Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်နေသူများသို့


ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်နေသူများသို့
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ထဲထဲဝင်ဝင်မလေ့လာဘဲနဲ့ MLM မကောင်းဘူး မပြောပါနဲ့ ဆိုတာ အမြဲတစေ ကြားနေရပါတယ်ခင်ဗျ။
ဟုတ်ကဲ့ မလေ့လာတာ မဟုတ်ပါ ။ ခင်ဗျားတို့ MLM ကို အကြိုက်နည်းနေသေးလို့ပါ လူကြီးမင်းတို့။
ဘာတွေကို မကြိုက်လို့လဲ။
တိုင်းတပါးက ပစ္စည်းတွေ စွတ်သွင်းနေတာကို မကြိုက်တာပါ ။ ပို့ကုန်တင်ပို့ပြီး တိုင်းပြည်ဝင်ငွေရှာရမှာ။ အခုတော့ ခင်ဗျားတို့က ပြောင်းပြန်။
ဟိုပစ္စည်း ဒီပစ္စည်းတွေကို ဒရကြမ်း စွတ်သွင်းနေတော့တာ။ ရွှေပြည်တော်ကြီး မွဲပြီးရင်း မွဲဖို့သာ ရှိကြောင်းပါ။ ထို့ကြောင့် ထဲထဲဝင်ဝင် လေ့လာချင်စိတ်ကို မရှိတာပါ။
လက်စနဲ့ တစ်ခုလောက် အကူအညီ တောင်းပါရစေခင်ဗျာ။
Sanction တွေ ဖြေလျော့ပေးလို့ ကျွန်တော်တို့ တိုင်းပြည်
GSP ရနေပါပြီ။
အိမ်နီးချင်း ထိုင်း ဗီယက်နမ် စင်ကာပူ မလေးရှား တို့ကို အမီပြန်လိုက်ဖို့ အခွင့်အရေးကောင်း အချိန်အခါကောင်း ပါ။
မည်သည့်ပို့ကုန်များ ရေခြားမြေခြားတိုင်းတစ်ပါးသို့ တင်ပို့ရောင်းချကာ တိုင်းပြည်ဝင်ငွေရအောင် မည်သို့ ပြု လုပ် ရွက်ဆောင်ကြမည်ကို ဆွေးနွေးပေးစေချင်ပါတယ်။
မြန်မာပြည်ကို အလွန်အမင်း ချမ်းသာစေချင်သော ၊ စေတနာ မေတ္တာကြီးမားလှသော နိုင်ငံတကာ အဆင့်မီ စီးပွားရေးပညာရှင်ကြီးများနှင့် ရဟန်းရှင် လူ သူတော်စင်အပေါင်းတို့
တစ်ချက်လောက် အကြံပြု ပေးခဲ့ပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား။
https://www.facebook.com/groups/mlmDiscussion/permalink/1826493920928771/