Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

ESBI , Robert Kiyosaki နဲ့ MLM အကြောင်း


https://www.facebook.com/zin.zae/posts/979623432066874:0
Zin Zae Lwin with Derek Chan and 16 others.
ESBI , Robert Kiyosaki နဲ့ MLM အကြောင်း
---------------------------------------------------
ဒီ ၃ ခု မှာ သင်ဟာ တစ်ခုခု နဲ့ ပတ်သတ်နေပြီဆိုရင်
ဒီစာဟာ သင့် အတွက်ပါ မိတ်ဆွေ ...
Robert Kiyosaki & MLM အကြောင်း နည်းနည်းတော့ ပြောပြချင်ပါတယ် ...
( အများကြီး ပြောမယ်ဆို နာရီနဲ့ ချီပြီး ကြာမှာ မို့လို့ပါ ... :D )
အခုတလော Robert စာတွေ ( အထူးသဖြင့် ESBI ကို ) အသုံးချပြီး
MLM ဘက် ဖြည်းဖြည်းချင်း ဆွဲခေါ်နေတာမျိုး တွေ့နေရလို့ပါ ...
( ခပ်ပိန်းပိန်း လူဆွယ်နည်းတွေထက်တော့ သာတယ် လို့ ပြောရမှာပါပဲ ...)
( ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော် ကိုယ်တိုင်
MLM လုပ်ခဲ့ဖူးတုန်းကလည်း ဒီနည်းကိုပဲ သုံးခဲ့တာပါ ။
ဒီ လောကကို အသေအချာလေ့လာပြီး
အတွင်းကျကျ မြင်သွားတော့မှ စိတ်ပျက်လက်ပျက် စွန့်ခွါခဲ့တာပါ ။
ကျွန်တော်တို့လို အကျိုး သိပ်မရှိပဲ အချိန်ကုန်သွားမှာစိုးလို့
ဒီစာကို ရေးတင်ပေးလိုက်တာပါ ...)
ဒါပေမယ့် ...
အဲဒီ ...ဒါပေမယ့် က အရေးကြီးပါတယ် ။
Robert Kiyosaki ဆိုတဲ့ လူ အကြောင်း အချိန်ရရင်
သေချာလေ့လာကြည့်စေချင်ပါသေးတယ် ။
ဘာလို့ဆို တကယ်တမ်းတော့
သူဟာ MLM Lobby တစ်ယောက် အခိုင်အမာ ဖြစ်နေခဲ့ ဖြစ်နေဆဲမို့ပါ ။
ဒီလို ပြောလို့ MLM ကို စိတ်မဝင်စားရင်တောင်
Robert ကိုလေးစားနေတဲ့ / သူ့ အယူအဆတွေကို နှစ်သက်နေတဲ့ လူတစ်ချို့က
ကျွန်တော့်ကို တစ်မျိုး ထင်ပါလိမ့်မယ် ။
စာကို ဆုံးအောင်ဆက်ဖတ်ပေးပါ ။
တကယ်တမ်းတော့ ကျွန်တော်ကိုယ်တိုင်က
Robert T.Kiyosaki ရဲ့ အခိုင်အမာ ပရိသတ် တစ်ယောက် ဖြစ်ခဲ့တာပါ ...
