Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

ကျွန်တော် နှင့် အတ္တကိုပုံဖော်ကြသူများ( Eagle Camp - Unicity )


ကိုယ်တွေ့ကြုံရသူ တစ်ဦးရဲ့ MLM အပေါ် အမြင်
==============================
- Golden Egg -
ကျွန်တော် နှင့် အတ္တကိုပုံဖော်ကြသူများ( Eagle Camp - Unicity )
ကျတော် unicity မှာ လုပ်ခဲ့ဖူးတော့ ကျတော့ကိုယ်တွေ့လေးးတွေကို ဝေမျှခံစားစေချင်လို့ပါ
ကျတော် အရင်က ရေးးတင်ခဲ့ပါတယ်
၁ ကျတော်နှင့် mlm( unicity)
၂ ကျတော်နှင့် ကျတော်ရောက်ခဲ့ဖူးသော Japan trip
အဲ့၂ခုလည်းတင်ပီးရော ကျတော့ acc အထုခံလိုက်ရပါတော့တယ်
ရှိစေတော့ မှန်လွန်းလို့သွေးထွက်တော့ ဒီလိုပဲ ယုတ်မာတတ်ကြတယ်
ကျေးးဇူးတင်တယ် များများထုကြဘာ ထု သာထု ...
ကဲ ကျတော် ၃ခေါက်တိတိသွားခဲ့ဖူးတဲ့campလေးအကြောင်
းတစ်စိတ်တစ်ဒေသ မျှဝေချင်ပါတယ်
အဲ့campဟာဆိုရင် စိတ်ဓါတ်စစ်ဆင်ရေးးနဲ့ ပတ်သက်တာတွေကို ပုံဖော်ပေးတဲ့ gameတွေကစားရပါတယ်
လုံးဝမကောင်းဘူးလားတော့မဟုတ်ပါဘူး ကောင်းးတဲ့အချက်တွေရှိပါတယ်
သူတို့ပြောတဲ့mind set ချိန်းပေးးတယ်ပေါ့နော်
ကိုယ်က အောင်မြင်ချင်တယ် ချမ်းသာချင်တယ်ဆိုရင်တဲ့ အောင်မြင်နေတဲ့သူတွေရဲ့စကားကိုပဲနားထောင်ပါ
သူတို့ဆီကပဲ copyယူပါတဲ့
အဲဒီတော့ mlmနဲ့ပတ်သက်ပီးးတက်ရတဲ့သင်တန်းဆိုတော့ mlmမှာ နေရာယူထားတဲ့
ယိုးဒယားကဒိုင်းမွန်းးဆိုတာကြီးတွေရဲ့ ဝါဒ ကို သင်ကြားရသည်ပေါ့
သင်ကြားရေးက ၁ရက် game က ၂ ရက် စုစုပေါင်း ၃ရက် တစ်ရက်ကြိုသွားရတယ်
သင်တန်းပီးနောက်နေ့မှ ပြန်ရတယ်ဆိုတော့ အားလုံး၅ရက် ကြာပါတယ် ဗျ
( ၁ ) အတိတ် ပစ္စု ပ္ပန် အနာဂတ်
ဒီ gameကတော့ လူတစ်ယောက်ဟာ အတိတ်မှာ ဆင်းရဲ ခဲ့တယ် သောကရှိခဲ့တယ် ဒုက္ခတွေရှိခဲ့တယ်
အရှက်ကွဲခဲ့ရတယ်ပေါ့ အဲ့ဒီလို အတိတ်က ဆိုးရွားတဲ့အကြောင်းအရာတွေကို ထားခဲ့လိုက်ပါ
ခုလက်ရှိ ရပ်နေတဲ့ ပစ္စုပ္ပ န် မှာလည်း အကျိုးမရှိဘူး အနာဂတ်မှာလည်း အကျိုးမရှိဘူးပေါ့
အတိတ်က storyတွေကို ထားခဲ့တယ် စိတ်သစ်လူသစ်နဲ့ ဒီcampက ပြန်တာနဲ့
ဘဝသစ်တစ်ခုကို တည်ဆောက်ဖို့ ပြု ပြင်ပေးလိုက်တယ်ပေါ့ (လူ၃ယောက်ပါတယ် gameမှာ )
