဖိုးပြည့်အောက်ဆိုပြီးဝယ်သုံးရတယ်။ ကိုယ့်လိုပဲ တခြားလူတွေကို ဝယ်သုံးဖို့ စည်းရုံးပေးရတယ်။ အဲဒီအပေါ်မှာ ခွဲတန်းပြန်ပေးတယ်။ ထဲထဲဝင်ဝင် သေချာစဉ်းစားကြည့် နိုင်ငံအတွက်ပါမကောင်းဘူး။ တစ်ခါက ကျွန်တော့ကို မန်ဘာ လာဝန်ခိုင်းဖူးတယ်။ ဘာပစ္စည်းတွေလည်း မေးတော့ တိတိကျကျ ပြန်မဖြေနိုင်ဘူး။ ကျွန်တော်တို့ကုမ္မဏီက ဈေးရောင်းဖို့သင်မပေးဘူး ချမ်းသာဖို့ပဲ သင်ပေးသတဲ့။ မချမ်းသာချင်နေပါစေ ကိုယ့်အပေါ်ရာက်ဖို့ အောက်ကလူတွေ ကိုယ့်ကိုထမ်းထားရတာမျိုး မဖြစ်စေချင်ပါ။ ဒါတွေကို တခုခု လုပ်သင့်ပြီ
---------------------------------------
Minmin Soe => ကျွန်တော်အဲဒါကို ဂျာနယ်မှာ ဆောင်းပါးတပုဒ်ရေးတော့ အဲဒီကုမ္ပဏီတွေက တရားစွဲမယ်ဆိုပြီးး သတင်းစာတွေမှာ ကြေငြာကြတယ်..အန်ကယ်ဦးလှဆွေကိုရော ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ စောင့်ကြည့်ပါဦးမယ်ဗျာ.တကယ်တော့ ဥပဒေကို လက်တလုံးးခြားလှည့်ပြီးလုပ်နေကြတာပါ.အမြတ်ခွန်ဥပဒေ၊FDAအစရှိတာတွေနဲ့ ကိုင်သင့်ပါပြီ.
အန်ကယ်အားရင်ဖတ်ကြည့်ပါဗျာ.တက်နိုင်သလောက်တော့ ရှင်းပြထားပါတယ်.အဲဒီဆောင်းပါးမှာ. http://7daydaily.com/story/20815
( MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း )
By
ဖိုးစမ်းချောင်း (GG)
On
Wed, 2014-09-17 15:18
Issue No.
အတွဲ (၁၃)၊ အမှတ်(၂၈)
ပိရမစ်ရောင်းချမှုအစီအစဉ် ရေရှည်တွင် မထိန်းသိမ်းနိုင်ပုံကို ပုံတွင်ပြသထားသည်။
ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။
ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့် ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ကော်မရှင်ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင်အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်ငန်းမှ လုပ်စရာမလိုဘဲ မိမိရှာဖွေထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်အမြတ်ငွေ ထိုင်ယူနေရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လွန်စွာများသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆိုစည်းရုံးကြခြင်း ဖြစ်သည်။
မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကိုလည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား ဆယ်သိန်းဖိုး အနည်းဆုံးဝယ်ရန်လိုအပ်ပြီး ဒုတိယတန်းစား မန်ဘာအတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစား မန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင် ၀ယ်ရန်လိုအပ်ကြောင်း အကြမ်းဖျင်းသတ်မှတ်ထားသည်။ ထိုကဲ့သို့ အဆင့်အတန်းဖြင့် ခွဲခြားသကဲ့သို့ အမှတ်ဖြင့်လည်း သတ်မှတ်သည်များရှိပေသည်။ သို့သော်လည်း တူညီသည့်အချက်မှာ မန်ဘာဝင်ရန်အတွက် သင့်အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်းစတင်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တိုအတွင်း ပြန်ရရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာ လူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချသည့် ကုန်စည်များမှာ အမျိုးသမီးထုအကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်းဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည်များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။
