Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ငွေကြေးလည်ပတ်တဲ့ ပုံစံ (Cash Flow) ကို ကြည့်ရင် အဲ့ဒီလုပ်ငန်းရဲ့ အမြတ်ငွေတွေ ဟာ ဘယ်လိုပုံစံနဲ့ ရလာသလဲဆိုတာ သိဖို့အတွက် သိပ်မခက်လှ ပါဘူး.


ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ငွေကြေးလည်ပတ်တဲ့ ပုံစံ (Cash Flow) ကို ကြည့်ရင် အဲ့ဒီလုပ်ငန်းရဲ့
အမြတ်ငွေတွေ ဟာ ဘယ်လိုပုံစံနဲ့ ရလာသလဲဆိုတာ သိဖို့အတွက် သိပ်မခက်လှ ပါဘူး...
၉၉%သော အရှုံးသည် ၁% အတွက်အမြတ်ဖြစ်စေတယ်ဆိုတာ MLMလုပ်နေတဲ့ မျက်ကန်းတွေ ထဲမှာ အပေါ်ဆုံးရောက်နေတဲ့ လက်တစ်ဆုပ်စာအလွှာ တစ်ခုလောက်ပဲ သိလိမ့်မှာပါ..ဒါပေမယ့် ဒီအချက်ကို သူတို့ ချပြတာနဲ့ ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲမိတာနဲ့ အတူတူပဲ...
လက်တစ်ဆုပ်စာ ဒိုင်းမွန်း ဆိုတဲ့သူတွေကသူတို့ရဲ့ အမြတ်ငွေတွေ များများရဖို့ ပစ်ရမစ်မှာ အောက်ဆုံးအလွှာတွေ များလေ ကောင်းလေ ဆိုတာ ကောင်းကောင်းသဘောပေါက်ကြတယ်..ရေရှည်ထိန်းထားဖို့အတွက် အောက်ခြေက လူတွေကို OPP ပြောတာတို့ Camp တက်ခိုင်းတာတို့ နည်းပေါင်းစုံနဲ့ဆွယ်ပြီး အောက်ခြေမှာ လူတွေ ကို ဖြည့်နိုင်သလောက်ဖြည့်ကြတယ်...အဲ့လို လုပ်နေတာကိုပဲ Downline တွေ အမြင်မှာ သူတို့ ရဲ့ ကယ်တင်ရှင်
ကြီး သဖွယ် ထင်နေကြတာကိုး...တကယ်က ကိုယ်ကျိုးအတွက် မျှော်လင့်ချက်အမှားတွေကို နားမလည်တဲ့ လောဘသားကောင်တွေကို ရိုက်ထည့်ပေးနေရတာကို က အပေါ်ပိုင်းက ခေါင်းဆောင်တွေရဲ့ အလုပ်ပဲ...ဘယ်သူ့အတွက် လုပ်နေတာထင်လဲ...ကယ်တင်ရှင်ကြီးသဖွယ် ငွေကြေးလွတ်မြောက်မှုအတွက် လမ်းပြ သမား ယောင်ယောင် စင်ပေါ်တက်ပြီး ဟောပြောနေကြတာဟာ သူတို့ရဲ့ ကိုယ်ကျိုးအတွက် ကလွဲပြီး ဘာမှ မရှိဘူး...
ရိုးရိုးလေးတွက်ကြည့်ကြရအောင်....
လူဦးရေ တစ်သိန်းရှိတဲ့ MLM ကုမ္ပဏီတစ်ခုဆိုပါစို့...တကယ်အောင်မြင်နေတဲ့ ဒိုင်းမွန်း အယောက်၁ထောင် ရှိတယ်ဆိုရင်တောင် ၁% ပဲအောင်မြင်တယ်ပြောလို့ရမယ်...
လူ၁သိန်းမှာ လူ ၁ထောင် အောင်မြင်မှ ၁% ပဲအောင်မြင်တာနော်...ဒါတောင်အများကြီးပိုတွက်ပေးထားတာ...ဒိုင်းမွန်းအယောက် ၁ထောင် ရှိတဲ့ MLM ကုမ္ပဏီ မြန်မာပြည် မှာ ရှိခဲ့တယ် ဆိုရင်
အထောက်အထားနဲ့ ချပြခိုင်းကြည့်ပါ...(ခုထိတော့ ဒိုင်းမွန်း အယောက်တစ်ထောင်လောက်ရှိတဲ့ MLM ကုမ္ပဏီ မကြားဖူးသေးဘူး)
နှိမ်တယ်ပဲပြောပြောသူတို့ရဲ့ OPP တို့ Leadership တို့ကို လာကြတဲ့ လူတွေမှာ ကားစီးနိုင်တဲ့ လူတန်းစား အယောက်တစ်ရာ မပြည့်ဘူးရယ်...ပြောတော့ တစ်လကို သိန်း၂၀ ဝင်တယ် သိန်း၃၀ ဝင်တယ်သာပြောတာ စီးတော့ လိုင်းကား နဲ့...နည်းနည်းလေး Downline များတဲ့ လူလောက်သာ Taxi နဲ့လာကြတာ..ဒါတောင် စုပေါင်းစပ်
ပေါင်းနော်...လိုင်းကားစီးတာ ရှက်စရာမဟုတ်ပေမယ့် တစ်လကို သိန်းဆယ်ချီ ဝင်တယ်ပြောနေတဲ့ လူ့ ငနွား လူ့ ငကြွားတွေ ကိုယ်ပိုင်ကား မစီးပဲ လိုင်းကားလေးတိုးစီး လူဆွယ် meeting တက်ကြတာတော့ ရှက်စရာကြီးပါဗျာ...
သူများကို ချမ်းသာ စေကြောင်း နည်းလမ်းပြဖို့ထက် ကိုယ့် ဘာသာ သမာအာဇီဝ ကျကျ ချမ်းသာအောင် အရင် ကြိုးစားကြစမ်းပါ...
အိပ်မက် အကြီးကြီးမက် တာ အပြစ်မဟုတ်ဘူး...အဲ့အိပ်မက် ကို အကောင်အထည်မဖော်နိုင်ရင်တော့ အပြစ်ဖြစ်သွားပြီ...အကောင်အထည်ဖော်လို့မရအောင်လည်း ဟိုးအပေါ်ဆုံးက မတရားခွစားနေတဲ့ ဒိုင်းမွန်းတွေက စီမံထားကြတာကိုး.....