( ၂ ) ချစ်ခြင်းးတွေကို ပုံဖော်ပေးးတယ်
ချစ်ခြင်းးဆိုတာ ကတော့ ၁၅၀၀ / ၅၂၈ ပါတယ်ပေါ့လေ
သားသမီးနဲ့မိဘ ကြားမှာ ဘယ်လို ကျေးဇူးတရားတွေရှိတယ် ဆိုတာတွေကို ဖော်ကျူးပေးတယ်
အဆင်မပြေမှုတွေရှိနေလည်း သားသမီးတွေ ကိုယ့်မိဘ ကျေးဇူးတရားကို သိတတ်ဖို့
မိဘအပေါ်ဘယ်လို ကျေးဇူးပြန်ဆပ်သင့်သလည်းးတိုက်တွန်းပေးပါတယ်
ဒါသိပ်ကိုကောင်းးပါတယ် သားသမီးနဲ့မိဘကြား တကယ်ကို လိုအပ်တာကိုး
နောက်တစ်ဖက်ကကြည့်မယ်ဆို မိဘ ဆိုတာကလည်း
သားသမီးမွေးတယ် ဗြွ တ်ဆိုပီးရောလား မဟုတ်ဘူးလေ
ကိုယ့်သားသမီးရဲ့အနာဂတ် လှပဖို့ အတွက် မိဘတာဝန်ရှိသေးသကိုး
ဒီတော့ ကိုယ့်သားသမီး ကို ကျောင်းကောင်းကောင်းထားနိုင်ဘို့
သူများတွေထက် သာအောင် ထားနိုင်ဖို့ မိဘတစ်ယောက်ရဲ့တာဝန် ယူနိုင်ခြင်းကို ဖော်ကျူးးပေးပါတယ်
ဒါလည်းကောင်းတယ် လိုအပ်တယ် ဆိုတော့ကာ အပေါ်က သာဓက ၂ခု ကို ပြန်ကြည့်မယ်ဆို ရင်
သားသမီးးဖြစ်နေတဲ့သူတွေကလည်း ငါ့မိဘအပေါ်ငါ တာဝန်မကြေသေးပါလား
ငါ့မိဘမသေခင် တိုက်တွေ ကားတွေ နဲ့နေနိုင်အောင် ကောင်းကောင်းစား
ကောင်းကောင်းနေနိုင်အောင် ငါလုပ်ပေးရမယ် ... မိဘဆိုတာ သေရင် အစားမှမရတာကိုး ...
နောက်တစ်ချက်က မိဘတွေကို ကိုယ့်သားသမီးတွေအတွက် ဇောတခု ထည့်ပေးလိုက်တယ်
ငါတို့ အလုပ်ကြိုးစားလုပ်မယ် သားသမီးးလေးတွေ နိုင်ငံခြားမှာ ကျောင်းတက်ရင်တောင်
မိဘတွေက ရင်အုပ်မကွာ လိုက်နေလို့ရအောင် ပိုက်ဆံရှိဖို့လိုတယ် ဘာညာပေါ့
အများကြီးပဲ ချဲ့ကားးဖော်ကျူးးထားတာတွေ
ဟုတ်ပီ ဒီတော့ လိုအပ်ချက်က ဝင်ငွေကောင်းကောင်းတစ်ခု ရှိနေဖို့ပဲ
လစဉ် လစဉ် ရေစီးမျောလို ဝင်နေတဲ့ ငွေသာရှိရင် ဆိုပီးဖြစ်ကုန်ကြပီ
ဒီလို ဝင်ငွေမျိုးးကလည်း unicity unipower team you ( 4ဦး ရှယ်ယာ ) နဲ့သာလက်တွဲလိုက်
၃-၅နှစ်ပဲ လုပ်ရမယ်
ပီးရင် ပင်စင်လို တသက်လုံး သုံးမကုန်တဲ့ဝင်ငွေတွေနဲ့
မိသားစုလိုက် ကမ္ဘာပတ်လို့ ရပီဆို လုပ်ရတာ တန်တယ်မလားတဲ့
တန်တယ် တန်တယ် ပေါ့ ဖြစ်ကုန်ကြ
ချုပ်ချက်က မိုက်တယ် နော့
ကဲ ၁၅၀၀ချစ်ခြင်းးတွေ ခိုင်မြဲအောင် သစ္စာရှိဖို့တွေလည်းး သင်ပေးပါတယ်
နောက်ပီး upline နဲ့ down line ချစ်ရမယ်
