Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 13, 2017

DSA (Direct Selling Association) ဆိုတာ


DSA (Direct Selling Association) ဆိုတာ MLM ကုမ္ပဏီတွေနဲ့ စားသုံးသူတွေအကြား ထိန်း
ကျောင်းပေးမယ့် အဖွဲ့အစည်းလို့ဆိုပေမယ့် တကယ်တန်းက MLM ကုမ္ပဏီတွေအတွက် lobby လုပ်ပေးနေတဲ့အဖွဲ့အစည်းပါ။ သူ့ရဲ့ စံသတ်မှတ်ချက်အရ တော့ Pyramid Scheme ကနေ ငွေကြေးကို Downline များ အဆင့်ဆင့်ပွားယူခြင်းကို ရှောင်ရှားစေပြီး မိမိ အောက်က အလွှာတစ်လွှာ (မိမိ မှ တဆင့် ပစ္စည်းရောင်းချသောသူများ) ဝယ်ယူသည့်အပေါ် ကော်မရှင်ခံစားခွင့်ကို ပြုပေးခြင်းသာဖြစ်တယ်။ ဆိုလိုတာက ကိုယ့်အောက်မှာ ရှိတဲ့ Downline ၂ယောက်ဆိုပါစို့ သူတို့ ဝယ်တဲ့ ပစ္စည်း အပေါ်မှာ အမြတ်ရာခိုင်နှုန်း တစ်ခုကိုသာခံစားခွင့်ရှိ
ပြီး နောက်ထပ် Downline များအောက်တွင်ရှိ
နေသော အခြားတစ်လွှာရဲ့ ဝယ်ယူခြင်း အတွက် အမြတ်ရာခိုင်နှုန်းကို သက်ရောက်ခြင်းမရှိစေရလို့ သတ်မှတ်ပေးထားတာပါ။ ကိုယ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ကွန်ယက်အတွင်း ရောင်းအားကို ကော်မရှင်အဖြစ်ခွင့်ပြုပေးပေမယ့် နောက်ထပ် အလွှာပေါင်းများစွာအတွက်အကျုံးမဝင်ပါဘူး။ Singapore မှာ ဒီနည်းနဲ့ထိန်းချုပ်ထားတာပါ။
၂၀၁၄ ခုနှစ်မှာ DSA ရဲ့ founder ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အမေရိကန်အခြေစိုက် Avon ကုမ္ပဏီ က DSA မှ အပြီးတိုင် နှုတ်ထွက်သွားပြီး အကြောင်းပြချက်ကတော့ DSA အနေနဲ့ စားသုံးသူတွေရဲ့နစ်နာမှု အပေါ် အပြည့် အဝ ကာကွယ် မပေးနိုင်လို့ဆိုတာပါ။ Avon အနေနဲ့ကွန်ယက်အတွင်း ဈေးကွက်တိုက်ရိုက်ဖြန့်ချိမှု အတွက် ကိုယ်ပိုင် စက်ရုံရှိတဲ့ အ
ပြင် ကွန်ယက်ရောင်းအားတစ်ခုတည်းကို မှီတည်မနေပဲ လက်လီဈေးကွက်နှင့် Amazon လိုမျိုး Online ဈေးကွက်များမှာပါ ဖြန့်ချိရောင်းချလျက်ရှိပါတယ်။ မြန်မာပြည်မှာ လက်ရှိလုပ်နေတဲ့ MLM တော်တော်များများဟာ ပြင်ပဈေးကွက်မှာ စီးဆင်းခြင်းလုံး ဝမရှိပဲ သူတို့ရဲ့ ကွန်ယက်တွင်းမှာပဲ ရောင်းချနေတာပါ။ ဈေးကွက်တွင်း ယှဉ်ပြိုင်မှု အရ အရည်အသွေးနဲ့ ဈေးနှုန်းပိုင်းမှာ ပြင်ပ ထုတ်ကုန်တွေထက် အားနည်းချက်ရှိနေတဲ့အတွက် လက်လီဈေးကွက် မှာ ဝင်တိုးရင် အရှူံးပေါ်မှာပါ။ (ဥပမာ MLM က
ခေါင်းလျော်ရည် တစ်ဘူးကို ၁သောင်းကျော်ရောင်းနေပေမယ့် လက်လီဈေးကွက်ထဲရောက်နေတဲ့ တခြားခေါင်းလျော်ရည်တွေ လို အရည်အသွေး ပိုင်းစိတ်မချရတဲ့အပြင် ဈေးနှုန်းက ၅ဆ ကနေ ၁၀ ဆ လောက်ထိ များနေတတ်ပါတယ်) မသိနားမလည်တဲ့ သူတွေ ကို MLM အနေနဲ့ ကုန်တိုက်တွေ စတိုးဆိုင်တွေမှာ တင်ခွင့်မရှိသယောင်ယောင် ပြောဆိုတတ်ကြပါတယ်။ Avon လိုမျိုး ပြင်ပ ရောင်းအား ၇၀ ရာခိုင်နှုန်းကျော်တဲ့ MLM မြန်မာပြည်မှာ တစ်ခုမှ မရှိသေးပါဘူး။
DSA လိုအဖွဲ့အစည်းမျိုးကို မြန်မာနိုင်ငံမှာ အစိုးရက မကြာခင် တရားဝင် ဖွဲ့စည်းပေးပါတော့မယ်လို့
လေသံလွင့်နေတဲ့ သူတစ်ချို့ရှိနေပါတယ်။ သူတို့ကို
ပြန်မေးကြည့်ပါ ဘယ်ဝန်ကြီးဋ္ဌာနက လုပ်မှာလဲ? ဒီသတင်း ကို ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ပြောစေလိုပါတယ်။ အထောက်အထား အကိုးအကားခိုင်လုံရင် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများ ကို ကျွန်တော်တို့ က အတည်ပြူချက်ရယူမှာပါ။ DSA ဝင်လာသည်
ဖြစ်စေ မလာသည်ဖြစ်စေ လက်ရှိ ဂုတ်သွေးစုပ်နေတဲ့ လောဘ အရှိန်တစ်ချို့တော့ တန့်သွားမှာဖြစ်ပြီး MLM ကိုမလုပ်သေးတဲ့လူတွေကို အထူးသဖြင့်
မြို့နေလူတန်းစားတွေကို သားကောင်အဖြစ် အသုံးချမှု လျော့သွားပါလိမ့်မယ်။ မီဒီယာတွေရဲ့ ကျေးဇူး အမှန်တရားအတွက်ရပ်တည်ပေးကြတဲ့ လူတွေရဲ့
ကျေးဇူးကြောင့် အခုဆို ရင် MLM ထဲကို သူတို့ထင်သလောက် ဆွဲသွင်းလို့မရတော့ပါဘူး။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ အမှန်တရားကို ချစ်မြတ်နိုး
စိတ်ကြောင့်ပါ။ နယ်ဘက်တွေအထိရောက်အောင် ပညာပေးအစီအစဉ်များ ဆက်လက်လုပ်ဆောင်ဖို့ရှိနေပါတယ်။ MLM တွေအနေနဲ့ သူတို့ အကျိုးစီးပွားကို သူတို့ ကာကွယ်နေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ပြည်သူရဲ့ အကျိုးစီးပွားကို အတတ်နိုင်ဆုံး ကာကွယ်သွားကြရအောင်....
လေးစားစွာဖြင့်
ချမ်းငြိမ်းဝင်း
https://www.facebook.com/groups/mlmDiscussion/permalink/1817908725120624/