Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ငွေပဲအရေးကြီးတာလား ၊၊၊၊


အဲ ဒီတော့ကား ကောင်းတဲ့အချက်လေးတွေ ပြောရမှာပေါ့လေ
ကောင်းတဲ့အချက်
____×____×___
..mlm ကပေးတဲ့ leadership သင်တန်းတွေ capacity building သင်တန်းတွေကောင်းပါတယ်
..member တွေကို ပေးဖတ်တဲ့စာအုပ်တွေလဲကောင်းပါတယ်
..အပြင်မှာ ဆိုးသွမ်းနေတဲ့သူတွေ ဝင်လာတာလဲကောင်းပါတယ်
..ကိုယ်ဝါသနာပါတာလုပ်ဖို့ ပိုက်ဆံဝင်နေတာလဲ ကောင်းပါတယ်
..စကားပြောတတ်ဆိုတတ်တာ ဝေ့တတ် ဝိုက်တတ်ပြောလာနိုင်တာလဲ ကောင်းပါတယ်
..အဝတ်အစားတွေ အရင်ကထက် သပ်သပ်ရပ်ရပ် ဝတ်လာနိုင်တာလဲ ကောင်းပါတယ်.
..ခင်ဗျားတို့ရောင်းတဲ့ဆေးက ရောဂါတွေပျောက်တယ်ဆိုတာလဲ ကောင်းပါတယ်.
မကောင်းတဲ့မချက်
___×___×___
..ခင်ဗျားတို့ mlm လုပ်တဲ့သူတွေဆီက ကြားလိုက်ရရင် ပိုက်ဆံက ဘယ်လောက်အရေးပါကြောင်းပဲဗျာ ငွေကလိုအပ်တာ မှန်ပေမယ့် ငွေနောက်ပဲလိုက်တဲ့သူတွေက မျက်ကန်းလိုဘဲ ကိုယ်လုပ်နေတာ ကောင်းလားဆိုးလားမခွဲခြားနိုင်ဘူး
..ခင်ဗျားတို့ကို ပေးတဲ့ training တွေကောင်းတယ် မကောင်းတာက အဲ့ကဟာတွေကို တလွဲအသုံးချနေတာဘဲ. အဲ့ပညာတွေကို တစ်ခြား ကိုယ်ကျွမ်းကျင်တဲ့ ကိုယ့်အတတ်ပညာနဲ့ လုပ်နေတဲ့အလုပ်မျိုးမှာ အသုံးချနိုင်ရင် ပိုအောင်မြင်တယ်ဆိုတာ မသိတာလား. အ တာလား..
..member တွေကိုပေးဖတ်တဲ့စာအုပ်တွေက mlm ဘယ်လိုကောင်းကြောင်းဘဲရေးထားပြီး တခြား marketing တွေနဲ့ယှဉ်မရေးထားတာသိလား.. ပြီးတော့ ကမ္ဘာကျော်အတတ်ပညာရှင်တွေက mlmကို ကန့်ကွက်တဲ့စာအုပ်တွေ မမြင်ဖူးတာဘဲလား.
..အပြင်မှာ ကလေကချေ လုပ်နေတဲ့သူတွေ ပျက်စီးနေတဲ့သူတွေ ဝင်လာတာ ကောင်းပေမယ့် ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ ဟိုဥပမာလိုဘဲ ခြေကျိုးနေတဲ့ခွေးကို သခင်က ချီးကျွေးလဲ ဝမ်းသာအားရစားမှာဘဲ..