side line တွေကို လည်းးချစ်ရမယ် အကုန်လုံးတစ်ဦးကို တစ်ဦးချစ်ခြင်းတွေနဲ့
လက်တွဲဖို့ ကူညီဖေးမကြဖို့ သင်ပေးပါတယ်
upline ကို ကိုယ့်မိဘလိုသဘောထား တိုင်ပင် ရင်ဖွင့်ဖို့ အကူညီတောင်းဖို့ ယုံကြည်ဖို့  တိုက်တွန်းသလို
downline တွေကိုလည်းး ကိုယ့်သားသမီးးလို သဘောထားပီးကူညီဖို့ ဖေးမဖို့  ရပ်တည်ပေးဖို့ တိုက်တွန်းပေးတယ်
အချင်းချင်းချစ်ခြင်းတွေပဲ ရှိကြဖို့  သင်ပေးပါတယ်
unipowerမှာ အဆင့်အတန်းမခွဲခြားပါဘူး
လူတိုင်းကို ချစ်ခြင်းတွေနဲ့ ကူညီဖေးမဖို့  သင်ကြားပေးတယ်လက်တွေ့ကျင့်သုံးးခိုင်းတယ်
ချစ်တယ်ဆိုတာ ကောင်းပါတယ် အမုန်းးမရှိတာ ကောင်းပါတယ်
တစ်ချို့ upline နဲ့downlineတွေဆို တစ်အားးကို ချစ်သွားကြပါတယ်
သူတို့ teamမှာ side line ဆိုတာမရှိဘူး ဆိုပီးကို ကြွေးကျော်ပီးချစ်တာ ဆိုတာ ဘယ်လောက်ထိ ချစ်ကြသလဲဆိုရင်
- -(--------------------) သိတဲ့သူတွေလည်းးသိကြပါလိမ့်မယ်
ရေးးလို့အဆင်မပြေတာတွေတော့ မရေးးတော့ပါဘူး
ကျွဲကူးးရေပါလေးပဲကောင်းပါတယ် ဟဲဟဲ
camp က သင်ပေးတဲ့ချစ်ခြင်းတရားဆိုတာက ဒီ group တခုလုံး ပိုတည်တံ့ ခိုင်မြဲအောင် သင်ပေးတာလေ
ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုးတော့ ရှိပါတယ်
( လူတိုင်းချမ်းသာဖို့ လုပ်ကြတာပဲ ဒါမယ့် လူနည်း စုက ကောင်းစားနေတယ် လူများစုက ဘဝပျက် နင်းပြားဖြစ်တယ် )
ဒါလည်း ဘေးထွက်ဆိုးကျိုးလို့ပြောလို့ရတယ် ။
ဒီ game လည်းပီးရော upline နဲ့down line ဖက်ပီး ငိုကြ
လင်စုံမယားဖက် လာတက်ကြ တဲ့သူတွေကလည်း ဖက်ပီးငိုကြ တစ်ခန်းလုံး
မျက်ရေပင်လယ် နှပ်ပင်လယ်ထဲမှာ ပီတိတွေဖျာ ကုန်ကြတယ်
( ၃ ) စင်အမြင့်ပေါ်ကနေ ခုန်ချတယ် အောက်က လူတွေက ဝိုင်းဖမ်းးပေးကြတယ် ( နာမည်မပေးတတ်)
အမြင့်က ၇ပေလောက် မြင့်မယ်ထင်တယ် (မမှတ်မိ )
ကိုယ်ခန္ဓာကို တောင့်အောင် လုပ်ပီးး ပက်လက်အနေထားနဲ့ ခုန်ချရတယ်
အောက်မှာကျတော့ ဗလတောင့်တောင့် ယောက်ျားလေး( players) များက လက်တွေ ဖြန့်ဆက်ပြီး ဖမ်းပေး ကြတယ်
ကျတော်ကိုယ်တိုင် ဒီ game ကို ဝင်ကစားခဲ့ပါတယ် ... နဲနဲ တော့အန္တရာယ် ရှိပါတယ်..
