Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

အမေရိကန်နိုင်ငံရဲ့ FTC က Herbalife ( MLM Company ) ကို တရားစွဲဆို အနိုင်ရလိုက်ပြီ



အမေရိကန်နိုင်ငံရဲ့ FTC က
Herbalife ( MLM Company ) ကို တရားစွဲဆို အနိုင်ရလိုက်ပြီ
====================================
အမေရိကန်မှာရှိတဲ့ MLM ( Multi-level Marketing ) လုပ်ငန်းကြောင့်
ထိခိုက်နစ်နာခဲ့ရတဲ့လူတွေအတွက်တော့ အားရဝမ်းသာစရာသတင်းပါဗျာ ။
<<< ဖြစ်နိုင်ရင် ဒီစာစုကို အများသိအောင် ၊
သက်ဆိုင်သူ လူကြီးတွေဆီရောက်အောင် ထပ်ဆင့် Share ပေးစေချင်ပါတယ်ခင်ဗျာ ။ >>>
MLM လောကမှာ တကယ့် ထိပ်သီး ကြီး တစ်ခုဖြစ်ပြီး
Stock Market ကိုပါ ဝင်ရောက်နေရာယူထားနိုင်တဲ့ Herbalife ကို
အမေရိကန်နိုင်ငံရဲ့ FTC ( Federal Trade Commision ) ကနေပြီးတော့
Jul 15, 2016 မှာ တရားစွဲဆို အနိုင်ရလိုက်ပါပြီ ။
( ကိုယ်တိုင် သွားရောက်ဖတ်ရှုလေ့လာနိုင်ဖို့ သက်ဆိုင်ရာ links တွေ ပါ ထည့်ပေးထားပါတယ် ။ )
Herbalife ( MLM Company ) ဟာ MLM ကို
အကြီးအကျယ် Lobbying လုပ်ပေးနေတဲ့
DSA ( Direct Selling Association ) ရဲ့ အဖွဲ့ဝင် ဖြစ်ပေမယ့်
ဒီကိစ္စမှာ DSA လည်း ဘာမှ ဝင်ကာပေးလို့ မရတော့ပဲ အရေးယူခံလိုက်ရတာ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာရှိတဲ့ အခုမှ DSA မျှော်နေတဲ့ MLM Companies တွေ အတွက်တော့ သင်ခန်းစာပါပဲ ။
တကယ် ဖြစ်လာရင် DSA လည်း မကယ်နိုင်ပါဘူးဗျာ ။
( Reference link 1 >>> http://company.herbalife.com/dsa-code-of-ethics )
Herbalife ( MLM Company ) အနေနဲ့
ဒေါ်လာ သန်း ၂၀၀ ကို နစ်နာကြေး အနေနဲ့ ပေးလျော်ရမယ့် အပြင်
သူတို့ ရဲ့ လုပ်ငန်းလုပ်ဆောင်ပုံ ၊ ဆုကြေးခွဲဝေပုံ စနစ် တစ်ခုလုံး ကို ပြင်ဆင်ဖို့ ကတိခံထားလိုက်ရပါတယ် ။
Reference Link 2 >>>
https://www.ftc.gov/…/its-no-longer-business-usual-herbalif…
ဒီ ဒဏ်ကြေး သန်း ၂၀၀ ကို စားသုံးသူ ( နစ်နာသူတွေကို ) တတ်နိုင်သလောက် အချိုးကျ ပြန်ပေးသွားမှာပါ ။
သန်း ၂၀၀ ထက် ပိုပြီး အရေးကြီးတဲ့အချက်က Herbalife ( MLM Company ) ဟာ
သူတို့ ရဲ့ လုပ်ငန်းလုပ်ဆောင်ပုံ ၊ ဆုကြေးခွဲဝေပုံ စနစ် တစ်ခုလုံး ကို
ပြင်ဆင်ပေးရတော့မှာ ဖြစ်ပြီး အဲ့လို ကတိပြုရာမှာ လေသက်သက်နဲ့ ပြီးသွားမယ့် ကိစ္စမျိုးမဟုတ်ပဲ
စောင့်ကြည့်ဖို့ ပြင်ပ အဖွဲ့အစည်းတွေကို ငှါးရမ်းပေးထားရမှာ ဖြစ်ပါတယ် ။
( Herbalife ( MLM Company ) ဟာ
ကိုယ် မဟုတ်တာ လုပ်မှာကို စောင့်ကြည့်သတင်းပေးမယ့် အဖွဲ့ကို
ကိုယ့် ပိုက်ဆံနဲ့ ကိုယ် အကုန်ကျခံပြီး ငှါးပေးထားရမှာပါ ။
FTC ဟာ Herbalife ကို အပြီးပိတ်ဖို့လောက် အထိ အရေးမယူနိုင်ခဲ့ပေမယ့်
အတော်လေးကို ခွက်ခွက်လန်အောင် ဆော်လိုက်တဲ့ အကွက်ပါပဲဗျာ ။
သိပ် အားရစရာ ကောင်းပါတယ် ။ )
Reference Link 3 >>>
https://www.ftc.gov/…/herbalife-will-restructure-its-multi-…
Herbalife ( MLM Company ) ဟာ လူတွေကို လက်တွေ့မဆန်တဲ့ အလွန်အကျူးဆွဲဆောင်မှုတွေနဲ့
ကျင့်ဝတ်မညီတဲ့ စကားလုံးတွေ ၊ ပြောဆို စည်းရုံးဟန်တွေနဲ့ ဈေးကွက်ဖောက် စည်းရုံးခဲ့တယ် ။
တကယ်တမ်းတော့ Herbalife ( MLM Company ) မှာ ဝင်လုပ်သူတွေအများစုဟာ
သူတို့ ပြောသလို ဝင်ငွေတွေတိုးပွါးပြီး ငွေကြေးမပူပင်ရတဲ့ ဘဝကိုရောက်မလာတဲ့အပြင်
ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာတွေပါ စစ်ဆေးတွေ့ရှိရတယ် ။