မန္တလေးမြို့တွင် အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီခွဲများ ဆယ်ခုဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ထင်ရှားသည့်ကုမ္ပဏီများမှာ Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စသည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမက မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။
မန်ဘာဝင်ရသည့်ပုံစံမှာလည်း အနည်းငယ်ကွဲပြားမှုရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီးသန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင်အဖြစ် အသိအမှတ်ပြုသည်။ ထို့အတူပင် အချို့ကုမ္ပဏီများက ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူးပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်သည်။
အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာမခံသည်။ မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။
သို့သော်လည်း ပွန်ဇီစီးပွားရေးစနစ်မှာ ကမ္ဘာတစ်လွှားရှိ စီးပွားရေးသမားကြီးများကြား လွန်စွာအောင်မြင်ခဲ့ပြီး ယင်းစနစ်ကို အခြေခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ်မျိုးစုံ တီထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်တူယိုးမှား ပုံစံစီးပွားရေးစနစ်များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေအရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံတွင် အဆိုပါစီးပွားရေးစနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများမှာ လွန်စွာအပြောအဟောကောင်းသူများကို ခန့်ထားလေ့ရှိသည့်အတွက် ထိုသူများ၏ မစားရ၀ခမန်းပြောကြားချက်များကို နားယောင်သည့်သူများအဖို့ လွယ်လွယ်ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါစည်းရုံးရေးသမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦးစွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိကပြဿနာမှာ ယင်းမူလမန်ဘာဝင်အနေဖြင့် လစဉ်မန်ဘာဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦးအနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်းဝယ်ယူသုံးစွဲခြင်းမပြုလျှင် ၎င်းကုမ္ပဏီများက အသက်မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီးအဖြစ် သတ်မှတ်ပြီး ယင်းမန်ဘာဝင်မှာ နောက်ထပ်မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်နှစ်ဦးကလည်း လစဉ်နောက်ထပ် မန်ဘာဝင်အသစ်များ ရှာဖွေပေးရမည်သာ ဖြစ်သည်။ ထို့အတွက် အောက်ကဇယားကို တစ်ချက်ကြည့်ရန်လိုပါပြီ။ အထက်ပါဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။ Level 13 ကို ရောက်သည့်အခါ မန်ဘာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေထက် များနေပြီဖြစ်သည်။ ထိုအခါ ယင်းကုန်စည်ရောင်းချရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။
စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင် အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်းမျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွားရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့တွင်များစွာရှိပါသည်။
အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစရိတ်၊ ဆိုင်ခန်းစရိတ်များ လုံးဝကုန်ကျခြင်းမရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သောကြောင့် အဆိုပါကုန်ကျစရိတ်များကို ရှယ်ယာငွေအဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေးစနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်းအချက်ကိုလည်း သေချာတွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးငှားလျှင် တစ်လလျှင် အနည်းဆုံးဝန်ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေးများပေးပြီး တစ်ဖက်လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေးအတွက် နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်းဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည်လည်လှသည်။ မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရအရာရှိကြီးများအား အထူးကော်မရှင်ပေးကာ အရောင်းတာဝန်ပေးကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကလည်း ကော်မရှင်ရမည်ဖြစ်သည့်အတွက် မိမိလက်အောက်ရှိ ၀န်ထမ်းများ၊ ဒကာ၊ ဒကာမများအား ၀ယ်ယူခိုင်းလေ့ရှိရာ ထိုစနစ်မှာလည်း အောင်မြင်လှပေသည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြားခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသောမက်လုံးဖြစ်စေသည်။
ဂျပန်နိုင်ငံရဲတပ်ဖွဲ့၏အဆိုအရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)သည် အဆိုပါဆင့်ပွားရောင်းချခြင်းစနစ် အခြေခံကုမ္ပဏီရှစ်ခု၏ သားကောင်အဖြစ်သို့ ကျရောက်ခဲ့ရပြီး အထွေထွေဆုံးရှုံးမှုတန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်းစနစ်ဖြင့် လုပ်ကိုင်မည့်သူများအား သတိပေးထားချက်များကို လက်ဆောင်ပါးလိုက်ချင်ပါသည်။ ယင်းအချက်များမှာ Multi-Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ မန်ဘာဝင်မည်ဆိုပါက အဆိုပါကုမ္ပဏီအား မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။
ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည်ပါစေ။ အခြားသော ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်မှုမရှိသည့် အပြင်လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှုမစခင် အချိန်ယူစဉ်းစားပါ။ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်အိမ်သို့ လာရောက်ကာ မန်ဘာဝင်ရန် စည်းရုံးနေသူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံးဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း။
ကိုးကား
http://www.fbi.gov/scams-safety/fraud
http://en.wikipedia.org/wiki/Multi-level_marketing
http://www.aic.gov.au/media_library/…/proceedings/27/ota.pdf
---------------------------------------
Zaw Win Maung => နိုင်ငံအတွက်မကောင်းပါ။ဥပဒေကို လက်တလုံးခြားနှင့် လိမ်နေတာပါ။အဘရေ ဒါကိုတော့ ဖြစ်နိုင်ရင်အမြတ်ခွန်ဥပဒေနဲ့ ပြန်ကိုင်ပါဗျာ။ဥပဒေနားလည်တဲ့သူတွေရဲ့ အကြံညာဏ်ကိုယူပြီး တိတိကျကျကိုင်ပါ။ နိုင်ငံငွေတွေပါသွားယုံမက တစ်ချို့ သားအမိချင်းတောင်ပြန်ဆွဲဆောင်စည်းရုံးရတဲ့အထိ ဖြစ်ကုန်ပါပြီ
---------------------------------------
တင်လင်း ထွန်း => အဘရေ မြန်မြန်ဖမ်းခိုင်းပါအဲ့ ဒါလိမ်တာဗျ မလေးရှားမှာ ဗမာတွေ ခွေးဖြစ်ကုန်တာအဲ့ ဒီနည်းပဲဗျ ၂၀၀၅ လောက်ကဗမာတွေ တစ်ပုံကြီးအလိမ်ခံရတာ တိုင်လို့ လဲမရ အောင်အပိုင်ချီထားတာ ဗမာပြည်လူတွေ မခံရအောင်အဲ့ ဒီကောင်တွေ မြန်မြန်သာဖမ်းပါ