တစ်ချို့ဆို ထိမိ ခိုက်မိ ကုန်တယ် ... တကယ်ဆိုကြောက်တာပေါ့ အမြင့်ကခုန်ချရတာကို့း .
အောက်က ဖမ်းတဲ့သူတွေက ကိုယ့်ကို မဖမ်းးမိရင် ကျိုးးရင်ကျိုးးနိုင်တယ်လေ
ဒါပေမယ့် ကိုယ်အနားမှာကပ်နေတဲ့ up line တွေက မရဘူး တက်ကစားရမယ်ဆိုတော့ ကျတော်လည်း တုန်ချိချိနဲ့ ခုန်ချ လိုက်ရတယ်
ကျတော် ခုန်မချခင် ကျတော့ကို တစ်ယောက်က မေးခွန်းမေးပါတယ် ( မင်းအောင်မြင်မှု့ကို ရယူဖို့ အသင့်ဖြစ်ပီလားတဲ့ )
ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ပါတယ် ( ခ်ခ် ) မင်းကိုအောင်မြင်မှု့တွေက လက်ကမ်းကြိုနေတယ် ဆိုပီး
ဘေးက ဝိုင်းအော်ပေးးကြတယ်ဗျ အဲ ကျတော့ ကိုယ်လုံးကြီးအောက်ကျခါနီးတော့
ဟေးးးဆိုပီးးအသင့်စောင်နေတဲ့ သူတွေက ဝိုင်းဖမ်းလိုက်ကြတယ်ပေါ့ဗျာ ..
ok . game ရဲ့ အဓိပ္ပါယ်က လူတစ်ယောက်ရဲ့ကြောက်စိတ်ကို ဖယ်ပေးလိုက်တာပါတဲ့
လူတစ်ယောက်က အရာရာကို ကြောက်နေမယ်ဆို မအောင်မြင်နိုင်ပါဘူး
ကြောက်စိတ်ဟာ အောင်မြင်မှု့ရဲ့ အတားအဆီးးပါတဲ့
why ? ကိုယ်က အလုပ်အကြောင်းးသွားးပြောတဲ့အခါ လူကြီးးတွေပါမယ်
ဆရာဝန် လုပ်ငန်းရှင် အစရှိသဖြင့်ပေါ့ ကိုယ့်ထက် ပိုကြီးးတဲ့သူ ပိုချမ်းသာတဲ့သူတွေနဲ့တွေ့ရင် မကြောက်အောင်
players တွေစိတ်ထဲက ကြောက်စိတ်ကို ဖယ်ပေးတဲ့ game ပါ
trainerတွေကလည်းးအပြောကောင်းးတော့
ကျားနဲ့ဖက်တောင် နပမ်းးလုံးချင်စိတ်
ချောက်ထဲတောင် ပြေးခုန်ချ ချင်စိတ် ပေါက်ပေါက်သွားတယ် သတ္တိ များရှိလာတာပြောပါတယ်
၎ ( ------)
လူတစ်ယောက်ရဲ့အောင်မြင်မှု့ကို ဖျက်တဲ့အရာထဲမှာ ရှက်ခြင်းကလည်းး ပါပါတယ်တဲ့
နေရာတကာမှာ ရှက်နေလို့ မရဘူးပေါ့( မှန်ပါတယ်) ကျတော် လက်ခံပါတယ်
ဒါမယ့် လူတစ်ယောက်ဟာ အရှက်တရား အကြောက်တရားသာပျောက်သွားလိုက်ရင်
အဲ့ဒီလူ ဘာဖြစ်သွားးမယ်ထင်သလဲဗျ ( စဉ်းစားပါ )