Herbalife ( MLM Company ) မှာ ဝင်ငွေကောင်းပါတယ်ဆိုတဲ့
အရောင်းခေါင်းဆောင်တွေထဲက တစ်ဝက်လောက် ဟာ တကယ့် ထုတ်ကုန်တွေကို ရောင်းချရာကနေ
တစ်လကို ၅ ဒေါ်လာလောက်ပဲ ရရှိတယ် ။
သူတို့ရဲ့ ဆုကြေးအများစုဟာ ထုတ်ကုန် တွေကို ရောင်းချရာက ရတာမဟုတ်ပဲ
Herbalife ( MLM Company ) ကို ဝင်ရောက်လုပ်ကိုင်လာအောင်လူသစ်တွေ စုဆောင်းပြီး ၊
ဝင်လာတဲ့လူတွေကိုလည်း အဲ့လို အလားတူ ထပ်မံလူသစ်စုဆောင်းစေခြင်းကနေ ရရှိနေခဲ့ကြတာဖြစ်တယ် ။
( ဆင့်ပွါးလူစုဆောင်းခြင်း နဲ့ ကွန်ရက်အတွင်းမှာရှိတဲ့ အသင်းဝင်များရဲ့ ဝယ်အား ပေါ်ကနေ
ဆုကြေးအများစု ရရှိနေတာ ဖြစ်ပါတယ် ။ )
ဒါကြောင့် US - FTC ဟာ Herbalife ( MLM Company ) ရဲ့ လုပ်ငန်းလုပ်ကိုင်ပုံဟာ
ဥပဒေကို ဖောက်ဖျက်နေကြောင်း သက်သေပြနိုင်ပြီး
Herbalife ( MLM Company ) ကို ဒဏ်ကြေးလည်း ကောက်ခံနိုင်ခဲ့သလို
လုပ်ငန်းလုပ်ကိုင်ပုံကိုလည်း ပြောင်းလဲပေးဖို့ ဖိအားပေးနိုင်ခဲ့ပါပြီ ။
မေးပါရစေ ......
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော အခုလို MLM Companies ကြီးတွေ အများကြီး ရှိနေတာကို
ဘယ်သူတွေကများ ထိထိရောက်ရောက် အရေးယူပေးမှာလဲဗျာ ။
ရှေ့မှာ တာဝန်ရှိတဲ့ ပြည်သူတွေ ၊ မီဒီယာတွေက ဒီ MLM လုပ်ငန်းတွေအကြောင်း
တတ်နိုင်သလောက် ပြည်သူကို ဖော်ပြအသိပေးခဲ့ကြပြီးပါပြီ ။
သူတို့ရဲ့ မစားရ ဝခမမ်း ကြော်ငြာတွေကြောင့် အဟုတ်ထင်ပြီး
ငွေကြေး ၊ အချိန် နဲ့ သိက္ခာတွေ ဆုံးရှုံးခဲ့ရ ၊ ဆုံးရှုံးနေရတဲ့လူတွေအတွက်
ဘယ်လို အဖွဲ့အစည်းမျိုးကများ လက်တွေ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးမှာပါပဲခင်ဗျာ ။
MLM Industry ဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော် ဂုတ်သွေး စုပ်နေခဲ့တာ ကြာပါပြီ ။
ဒါတွေကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်ဗျာ ။
ဘယ်လို အာဏာပိုင်တွေကများ ဘာ အစီအစဉ်တွေ ဆွဲထားပါသလဲ ?
ဘာတွေများ လုပ်ဆောင်ကြမှာပါပဲ ။
တစ်ခုခု ထိထိရောက်ရောက် လုပ်ဖို့တော့ အချိန်တန်နေပါပြီ ။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ငွေကြေးအရသာ မက
အတွေ့အကြုံ ၊ စဉ်းစားဉာဏ်နည်းသေးတဲ့လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေကိုပါ
အတွင်းလှိုက် ဖျက်ဆီးပစ်နေတဲ့ ပြည်တွင်းရောက် / ပြည်တွင်းဖြစ် MLM Companies တွေကို
ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အလုပ် စ လုပ်သင့်ပါပြီ လို့
အကြံပေးရေးသား တိုက်တွန်း လိုက်ရပါတယ်ဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
တကယ်လို့ အဲ့လို အရေးယူ ထိန်းကြောင်းဖို့ လုပ်တဲ့နေရာမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ၊
အယူအဆပိုင်းတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီဖို့ အသင့်ပါပဲဗျာ ။
ဒီ Group မှာ အချက်အလက်အချို့စုစည်းဖော်ပြပေးထားပါတယ် ။
https://www.facebook.com/groups/mlmDiscussion/
ဖြစ်နိုင်ရင် ဒီစာစုကို အများသိအောင် ၊
သက်ဆိုင်သူ လူကြီးတွေဆီရောက်အောင် ထပ်ဆင့် Share ပေးစေချင်ပါတယ်ခင်ဗျာ ။
လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။
လူတွေရဲ့ မသိနားမလည်မှု နဲ့ လောဘ အပေါ် အခြေခံပြီး
အမြတ်ရရှိဖို့ ကြိုးစားနေတဲ့
စီးပွါးရေးလုပ်ငန်းတွေရဲ့ ထောက်ချောက်တွေကနေ လွတ်ကင်းနိုင်ကြပါစေဗျာ ။