ကိုယ်က ဘာမတတ်လဲ စားသောက်နေရတာဘဲလေ ကိုယ့်ဆီမှာ ဘာပညာမှမလိုဘူးလေ လွယ်လွယ်ရတယ်လေ
..ခင်ဗျားတို့ဆီက ဆေးကြောင့်ပျောက်သွားတဲ့လူနာတွေရှိတယ်တဲ့ ပြောပါအုံး ကိုယ့်ဆီကဖြန့်နေတာ ဖြည့်စွက်အဟာရ(supplement)တွေဆိုတာ မသိဘဲပြောနေတယ်ဆိုတာ.. ကိုယ်ဖြန့်နေတာက ရောဂါပျောက်ဆေးလား ဘာလား မသိတဲ့သူတွေ.. လူနာတွေကိုကျ AIDS ပျောက်တယ် DM (ဆီးချို) ပျောက်တယ်ဆိုပြီး အပေါ်က upline ရဲ့စကားတွေ အမြဲနားယောင်ပြီးရောင်းနေတယ်ဆိုတာ ကိုယ့်ဟာကိုယ်မှ မသိတာ နားမလည်တာ အတာ ထုံတာ
..အံ့သြတာ တစ်ခုက ခင်ဗျားတို့အောက်မှာ လူဘယ်နှစ်ယောက်ရမှ ကိုယ်တွေရဲ့ လစဉ်ထိန်းရတဲ့ အမှတ်ကျေမှာလဲ အမြတ်မပြောသေးဘူးနော် ကိုယ့်အောက်က သုံးယောက် လေးယောက်ဝင်မှ အဲ့ဒါကျေမှာလား စဉ်းစားကြည့် အဲ့နည်းအတိုင်းကို ဆင့်ပွားစဉ်းစားကြည့်စမ်း အပေါ်ကလူတစ်ယောက်ကောင်းဖို့ အောက်က ဘယ်နှစ်ယောက်တောင် စတေးရလဲ မြန်မာနိုင်ငံမှာ ၅၁သန်းရှိတယ် ..ဆယ်သန်းက အရင်းကျေနေဖို့ အောက်က သန်း ၄၀ က ဘာဝင်ငွေမှ မရခင် အဲ့အတိုင်းနေရမှာ လား ဘယ်သူ့ကိုသွားရှာရမှာလဲ. ကိုယ်တစ်ယောက်ထဲအတွက်ပဲကြည့်လုပ်ရင်တော့ ကောင်းလိမ့်မယ် ဒါပေမယ့် အများအတွက်ကို စဉ်းစားကြည့်
..ပြီးတော့ anti တွေလုပ်နေတာ ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့် ကျန်တဲ့သူတွေကို လမ်းမမှားစေချင်လို့. ပြီးတော့ ကုမ္ပဏီတွေကို ခုထက်တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ရှိစေချင်လို့ ဥပမာ ကုမ္ပဏီထုတ်ကုန်ရဲ့ 70%ကို အပြင်ဈေးကွက်မှာ ရောင်းရမယ်ပေါ့ အဲ့ဒါဆို သူ့ရဲ့အစစ်အမှန်ဈေးက ပေါ်လာမှာလေ ဈေးလျော့သွားတော့ ခင်ဗျားတို့ member တွေက ဈေးသက်သက်သာသာနဲ့မရဘူးလားး
ဈေးကြီးလာတော့ ပစ္စည်းဘယ်လိုကောင်းကြောင်းပြောရောင်းလို့မရဘူးလား နောက်ပြီး member တွေထွက်ရင် ဝင်ကြေးပေးရတဲ့ပိုက်ဆံတွေ ပြန်ရအောင်..
အဲ့လိုမျိုး ကုမ္ပဏီတွေကို ဖြစ်စေချင်လို့...
ကဲ ခင်ဗျားတို့က ဘာကိုကြောက်နေတာလဲ ကျနော်ပြောတဲ့အောက်ဆုံးအချက်က ခင်ဗျားတို့ကို ပိုဆိုးသွားစေမှာလို့ စဉ်းစားနေရင်တော့ ခင်ဗျားတို့လုပ်နေတာ သမာအာဇီဝကျတဲ့လုပ်ငန်းမဟုတ်ဘူးးဆိုတာ ပြောရဲတယ်
.
ကဲ reply သွားကြ😜😜
ဟို post ကို comment ရေးတာ ကိုယ်ရေးလို့ပြီးတော့ဘpost ကဖျက်သွားတယ်
အာ့ကြောင့် post တင်တာ
https://www.facebook.com/groups/mlmDiscussion/permalink/1827053620872801/