အဲ့ဒီတော့ ၃ရက်တိတိ တက်ခဲ့ရတဲ့ camp ကို နောက်ဆုံး game တစ်ခုနဲ့ ချုပ် ပစ်လိုက်တယ်
အောက်ဖဲ နဲနဲလှန်လိုက်တော့မယ် ဒါမှ ကျတော် ဘာပြောချင်လည်း သေချာသဘောပေါက်မှာဆိုတော့
ကျွန်တော်တို့တစ်နေကုန် က လိုက် ဆိုလိုက် gameတွေကစားလိုက် ငိုလိုက် ဖက်လိုက် နဲ့
ခြေကုန်လက်ပမ်းကျပီး final gameရောက်ပါပီ
ဒီ game ကိုမှ မကစားးရင် eagle camp လာတာ အလကားပဲ မတန်ဘူးတဲ့ စိတ်မပွင့်ဘူးတဲ့
ပီးတော့ camp တက်ဖို့ဆိုတာ vip ဆယ် သိန်းဖောက်တဲ့သူတွေပဲတက်ရတာ ဗျ
သင်တန်းကြေးနဲ့ ဘာညာ နဲ့ ခုနစ်သိန်းပြုတ်တယ်
ရလဒ်တွေ တည်ဆောက်နိုင်ဖို့အတွက် ကစားပါ ဆိုတော့ ဟုတ် ကဲ့ ဟုတ်ကဲ့ပေါ့
( ကျတော်ကတော့ နပမ်းလုံးခိုင်းမယ်ထင်ပီး ချမယ့်အကွက်တွေကြို စဉ်းစားနေပီ ပေါ့
နောက်ဆုံး ကိုယ့်ထက် ဗလ ကြီးတဲ့သူဆို မနိုင်လောက် ရင် ကလိထိုးမယ် ဖက်ကိုက်မယ် ပေါ့
ငါမကြောက်ဘူး ဘာကောင်လာလာ ဆိုပီး တက်ကြွနေတယ် ပေါ့ဗျာ)
gameတွေက အပြင်လည်းထွက်ကစားရတယ် မြက်ခင်းထဲမှာ ဖားခုန် ပိုးတုန်းလုံး ပိုးလောက်လန်း
ပင့်ကူ ဂုန်နီအိတ်စွပ် ပန်းချီဆွဲ သရေပင်စွပ်နည်း
အများကြီးပဲ အသင်းအဖွဲ့တွေခွဲပေးထားပါတယ်
တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြိုင်ကစားရတာပါ ။
groupတခုကို လူ၂၀ကျော်မယ်ထင်တယ်
winner ရတဲ့ group ကို လက်ပတ်တစ်ခုစီနဲ့ အင်္ကျီ တစ်ထည် ဆုချမယ်
Diamondတွေနဲ့ ဆယ်ဖီ ရမယ်တဲ့
ရေးကူးကန်နားမှာကစားလည်းပီးရော သင်တန်းခန်းမထဲ အပြေးတစ်ပိုင်းပြန်ဝင်ကြတာပေါ့
တစ်ခန်းလုံး မီးအမှောင် ချပေးထားတယ် မိန်းခလေးးနဲ့ ယောက်ကျားလေး တစ်ခြမ်းစီခွဲလိုက်တယ်
ဘေးနားမှာ ပုဝါ သေးသေးလေးတွေ အများကြီး ချပေးးထားပါတယ်
( ယောက်ကျား မိန်းမ မမြင်ရအောင်တော့ ကန့်လန့်ကာတစ်ခု ကာပေးးထားပါတယ် )
players တွေကို ဘာလုပ်ခိုင်းတယ်ထင်ပါသလည်းး
တစ်ကိုယ်လုံးအဝတ်အစားတွေချွတ်ပီး