" ငွေကြေး အရ မလွတ်မြောက်သ၍
မင်း ဘဝ ဘယ်တော့မှ တကယ် မလွတ်မြောက်နိုင်ဘူး လို့ "
ဆရာ ညီညီနိုင် ရဲ့ ဘာသာပြန် စာစုလေးက စ လို့
Robert ရဲ့ ပရိသတ် ဖြစ်ခဲ့တာပါ ။
သူ့ စာအုပ်တွေ အနည်းဆုံး ၇ အုပ်လောက် ဖတ်ခဲ့တာပါ ။
ဘယ်လောက်ထိ ကြိုက်ခဲ့လည်း ဆိုရင်
ကျွန်တော် Myanmar Maritime University ကနေ ဆင်းပြီး
သဘောင်္ လိုက်ခဲ့တုန်းက
ရေထဲ ယူသွားတဲ့ စာအုပ် ၂ အုပ်ပဲ ရှိခဲ့တာမှာ
သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှ လမ်းညွှန် " Guide to Investing" က
သုတ အတွက် တစ်အုပ် ပါ ။
( နောက် တစ်အုပ်က ရသ အတွက်
ဆရာ ဇော်ဇော်အောင်ရဲ့ ယုဇန မ ခင်ပျို ပါ ... )
သူ့ website ကို follow လုပ်ထားတာလည်း နှစ် နဲ့ ချီနေပါပြီ ။
သူ့ seminars တွေ download ချပြီး
နားထောင် ဖြစ်တာလည်း အတော်များပါတယ် ။
ဒါပေမယ့် လွန်ခဲ့တဲ့ ၆ လ လောက်က မှ ကျွန်တော် ထပ်သိလိုက်ရတာ တစ်ခုက
သူဟာ MLM lobby တစ်ယောက် အဖြစ်စတင်ပြီး
စီးပွါးရေးမှာ တကျော့ပြန် ခြေကုပ်ယူခဲ့တယ်ဆိုတာပါပဲ ။
သူ လုပ်သွားတဲ့ လုပ်ကွက်က ပညာသား ပါပါတယ် ။
( သူ့ အရင် စီးပွါးရေးက
အတိုင်းအတာ တစ်ခုအထိ အောင်မြင်ပြီးမှ လုံးဝ ပြန်ကျရှုံးသွားတဲ့
ပိုက်ဆံအိတ်ထုတ် တဲ့ လုပ်ငန်းပါ )
သူ့ရဲ့ ESBI အယူအဆတွေ နဲ့ တည်ဆောက်ထားတဲ့ စာအုပ်တွေကို
အမေရိကန်မှာရော နိုင်ငံတကာမှာပါ
ထိပ်သီး MLM Company ကြီး တစ်ခု ဖြစ်တဲ့
Amway က Top distributors / leaders တွေနဲ့ ချိတ်ပြီး
ဖြန့်လိုက်တာပါပဲ ။
ဒီတော့ MLM အသိုင်းအဝိုင်းရဲ့ ညီညွတ်မှု အားသာချက်ကြောင့်
သူ့ စာအုပ်တွေဟာ အတော်လေးကို ရောင်းရတဲ့ အရှိန် တစ်ခုကို ရသွားခဲ့ပါတယ် ။
ပြီးတော့မှ သူဟာ ရောင်းရတဲ့ စာအုပ် တစ်အုပ်ဆိုတဲ့ ပုံစံမျိုး နဲ့
တကယ့် ဈေးကွက်ထဲ ဝင်လာပြီး အရှိန် တင်သွားတာပါ ။
( ရှင်းအောင် ပြောရရင်တော့
Best seller ဖြစ်တယ်လို့ ကြေငြာလို့ ရအောင် အရင် လုပ်လိုက်ပြီးမှ
ဒီ အရှိန်အားနဲ့ ကျန်တဲ့ အပြင်လူတွေ စိတ်ဝင်စားလာပြီး ရောင်းအားတက် /
Best seller ထပ် ဖြစ် / လူတွေ ပိုစိတ်ဝင်စား /
ထပ် ရောင်းရ စေတဲ့ Advertising/ marketing technique ပါ ပဲ ...)
