Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

Double Crane Company ရဲ့သတင်းဆိုး



ထုတ်ကုန်ပစ္စည်းတမျိုးမှာ…
ထုတ်လုပ်သူ
ဖြန့်ဖြူးသူ
သုံးစွဲသူ……ဆိုပြီး(၃)ဦးပါဝင်ပါတ်သက်နေတာ
အားလုံးသိကြပြီးဖြစ်ပါတယ်…
အခုတလော စိုက်ပျိုးရေးဆေးလောကမှာ
ဘာမဆိုင်ညာမဆိုင် အုတ်အော်သောင်းတင်း
ဖြစ်နေတဲ့ ပစ္စည်းတမျိုးကတော့ GoEco
ဆပ်ပြာရည်ပြဲဖစ်ပါတယ်…
ဒီပစ္စည်းကိုထုတ်လုပ်သူမှာတော့ဘာအပြစ်မှ
မရှိပါဘူး…လူမှန်တယောက်လို့ပြောရပါတယ်…
detergent ကို detergent လို့ပဲ ရိုးရိုးသားသား
မှန်မှန်ကန်ကန်ပြောပြီးထုတ်ပါတယ်…
အပိုပြောဆိုရည်ညွှန်းတာတွေဘာမှမပါပါဘူး
ထုတ်ကုန်ထဲမှာပါဝင်တဲ့ပစ္စည်းတွေ…
ပါဝင်တဲ့ပစ္စည်းတွေကြောင့်ဘာတွေမှာ
ဘယ်လိုကောင်းပါတယ်လို့ပဲ ညွှန်းပါတယ်…
မဆိုင်တာတွေ ဘာမှမပါပါဘူး……
စိုက်ပျိုးရေးလောကအတွက်ဘာမှမဆိုင်တဲ့
ဒီပစ္စည်းကိုဘာမှမဆိုင်တာတွေညွှန်းပြီး
မသိနားမလည်တဲ့တောင်သူလယ်သမားတွေကို
လိမ်ညာဖြန့်ဖြူးရောင်းချနေသူတွေကတော့
လူယုတ်မာတွေပါ…
GoEco ထုတ်လုပ်သူက fat…protein…amino acid
တွေကို ဖျက်ဆီး…ပျက်စီးစေပါတယ်လို့
သေသေချာချာရေးသားဖေါ်ပြထားပါလျက်
fat…protein…amino acid တွေနဲ့အသက်ရှင်
ရပ်တည်နေရတဲ့ အပင်တွေကိုသုံးစွဲဖို့
မတန်တဆဈေးနဲ့ လိမ်ညာဖြန့်ဖြူးရောင်းချနေ
တာကတော့ ရိုင်းစိုင်းယုတ်မာလွန်းလှပါတယ်…
ဘာမှန်းညာမှန်းမသိ…မလေ့လာမစူးစမ်း
ပြောသမျှယုံ…သူများကောင်းတယ်ဆိုစမ်းသုံးချင်
ထူးတယ်ဆန်းတယ်ဆို သူများထက်အရင်
ဦးအောင်စမ်းသုံးပြီး လူတတ်ကြီးလုပ်ချင်တဲ့
သုံးစွဲသူတွေကတော့ လူညံ့တွေပါ………
သီးနှံပင်ကိုဖျက်ဆီးတဲ့ အင်းဆက်ပိုးများအပါအဝင်
အင်းဆက်ပိုးအားလုံးရဲ့ခန္ဓာကိုယ်ဟာ
ကျူတီကယ်ခေါ်တဲ့အဆစ်အပိုင်းများနဲ့ဖွဲ့စည်း
တည်ဆောက်ထားပါတယ်…အဲဒီစီထပ်ထားတဲ့
အခွံအဆစ်အပိုင်းကြားများကနေပြီး အသက်ရှူ
ကြပါတယ်…
အဲဒီခန္ဓာကိုယ်အဆစ်အပိုင်းကြားကနေပြီး
ရေနံဆီ…ဓါတ်ဆီ…စားသုံးဆီ စတဲ့ ဆီတမျိုးမျိုးကို
စိမ့်ဝင်စေမယ်ဆိုရင် အင်းဆက်ပိုးရဲ့ဇီဝကမ္မဗေဒ
(အသက်ရှင်ရန်ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်)
ထိခိုက်ပြီး သေကျေပျက်စီးစေပါတယ်…
ဒါပေမဲ့ ဆီတွေဟာဒီအတိုင်းဖြန်းမယ်ဆိုရင်
အပင်ကိုလောင်ကျွမ်းစေတဲ့အပြင် စိုက်ခင်း
နှံ့စပ်အောင်ပက်ဖြန်းဖို့လဲမလွယ်ပါဘူး…
ဒါကြောင့်ဆီတွေကိုရေနဲ့ဖျော်ဖို့လိုအပ်လာ
ပါတယ်…ဆီဆိုတာကလဲရေနဲ့ဖျော်လို့အလွယ်
တကူပျော်ဝင်တဲ့ပစ္စည်းမဟုတ်ပါဘူး…
ဒါကြောင့် ဆီကိုရေထဲမှာပျော်ဝင်ခြင်းမဟုတ်
သည့်တိုင်ပျံ့နှံ့သွားအောင်ဆပ်ပြာရဲ့အကူအညီ
ရယူရပါတယ်…
သိစေချင်တာက ဖျက်ပိုးနှိမ်နင်းရေးမှာဆပ်ပြာ
ဟာအဓိကအကျိုးရှိစေတာမဟုတ်ဘဲ ဆီတမျိုး
မျိုးကိုအသုံးပြုခဲ့ရင် အကူပစ္စည်းအနေနဲ့သာ
အသုံးဝင်ကြောင်းပါ…
အပင်အာဟာရပိုင်းအနေနဲ့ပြောမယ်ဆိုရင်လဲ
ဆပ်ပြာမှာပါတဲ့ Na ဆိုဒီယမ်ဟာ အနည်းလို
ဓါတ်သာဖြစ်ပြီး လိုအပ်တာထက်များသွားရင်
အပင်ကိုအဆိပ်သင့်စေလို့ ပိုပြီးဒုက္ခရောက်
သွားနိုင်ပါတယ်…
ဆား…ဆပ်ပြာပေါက်မြေ
ပင်လယ်ဆားငံရေဝင်မြေ………တွေစိုက်မရ
ပျိုးမရဖြစ်နေလို့ လူအား ငွေအားသုံးပြီး
ခက်ခက်ခဲခဲပြုပြင်စိုက်ပျိုးနေရချိန်မှာ
ထွန်ရေးပြင် သမန်းပြင် မြေကြီးကိုဖြန်းခိုင်းနေတာ
သင့်တော်၏…မသင့်တော်၏
လုပ်သင့်၏…မလုပ်သင့်၏
ကိုယ်ပိုင်ဥာဏ်လေးသုံးပြီး စဉ်းစားနိုင်ကြဖို့ပါ…
ဘာမဟုတ်တဲ့ ဆပ်ပြာရည်ကို
ဆပ်ပြာရည်ဈေးနဲ့မဝယ်ဘဲ…
ပြောသမျှယုံ…အလိမ်အညာခံပြီး
ရွှေဈေး ပေးပြီးဝယ်သုံးနေရတဲ့ကိုယ့်အဖြစ်ကိုလဲ
အမြင်မှန်မှန်နဲ့ ဆင်ခြင်ဥာဏ်သုံးပြီး
စဉ်းစားနိုင်ကြရန် စေတနာထားပြီး
ရေးသားတင်ပြလိုက်ရပါတယ်…
Than Win Agri
photo credit to Sai Sein Pann