Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

ကဲ ... Double Crane က မောင်စိုင်း ရေ


ကဲ ... Double Crane က မောင်စိုင်း ရေ
မင်းက ငါပြောတာကို ကိုးကားပြီး
လိုရာစွဲပြောနေတော့ တစ်ခု ပြတ်ပြတ်မေးမယ်ကွာ ။
ပြင်ပ ရောင်းအား ၇၀% or ၈၀% အထက် ရှိမရှိ
မင်းတို့ Company ၊ သို့မဟုတ် မင်းတို့ခေါင်းဆောင်တွေကို
အထောက်အထားနဲ့ သေချာစစ်မယ် ။
တစ်လ စာလောက်ကို လိုက်မှာ မဟုတ်ဘူးနော် ။
အနည်းဆုံး နှစ်ချီပြီး ပြန်လိုက်မယ် ။ စောင့်ကြည့်မယ် ။

တကယ်လို့ ပြင်ပ ရောင်းအား ၇၀% or ၈၀% အထက် ရှိနေပြီး
လုပ်ငန်းလည်ပတ်နေတာ ဟုတ်တယ်ဆိုရင်
မင်းတို့ Company ဟာ MLM Company အစစ်ပါ ။
ကျင့်ဝတ်နဲ့ ညီတဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုပါ ။
မင်းတို့ စီးပွါးရေးကို ဝင်ရောက် လုပ်သင့်ပါတယ်လို့ ငါကိုယ်တိုင် ကြေငြာပေးမယ် ။
အဲ့ဒီ ကြေငြာချက်ကိုလည်း မြန်မာနိုင်ငံမှာရှိနေတဲ့ Facebook သုံးတဲ့လူထဲက
အနည်းဆုံး လူ ၅ သန်းကိုရောက်အောင် ငါကိုယ်တိုင် ကြေငြာပေးမယ် ။
သတင်းစာမှာလည်း ထည့်ပြီး ကြေငြာပေးဦးမယ် ။
အေး တကယ်လို့ ပြင်ပ ရောင်းအား ၈၀% အထက်မရှိရင်
( ကွန်ရက် အတွင်းရောင်းအားကပဲ ပြင်ပရောင်းအားထက် သိသိသာသာပိုများနေရင်
မင်းတို့ Company/Network ခေါင်းဆောင်တွေက
ကျွန်တော်တို့ Company ဟာ
MLM Company မစစ်ပါဘူး ခင်ဗျာ ။
ကျင့်ဝတ်နဲ့ ညီတဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုလည်း မဟုတ်ပါဘူး ။
ကျွန်တော်တို့ စီးပွါးရေးကို မလုပ်သင့်ပါဘူး ခင်ဗျာဆိုပြီး
Company အတွင်းမှာ လုပ်နေတဲ့ လူ အားလုံးသိအောင် တရားဝင် ကြေငြာပေးရမယ် ။
ဒီလို ကျင့်ဝတ်နဲ့ မညီတဲ့ ပုံစံ နဲ့ လူတွေကို လှည့်စားမိလို့ အနူးအညွတ်တောင်းပန်ပါတယ်ဆိုပြီး
တရားဝင် ကြေငြာပေးရမယ် ။
သတင်းစာမှာလည်း ထည့်ပြီး ကြေငြာပေးရမယ် ။)
ကဲ ဘယ်လိုလဲ ?
မင်း ဆရာတွေကို ခေါ်လိုက်ပြီး Public မှာ
ဒဲ့ ရှင်းခိုင်းလိုက်ပါတော့လား ?
မင်း Company ( Double Crane ) မှ မဟုတ်ဘူး ။
မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ MLM Companies တွေရော ၊
နိုင်ငံတကာမှာ ရှိတဲ့ MLM Companies တွေရော
ဒီ စည်းမျဉ်းကို မသိချင်ယောင်ဆောင်ပြီး
လက်တစ်လုံးခြားလုပ်လာတာ
( ၁၉၇၉ - Amway Safeguard Rules ကနေ စ တွက်ရင် )
နှစ် ၃၀ ကျော်ပြီ ဟ ။
နောက် သောက်ပြော မခံနိုင်ရင် ငါ့စာကို အမြီးပြတ် ခေါင်းပြတ် အကိုးအကားမလုပ်နဲ့ ။
လေတယ် ။
မင်း မှတ်ထားဖို့က
MLM ဟာ ထုတ်ကုန်ထက် လူတွေရဲ့ လောဘကို အခြေခံပြီး လည်ပတ်နေတာပဲ ။
ဒီစာကို ဖတ်မိတဲ့ MLM သမားတိုင်း ဒီ အချက် ( MLM Companies တွေမှာ
ပြင်ပ ရောင်းအား ၇၀% or ၈၀% အထက် ရှိမရှိ ) ကို သက်သေပြနိုင်ရင်
ဒီအတိုင်း အချိန်မရွေး စိန်ခေါ်နိုင်တယ် ။
ကျွန်တော့်ဘက်က စိန်ခေါ်မှုကို လက်ခံဖို့ အသင့်ပဲ ။
အမြင်မတော်သူ - ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
https://www.facebook.com/groups/mlmDiscussion/

https://www.facebook.com/groups/mlmDiscussion/#