စီးပွါးရေး အရ အလုပ် အတော်လေး ဖြစ်ပေမယ့်
ကျင့်ဝတ်နဲ့ မညီတဲ့ နည်း ဆိုတာ သတိထားမိမှာပါ ။
ဒါပေမယ့် စီးပွါးရေးမှာ ကျင့်ဝတ်လိုက်နာတဲ့ လူဆိုတာကလည်း
အတော် လေး ရှားတာကိုး ။
အခု အချိန်ထိ လက်ရှိ နိုင်ငံတကာစာပေလောကမှာ ရော
မြန်မာစာပေလောကမှာပါ ဒီလို Trick လေးတွေလုပ်နေကြတာတော့
သတိထားမိနေဆဲပါ ။
MLM Industry ကို မှီပြီးတက်ဖို့ ကြိုးစားနေတဲ့
ဟောပြောရေးဆရာတွေ ဒီမှာလည်း စတွေ့နေရပါပြီ ။
သူ့ စာအုပ်ပေါင်း များစွာကို တောက်လျှောက် ဖတ်ခဲ့ပေမယ့်
သူ တကယ် ဘယ်လောက်ထိ စီးပွါးရေးမှာ ဘယ်လို ပြန်အောင်မြင်လာတယ်ဆိုတာကို
ထင်ထင်ရှားရှား တွေ့ရမှာ မဟုတ်ပါဘူး ။
( အဓိက ကတော့ MLM Companies တွေကို အကျိုး ပြုစေမယ့် စာအုပ်တွေ /
သင်တန်းတွေ စီစဉ်ခြင်းဖြင့် အဓိက ဝင်ငွေ ရသွားတာလို့
လေ့လာမိသလောက် ပြောချင်ပါတယ် ။
ကျန်တဲ့ ဈေးကွက်တွေလည်း ရှိပေမယ့် MLM အသိုင်းအဝိုင်းရဲ့ အားကြောင့်
သူ ဒီနေရာလောက် အထိ ရောက်လာ / လူသိများလာတာပါ ။
ဒါကြောင့်လည်း Robert ဟာ MLM နဲ့ ပတ်သတ်လာရင်
ကောင်းတာတွေ တသီကြီး စာဖွဲ့ခဲ့ပေမယ့်
MLM Industry ရဲ့ အမှောင်ဘက်ခြမ်းကို လုံးဝ နီးပါး မဖော်ပြခဲ့တာပါ ။
ကျွန်တော် ဆိုရင် ဒီနိုင်ငံကလူတွေ လာပြောလို့ထက်
Robert ကြောင့် MLM လုပ်ဖြစ်ခဲ့တာလို့ တောင် ပြောလို့ ရပါတယ် ။
အခု အချိန်မှာ သွေးအေးအေးနဲ့ ပြန်စဉ်းစား / ပြန် စာဖတ်ကြည့်လိုက်တော့
သူ့ အယူအဆတွေဟာ MLM သမားတွေ ကိုးကားလို့ အကောင်းဆုံး ဖြစ်လောက်အောင်
တည်ဆောက်ထားတာလို့ ပဲ တွေးမိပါတယ် ။
ဥပမာ ...
E , S က လူတွေ ( Employee , small business owner )ကို
အလွန် မှိန်ဖျော့ထားပြီး
B , I ( Business owner , Investor ) ကို ပဲ
အဓိက ဇောင်းပေးပြီး ပြောထားပါတယ် ။
( ESBI အကျယ်ကို မသိရင်
အရင်က ကျွန်တော် ရေးပေးဖူးတာ ရှာဖတ်လို့ရပါတယ် ။ )
ဒါပေမယ့် သူ့ စာအုပ်တွေဟာ B,I အကန့်က လူတွေ ဖတ်ရလောက်အောင်
အတွေးအခေါ် မြင့်မားမှု / ပညာရပ်ဆန်မှု ရှိတာကို မတွေ့ရပါဘူး ။
ဘာလို့ဆို သူ့ရဲ့ Target market က E,S ကလူတွေ ဖြစ်နေလို့ပါ ။
ဒီလူတွေကို E,S မှာ မတင်းတိမ်နိုင်ပဲ B,I ကို
ရောက်ချင်လာအောက် သွေးဆွပေးတယ် ။
ပြီးတဲ့အခါ E,S ကနေ B,I ကိုကူးတဲ့ လမ်းကြောင်းကို
ပီပီပြင်ပြင် ချပြမပေးထားတဲ့အခါမှာ
သူ ဆင်ပေးထားတဲ့ ဇာတ်လမ်းလေးအတိုင်း MLM သမားတွေက
ကယ်တင်ရှင် ဝင်လုပ်ပြီး B,I ကို
အတူ သွားကြရအောင်ဆိုတာမျိုးနဲ့ ချဉ်းကပ်တော့တာပါပဲ ။
