Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

DVBမှာပါလာတဲ့ MLMစီးပွားရေးလုပ်ငန်းစုသတင်း။


DVBမှာပါလာတဲ့ MLMစီးပွားရေးလုပ်ငန်းစုသတင်း။
မန်နေဂျာအဆင့်အထိ လုပ်ခဲ့ဖူးတဲ့ အမျိုးသမီးရဲ့
ရဲရင့်တဲ့ဝန်ခံစကား တကယ်သဘောကျတယ်။
ကျမတို့ လိမ်ခဲ့ရတယ် တဲ့။
ကိုယ့်တစ်ဦးတည်းခံစားမှုအရ
ဒီစီးပွားရေးလုပ်ငန်းမျိုးတွေရဲ့ အပြောမျိုးကို ပထမဆုံး သဘောမကျတာပါပဲ။
မစားရဝခမန်း ဘယ်လိုအပြောမျိုးကိုမှ သဘောမကျဘူး။
အလကားမတ်တင်းနဲ့ သူဌေးဖြစ်သွားစေရမယ်။
အရင်းနည်းနည်းနဲ့ အမြတ်ဘယ်လောက်များများဝင်စေရမယ်။
မင်းတို့အကျိုးအတွက် ကိုယ်တို့ရောက်လာတယ်။
ကိုယ်ကျိုးမဖက်ဘဲ ဘလာဘလာ
ဒါမျိုးတွေပြောလာကတည်းက ဒီလိုလူတွေကို လူလိမ်တွေလို့ပဲ သတ်မှတ်ပါတယ်။
ကိုယ်တွေနိုင်ငံကလူတွေရဲ့ အချိန်နဲ့စွမ်းအားကို
ဘယ်လိုသေချာတဲ့ အာမခံချက်မှမပေးဘဲ
အလကားပဲတင်းနဲ့ အသုံးချနေတာမျိုး ကြောင့်
ဒီစနစ်ကို တော်တော်လေး ရွံ့ရှာပါတယ်။
ကိုယ့်ကြိုးစားသလောက်ထက် ဆပေါင်းများစွာ အကျိုးခံစားခွင့်ဆိုတာကို
ရှိုင်းဟုပ်ရဲ့ လင်ဇီးဆေးဝါးမှာကတည်းက ပြတ်ပြတ်သားသား ငြင်းခဲ့တယ်။
အယုံအကြည်မရှိဘူး။ မသတီဘူး။
အတ္တကိုဗဟိုပြု လောကီမှာ ကျင်လည်နေသူချင်း
ငါတို့အကျိုးတပြားမှမပါ မင်းအကျိုးသက်သက် ငါတို့ရောက်လာပြီ
ဒီစကားကို အမှန်ထင်နေရင်တော့
ကိုယ်တွေလောက် သုံးစားမရအောင်
ပိန်းအသူတွေမရှိလို့သာမှတ်ပါလေ။
မင်းအကျိုးစီးပွားအတွက်လာပြောပြတာပါဆိုတဲ့ စီးပွားရေးသမား မင်းဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရင်
အဲဒီလူလိမ်တော့မယ်ဆိုတာသာ သေသေချာချာမှတ်ပါလေ။
Htoon Htoon Lwin
 https://www.facebook.com/htunhtun.lwin.98/posts/914724058673458
Video ကြည့်ရန်
No automatic alt text available.