Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

imyanmarhouse လုပ်ငန်းပိုင်ရှင်မီလျံနာကိုနေမင်းသူမှ mlm ဆိုတာ စီးပွားရေးမဟုတ်ဘူး လုပ်ဖို့လဲအားမပေးဘူးလို့ပြောကြား


“အသက် ၃၀ အရွယ်မှာ မီလျံနာတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ” ဟောပြောပွဲ
“How to Become a Millionaire by the Age of 30” Seminar
မနေ့က (ဒီဇင်ဘာ ၂၇) ပြုလုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့  ဟောပြောပွဲကို ဟောပြောပွဲနေရာ အပြည့် တက်ရောက်နားထောင်ခဲ့တဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ဟောပြောပွဲ မစတင်ခင်မှာ တက်ရောက်လာသူအားလုံးကို အချက် (၃) ချက် ကြိုတင် အသိပေးခဲ့ပါတယ်။
(၁) ကျွန်တော် Multi-level Marketing (MLM) လုံးဝ မလုပ်ပါဘူး။ သူတပါးကိုလည်း လုပ်ဖို့ မတိုက်တွန်းပါဘူး။ (I’m not in MLM business.)
(၂) ပွဲအတွင်းနဲ့ ပွဲအပြီးမှာ ကျွန်တော် ဘာပစ္စည်းကိုမှ မရောင်းပါဘူး။ (I did not sell anything during/after seminar.)
(၃) လာရောက်နားထောင်တဲ့သူတွေ စိတ်ဓာတ်ခွန်အား ရစေရန်နှင့် အခမဲ့ အသိပညာများ ဖြန့်ဝေပေးခြင်းသာဖြစ်ပါတယ်။ (ဤသို့ အခမဲ့ပညာဖြန့်ဝေရသော ကုသိုလ်ကြောင့် နောင်ဘဝတွေသာ ရှိခဲ့ပါလျှင် နောင်ဘဝဆက်တိုင်း ပညာအရာ၌ အတုမရှိအောင် ထူးချွန်ထက်မြက်သောသူ ဖြစ်ပြီးလျှင် မိမိတတ်သိသော ပညာဖြင့် အများအကျိုး ဆောင်ရွက်နိုင်သောသူ ဖြစ်ရလိုပါ၏။) (Free seminar to benefit the youth)
ဆရာတစ်ယောက်အနေနဲ့ တပည့်တွေကို စာသင်ပေးရုံသာ သင်ပေးလို့ ရပါတယ်။ စာမေးပွဲအောင်ဖို့က တပည့်တွေ ကိုယ်တိုင် ကြိုးစားရမှာပါ။ အဲဒီလိုပဲ ကျွန်တော်လည်း ဘဝအောင်မြင်ရေး လမ်းကြောင်းကို ပြပေးရုံသာ ပြပေးလို့ရပါတယ်။ ဘဝမှာ တိုးတက်ကြီးပွားဖို့ အတွက်က မိမိကိုယ်တိုင် ကြိုးစားရမှာပါ။
နှစ်နာရီ နီးပါးကြာအောင် ဟောပြောပေးခဲ့ပါသည်။ အချိန်အကန့်အသတ်ရှိလို့ ပွဲအပြီးမှာ ကျွန်တော်နဲ့ အတူ ဓာတ်ပုံ တွဲမရိုက် လိုက်ရတဲ့သူတွေကို တောင်းပန်ပါတယ်။
ပွဲမတက်နိုင်တဲ့သူတွေ တောင်းဆိုတာ များလွန်းတဲ့အတွက် ရန်ကုန်က UMFCCI (ကုန်သည်ကြီးများအသင်း ခန်းမ) မှာ နောက်တစ်ကြိမ် ထပ်မံ အခမဲ့ ဟောပြောပေးမှာဖြစ်ပါတယ်။ ပွဲနေ့ရက် အတိအကျကို ကျွန်တော့် Facebook အကောင့်ပေါ်ကနေ ကြေငြာပေးမှာ ဖြစ်ပါတယ်။ ကျွန်တော့် Facebook အကောင့်မှာ (၅) ရက်အတွင်း Follower နှစ်သောင်းခွဲကျော်ခဲ့တဲ့အတွက် အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်ရေးလိုက်တဲ့ စာတွေကရော၊ ဟောပြောပွဲကပါ စိတ်ဓာတ်ခွန်အားတွေရပါတယ်၊ ဘဝကို လက်မလျှော့ဘဲ ကြိုးစားချင်စိတ်တွေ ပေါ်လာပါတယ်ဆိုပြီး ပြောတဲ့သူတွေအားလုံးကိုလည်း အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် စေတနာ ထားရကျိုးနပ်ပါတယ်။
ပွဲအတွင်းက ဓာတ်ပုံတွေ တင်ထားပေးပါတယ်။
ကျေးဇူးတင်ပါတယ်။
နေမင်းသူ
iMyanmarHouse.com
++++++++++++++++++++++++
My facebook account has hit the friend request limit of 5000. Please follow me instead. Thank you.
ကျွန်တော့်အကောင့်ထဲမှာ Friend Request 5000 ပြည့်သွားလို့ ကျွန်တော့်ကို Friend add ချင်သူများ Follow သာ လုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျွန်တော့် message box ကနေ မက်ဆေ့ခ်ျပို့ပြီး စကားပြောတဲ့သူတွေ များလွန်းလို့ တစ်ယောက်ချင်းဆီ မပြန်နိုင်တာလည်း ခွင့်လွှတ်ပါခင်ဗျာ။
News media outlets that want to interview me, I am the managing director of iMyanmarHouse.com. You can contact me through iMyanmarHouse.com at 09-260 24 7992 / 09-252 60 5671 / 09-252 60 5672 / 09-252 60 5673.
ကျွန်တော့်ကို အင်တာဗျူးလုပ်ချင်သော မီဒီယာများခင်ဗျာ... ကျွန်တော် iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာဖြစ်ပါတယ်။ ကျွန်တော့်ကို ဆက်သွယ်ချင်ရင် iMyanmarHouse.com ဖုန်းနံပါတ်များဖြစ်တဲ့ 09-260 24 7992 / 09-252 60 5671 / 09-252 60 5672 / 09-252 60 5673 မှ တစ်ဆင့် ဆက်သွယ်လို့ ရပါတယ်။ ကိုနေမင်းသူနဲ့ အင်တာဗျူးလုပ်ချင်လို့ဆိုပြီး ပြောလိုက်ရင်ရပါတယ်။
https://www.facebook.com/photo.php?fbid=10208439552530330&set=pcb.10208439589011242&type=3