ဒီလို လုပ်လို့ရအောင်လည်း
သူ့စာအုပ်တွေက
တစ်ကွက် ချန်ထား သလို ဖြစ်နေတာ တွေ့ရပါတယ် ။
သူသာ စေတနာ မှန်ရင် တခြား ရွေးချယ် စရာ တွေနဲ့
သွားရမယ့် လမ်းတွေကို ထင်ထင်ရှားရှား ပြထားသင့်တယ်လို့ ထင်ပါတယ် ။
ကျွန်တော် အထက်က ပြောခဲ့တဲ့ "Guide to Investing" မှာတော့
အခြေခံ ကျတဲ့ အယူအဆ အတော်များများ ပါ ပါတယ် ။
ဒါပေမယ့် သူဟာ အဲဒီ B,I ကို ကူးမယ့် တခြားလမ်းကြောင်းတွေကို
စာရေးသက် / ဟောပြောသက် တလျှောက်မှာ
မှိန်ဖျော့ထားခဲ့ လွန်းအားကြီးပါတယ် ။
ဘာလို့ဆို သူရဲ့ ဝင်ငွေလမ်းကြောင်းမှာ MLM ဘက်က သွယ်ဝိုက်ဝင်ငွေက
အင်အားကောင်းနေလို့ ဖြစ်ပါတယ် ။
နိုင်ငံတကာ MLM Companies တွေမှာ
MLM ကို စနစ်တကျ Market ထိုးဖောက်တော့မယ်ဆိုရင်
သူ အယူအဆတွေနဲ့ ဇာတ်လမ်း စကြတာများပါတယ် ။
နောက်တော့ MLM သမားတွေ member ဝင်ဝင်ချင်း
ဝယ်ရတဲ့ လုပ်ငန်းလက်စွဲ ( Starter kit ) လိုဟာမျိုးတွေမှာ
အမေရိကန်က ထိပ်ထီး MLM Companies အတော်များများဟာ
သူ့စာအုပ် တွေ / ခွေတွေကို
မဖြစ်မနေ ဝယ်ယူ ထားဖို့စီစဉ်ထားကြပါတယ် ။
MLM အသင်းဝင်အသစ် ဖြစ်လာသူတွေ /
( ဒါမှ မဟုတ် ) အသင်းဝင်အသစ် ဖြစ်လာဖို့ အလားအလာရှိသူတွေကို
သူ့ရဲ့ E,S ကနေ B,I ကို ကူးမယ်ဆိုတဲ့
အတွေးအခေါ်ကို စိမ့်ဝင်သွားအောင် လုပ်ဖို့ပါ ။
ဒီအတွေးအခေါ် ကို မှားနေတယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး ။
မမှီတမှီချပြလိုက်ပြီး စီးပွါးရေးသွေးကြွနေတဲ့
အတွေ့အကြုံနည်းသေးတဲ့ လူတွေကို
MLM တစ်ခုတည်း ဘက်ကို ကို ဆွဲသွင်းလိုက်တာကို
မှားတယ်လို့ ပြောချင်တာပါ ။
ဒီ အတွက် Robert က MLM ကိုယ်စားလှယ်တွေအစား
သူ့ စာအုပ်တွေ ဟောပြောပွဲတွေကနေ
သွယ်ဝိုက် ပြင်ဆင်ပေးထားပြီးသလို ဖြစ်နေတဲ့ အတွက်
သူ့ အနေနဲ့လည်း သူ့ရဲ့ စာအုပ်တွေ / ဟောပြောပွဲ လက်မှတ်တွေကနေ
ဝင်ငွေတွေ တောက်လျှောက် ဝင်နေတာ ဖြစ်ပါတယ် ။
ဒီလောက်ဆိုရင်တော့ Robert နဲ့ MLM အကြောင်း ချိတ်ဆက်မိပြီလို့ ထင်ပါတယ် ။
ဝိဝါဒ ကွဲပြားစရာတွေ ရှိနိုင်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ် ။
လေ့လာအား ကောင်းကောင်းနဲ့ ကိုယ်တိုင် လေ့လာပြီးတော့မှ
စဉ်းစား မှတ်ယူစေလိုပါတယ် ။
စေတနာ စကား လက်ဆောင်ပေးလိုက်ချင်တာကတော့
၁။ သင့်ကို ESBI နဲ့ လာ စကားစပြီး MLM ဘက် ဆွဲခေါ်နေပြီ ဆိုရင်
ESBI ဆိုတာ ဘယ်သူပြောတာမှန်းရော သိရဲ့လား လို့ ပြန်မေးပါ ။
၂။ ESBI ကို ပြောတာ Robert မှန်း သိတဲ့လူဆိုရင်