သူတို့ပေးထားတဲ့ ပိတ်စလေးတွေ ပတ်ထားကြရတယ်ဗျ ဆူညံပွက်လောကိုရိုက်နေကြတာပဲ
မချွတ်တဲ့သူကိုလည်းး ချွတ်ပါဟယ် နင့်ကြောင့်ငါတို့မနိုင်ဖြစ်လိမ့်မယ် ပြောသူကပြော နဲ့
တစ်ချို့က လုံးးဝမချွတ်ဘူး တစ်ချို့က တစ်ဝက်ချွတ်
တစ်ချို့က အကုန်ချွတ်တယ်ပေါ့ဗျာ ကာတဲ့ပိတ်စမလောက်တော့ သူကဆွဲကိုယ်ကဆွဲနဲ့ပေါ့
ယိုးဒယားတွေဘက် တစ်ချက်လှမ်းရှိုးလိုက်တော့ အကုန်လုံးအေးဆေးပဲ
ဘာသံမှမကြားရဘူး ပြောင်နေအောင်ကို ချွတ်ပီးပုံထားးကြတယ် သူတို့အရင်ပီးတော့ ကလိုက်ခုန်လိုက်
အဲ ဒို့ မြန်မာ အုပ်စုကတော့ ချီးပုံထဲက လောက်တွေကို ဖြစ်လို့
တစ်ချို့အဖြစ်ပျက်လေးတွေကတော့ ရယ်ဖို့လည်းကောင်းခဲ့ပါတယ်
ပျော်စရာအဖြစ်ပျက်တွေလည်းးရှိခဲ့ပါတယ် မညာပါဘူး
အာ့နဲ့ ဒိုင်တွေလာပီး အဝတ်တွေကို ဆက်ပီး အရှည်တိုင်းးပါတော့တယ်
အများဆုံးချွတ်ရင် အများဆုံးရှည်မယ် နိုင်မယ် ပေါ့
ဒိုင်တွေအမှတ်ယူပီးးတော့ အဝတ်တွေက ရောနေပီ သူ့ဟာမှန်းမသိ ကိုယ့်ဟာမှန်းမသိ တွေ့တာ ယူဝတ်ကြရတာပေါ့
( ဒါဟာ team workတဲ့ )
ရှင်းးပြပါ့မယ် ... ဒီ game ဟာ လူတစ်ယောက်ရဲ့အရှက်တရားကို ဖယ်ပေးးလိုက်တာပါတဲ့
လူတစ်ယောက်သည် အောင်မြင်မှု့ပန်းတိုင်သွားနေတဲ့အခါမှာ အရှက် အကြောက်တရားရှိနေရင်
ဒီအောင်မြင်မှု့ကို လွယ်လွယ် မရနိုင်ပါဘူးတဲ့ ဒါကြောင့် ဒီgameတွေ ကစားခိုင်းပီး
မကြောက်တတ်အောင်မရှက်တတ်အောင် သင်ပေးလိုက်ပါတယ် ခဗျာ ...
အဲဒီတော့ eaglecamp က ပြန်လာကြတဲ့ eagle ပေါက်စလေးတွေဟာ
ကိုယ့်မိသားစု ချမ်းသာဖို့ကမ္ဘာ ပတ်နိုင်ဖို့ လန်ဘိုစီးနိုင်ဖို့ ကိုယ့်စိတ်ကူးအိမ်မက်တွေကို ဖန်တီးးဖို့ အတွက်
ဘာမဆို လုပ်ရဲနေကြပီ ... အကြောက်တရား အရှက်တရားးဆိုတာတွေ ခဝါချခဲ့ပီ
စိတ်ကူးယဉ်အိမ်မက်တွေနဲ့ ရူးအောင်လုပ်ပေးခံလိုက်ရပီ
ဖြစ်နိုင်လားမဖြစ်နိုင်လား ဆိုတာ လာမပြောနဲ့ ...