---------------------------------------
Nan Zarni Min => အသင်းဝင်ကြေးက ၉ထောင်ပေးရတယ်၊၊အသင်းဝင်ပြီးရင် ပစ္စည်းကို ၁သိန်းဖိုးဝယ်ရပါတယ်။ပစ္စည်း၁သိန်းဖိုးဝယ်မှ လခပေးပါတယ်တဲ့။ပြီးရင် ကိုယ့်အောက်က လူ ဘယ်ညာတစ်ယောက်ဆီထပ်ရှာရပါတယ်။အဲ့ဒီ ၂ယောက်က ပစ္စည်းဝယ်ရင်ကိုယ့်အတွက် ၂သောင်းကျပ်ရပါတယ်။အဲ့ဒီဘယ်ညာ ၂ယောက်က နောက်ထပ်အဖွဲ့ဝင်၂ယောက်ဆီထပ်ရှာတော့ ကိုယ့်အောက်မှာလူ ၆ယောက်ဖြစ်သွားသလို လခကလဲဆပွားနဲ့တိုးရပါတယ်။
ပစ္စည်းတွေကတော့ USA madeတဲ့။အားဆေး၊မိတ်ကပ်၊ရေချိုးဆပ်ပြာ၊သွားတိုက်ဆေး ကအစမျိုးစုံပါတယ်။
ဒါပေမယ့်.....ဒီနောက်ပိုင်မှာပစ္စည်းတွေက အစုံမရတော့ပါဘူး။ပစ္စည်းဖိုး ၁သိန်းပြည့်ဖို့အတွက် ကိုယ့်အတွက်အသုံးဝင်ဝင်၊မ၀င်ဝင် ၀ယ်ကြရတယ်။ပြီးရင် ကိုယ့်ရဲ့အသင်းဝင်မှတ်ပုံတင်လေးမြဲးနေဖို့အတွက် တစ်လ ၃သောင်းဖိုးပစ္စည်းက ၀ယ်နေရပြန်ပါတယ်။
ပြီးတော့...ကိုယ့်လခလေးပိုများလာဖို့အတွက် လူထပ်ရှာနေရပြန်တယ်လေ။ကိုယ့်အောက်မှာ လူများလာလေ လခကတိုးလာလေဆိုတော့...လောဘပေါ့။မသိနားမလည်တဲ့သူတွေကို ရှယ်ယာသဘောမျိုးပြောပြီးဆွယ်ကြတော့တာပါပဲ။လောဘနောက်မှာ....လိမ်ညာတာတွေဖြစ်လာတော့တာပေါ့။
ဒီပိုစ့်ကိုတင်တဲ့အတွက် အန်ကယ်ဦးလှဆွေကိုတကယ်ကျေးဇူးတင်ပါတယ်။
မသိနားမလည်တဲ့တောသူတောင်သားတွေတော်တော်များများအလိမ်ခံနေရတာကိုမြင်တွေ့နေရပါတယ်။ကိုယ်လက်လှမ်းမီသလောက်တော့ ရှင်းပြပြောပြနိုင်ပေမယ့်မထိရောက်ပါဘူး။သူများစီးပွားရေးကိုအတိုက်အခံလုပ်နေတာမဟုတ်ပါဘူး။မသိနားမလည်တဲ့သူတွေ အလိမ်အညာခံနေရတာကိုစိတ်မကောင်းဖြစ်ရလွန်းလို့ပါ။
---------------------------------------
Hsu Mon => တောင်ငူနယ်ဘက်က လိပ်သို-သံတောင်မှာရှိတဲ့ မသိနားမလည်တဲ့ကရင်(အသက်ကြီးရွယ်အို)တွေကိုလည်းအဲ့လိုပဲလုပ်စားနေကြတယ်..သနားပါတယ် ..သူတို့မှာ အဟုတ်မှတ်ပြီးမရှိရှိတာလေးတွေပေးလိုက်တာ..နောက်ပြီးဘယ်ကိုဆက်သွယ်လို့ဆက်သွယ်ရမှန်းမသိပဲ မြို့တက်မေးရှာတယ်..တွေ့နေရတာ ၃..၄ယောက်ရှိပြီ
---------------------------------------
Maung Aung => လိမ်နည်းသစ်ပါ မက်လုံးပေးပြီး ငွေရှာခိုင်းတယ် တစ်ယောက်ကို အယောက်၆၀ဆိုရင် အေးအေးဆေးဆေး သိန်း၆၆၀ လိမ်သွားမှာ ထိုင်းမှာမြန်မာတွေအလိမ်ခံထားရတယ်လေ စန်းလျောင်ဖိန်ဆိုတာ ပဲနာမည်က ထိုင်းလိုတော့မပြောတတ်ဘူး လိမ်တာမှ ဘတ်ကိုသိန်းနဲ့ချီပဲလေ မြန်မာတွေချမ်းသာချင်ကြတယ်လေ အဒီတော့လိမ်ကောင်းတာပေါ့နော်
---------------------------------------
Thal Mon => ရမည်းသင်းမှာမြို့ရောရွာရောအီစိမ့်နေအောင်ခံနေကြတာတပုံကြီးပဲအသဲအသန်လူစုလစာကောင်းတယ်၅သိန်းရသွားပီ၁၀သိန်းဘောနပ်ရနေပီနဲ့ရွာကလူတွေဆိုအတိုးတွေနဲ့ယူပြီးဝင်နေတာတော်တော်ဆိုးတဲ့ကုမ္ပဏီတွေအဲ့ဒါထိထိရောက်အရေးယူပေးပါနောက်ကုမ္ပဏီတခုရှိသေးတယ် ယူနီစီတီတဲ့သူက၁၀သိန်းဖိုးဝယ်ရတာတဲ့မင်းသမီးတွေလည်းသုးံတယ်ပေါ့ဘယ်သူကတော့ဝိတ်ကျသွားပီဘယ်သူကအသားရေလှသွားတာလေနဲ့အဲ့ဒါတွေကယ်လိုက်ပါအုးံအဘရေ
---------------------------------------
မူရင်းပို့ စ် => https://www.facebook.com/uhla.swe.9/posts/1560749684140086 နှင့် ထိုပို့ စ်အောက်တွင် ပေးထားသော
Comment များကို ပြန်လည်ကူးယူဖော်ပြပါသည်။