Robert အကြောင်း ဘယ်လောက် သိသလဲလို့ ပြန်မေးပါ ။
လက်ဆုပ်လက်ကိုင် မပြောနိုင်တဲ့ ဝေဝေဝါးဝါး ဇာတ်လမ်းတွေပဲ ကြားရပါလိမ့်မယ် ။
၃။ နောက် တစ်ချက် မေးရမှာက E,S မှာပဲ အောင်မြင်အောင် လုပ်ရင်း
သူတို့ပြောတဲ့ Passive income
( အလုပ် လုပ်စရာ မလိုတော့ပဲ ဝင်ငွေရအောင် စီမံလို့ ရကြောင်း )
ပြန်ရှင်းပြပေးလိုက်ပါ ။
၎။ နောက် တစ်ခုကတော့ E,S ကနေ B,I ကို သွားရာမှာ
MLM တစ်ခုတည်း ရှိတာမဟုတ်ကြောင်း ပြောပြပေးလိုက်ပြီး
တကယ့် စီးပွါးရေး ပညာ စစ်စစ်ကို စနစ်တကျ လေ့လာဖြစ်အောင် တိုက်တွန်းပေးလိုက်ပါဗျာ ။
လေးစားခင်မင်လျှက်
ကိုဇင်ဇေ
www.facebook.com/sharingkozin
မှတ်ချက် ။
ဒီဆောင်းပါးက ကျွန်တော့်အတွက်တော့ သိပ်အကျိုးရှိလှမယ် မထင်ပါဘူး ။
ဆဲခံ ရဖို့ /မိတ်ပျက် ရဖို့ သာ များပါတယ် ။
MLM Companies တစ်ချို့ ကနေ ချိန်းခြောက်သလို လို /
သွေးတိုးစမ်းသလိုလို လှမ်းဖုန်းဆက်တာတွေပဲ / viber message ပို့တာတွေပဲ
တိုးလာနိုင်ကောင်းပါတယ် ။
နားလည် ပေးသူ / လက်ခံပေးသူ မိတ်ဆွေ တစ်ချို့ရဲ့
အားပေးမှု လေး နည်းနည်းပါးပါးတော့ ရမှာပေါ့ဗျာ
ဒါပေမယ့်
၁။ MLM နွံမှာ ESBI/Robert ကြောင့် အကြီးအကျယ်
လက်မတင်လေး နစ်တော့မလိုလူတွေ
၂။ Robert ကြောင့် E,S ကနေ B,I ကို
ချက်ချင်းပဲ ရောက်တော့မလို မျှော်လင့်မိရင်း
လမ်းလည်/လမ်းပျောက်နေတဲ့လူတွေ ...
အတွက်တော့ တစ်စုံတစ်ခု အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ် ။
တကယ်တော့ စီးပွါးရေးအသိပညာ / အတတ်ပညာဟာ
Robert Kiyosaki စာအုပ်လေးတွေဖတ်နေရုံနဲ့ မလုံလောက်တာ /
E,S ကနေ B,I ကူးဖို့ဆိုတာ ထင်သလောက် မလွယ်ဘူးဆိုတာ သိသွားမယ်ဆိုရင် /
ကျွန်တော် ပင်ပန်းရကျိုး နပ်ပြီလို့ ခံယူပါတယ်ဗျာ ။
MLM သမားတွေကို ပြောချင်တာကတော့
၁။ သင့် MLM company ဟာ အမြတ်ရလိုရေး တစ်ခုတည်းကို ဦးတည်မထားဘဲ
တရား ဥပဒေ နဲ့ အညီ တကယ်ပဲ လည်ပတ်နေတယ်ဆိုရင် ...
အဲလို လည်ပတ်နေကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထားပြနိုင်တယ်ဆိုရင်...
၂။ လူဆွယ်ပြီး အသုံးချဖို့ကို အဓိကမထားပဲ
ပူးပေါင်းလာသူတွေကို အပေါ်ယံ သွေးကြွရုံလောက် မဟုတ်ဘဲ
တကယ်ပဲ တိုးတက်စေတယ်ဆိုရင်... /
၃။ ကောင်းမွန် အဆင့်မြင့်တဲ့ ရောင်းကုန်တွေကို
ထိုက်တန်တဲ့ ဈေးနှုန်းနဲ့ တကယ်ပဲ ရောင်းချပေးနိုင်နေတယ်ဆိုရင် /
၎။ သင့် company က ခေါင်းဆောင်တွေ / လုပ်ဖော်ကိုင်ဖက်တွေဟာ
တကယ်ပဲ အပြောနဲ့ အလုပ်နဲ့ ညီကြတယ်ဆိုရင် ...