ငါ လုပ်ရင်ဘာမဆို ဖြစ်တယ်( ငါလုပ်နိုင်တယ်) ၃ခါအော်ပီး သစ္စာဆိုပီး camp က ပြန်လာကြတာကိုးးး
ဒီတော့ အတ္တကိုယ်စီနှလုံးသွင်းးပီးမြန်မာပြည် ပြန်လာကြပီပေါ့
ကိုယ့်ရလဒ်တည်ဆောက်ဖို့ ဘာမှမသိတဲ့သူကို လိမ်ဖို့ ညာဖို့ မလိမ့်တပတ်လုပ်ဖို့လည်းမကြောက်တော့ဘူးပေါ့
ကျန်တာကတော့ ဆက်သာတွေးကြည့်ကြ
အတွေးထဲမှာ ကိုယ့်အိမ်မက်ကို မြန်မြန် အကောင်ထည်ဖော်ဖို့ကသာ အဓိက
Down lineလား အချိန်တန် ဒင်းလည်းဒီလို လုပ်တတ်လာလိမ့်မယ်
အသေးစိတ် ဘယ်တော့မှ မရှင်းပြဘူး
( အကြောင်းကတော့ သူငယ်တန်းခလေးတယောက်ကို ဆယ်တန်းစာ သင်သလို ဖြစ်ပီး ထွက်ပြေးသွားမှာစိုးလို့ တဲ့)
ဘုရားရှင် ဟောပြထားတာကတော့ လူဆိုတာ ဟီရိသြတ္တပ တရားကို လက်ကိုင်ထားးရမယ်
အဲ့ဒီ တရားပျောက်သွားတဲ့ လူတယောက်ဟာ ဘာနဲ့အလားသွင်တန် တူသလည်းဆိုတာကတော့-------
ကဲ လပို့ထုချင် ထုလို့ရပါပီ
မှားလား မှန်လား ဝေဖန်ချင်သူများ comment မှာမေးပါ
ကျတော်ဒီလိုရင်ဖွင့်တော့ ဒီကောင်က ရလဒ်မရှိလို့ စောက်ဖောင်းးထုတယ် ထင်နေကြတယ်မလား
ကျတော်သည် ရလဒ်တွေရနေပါလျက် နဲ့ ဆက်လုပ်ဖို့ ကျတော့ နှလုံးသားနဲ့ဦးနှောက်က မစွမ်းးတော့လို့
ရပ်လိုက်တာပါ ကျတော် bkk မှာ ဖွင့်ခဲ့ တဲ့ bank စာအုပ်ကို balance ပြန်ဖော်ပီးရင်
သက်သေအဖြစ် public မှာ တင်ပေးမှာပါ ဒါအမှန်တရားးတွေပါ
ဒီအလုပ်က အတ္တတွေ လောဘတွေ နဲ့ပြည့်နေတဲ့သူတွေသာအောင်မြင်နေပါကြောင်း ....
နောက်ခေါင်းစဉ်တခုကတော့
ကျတော်နှင့်X=Y( unicity 's ပေးဆပ်ခြင်းရဲ့ရလဒ် )
X=Y
မူရင်းရေးသားသူ - Golden Egg
=========
https://www.facebook.com/groups/unicity.victims
Unicity ( MLM Company ) ကြောင့် နစ်နာခဲ့ဖူးသူများ
ဒီ Group ( https://www.facebook.com/groups/unicity.victims/ ) မှာ
Unicity ( MLM Company ) အကြောင်း
မိမိရဲ့ ကိုယ်တွေ့ ၊
မိမိနဲ့ သိကျွမ်းသူတို့ရဲ့ ကိုယ်တွေ့များ ၊
Unicity Company မှ ကျင့်သုံးနေသော
MLM စနစ်၏ ဆိုးကျိုးများနှင့် အားနည်းချက်များကို
Post တင်ပြီး အများသိအောင် ၊
ဆင်ခြင်နိုင်အောင် ဖော်ပြရေးသားပေးနိုင်ပါတယ် ။
တကယ်လို့ Public မှာ ပြောလို့ အဆင်မပြေရင်
ကျွန်တော့် ကို Message ပို့ပေးလို့ ရပါတယ် ။
Unicity ( MLM Company ) ကြောင့် နစ်နာခဲ့သူတွေ ၊ နစ်နာနေဆဲလူတွေ ၊
နစ်နာဖို့ အလားအလာရှိနေတဲ့လူတွေ အတွက်
တတ်စွမ်းသလောက် ကာကွယ် အသိပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။