ဒီ စာစုကို ဖတ်ပြီးပြီးချင်း မေ့ပစ်လိုက်ပြီး
သင့် MLM company မှာ အောင်မြင်အောင် လုပ်ပါလို့ ...
တကယ် လို့ အထက်ပါ အချက်တွေနဲ့ မကိုက်ညီဘူးဆိုတာကို
သင် ကိုယ်တိုင် တွေ့ရှိသွားပြီဆိုရင်တော့
ခိုင်မာတဲ့ သတ္တိမွေးပြီး ရုန်းထွက်ကာ
ကိုယ်ပိုင် စီးပွါးရေး တစ်ခု တကယ်တည်ထောင်နိုင်အောင် ကြိုးစားပါလို့ သာ
အကြံ ပေးလိုက် ပါရစေဗျာ ....
လေးစားခင်မင်လျှက်
< ကိုဇင်ဇေ >
" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "
www.facebook.com/sharingkozin
==========
PS :
သူ နဲ့ ပတ်သက်ပြီး ကောင်းတာတွေလည်း ရှိပါတယ် ။
ဒါပေမယ့် အလွန်အကျွံကြီး ဖြစ်ပြီး
သူ ပြောသမျှ ယုံနေတာမျိုး
လုံးဝ မဖြစ်သင့်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြောချင်တာပါဗျာ ။
Robert Kiyosaki ကို နိုင်ငံတကာက တစ်ချို့ မီဒီယာသမားတွေ
Financial Specialist / Real Estate Specialist စစ်စစ်တွေ က
ထောက်ပြထားတာတွေ ဖတ်ကြည့် / ကြည့် ကြည့် လို့ ရအောင် စုပေးလိုက်တာပါ ။
ကျွန်တော်လည်း ဒါတွေ သိပြီးတော့မှ Robert Kiyosaki အစွဲ ကျွတ်သွားတာ ။
:)
ဆောင်းပါးများ
----------------
http://www.johntreed.com/Kiyosaki.html
( Author - John T. Reed -
John T. Reed is the author of 20 real estate investment books and is the sole writer and publisher of John T. Reed's Real Estate Investor's Monthly newsletter. He has appeared on numerous TV and radio shows, including 60 Minutes and Larry King Live. Reed was a real estate investor for 23 years. He worked as a real estate agent and as a property manager managing office, industrial, farm, and residential properties. Reed holds a bachelors degree from the United States Military Academy at West Point and a master of business administration degree from Harvard Business School. )
His summary -
"Rich Dad, Poor Dad is one of the dumbest financial advice books I have ever read. It contains many factual errors and numerous extremely unlikely accounts of events that supposedly occurred."
http://www.thesimpledollar.com/deconstructing-robert-kiyos…/
Deconstructing Robert Kiyosaki
By Trent Hamm Last updated August 26, 2014
http://www.forbes.com/…/…/10/rich-dad-poor-dad-bankrupt-dad/
Rich Dad, Poor Dad, Bankrupt Dad?
- He now conducts much of his business not via Rich Global LLC but under the rubrik Rich Dad Co. And it’s a corporate bankruptcy, not a personal bankruptcy. When the New York Post, which broke the story, tracked down Mike Sullivan, Rich Dad Co. CEO, he informed them that Kiyosaki would not be putting any of his personal fortune toward the settlement. As for Rich Global, Sullivan claimed it only had a few million in its coffers.
Videos များ
--------------
https://www.youtube.com/watch?v=dgTSX5jxHOM
Robert Kiyosaki Is A Scam Artist? Yes He Is In My Opinion.
( Ethan Vanderbuilt )
သူ့ရဲ့ Rich Dad Trainings တွေမှာ ဖြစ်လာတဲ့ ပြသနာ အရှုပ်ထုပ် တွေကို ဖွင့်ချထားတာပါ ။
https://www.youtube.com/watch?v=HE6nT0oyPt8
Rich Dad Poor Dad' Robert Kiyosaki Exposed - Part 1 of 3 Investigative Report
https://www.youtube.com/watch?v=dv6feHB0AE4
Rich Dad Poor Dad' Robert Kiyosaki Exposed - Part 2 of 3 Investigative Report
https://www.youtube.com/watch?v=9iimvyVCEGA
'Rich Dad Poor Dad' Robert Kiyosaki Exposed - Part 3 of 3 Investigative Report